ဆိုရှယ်မီဒီယာပေါ်က ဆိုက်ဘာနှောင့်ယှက်မှုကို တုံ့ပြန်ဖို့ဆိုရာဝယ်

Posted_Date

Image

Cyber attack on social media

Body

ဒီကနေ့ခေတ်မှာ အရွယ်သုံးပါး၊ ကျား၊ မ မရွေး သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာဆိုတာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေဖြစ်တဲ့ ၁၉၉၇ ခုနှစ်တုန်းက Six Degrees၊ ၂၀၀၂ ခုနှစ် ရောက်တော့ Friendster ဆိုတဲ့ ပလက်ဖောင်းတွေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ MySpace နဲ့ LinkedIn၊ ၂၀၀၆ ခုနှစ်မှာ Facebook စတာတွေ ပေါ်ပေါက်လာရာက လူအချင်းချင်း ဆက်သွယ်နိုင်သလို သတင်းအချက်အလက်လည်း မျှဝေနိုင်တဲ့ ပလက်ဖောင်းသဖွယ် ဖြစ်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှု

အဲဒီနောက် ၂၀၀၆ ခုနှစ်မှာပဲ Twitter၊ ၂၀၁၀ ပြည့်နှစ်မှာ Instagram၊ ၂၀၁၁ ခုနှစ်မှာ Snapchat နဲ့ ၂၀၁၆ ခုနှစ်မှာ TikTok တို့ပေါ်ပေါက်လာပြီး ဗီဒီယိုအတိုလေးတွေ မျှဝေမှုများပြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်းပေါင်း ၄၉၀၀ ကျော်ဟာ ဆိုရှယ်မီဒီယာကို အသုံးပြုနေကြပြီး Facebook နဲ့ YouTube ကတော့ လူကြိုက်အများဆုံး ပလက်ဖောင်းတွေဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရောက်လာတော့ သုံးစွဲသူဦးရေဟာ ငါးဘီလီယံကျော်အထိ ဆက်လက်တိုးပွားလာခဲ့ပါတယ်။ လူအများစုဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တစ်နေ့ပျမ်းမျှနှစ်နာရီ ၂၀-၂၁ မိနစ်ခန့် အသုံးပြုနေကြပြီး Facebook ၊ YouTube ၊ Instagram နဲ့ WhatsApp စတာတွေအပြင် အထူးသဖြင့် လူငယ်တွေအကြားမှာ TikTok အသုံးပြုမှုက ပိုမိုတိုးတက်မြင့်မားလာပါတယ်။ ဆိုရှယ်မီဒီယာဟာ ပြည်သူ့ဆက်ဆံရေးနယ်ပယ်ကို အပြောင်းအလဲဖြစ်လာစေခဲ့ပါတယ်။ လူတစ်ဦးချင်းအတွက်သာမက အဖွဲ့အစည်းတွေနဲ့ အများသူငါ အကြား ဆက်သွယ်ရာမှာ Facebook ၊ Twitter/X ၊ Instagram နဲ့ LinkedIn လို ပလက်ဖောင်းတွေဟာ ပြည်သူ့ဆက်ဆံရေးနယ်ပယ်ရှိ ပညာရှင်တွေနဲ့ပါ ဆက်သွယ်နိုင်ဖို့အတွက် အခွင့်အရေးပေးစွမ်းလာနိုင်သလို သုံးစွဲသူတွေကြားမှာလည်း ပိုပြီးထိတွေ့ဆက်ဆံနိုင်စေခဲ့ပါတယ်။

အဲဒီလို ကောင်းမွန်တဲ့နည်းလမ်းမျိုးနဲ့ အသုံးပြုမှုတွေရှိသလိုပဲ ဆိုရှယ်မီဒီယာ၊ အီးမေးလ်နဲ့ မက်ဆေ့ချ်ပေးပို့တဲ့ အက်ပလီကေးရှင်းတွေ ဒါမှမဟုတ် အွန်လိုင်းဖိုရမ်တွေကနေ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး ကိရိယာကိုအသုံးပြုပြီး တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ရှက်ရွံ့စေတာ၊ နှောင့်ယှက်တာမျိုးတွေ ပြုလုပ်တဲ့ ဆိုက်ဘာနှောင့်ယှက်မှုလည်း တိုးတက်များပြားလာပါတယ်။

