ပြီးခဲ့သည့် အပတ်က လုပ်ဆောင်မှုများကို တင်ပြနိုင်ခြင်းမရှိပါက အလုပ်ထွက်ရန် အစိုးရဝန်ထမ်းများအားလုံးကို အီလွန်မက် အမိန့်ထုတ်ပြန်

News Image

ပြီးခဲ့သည့် အပတ်က လုပ်ဆောင်မှုများကို တင်ပြနိုင်ခြင်းမရှိပါက အလုပ်ထွက်ရန် အစိုးရဝန်ထမ်းများအားလုံးကို အီလွန်မက် အမိန့်ထုတ်ပြန်

အမေရိကန်အစိုးရဝန်ထမ်းများအားလုံးထံသို့ “ပြီးခဲ့သည့်အပတ်က သင် ဘာတွေလုပ်ခဲ့သလဲ” ခေါင်းစဉ်ဖြင့် အီးမေးလ်တစ်စောင်ဝင်လာပါကြောင်း၊ သင့်အနေဖြင့် ရှေ့အပတ်က အလုပ်ပြီးမြောက်ခဲ့မှုများကို ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)ည နောက်ဆုံးထား၍ မတင်ပြနိုင်လျှင် အလုပ်က နုတ်ထွက်ပြီးသား ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

အဆိုပါအမိန့်ကို အမေရိကန်အစိုးရ စွမ်းဆောင်ရည် မြင့်မားရေးဌာန (DOGE) အကြီးအကဲ အီလွန်မက်က ၎င်း၏ X လူမှုကွန်ရက်တွင် ဦးစွာ ကြေညာထားပါသည်။

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန်စီစဉ်

News Image

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန်စီစဉ်

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန် အစီအစဉ်ကို မူကြမ်းရေးဆွဲနေကြောင်း The Wall Street Journal သတင်းစာက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အမည်မဖော်လိုသော EU အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလအသိပေး

News Image

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလအသိပေး

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

Sun Outage ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်

News Image

Sun Outage ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်

Sun Outageဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မတ် ၇ ရက်မှ ၁၇ ရက်အထိ နေ့စဉ် မိနစ်ပိုင်းခန့်ပြတ်တောက်နိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း)တို့ တစ်တန်းတည်း ကျရောက် ချိန်တွင် Sun Outage ဖြစ်ပေါပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။