“ခွဲခြားဆက်ဆံခြင်းခံရသည်” ဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အစ္စရေး နှုတ်ထွက်

News Image

“ခွဲခြားဆက်ဆံခြင်းခံရသည်” ဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အစ္စရေး နှုတ်ထွက်

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Saar သည် အမေရိကန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် အခိုက်အတန့်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)က ဒီမိုကရေစီနိုင်ငံကိုပုတ်ခတ်ပြီး ဂျူးဘာသာကိုဆန့်ကျင်သော ဝါဒဖြန့်မှုများကြောင့်ဟုဆိုကာ (UNHRC) မှ နှုတ်ထွက်ကြောင်းကြေညာခဲ့သည်။

Gideon Saar က X တွင် အခြားနိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူခြင်းမရှိဘဲ အစ္စရေးနိုင်ငံကိုသာ ပစ်မှတ်ထားပြီး မျှတမှုကင်းမဲ့စွာ ဝေဖန်တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

တောင်ကိုရီးယားဝန်ကြီးဌာနများက DeepSeek App ကို အသုံးပြုခွင့်ပိတ်ပင်

News Image

တောင်ကိုရီးယားဝန်ကြီးဌာနများက DeepSeek App ကို အသုံးပြုခွင့်ပိတ်ပင်

လုံခြုံရေးစိုးရိမ်မှုများကြောင့် တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနသည် ၎င်း၏ဝန်ထမ်းများအား တရုတ်ထုတ် AI Application DeepSeek ကို အသုံးပြုခွင့် ယာယီ ပိတ်ပင်လိုက်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။

လုပ်ငန်းခွင်အတွင်း DeepSeek နှင့် ChatGPT အပါအဝင် AI ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့်ပတ်သက်ပြီး သတိထားကြရန် ဝန်ကြီးဌာနများနှင့်အေဂျင်စီများကို တောင်းဆိုသည့် သတိပေးချက်တစ်ခုကို တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည် ဟုသိရပါသည်။

ယူကရိန်းသို့ စစ်လေယာဉ်များ ပေးပို့ခြင်းက ခေတ်နောက်ကျနေသည့် တိုက်လေယာဉ်များအား အခမဲ့ဖယ်ရှား ဖျက်ဆီးခြင်းဖြစ်ဟုဆို

News Image

ukraine fighter jet

ပြင်သစ်နိုင်ငံက ယူကရိန်းနိုင်ငံသို့ စစ်လေယာဉ်များ ပေးပို့လိုက်ခြင်းသည် ခေတ်နောက်ကျနေသည့် တိုက်လေယာဉ်နှင့် လက်နက်များအား အခမဲ့ဖယ်ရှား ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ဖေဖော်ဝါရီလ၆ ရက်တွင် ပြောသည်။

ထို့ပြင်   အနောက်နိုင်ငံများသည် ၎င်းတို့၏ကိုယ်ကျိုးအတွက် ယူကရိန်းသို့ အခြားစစ်လက်နက်များကိုလည်း ပေးပို့လျက်ရှိကြောင်း ရုရှားသံအမတ် အလက်ဆီ မက်ရှကော့က ပြောကြားခြင်းဖြစ်သည်။

အမေရိကန်က USAID အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့

News Image

အမေရိကန်က USAID အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြသည်။

အမေရိကန်အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အဆိုပါငွေကြေးများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတော် အသုံးစရိတ်၏ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။