တရုတ်က ထရမ့်နှင့်ပူတင်တို့၏ ဆွေးနွေးမှုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလို
News Image

ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆိုပြုခဲ့သည်ဟု Wall Street Journal က ခိုင်လုံသော သတင်းရင်းမြစ်များကို ကိုးကား၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် မော်စကိုနှင့်ကိယက်ဗ် အကြား ပဋိပက္ခ အဆုံးသတ် နိုင်ရေး အကောင်အထည်ဖော်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ်ဆောင်ရွက်ရန် လိုလားလျက်ရှိပြီး ၎င်း၏လမ်းပြမြေပုံကို တင်ပြ ထားခဲ့သည်။