ဆိုက်ဘာနှောင့်ယှက်မှုပုံစံများ

ဆိုရှယ်မီဒီယာနဲ့ ဆိုက်ဘာနှောင့်ယှက်မှုအကြား ဆက်နွှယ်မှုကရှုပ်ထွေးပြီး အဲဒီပလက်ဖောင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုကို ဖြစ်စေပေမယ့်လည်း ဥပဒေကိုချိုးဖောက်ချင်သူအတွက် သားကောင်တွေကို ပစ်မှတ်ထားဖို့ လက်နက်ကိရိယာတစ်ခုလည်းဖြစ်လာပါတယ်။ ဆိုက်ဘာနှောင့်ယှက်မှု ပုံစံတွေ ကတော့-

ဆိုရှယ်မီဒီယာမှာ ဆိုက်ဘာနှောင့်ယှက်မှု အခန်းကဏ္ဍကြီးထွားလာခြင်း

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးပြုမှု အားကောင်းလာတာကြောင့် လူအများအပြားဟာ အွန်လိုင်းမှာ အချိန်ဖြုန်းလာကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ နယ်ပယ်အသီးသီးမှ လူတွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုလာကြပါတယ်။ အသုံးပြုသူတွေ များပြားလာတာကြောင့် ဆိုက်ဘာနှောင့်ယှက်သူတွေအတွက် ပစ်မှတ်တွေပိုမိုရရှိလာပါတယ်။ အဲဒီလို အသုံးပြုသူ တိုးပွားလာတာရယ်၊ နည်းပညာတိုးတက်မှုရယ်ကြောင့် ဆိုက်ဘာနှောင့်ယှက်မှုတွေကလည်း သိသိသာသာကြီးထွားလာပါတယ်။ အင်တာနက်အသုံးပြုသူ တိုးပွားလာတာနဲ့အမျှ အချက်အလက်တွေ လွယ်ကူစွာရယူနိုင်လာပြီး ဆိုက်ဘာရာဇဝတ်မှုတွေလည်း ပိုမိုများပြားလာပါတယ်။

နည်းပညာတိုးတက်လာတာကြောင့် ဆိုက်ဘာနှောင့်ယှက်သူတွေဟာ ပိုမိုခေတ်မီတဲ့ နည်းလမ်းတွေနဲ့တိုက်ခိုက်နိုင်လာပါတယ်။ အချက်အလက် ခိုးယူတာ၊ ဗိုင်းရပ်စ်ဖြန့်ဝေတာ၊ အယောင်ပြ အကောင့်တွေနဲ့ လှည့်ဖြားတာ စတဲ့နည်းလမ်းတွေက ပိုမိုဆန်းပြားလာပါတယ်။ AI ဉာဏ်ရည်တုနည်းပညာတွေနဲ့ သတင်းမှားဖြန့်ဝေတာကလည်း အန္တရာယ်တစ်ခုဖြစ်လာပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့ ခက်ခဲလာသလိုပဲ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ထိရောက်စွာတားဆီးနိုင်ဖို့ဆိုတာကလည်း ပိုပြီးခက်ခဲလာပါတယ်။

ဆိုက်ဘာနှောင့်ယှက်မှု အများဆုံးခံစားရသူများ

ဆိုက်ဘာနှောင့်ယှက်မှုကိုအများဆုံးခံစားရသူတွေကတော့-

 

ဆိုက်ဘာနှောင့်ယှက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများ

ဆိုက်ဘာနှောင့်ယှက်မှုဟာ ယနေ့ကာလဖြစ်တဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့ အစည်းအပေါ် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေမှုတွေ ပေါ်ပေါက်လာပြီး လူမှုဆက်ဆံရေးကိုလည်း အောက်ပါအတိုင်းထိခိုက်စေနိုင်ပါတယ်-

(က)    စိတ်ကျန်းမာရေးရဲ့အကျိုးဆက်များ။ ဆိုက်ဘာနှောင့်ယှက်မှုများသည် စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်ဒဏ်ရာရခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေပြီး လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် လူမှုမီဒီယာပေါ်မှာ အင်တာနက်အနိုင်ကျင့်ခံရခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက် ထုတ်ဖော်ခံရခြင်း၊ လူနည်းစုတွေဖြစ်တဲ့ LGBTQ+ လူတစ်ဦးချင်းစီဟာ လိင်ပိုင်းဆိုင်ရာအမုန်းစကားတွေကို ပြောဆိုခံရမယ်ဆိုရင် စိတ်ဓာတ်ကျလာပြီး မိမိကိုယ်ကို ယုံကြည်လေးစားမှု ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးသမားတွေ၊ သံတမန်တွေနဲ့ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အင်တာနက်အနိုင် ကျင့်ခံရခြင်းနဲ့ ကြုံတွေ့ရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ပိုမိုခံစားရနိုင်ပါတယ်။

