ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “ထိရောက်သော လူထု ဆက်ဆံရေးအတွက် အစိုးရ ပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ညစာဖြင့် တည်ခင်းဧည့်ခံ

News Image

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

News Image

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံ သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေး စခန်း၌ ကျင်းပသည်။

၂၀၂၅ ခုနှစ် မတ်လ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်

News Image

၂၀၂၅ ခုနှစ် မတ်လ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ် နိုင်သည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင် သည်။

မိုးအခြေအနေနှင့် မိုးရွာရက်

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသော ရွှေဆိုင်များ အရေးယူခြင်းများရှိလာနိုင်

News Image

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသော ရွှေဆိုင်များ အရေးယူခြင်းများရှိလာနိုင်

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ အရေးယူခံရခြင်းများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် (FMGEA)ထံမှ သိရသည်။