ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော်တင်ပို့ထား
ယခုဘဏ္ဍာနှစ် ၁၁ လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၂၃၇၃၇၀၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၈၇ သန်းရရှိခဲ့ ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် ဧပြီလ က အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲ ၁၁၁၈၆၂ တန်၊ မေလ က အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၂၈၀၊ ဇွန်လက အမေရိကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၂,၃၂၆ တန်၊ ဇူလိုင်လက အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၅,၄၄၄ တန်၊ ဩဂုတ်လ က အမေရိကန်ဒေါ်လာ ၉၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၇,၃၇၀၊ စက်တင် ဘာလက အမေရိကန်ဒေါ်လာ ၁၀၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၁၉,၅၆၅ တန်၊ အောက်တိုဘာလက အမေရိကန်ဒေါ်လာ ၁၈၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၄၂၄,၇၈၄ တန်၊ နိုဝင်ဘာလက အမေရိကန် ဒေါ်လာ ၁၅၆ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၃၃၄,၅၃၅ တန်၊ ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ ၁၄၅ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇,၄၉၀၊၂၀၂၅ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ ၈၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၀၉,၅၉၉ တန်နှင့် ဖေဖော်ဝါရီလက အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၂၉,၄၅၂ တန်တင်ပို့နိုင်ခဲ့သည်။
ယင်းသို့တင်ပို့ရာတွင် အောက်တိုဘာလက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉ သန်းဖြင့် အများဆုံးတင်ပို့ထားပြီး နိုဝင်ဘာလက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းဖြင့် ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော်ရရှိခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ရန် ရည်မှန်းထားကြောင်း သိရသည်။
Source: https://myawady.net.mm/