အမေရိကန်၏ ရန်ပုံငွေထည့်ဝင်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခြိမ်းခြောက်မှုအန္တရာယ်ဖြင့် ရင်ဆိုင် နေရကြောင်း WHO အကြီးအကဲ သတိပေး

News Image

အမေရိကန်၏ ရန်ပုံငွေထည့်ဝင်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခြိမ်းခြောက်မှုအန္တရာယ်ဖြင့် ရင်ဆိုင် နေရကြောင်း WHO အကြီးအကဲ သတိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesusက အမေရိကန်ပြည်ထောင်စု၏ ရန်ပုံငွေထည့်ဝင်မှု အကူအညီ ရပ်ဆိုင်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များ အပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတိပေးလိုက်ပါသည်။ 

ရုရှားက စေ့စပ်ညှိနှိုင်းမှုအဖွဲ့ စတင်ဖွဲ့စည်း

News Image

ရုရှားက စေ့စပ်ညှိနှိုင်းမှုအဖွဲ့ စတင်ဖွဲ့စည်း

ရုရှားသည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ စတင် ဖွဲ့စည်းလိုက်ပြီး ထိုအဖွဲ့အနေဖြင့် ယူကရိန်းအခြေအနေကိုပါ ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒိမ်ထရီ ပက်စကိုဗ် က သတင်းထောက်များကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်ပါသည်။

စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို မည်သူဦးဆောင်မည်ကို သမ္မတပူတင်က ဆုံးဖြတ်ပြီးပါက ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။

တရုတ်နိုင်ငံမြို့ကြီးများတွင် အိမ်ခြံမြေအရောင်းသွက်

News Image

တရုတ်နိုင်ငံမြို့ကြီးများတွင် အိမ်ခြံမြေအရောင်းသွက်

လက်ရှိတွင် တရုတ်နိုင်ငံမြို့ကြီးများ၏ အိမ်ခြံမြေရောင်းဝယ်မှုများသည် အရောင်းသွက်နေသည့် အတွက် မတ်လသည် ရောင်းအားအမြင့်ဆုံးလ ဖြစ်နိုင်ကြောင်း တရုတ်နွေဦးပွဲတော်ကာလအတွင်း ငွေပေးချေမှုစာရင်းများကို အခြေခံပြီး တရုတ်ဈေးကွက်ကျွမ်းကျင်သူများက ဖေဖော်ဝါရီ ၁၃ ရက် (ကြာသပတေးနေ့) တွင် ခန့်မှန်းပြောကြားခဲ့ပါသည်။

အမေရိကန်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုအပေါ် တရုတ်နိုင်ငံ တုံ့ပြန်

News Image

အမေရိကန်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုအပေါ် တရုတ်နိုင်ငံ တုံ့ပြန်

တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အမေရိကန် က အကောက်ခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံ သည့်ကိစ္စအပေါ် တရုတ်နိုင်ငံက “ကုန်သွယ်ရေး စစ်ပွဲမဖြစ်ဘဲ ဆွေးနွေး သည့်နည်းလမ်းဖြင့်သာဖြေရှင်းလိုပါကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ အခွင့်အရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း” တရုတ်နိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်(ကြာသပတေးနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။