အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ မည်သို့ဆောင်ရွက်ပေးပါသလဲ။

အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား လာရောက်ပြုလုပ် ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများ အနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လူကိုယ်တိုင်လာရောက်၍ အလုပ်သမားမှတ်ပုံတင်ရမည်။ ဤကဲ့သို့ လူကိုယ်တိုင် လာရောက်မှတ်ပုံတင်ခြင်းဖြင့် မှတ်ပုံတင်သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေ အနေကိုပြည့်စုံစွာရရှိနိုင်ပြီး၊ လျှောက်ထားရာရုံးတွင် ၎င်း၏  အရည်အချင်းနှင့် အ လုပ်အကိုင်ပေါ်ပေါက်လျက်ရှိပါက ချက်ချင်းပင်ဆက်သွယ်ပေးနိုင်ရန်ဖြစ်သည်။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးသို့ အလုပ်သမားမှတ်ပုံ     တင်ကတ်ပြား

ယူကရိန်းရှိ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ထရမ့်က ဆန္ဒရှိနေပြီး ၎င်းတို့အား ကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ဖွယ်ရှိဟုဆို

News Image

ယူကရိန်းရှိ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ထရမ့်က ဆန္ဒရှိနေပြီး ၎င်းတို့အား ကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ဖွယ်ရှိဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံအတွင်းရှိ မြေရှားသတ္တု အားလုံး၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ဆန္ဒရှိနေပြီး    အဆိုပါအရင်းအမြစ်များအား  ကာကွယ်စောင့်ရှောက်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံ အတွင်း၌   တပ်ဖြန့်နိုင်ဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိ များ၏ ပြောဆိုချက်ကိုကိုးကား၍ NBC သတင်းဌာနက ဖော်ပြသည်။

အယ်ဂျီးရီးယားက ရုရှား၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များ လက်ခံရရှိသည့် ပထမဆုံး နိုင်ငံဖြစ်လာမည်

News Image

အယ်ဂျီးရီးယားက ရုရှား၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များ လက်ခံရရှိသည့် ပထမဆုံး နိုင်ငံဖြစ်လာမည်

အယ်ဂျီးရီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များကို  လက်ခံရရှိသည့်    ပထမဆုံးနိုင်ငံ ဖြစ်လာမည့် အလားအလာရှိသည်။

ရုရှားနိုင်ငံသည်   ၎င်းတို့၏ Su-57 တိုက်လေယာဉ်များအနက်  ပထမဆုံးအသုတ်အဖြစ် တိုက်လေယာဉ် ခြောက်စင်းကို ၂၀၂၅ ခုနှစ် မကုန်မီ အယ်ဂျီးရီးယားသို့ လွှဲပြောင်းမည်ဖြစ်သည်။   

 ယခုအခါ  အယ်ဂျီးရီးယားနိုင်ငံမှ လေယာဉ်မှူးများသည် ရုရှားနိုင်ငံတွင် တိုက်လေယာဉ် မောင်းနှင်နိုင်ရေးအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။