အနောက်နိုင်ငံများအပေါ် နည်းပညာမှီခိုမှုကို လျှော့ချရန် အတွက် အိန္ဒိယက ကိုယ်ပိုင် AI chip ထုတ်လုပ်မည်
News Image

အနောက်နိုင်ငံမှ နည်းပညာများအပေါ် အမှီသဟဲပြုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ၎င်းတို့၏ကိုယ်ပိုင် AI chip များကို ထုတ်လုပ်မည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Mint သတင်းစာတွင် ဖော်ပြထားသည်။
ကိုယ်ပိုင် AI chip များ ထုတ်လုပ်နိုင်ရန်အတွက် အိန္ဒိယအီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးဌာန (Meity) က နိုင်ငံပိုင်အိုင်တီနှင့် ကွန်ပျူတာစင်တာများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစင်တာများတွင် အဆင့်မြင့်ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးရေးစင်တာ (C-DAC) လည်း ပါဝင်လျက်ရှိသည်။