ဒေါ်နယ်ထရမ့်အပေါ် အမေရိကန် ဖက်ဒရယ် တရားစီရင်ရေးက အာဏာကန့်သတ်နိုင်မလား 

News Image

ဒေါ်နယ်ထရမ့်အပေါ် အမေရိကန် ဖက်ဒရယ် တရားစီရင်ရေးက အာဏာကန့်သတ်နိုင်မလား 

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတဖြစ်လာပြီးနောက် ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမိန့်များစွာကို လက်မှတ်ရေးထိုး ထုတ်ပြန်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အစပိုင်းက  သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်များအပေါ်  ဖက်ဒရယ် တရားသူကြီးများက ခေတ္တဆိုင်းငံထားခြင်း၊ အတည်မပြုဘဲ တားမြစ်ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ထိုအခြေအနေများကြောင့် အစိုးရအဖွဲ့အနေဖြင့် ဖက်ဒရယ်တရားစီရင်ရေးကို မည်သို့ ဆန့်ကျင် ဖီဆန်နိုင်ပြီး  တရားသူကြီးများအပေါ်လည်း မည်သို့ တုံ့ပြန် ဆောင်ရွက်မည်ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာနေပါသည်။ 

နေတိုးအဖွဲ့ဝင် နိုင်ငံများကို ထိခိုက်လာလျှင် ရုရှားကို ချေမှုန်းပစ်မည်ဟု နေတိုးအတွင်းရေးမှူးချုပ် ကြိမ်းဝါး

News Image

နေတိုးအဖွဲ့ဝင် နိုင်ငံများကို ထိခိုက်လာလျှင် ရုရှားကို ချေမှုန်းပစ်မည်ဟု နေတိုးအတွင်းရေးမှူးချုပ် ကြိမ်းဝါး

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီက ရုရှားသမ္မတ ဗလာ ဒီမာပူတင်အား အမေရိကန်ဦးဆောင်သောစစ်ဘက်အုပ်စု (နေတိုး)၏ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်လာပါက မော်စကိုအား ချေမှုန်းပစ်မည် ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးခဲ့ပါသည်။ 

မကြာသေးမီနှစ်များအတွင်း ရက်တီ ကဲ့သို့သော နေတိုးအဖွဲ့၏ ထိပ်တန်း အကြီးအကဲများကို ရုရှားက ချုပ်ကိုင်နိုင်ရန်အတွက် အစီစဉ်ချ လုပ်ဆောင် နေကြောင်း စွပ်စွဲထားပြီး ပူတင်က အဓိပ္ပာယ်မရှိသောစွပ်စွဲချက်များဟု ငြင်းဆိုထားခဲ့သည်။ 

ငွေကြေးလိမ်လည်ရန် အဓမ္မခိုင်းစေခံခဲ့ရဖွယ်ရှိသော နိုင်ငံခြားသား ၂၆၀ မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်လာ

News Image

ငွေကြေးလိမ်လည်ရန် အဓမ္မခိုင်းစေခံခဲ့ရဖွယ်ရှိသော နိုင်ငံခြားသား ၂၆၀ မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်လာ

မြန်မာနိုင်ငံတွင် ငွေကြေးလိမ်လည်မှုများအတွက် အဓမ္မခိုင်းစေခံခဲ့ ရကြောင်း ယူဆရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းနိုင်ငံဘက်က လက်ခံခဲ့သည်ဟု သိရှိရပြီး ၎င်းတို့သည် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ထိုင်ဝမ် မှလာရောက်သူများဖြစ်သည်ဟု ထိုင်းနိုင်ငံကဆိုပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က အဆိုပါနိုင်ငံခြားသားများကို ထိုင်းမြန်မာ နယ်စပ်တစ်နေရာ၌ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အကာအကွယ် ပေးခဲ့ကြောင်း ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် ခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့ဆို

News Image

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် ခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့ဆို

ယူကရိန်း-ရုရှား ပဋိပက္ခဖြစ်စဉ်အတွင်း ယခင်နှစ်၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်သည် အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့တစ်ဖွဲ့က ဆိုပါသည်။

International Institute for Strategic Studies က ၎င်းတို့၏ နှစ်ပတ်လည် စစ်ရေးအသုံးစရိတ်နှိုင်းယှဉ်မှုဆိုင်ရာ အစီရင်ခံစာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ် သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၄၆ ထရီလီယံအထိ ရှိလာခဲ့ကာ ယခင်နှစ်ကထက် ၇.၄ ရာခိုင်နှုန်း တိုးလာသည်ဟု အဆိုပါ သုတေသန ဌာနက ဆိုပါသည်။