နယူးဒေလီမြို့ရှိ ဘူတာရုံတွင် မီးရထားပေါ် ခရီးသည်များ အလုအယက် တက်ရောက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံး

News Image

နယူးဒေလီမြို့ရှိ ဘူတာရုံတွင် မီးရထားပေါ် ခရီးသည်များ အလုအယက် တက်ရောက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံး

နယူးဒေလီ၊ မတော်တဆမှု

    အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့တော်ရှိ မီးရထားဘူတာရုံ တစ်ခုတွင် မီးရထားများအပေါ် ခရီးသည်များ အလုအယက်တက်ရောက်ရာမှ လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ  ၁၈  ဦး  သေဆုံးပြီး  ၁၅  ဦးဒဏ်ရာရရှိသွားကြောင်း NDTV ရုပ်သံက ဖေဖော်ဝါရီလ ၁၆ ရက်တွင်ဖော်ပြသည်။

ထရမ့်အစိုးရက ဝန်ထမ်းလျှော့ချမှုများ လုပ်ဆောင်ရာ လူတစ်သောင်း ကျော် အလုပ်ရပ်နားခံရ

ထရမ့်အစိုးရက အစိုးရဝန်ထမ်း အများအပြားလျှော့ချမှုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ တစ်ဖက်တွင် အစိုးရဝန်ထမ်းများကို “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်ဖြင့် ၎င်းတို့ကိုယ်တိုင် အလုပ်မှနုတ်ထွက်ရန် တွန်းအားပေးလျက်ရှိပြီး အခြားတစ်ဖက်တွင်မူ အစမ်းခန့်ကာလဝန်ထမ်းများ အား အလုပ်ရပ်နားလျက်ရှိကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၁၄ ရက် ဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် ဝန်ထမ်းအရေအတွက် တစ်သောင်းကျော် အလုပ်ရပ်နားခံရပြီးဖြစ်ကာ ထိုပမာဏသည် ဆက်လက်တိုးပွားလာနိုင်ကြောင်း သိရသည်။

ကနေဒါစစ်သင်္ဘောတစ်စီး၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းမှု ဖြစ်စဉ်အပေါ် တရုတ်က ပြင်းပြင်းထန်ထန်ရှုတ်ချ

တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကနေဒါစစ်သင်္ဘော တစ်စီး၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းခဲ့မှုဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်း၏ လေတပ်နှင့် ရေတပ်တို့က ထိုသင်္ဘောကို စောင့်ကြည့်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယခုဖြစ်စဉ်သည် အမေရိကန်ရေတပ်သင်္ဘောများက အလားတူ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ် နောက်ပိုင်း ရက်အနည်းငယ်အတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအား ဖော်ထုတ်ဖမ်းဆီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အတွင်း လုပ်ဆောင်ခဲ့သည့် ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းစဉ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသား ၇ ဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦးတို့ကို ကွန်ပျူတာမျိုးစုံ ၁၁၁ လုံး၊ ကွန်ပျူတာမော်နီတာ ၃၂၉ လုံး၊ CPU ၉၀ လုံး၊ မိုဘိုင်းဖုန်း ၃၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာ၊ ချောင်းဆိုး ပျောက်ဆေးရည်ပုလင