(ခ) လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ။ ဆိုက်ဘာနှောင့်ယှက်မှုကြောင့် ဒစ်ဂျစ်တယ်ကမ္ဘာမှာ လူမှု ဆက်ဆံရေးကို သိသိသာသာထိခိုက်နိုင်စေပြီး မိသားစု၊ သူငယ်ချင်းတွေရဲ့အကြား ဆက်ဆံရေးတွေကိုလည်း တင်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆုံးရှုံးခြင်း၊ အထီးကျန်ခြင်းနဲ့ လူမှုရေးဖိအားတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီနှောင့်ယှက်မှုတွေဟာ လူတစ်ဦးချင်းစီရဲ့ပညာ ရပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်၊ လေ့လာဆည်းပူးမှုနဲ့ လူမှုရေးကိစ္စရပ်တွေမှာ ပါဝင်ဖို့ခက်ခဲခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ယခုအခါ ဆိုက်ဘာနှောင့်ယှက်မှုတွေဟာ ဆိုရှယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ်မှာ ပိုမိုလျင်မြန်စွာပျံ့နှံ့နိုင်တာကြောင့် ပိုပြီးထိခိုက်လွယ်လာပါတယ်။ ဒီပြဿနာတွေဟာ လူမှုဆက်ဆံရေးကို ပိုမိုထိခိုက်စေပြီး ခံစားရသူတွေရဲ့ ရေရှည်ဘဝ တက်လမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(ဂ) နိုင်ငံတကာဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုများ။ ဆိုက်ဘာနှောင့်ယှက်မှုတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းအရာတွေနဲ့ ဆက်နွှယ်နေပြီး နိုင်ငံတကာဆက်ဆံရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေနဲ့ စီးပွားရေးလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ ဆိုက်ဘာနှောင့်ယှက်မှုတွေထဲမှာ သတင်းမှားဖြန့်ဝေခြင်း (Disinformation)၊ လိမ်လည်အတုအယောင် ပြုလုပ်ခြင်း (Impersonation) နဲ့ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု (Election Interference) တို့ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေက ဒီမိုကရက်တစ်ပါတီရဲ့ဒေတာကို Hack လုပ်ပြီး Wiki-Leaks မှတစ်ဆင့် ထုတ်ဖော်ခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်က ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံအကြား တင်းမာမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံတကာမှ အရာရှိကြီးတွေကို ပစ်မှတ်ထားတာ ဒါမှမဟုတ် ရွေးကောက်ပွဲတွေကို လွှမ်းမိုးခြယ်လှယ်ဖို့အသုံးချတာ စတဲ့ဆိုက်ဘာနှောင့်ယှက်မှုတွေကြောင့် နိုင်ငံရေးပဋိပက္ခတွေကို မြင့်တက်လာစေပြီး သံတမန်ဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင်နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့သတင်းတွေ ပျံ့နှံ့စေတာမျိုးလို သတင်းအမှားတွေ ဖြန့်ဝေတာဟာ နိုင်ငံတကာ မျက်နှာစာမှာ မိမိနိုင်ငံရဲ့ဂုဏ်သတင်းကို ထိခိုက်စေပြီး နိုင်ငံအပေါ်ယုံကြည်မှုကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Sony Pictures Hack ဖြစ်ရပ်ကို တင်ပြလိုက်ရပါတယ်-

