တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

News Image

တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်သည် ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက်ပိုင်းက တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ကြောင်းသိရသည်။

Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် ဒေါ်နယ်ထရမ့် လာရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်

News Image

Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် ဒေါ်နယ်ထရမ့် လာရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ (Great Patriotic War) နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် နိုင်ငံတော်ခေါင်းဆောင်များကို ဖိတ်ကြား ထားပြီး တချို့ခေါင်းဆောင်များက ဖိတ်ကြားချက်ကို လက်ခံကြောင်း အတည်ပြုထားသည်။

အထူးသဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဖိတ်ကြားချက်ကို လက်ခံပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသည် ရုရှားနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော် ခေါင်းဆောင်များနှင့် ပြည်သူများအတွက် အထူးအရေးပါလှသည်။

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပအဖွဲ့အတွက် ထိုင်ခုံနေရာ မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

News Image

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပအဖွဲ့အတွက် ထိုင်ခုံနေရာ မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများတွင် ရုရှားနှင့် အမေရိကန် တို့နှင့်အတူ ဥရောပခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုစားပွဲတွင် ဝင်ထိုင်ရန်အခွင့်အရေး မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် က ပြောကြားခဲ့သည်။ 

၎င်း၏ ပြောကြားချက်များမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့၏ ဖုန်းဆက်သွယ်မှုအပြီး ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာရာကာလပ်စ်၏ ထုတ်ပြန်ချက် အပေါ်တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

ရုရှား - အမေရိကန် ခေါင်းဆောင်အချင်းချင်း ဖုန်းဆက်သွယ်ပြောကြားမှုက ဥရောပ သဘောထားကို လျစ်ရှုပြုလိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုမြင့်တက်

News Image

ရုရှား - အမေရိကန် ခေါင်းဆောင်အချင်းချင်း ဖုန်းဆက်သွယ်ပြောကြားမှုက ဥရောပ သဘောထားကို လျစ်ရှုပြုလိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုမြင့်တက်

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဆက်သွယ်ပြောကြားမှုမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် အရေးကြီးသော ပြောင်းလဲမှုတစ်ရပ်အဖြစ် ဖော်ပြနေ ကြောင်း၊ ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် အဓိက ပါဝင်သူ အဖြစ် ထရမ့်က သတ်မှတ်ထားခြင်းကို ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။