ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပအဖွဲ့အတွက် ထိုင်ခုံနေရာ မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

News Image

  • ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပအဖွဲ့အတွက် ထိုင်ခုံနေရာ မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများတွင် ရုရှားနှင့် အမေရိကန် တို့နှင့်အတူ ဥရောပခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုစားပွဲတွင် ဝင်ထိုင်ရန်အခွင့်အရေး မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် က ပြောကြားခဲ့သည်။ 

၎င်း၏ ပြောကြားချက်များမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့၏ ဖုန်းဆက်သွယ်မှုအပြီး ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာရာကာလပ်စ်၏ ထုတ်ပြန်ချက် အပေါ်တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

ကာလပ်စ်၏ ထုတ်ပြန်ချက်တွင် ဥရောပနှင့် ယူကရိန်းတို့၏ ပြဿနာ ဖြေရှင်းရေး ဆွေးနွေးမှုများတွင် ပါဝင်လာစေရန်   EU၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ အီတလီ၊ စပိန်နှင့် ဗြိတိန်တို့ကို တိုက်တွန်းပါကြောင်း ဖော်ပြထား ပါသည်။ 

ကိုးကား- Politico