(၁) ၂၀၁၄ ခုနှစ်မှာ အမေရိကန်က မြောက်ကိုရီးယားရဲ့လက်ချက်လို့ စွပ်စွဲထားတဲ့ “Guardians of Peace” (GOP) အမည်တပ် ဟက်ကာအဖွဲ့တစ်ဖွဲ့ရဲ့ Sony Pictures Entertainment (SPE) ကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုဟာ နိုင်ငံတကာဆက်ဆံရေးအပေါ် နက်ရှိုင်းစွာသက်ရောက် မှုရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အကြီးအကဲ ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်ပုံဖော်ထားတဲ့ဟာသရုပ်ရှင် “The Interview” ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး Shamoon Wiper Malware ကို အသုံးပြုထားတဲ့ ဟက်ကာတွေက Sony ရဲ့စနစ်အတွင်းကို ထိုးဖောက်ဝင် ရောက်ပြီး ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေနဲ့ မထုတ်ပြန်ရသေးတဲ့ ရုပ်ရှင်တွေ အပါအဝင် အရေးကြီးတဲ့အချက်အလက်တွေကို ခိုးယူထုတ်ဖော်ခဲ့ကာ ရုပ်ရှင်ရုံတွေကို အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ရုပ်ရှင်ပြသမှုကို ပယ်ဖျက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်စေခဲ့ပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုချမှတ်ကာ တိုက်ခိုက်မှုကို “ဆိုက်ဘာအကြမ်းဖက်မှု” လို့သတ်မှတ်ခဲ့ပါတယ်။ Sony အနေနဲ့ သိသာထင်ရှားတဲ့ ငွေကြေးဆုံးရှုံးမှုနဲ့ ဂုဏ်သိက္ခာထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေ၊ အားနည်းချက်ရှိနေတဲ့ အရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်တွေဟာ ပထဝီနိုင်ငံရေးပဋိပက္ခတွေကို ဘယ်လိုမီးမွှေးပေးနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။

(၂) Sony Pictures Hack ဖြစ်ရပ်ဟာ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် သက်ရောက်မှုကို နားလည်ဖို့နဲ့ကာကွယ်ဖို့အရေးကြီးတယ်ဆိုတဲ့ ဥပမာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်မှ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ ရှုပ်ထွေးမှုနဲ့စပ်လျဉ်းပြီး အောက်ပါသင်ခန်းစာ တွေကို ဖော်ထုတ်နိုင်ပါတယ်-

(ကက) ဆိုက်ဘာတိုက်ခိုက်မှုဟာ ပုဂ္ဂလိကကဏ္ဍသာမက နိုင်ငံရေးနဲ့ သံတမန်ရေးရာ အကျပ်အတည်းတွေ ဖြစ်ပေါ်စေနိုင်တယ်။

(ခခ) နိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေး ပိုမိုအားကောင်းစေဖို့လိုအပ်ပြီး နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုမြှင့်တင်ဖို့နဲ့ AI ကဲ့သို့သော အဆင့်မြင့်နည်းပညာ တွေကို အသုံးပြုဖို့ လိုအပ်တယ်။

(ဂဂ) ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာဥပဒေမူဘောင်တွေ ချမှတ်ဖို့လိုအပ်ပြီး နိုင်ငံတွေအကြား ဆိုက်ဘာသံခင်းတမန်ခင်း (Cyber Diplomacy) ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်။

(ဃဃ) ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဆိုက်ဘာနှောင့်ယှက်မှုကို တားဆီးကာကွယ်ရန်နှင့် တုံ့ပြန်ရန် အကြံပြုချက်များ

ဆိုက်ဘာနှောင့်ယှက်မှုတွေကို တားဆီးကာကွယ်ဖို့အတွက်လိုအပ်တဲ့ ဥပဒေမူဘောင်တွေကို အစိုးရဘက်က ချမှတ်ပေးဖို့နဲ့ ကာကွယ်ရေးနည်းပညာတွေကိုလည်း အရေးကြီးတဲ့ကဏ္ဍအဖြစ် သတ်မှတ် ပြီး အောက်ပါအချက်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်-

(က) ဥပဒေမူဘောင်များ ပိုမိုအားကောင်းလာစေရေး။ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်ရေးအတွက် ဥပဒေမူဘောင်တွေ အားကောင်းစေဖို့ နိုင်ငံတကာဥပဒေတွေနဲ့ နိုင်ငံအလိုက် စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာစေရပါမယ်။ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါတယ်။ ဆိုက်ဘာနှောင့်ယှက်မှုပုံစံတွေကို ဥပဒေအရ ရှင်းလင်းစွာ ဖွင့်ဆိုပြီး ပြစ်မှုအဖြစ် သတ်မှတ်ရပါမယ်။ အဲဒီအတွက် Budapest Convention on Cybercrime (၂၀၀၁) လို နိုင်ငံတကာ စာချုပ်တွေကို ကိုးကားရပါမယ်။ EU ရဲ့ General Data Protection Regulation (GDPR) (၂၀၁၈) ကဲ့သို့ ကိုယ်ရေးကိုယ်တာ ဒေတာလုံခြုံရေးကို မြှင့်တင်ရပါမယ်။ ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်တဲ့ဒဏ်ငွေတွေချမှတ်တာနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာတို့ကို ပြုလုပ်ရပါမယ်။ သံတမန်နဲ့ အစိုးရတာဝန်ရှိသူတွေအတွက် ဆိုက်ဘာလုံခြုံရေး အကြံပြုချက်တွေကတော့ လုံခြုံတဲ့ဆက်သွယ်ရေးကိရိယာတွေအသုံးပြုဖို့၊ လုံခြုံရေးဆက်တင်တွေ အသုံးပြုဖို့၊ AI နဲ့ Machine Learning ကိုအသုံးပြုပြီး ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်ဖို့နဲ့ လုံခြုံရေး နည်းလမ်းတွေကို သင်ကြားပို့ချပေးဖို့ စတာတွေပဲဖြစ်ပါတယ်။

