လက်နက်ရောင်းချပေးရန် ဂျာမနီဝန်ကြီးချုပ် ကမ်းလှမ်းချက် ဘရာဇီး သမ္မတ ငြင်းပယ်
News Image

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ယူကရိန်းအတွက် လက်နက်ရောင်းချပေးရန် ကမ်းလှမ်းလာမှုကို ငြင်းပယ်လိုက်ပါသည်။ မိမိအနေဖြင့် ရုရှား သို့မဟုတ် မည်သူ့ကိုမျှ သတ်ရန်အတွက် လက်နက်များ ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်ပါသည်။
Lula da Silva သည် ဖေဖော်ဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)က ပေါ်တူဂီ ဝန်ကြီးချုပ် Luis Montenegro နှင့် ပူးတွဲ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှား-ယူကရိန်းစစ်ပွဲ တင်းမာမှု လျော့ပါးစေရန် ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။