ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

News Image

ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေး၌ ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင်ပြဖွယ်ရှိကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် ထရမ့်၏ အစီအစဉ်ကို ပြောဆိုရန် စီစဉ်ထားကြောင်း ဆိုသည်။

ရုရှား- အီသီယိုးပီးယား အမျိုးသားငွေကြေးများဖြင့် ကုန်သွယ်မှု စတင်

News Image

ရုရှား- အီသီယိုးပီးယား အမျိုးသားငွေကြေးများဖြင့် ကုန်သွယ်မှု စတင်

ရုရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ၎င်းတို့၏ အမျိုးသားငွေကြေးများဖြင့် ကုန်သွယ်မှုကို စတင်နေပြီဖြစ်ကြောင်း မော်စကိုမြို့ရှိ အီသီယိုးပီးယား သံအမတ်ကြီး Genet Teshome Jirru က ထုတ်ဖော် ပြောကြားလိုက်ပါသည်။ 

ဆာရာဒူတာတေးကို အောက်လွှတ်တော် စွပ်စွဲပြစ်တင်

News Image

ဆာရာဒူတာတေးကို အောက်လွှတ်တော် စွပ်စွဲပြစ်တင်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ဖိလစ်ပိုင် အောက်လွှတ်တော်သည် ဒုတိယသမ္မတ ဆာရာဒူတာတေး အား စွဲချက်ပေါင်းများစွာဖြင့် အမှုဖွင့်လိုက်ပါသည်။ ထိုစွဲချက်များတွင် သမ္မတမားကို့စ်ဂျူနီယာအား လုပ်ကြံရန် စီမံမှု၊ အဂတိလိုက်စားမှု၊ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်ရှိ အရေးယူမှုများကို အပြင်းအထန် ရှုတ်ချရန် တာဝန်လစ်ဟင်းခြင်းတို့ ပါဝင်ပါသည်။ 

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ် ပစ္စည်းများလက်ခံခြင်းကို အမေရိကန် စာတိုက်ဝန်ဆောင်မှု (USPS) ရပ်နား

News Image

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ် ပစ္စည်းများလက်ခံခြင်းကို အမေရိကန် စာတိုက်ဝန်ဆောင်မှု (USPS) ရပ်နား

အမေရိကန်စာတိုက်ဝန်ဆောင်မှု (USPS) က တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ်ပစ္စည်းများ လက်ခံခြင်းကို နောက်ထပ်အမိန့်‌စာမထုတ်ပြန်မချင်း ရပ်တန့်ထားသည်ဟု ဆိုသည်။

ပါဆယ်ပစ္စည်းလက်ခံခြင်းကို ရပ်ဆိုင်းထားသော်လည်း စာပေးပို့ခြင်းလုပ်ငန်းကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး ထိုသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်းကို မေးမြန်းရာတွင် ကုမ္ပဏီက ဖြေကြားရန် ငြင်းဆိုခဲ့သည်။