(ခ) ကာကွယ်ခြင်းတွင် နည်းပညာ၏ အရေးကြီးသော အခန်းကဏ္ဍ။ နည်းပညာဟာဆိုက်ဘာ နှောင့်ယှက်မှုတွေကို ကာကွယ်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ AI ကို အသုံးပြုပြီး ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးနိုင်မှုအတွက် အသေးစိတ်ဖော်ပြ ချက်တွေကတော့-

(ဂ) ပညာပေးအစီအစဉ်များ။ ပညာပေးအစီအစဉ်တွေက ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်ရာမှာ နောက်ထပ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှ အနှောင့်အယှက်ပေးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သိရှိစေတာမျိုးနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အကျွမ်းတဝင်ရှိမှုကို မြှင့်တင်ပေးတာမျိုးက လူတစ်ဦးချင်းစီအတွက် ဆိုရှယ်မီဒီယာကိုသတိရှိရှိ အသုံးပြုတတ်စေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ ကျောင်း၊ တက္ကသိုလ်နဲ့ လူမှုအဖွဲ့အစည်းတွေမှာ နည်းပညာကို ကျင့်ဝတ်နဲ့အညီ အသုံးပြုနည်း၊ အနှောင့်အယှက်ပေးမှုတွေကို မိမိကိုယ်ကို ကာကွယ်နည်းတွေ သင်ကြားပေးတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် မိမိတို့ပတ်ဝန်းကျင်မှာ ဆိုက်ဘာနှောင့်ယှက်မှုတွေ ကြုံတွေ့ရတဲ့အခါမျိုးမှာ နစ်နာသူဘက်က ထောက်ခံပြောဆိုပြီး အားပေးစကားပြောကြားပေးသင့်ပါတယ်။

(ဃ) သံတမန်ရေးရာ ကြိုးပမ်းမှုများ။ ဆိုက်ဘာနှောင့်ယှက်မှုတွေကိုဖြေရှင်းရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ သံတမန်ရေးကြိုးပမ်းမှုတွေက အရေးကြီးပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့ ပရိုတိုကောတွေချမှတ်ဖို့၊ အကောင်းဆုံးလုပ်ဆောင်မှုတွေနဲ့ နည်းပညာဆိုင်ရာ တီထွင်ကြံဆမှုတွေကို မျှဝေဖို့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ နိုင်ငံတကာစာချုပ်တွေနဲ့ သဘောတူညီချက်တွေ ဖန်တီးတာမျိုးနဲ့ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ပြစ်မှုအဖြစ် သတ်မှတ်ပြီး နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုမှာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရပါမယ်။ စည်းလုံးညီညွတ်တဲ့ ကြိုးပမ်းမှုတွေနဲ့သာ ကမ္ဘာ့အသိုင်းအဝိုင်းဟာ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အကျဉ်းချုပ်ဖော်ပြရရင် ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေရေးရာ၊ နည်းပညာ၊ ပညာရေးနဲ့ သံတမန်ရေးရာမဟာဗျူဟာတွေကို ပေါင်းစပ်ထားတဲ့ ဘက်စုံချဉ်းကပ်မှုမျိုး လိုအပ်ပါတယ်။ ဥပဒေရေးရာကိစ္စရပ်တွေအပေါ် အားဖြည့်တာက တာဝန်ယူမှုကို သေချာစေပြီး နည်းပညာကတော့ စောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးအတွက် ပံ့ပိုးပေးပါတယ်။ ပညာရေးဆိုင်ရာ အစီအစဉ်တွေက တာဝန်ယူမှုရှိတဲ့ အွန်လိုင်းအပြုအမူကို မြှင့်တင်ပေးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုက စည်းလုံး ညီညွတ်သော ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုကို အားပေးပါတယ်။ ဒီအချက်တွေဟာ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့သာမက လူတိုင်းအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခုကို ဖန်တီး နိုင်ဖို့အတွက်ပါ ပြည့်စုံတဲ့မူဘောင်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း ဆိုရှယ်မီဒီယာဟာ အရေးပါတဲ့သတင်းအချက်အလက်မျှဝေရာ နေရာတစ်ခုဖြစ်လာသလို ဆိုက်ဘာနှောင့်ယှက်မှုတွေက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ အင်တာနက်အသုံးပြုသူတွေ တိုးပွားလာတာနဲ့အမျှ လူငယ်တွေဟာ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ ပစ်မှတ်ဖြစ်လာကြပြီး သူတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းပညာတိုးတက်မှုနဲ့ လူမှုကောင်းကျိုးကို ဟန်ချက်ညီအောင် ထိန်းညှိဖို့လိုအပ်ပြီး ဆိုက်ဘာနှောင့်ယှက်မှုတွေကို ထိရောက် တဲ့ ဖြေရှင်းနည်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုက်ဘာနှောင့်ယှက်မှုဟာ နိုင်ငံတော်ရဲ့ လူမှုစည်းလုံးညီညွတ်မှု၊ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ လိုအပ်လျက်ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်အပေါ် ထိခိုက်စေတဲ့အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် အချိန်မီကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

