တရုတ်နိုင်ငံ၏ Online Market Website များမှ တန်ဖိုးနည်း ကုန်ပစ္စည်းများအပေါ် စစ်ဆေးမှုများ EU တိုးမြှင့်မည်

News Image

တရုတ်နိုင်ငံ၏ Online Market Website များမှ တန်ဖိုးနည်း ကုန်ပစ္စည်းများအပေါ် စစ်ဆေးမှုများ EU တိုးမြှင့်မည်

ဥရောပသမဂ္ဂ (EU) သည် တရုတ်နိုင်ငံနှင့် အခြားနေရာများ၌ အခြေစိုက်သည့် အွန်လိုင်းမှ လက်လီရောင်းချသူများမှတစ်ဆင့် တင်သွင်းသော တန်ဖိုးနည်းပစ္စည်းများအပေါ် စည်းမျဉ်းများကို တင်းကြပ်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ဥရောပကော်မရှင်က ဖေဖော်ဝါရီ ၅ ရက်နေ့က အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့် တန်ဖိုးနည်းကုန်ပစ္စည်းများ အတွက် တရားမျှတသည့် ယှဉ်ပြိုင်မှုရှိရေးသေချာစေရန် လိုအပ်ကြောင်း EU က ဆိုပါသည်။

ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဆန္ဒအပေါ် ထရမ့်၏ရပ်တည်ချက်ကို မော်စကိုကြိုဆို

News Image

ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဆန္ဒအပေါ် ထရမ့်၏ရပ်တည်ချက်ကို မော်စကိုကြိုဆို

ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump ၏ ပြောကြားချက်ကို ရုရှားနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောကြားခဲ့သည်။ကိယက်ဗ်၏ နေတိုးအဖွဲ့တွင်ပါဝင်ရန် အစီအစဉ်များကို ထောက်ခံခြင်းမှာ မှားယွင်းကြောင်း ၀န်ခံသည့် ပထမဆုံးအနောက်နိုင်ငံခေါင်းဆောင်မှာ Trump ဖြစ်သည်ဟု Lavrov က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အသည်းရောဂါနှင့် ပတ်သက်သောဆေးဝါးများ နိုင်ငံ‌တော်မှ အခမဲ့ပေးအပ်မည်

News Image

အသည်းရောဂါနှင့် ပတ်သက်သောဆေးဝါးများ နိုင်ငံ‌တော်မှ အခမဲ့ပေးအပ်မည်

အသည်းရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် အသည်းနှင့်ပတ်သက်သောဆေးဝါးများကို ယခု ဖေဖော်ဝါရီလမှစတင်ကာ နီးစပ်ရာမြို့နယ် ကျန်းမာရေးဌာနများ၌ အခမဲ့ပေးအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုဆေးဝါးများသည် အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ ဖြစ်စေနိုင်သော အသည်းရောင်အသားဝါ စီပိုး (Hepatitis-C) ရောဂါခံစားနေရသူများအား ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Honda ၏ လက်အောက်ခံအဖြစ် ကမ်းလှမ်းမှု Nissan သဘောမတူ

News Image

Honda ၏ လက်အောက်ခံအဖြစ် ကမ်းလှမ်းမှု Nissan သဘောမတူ

Nissan ၏ အစုရှယ်ယာများကိုဝယ်ယူပြီး ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်လာရန် Honda Motor ၏ ကမ်းလှမ်းချက်ကို သဘောမတူကြောင်း Nissan Motor က တုံ့ပြန်ပြောကြားခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။

Nissan ၏ ဥက္ကဋ္ဌ Uchida Makoto သည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် Honda Motor ၏ ဥက္ကဋ္ဌ Mibe Toshihiro နှင့် တွေ့ဆုံခဲ့သည်ဟုယူဆရကြောင်း သတင်းရင်းမြစ် များက ဆိုပါသည်။