မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး  ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

News Image

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်ပစ်ဗုံးဖြင့်  ပစ်ပေါက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ဆားရည်နှင့် ပလုတ်ကျင်းခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုးများ

Posted_Date

Image

ဆားရည်နှင့် ပလုတ်ကျင်းခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုးများ

Body

ဆားရည်ကို လည်ချောင်းနာသည့်အခါတွင် အများဆုံးအသုံးပြုကြသည်။ ထို့ကြောင့် လည်ချောင်းနာ၍ ဆားရည်ဖြင့် အာလုတ်ကျင်းသည့်အခါ မည်ကဲ့သို့ အကျိုးကျေးဇူးများရရှိစေသည်ကို ဖော်ပြပေးပါမည်။

ဆားရည်ဖြင့် ပလုတ်ကျင်းသည့်အခါ ဘက်တီးရီးယားများကြောင့် လည်ချောင်းထဲရှိ အက်ဆစ်များမညီမမျှခြင်းကို ထိန်းညှိပေးသည်။ ထို့ပြင် ခံတွင်းထဲရှိ ဘက်တီးရီးယားများ မပေါက်ဖွားစေရန် ကာကွယ်ပေးသည်။ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် အသက်ရှူလမ်းကြောင်းနှင့် နှာခေါင်းထဲရှိ ချွဲများကို ဖယ်ရှားပေးနိုင်သည်။ နာကျင်မှုများကို သက်သာစေသကဲ့သို့ ရောင်ရမ်းမှုကိုလည်း လျော့ကျစေသည့်အပြင် နှာခေါင်းတွင်းရှိ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် များကို ဖယ်ရှားပေးနိုင်သည်။ ထို့ပြင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကြောင့် အာသီးရောင်ခြင်းကို ဆားရည်နွေးနွေး လေးဖြင့် အာလုတ်ကျင်းပေးလျှင် သက်သာပျောက်ကင်းစေသည်။ 

သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ သွားဖုံးရောင်ရမ်းခြင်း၊ သွားကိုက်၊သွားနာခြင်းများကိုလည်း သက်သာစေ နိုင်သည်။ ပါးစပ်အတွင်းဖြစ်လေ့ရှိသော အနာဖြူဖြူလေးများကို သက်သာစေရန် ဆားရည်ဖြင့် ပလုတ်ကျင်းပေးလျှင် အနာသက်သာစေပြီး အနာကျက် မြန်စေနိုင်သည်။

အစာစားခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရင်းများကြောင့်ဖြစ်စေ ခံတွင်းနံ့နံခြင်းကို သက်သာစေရန် ဆားရည်ဖြင့် အာလုတ်ကျင်းပေးလျှင် သက်သာပျောက်ကင်းစေသည်။ သုတေသနပြုချက်များအရ တစ်နေ့လျှင် ဆားရည်နွေးနွေးဖြင့် ၃ ကြိမ် ပလုတ်ကျင်းပေးခြင်း က အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင် ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေရန် ၄၀ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်သည် ဟု အဆိုပြုထားကြသည်။ 

ကိုးကား- Royal A အာရုံကြောဆေး

Photo: hellosayarwon

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၆၃ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

News Image

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်   ပြည်ပနိုင်ငံသား ၁၆၃ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။