Source: https://www.moi.gov.mm/article/68406

Photo Credit to https://houseofit.ph/

ရေဓာတ် ဓာတ်ဆားဓာတ်နှင့် ကျောက်ကပ်

Posted_Date

Image

ရေဓာတ် ဓာတ်ဆားဓာတ်နှင့် ကျောက်ကပ်

Body

မတ်လ ၁၃ ရက်က ကမ္ဘာ့ကျောက်ကပ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။ ကျောက်ကပ်က လူ့ခန္ဓာကိုယ်ရဲ့ ရေဓာတ်၊ ဓာတ်ဆားဓာတ်တွေကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ ရေဓာတ်၊ ဓာတ်ဆားဓာတ်တွေ ပုံမှန်ဖြစ်နေမှသာ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်းနဲ့ ကလီစာတွေက ပုံမှန်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့လေးပုံသုံးပုံက ရေဓာတ်နဲ့ပြည့်နေပါတယ်။ ခန္ဓာ ကိုယ်မှာရှိတဲ့ ဆဲလ်လေးတွေက ရေဓာတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ရေဓာတ်နည်းသွားရင် ဆဲလ်လေးတွေ အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ရှေးလူကြီးတွေက ရေအသက် တစ်မနက်လို့ တင်စားကြတာပါ။

ပုံမှန်ကျန်းမာတဲ့ လူတစ်ဦးက တစ်နေ့ကို ရေသုံးလီတာ၊ လေးလီတာ လောက်သောက်ဖို့လိုပါတယ်။ အခုလို နွေရာသီပူပြင်းတဲ့ကာလမှာ ဆိုရင် ရေဓာတ်ပိုလိုအပ်ပါတယ်။ ရာသီဥတုပူလို့ပဲဖြစ်ဖြစ်၊ ကိုယ်လက် လှုပ်ရှားမှုများလို့ပဲဖြစ်ဖြစ် ချွေးထွက်များတဲ့အခါ ရေဓာတ်ရော၊ ဓာတ်ဆားဓာတ်ပါ လိုအပ်ပါတယ်။

ထူးခြားတာက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ရဲ့ကျောက်ကပ်က ရေဓာတ်၊ ဓာတ်ဆားဓာတ်ပိုလိုတဲ့အနေအထားဆိုရင် ဥပမာ- နွေရာသီမှာဆိုရင် သူတတ်နိုင်သလောက် ရေဓာတ်၊ ဓာတ်ဆားဓာတ်တွေကို ခန္ဓာကိုယ် အတွက် စုထားပေးတယ်။ ဒါကြောင့် နွေရာသီမှာ ဆီးသွားရင် ဆီး အရောင်ရင့်ပြီး ဆီပမာဏနည်းသွားတယ်။ မိုးရာသီမှာဆိုရင် ဆီး အရောင်ဖျော့ပြီး ဆီးပမာဏများပါတယ်။

လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ကအရေးကြီးတဲ့အတွက် နေ့စဉ်ရေများများ သောက်ဖို့လိုပါတယ်။ အကြမ်းဖျင်းအားဖြင့် နှစ်လီတာ၊ သုံးလီတာ သောက်ရမယ်လို့ပြောပေမယ့်.. ရေလျှော့သောက်ရမယ့်ရောဂါတွေ အကြောင်းကိုလည်း သိထားဖို့လိုပါတယ်။

