ယူကရိန်းရွေးကောက်ပွဲ လာမည့် အောက်တိုဘာ ၂၆ ပြုလုပ်မည်ဟု သမ္မတဟောင်း ပြောကြား

News Image

ယူကရိန်းရွေးကောက်ပွဲ လာမည့် အောက်တိုဘာ ၂၆ ပြုလုပ်မည်ဟု သမ္မတဟောင်း ပြောကြား

ယူကရိန်းသမ္မတရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း ယခင်ယူကရိန်းသမ္မတဟောင်း Pyotr Poroshenko က Strana မီဒီယာသို့ ပြောကြားလိုက်ပါသည်။

၎င်း၏အဆိုအရ ယူကရိန်း ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်စာရင်းများကို စတင်ညှိနှိုင်းလုပ်ဆောင်နေပြီဟု သိရပါသည်။ 

ကိုးကား- TASS

Photo: Britannica

DeepSeek ကို တောင်ကိုရီးယားက ယာယီပိတ်ပင်

News Image

DeepSeek ကို တောင်ကိုရီးယားက ယာယီပိတ်ပင်

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း တရုတ်ပိုင် chatbot တစ်ခု ဖြစ်သည့် DeepSeek အသုံးပြုမှုကို ယာယီ ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ရေးအချက်အလက် ကာကွယ်ရေးကော်မရှင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါသည်။

 chatbot ဖန်တီးသူများအနေဖြင့် DeepSeek ကို တောင်ကိုရီးယား ဥပဒေနှင့်အညီ လုပ်ဆောင်ချက်ကို အပြောင်းအလဲများပြုလုပ်ပြီးမှသာ အဆိုပါပိတ်ပင်မှုကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားထား ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်တို့ ဆော်ဒီအာရေးဗီးယားသို့သွားရောက်

News Image

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်တို့ ဆော်ဒီအာရေးဗီးယားသို့သွားရောက်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့် သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်တို့သည် ရုရှားသမ္မတနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ လာမည့်အစည်းအဝေး အတွက် အခြေအနေများပြင်ဆင်ရန် ဆော်ဒီအာရေးဗီးယားသို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ကြေညာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ပင်မှုများ ရုတ်သိမ်းလိုက်ပြီးနောက် TikTok App သည် Apple ၊ Google store တွင် ပြန်လည် ရောက်ရှိလာ

News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ပင်မှုများ ရုတ်သိမ်းလိုက်ပြီးနောက် TikTok App သည် Apple ၊ Google store တွင် ပြန်လည် ရောက်ရှိလာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်ပိုင်ဆိုရှယ်မီဒီယာအက်ပ် TikTok အက်ပ်ပိတ်ပင်မှုကို ရွှေ့ဆိုင်းလိုက်ပြီးနောက် TikTok အက်ပ်သည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှစတင်၍ အမေရိကန် အက်ပ်စတိုးများတွင် ပြန်လည်ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်သည်ဟု သိရပါသည်။