ကျောက်ကပ်က ရေဓာတ်ကို ထိန်းညှိပေးတယ်ဆိုပေမယ့် ကျောက် ကပ်အားနည်းရင် ရေဓာတ်ကို မထိန်းနိုင်တော့ပါဘူး။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်များလာမယ်။ အဲဒါကို ဘယ်လိုသိနိုင်လဲဆိုရင် ခြေလက်တွေ ဖောရောင်လာတာ၊ မျက်လုံးတစ်ဝိုက် မျက်ခွံမို့လာတာ၊ မျက်နှာဖောလာတာတွေဖြစ်လာပါတယ်။ ပြီးတော့ ဗိုက်ထဲမှာ ရေတွေ များလာရင် ရေဖျဉ်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်အားနည်းသူတွေ၊ အထူးသဖြင့် နာတာရှည်ကျောက်ကပ်ဝေဒနာရှင် တွေ၊ နှလုံးအားနည်းသူတွေ၊ အသည်းကျုံ့သူတွေဆိုရင် ရေလျှော့သောက် ရပါမယ်။ နောက်တစ်ခုက ဓာတ်ဆားဓာတ်ဖြစ်ပါတယ်။ ဓာတ်ဆားဓာတ် ဆိုလို့ အများသိတဲ့ ဓာတ်ဆားထုပ်မှာ ရေးထားတဲ့ ဓာတ်ဆားဓာတ် တွေအကြောင်းပါ။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုဒ်၊ ဘိုင်ကပ်၊ ကယ်လ်စီယမ်ဖော့စဖိတ် အစရှိတဲ့ဓာတ်ဆားဓာတ်တွေကို ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအခြေအနေပေါ်မူတည်ပြီး ထိန်းညှိပေးပါတယ်။ ဓာတ်ဆားဓာတ် ဥပမာ-ဆိုဒီယမ်လိုအပ်တယ်ဆိုရင် ဆိုဒီယမ် ကို ဆီးထဲမှာ လျော့သွားအောင်လုပ်တာပေါ့။

ဒီလိုဓာတ်ဆားတွေအများကြီးထဲက ဒီနေ့ဆောင်းပါးမှာ ဆားဓာတ် တစ်နည်းအားဖြင့် အငန်ဓာတ်လို့ အများသိထားတဲ့ ဆိုဒီယမ်အကြောင်း ပြောပြချင်ပါတယ်။

ဆိုဒီယမ်ဓာတ်က ချွေးထွက်များတဲ့အခါ၊ နွေရာသီ ပူပြင်းတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ ဝမ်းပျက်၊ ဝမ်းလျှောတဲ့အခါမျိုးမှာ ခန္ဓာကိုယ် ထဲမှာ ဆိုဒီယမ်ဓာတ်နည်းသွားတတ်ပါတယ်။ အဲဒီအခါ ဓာတ်ဆားရည် သောက်လိုက်ရင် ဒါမှမဟုတ် ဆားကိုပိုစားလိုက်ရင် အဆင်ပြေသွား တတ်ပါတယ်။ ဆိုဒီယမ်ဓာတ်နည်းသွားရင် သွေးပေါင်ကျတာတို့၊ နုံးခွေ သွားတာတို့၊ အိပ်ငိုက်တာတို့ဖြစ်တတ်ပါတယ်။ 

အဲဒါနဲ့ ပြောင်းပြန်ကတော့ ဆိုဒီယမ်ဓာတ်များတာပါ။ ဆားဓာတ် များရင် သွေးတိုးရောဂါဖြစ်တတ်ပါတယ်။ သွေးတိုးရောဂါဖြစ်လာရင် လေဖြတ်တာတို့၊ နှလုံးရောဂါတို့ဖြစ်နိုင်ပါတယ်။ နာတာရှည်ကျောက်ကပ် အားနည်းတာလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါကို သွေးပေါင်ကျဆေးအပြင် ဆိုဒီယမ် ဓာတ်များများမစားမိဖို့ အရေးကြီးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သုတေသနတွေရဲ့ တွေ့ရှိချက်အရ ဆားစားသုံးမှုကို ယခုလို သတ်မှတ် ထားပါတယ်။ ကျန်းမာသန်စွမ်းသူလူငယ်၊ လူလတ်တစ်ဦးက တစ်နေ့ကို အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းပဲ လိုအပ်ပါတယ်။ ဒီထက် ပိုစားရင် သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကျွန်မတို့ နေ့စဉ်စားနေတဲ့ အစားအစာတွေကို သုံးသပ်ကြည့်ရင် နံနက်စာကို ပဲပြုတ်၊ ထမင်းဆီဆမ်းစားတယ်ဆိုပါစို့။ ပဲပြုတ် ထဲမှာ ဆော်ဒါပါတယ်။ ထမင်းဆီဆမ်းမှာ ဆားဖြူးစားတယ်။ နေ့လယ်စာ ကြက်သားဟင်းနဲ့ ချဉ်ပေါင်ကြော်ကို ငါးပိ၊ ပုဇွန်ခြောက်၊ ဆားနဲ့ လေးလေးပင်ပင်ဖြစ်အောင် ကြော်ထားတာပါ။ သူတို့အားလုံးမှာ ဆိုဒီယမ်ဓာတ်တွေပါတယ်။ 

နေ့လယ်ထမင်းစားပြီး လက်ဖက်သုပ်နဲ့ အအီပြေ အချိုတည်းမယ်ဆိုရင် ဆိုဒီယမ်ဓာတ်တွေကြည့်ကြရအောင်။ လက်ဖက်ကို ဆားနဲ့ အချိုမှုန့်နဲ့နှပ်ထားတာ။ နှစ်ပြန်ကျော်ဆိုရင် နံနက်စာစားတဲ့ ပဲပြုတ်၊ ထမင်းဆီဆမ်းရယ်၊ နေ့လယ်စာ ကြက်သားဟင်းနဲ့ ချဉ်ပေါင်ကြော်ရယ်၊ လက်ဖက်သုပ်ရယ်နဲ့တင် ၂၄ နာရီကို ရတဲ့ဆားဓာတ်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျော်နေပြီ။

နောက်ပြီး ထမင်းစားပြီးဗိုက်ကယ်လို့ ရင်ချောင်အောင် လျက်ဆား စားကြတယ်။ လျက်ဆားက အရသာမငန်လို့ ဆားမပါဘူးဆိုပြီး မထင် လိုက်ပါနဲ့ လျက်ဆားမှာ နွယ်ချိုမှုန့်ပါတယ်။ နွယ်ချိုမှုန့်မှာ ဆိုဒီယမ် ဓာတ်တွေပါတော့ သွေးတိုးတာဖြစ်နိုင်ပါတယ်။

ကျွန်မတို့မြန်မာလူမျိုးတွေက အငန်ဓာတ်ကြိုက်ကြတယ်။ ဥပမာ ငါးပိထောင်း၊ ငါးပိရည်၊ ငါးခြောက်ဖုတ်ဆိုရင် အနံ့ရတာနဲ့တင် သွားရည် ယိုနေတယ်။ ဟင်းထဲမှာလဲ အချိုမှုန့်၊ အသားမှုန့် မပါရင် အရသာမရှိဘူးထင်ကြတယ်။

သွေးတိုးရောဂါရှိသူတွေ ဆိုဒီယမ်ဓာတ်၊ အငန်ဓာတ်လျှော့စားကြ ဖို့ တိုက်တွန်းလိုပါတယ်။ သွေးတိုးမရှိသေးတဲ့ ကလေးတွေ၊ လူငယ် တွေလည်း အငန်ဓာတ်များများမစားဖြစ်အောင် ဆင်ခြင်ကြဖို့လိုအပ် တယ်။ အချိုမှုန့်၊ အသားဓာတ်တွေပါမှ စားလို့ကောင်းတယ်ဆိုတဲ့ လျှာအရသာကို ဝိုင်းဝန်းပြုပြင်ကြရပါမယ်။ အဲ့ဒါမှ သွေးတိုးရောဂါကို အထိုက်အလျောက်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ရေဓာတ်၊ ဓာတ်ဆားဓာတ်နဲ့ ကျောက်ကပ်အကြောင်း ရေးထားတဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး သက်ရှည်ကျန်းမာအောင် သတိပြုစားသောက်ကြဖို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။

Source: Myawady Daily Newspaper

 

တောင်ကြီးမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

News Image

တောင်ကြီးမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

တောင်ကြီး မတ် ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော်တင်ပို့ထား

ယခုဘဏ္ဍာနှစ်   ၁၁   လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃   သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ၂၀၂၄ ခုနှစ်  ဧပြီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၂၃၇၃၇၀၇ တန်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ  ၁၀၈၇  သန်းရရှိခဲ့ ခြင်းဖြစ်သည်။