မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာတိုင်း တပ်မတော်၏ အခန်းကဏ္ဍကို ထင်ရှားစွာမြင်တွေ့ရသည်။ မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်ရှိနေစဉ် မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မည်ဆိုပါက တပ်မတော်တစ်ရပ်မဖြစ်မနေ လိုအပ်လာသည်ကို သိရှိလာကြသည်။ ယခင်က မိမိတို့တွင် ရရာလက်နက်များဖြင့် တိုင်းတစ်ပါးအုပ်စိုးသူတို့ကို တော်လှန်တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အားမညီမျှ၍ အောင်မြင်မှုပန်းတိုင်နှင့် ဝေးကွာခဲ့သည်။ ဤသည်ကိုသင်ခန်းစာယူကာ နိုင်ငံတွင်ခိုင်မာအားကောင်းသော မြန်မာ့တပ်မတော်တစ်ရပ် ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန် စဉ်းစားဆုံးဖြတ်လာခ
မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာတိုင်း တပ်မတော်၏ အခန်းကဏ္ဍကို ထင်ရှားစွာမြင်တွေ့ရသည်။ မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်ရှိနေစဉ် မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မည်ဆိုပါက တပ်မတော်တစ်ရပ်မဖြစ်မနေ လိုအပ်လာသည်ကို သိရှိလာကြသည်။ ယခင်က မိမိတို့တွင် ရရာလက်နက်များဖြင့် တိုင်းတစ်ပါးအုပ်စိုးသူတို့ကို တော်လှန်တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အားမညီမျှ၍ အောင်မြင်မှုပန်းတိုင်နှင့် ဝေးကွာခဲ့သည်။ ဤသည်ကိုသင်ခန်းစာယူကာ နိုင်ငံတွင်ခိုင်မာအားကောင်းသော မြန်မာ့တပ်မတော်တစ်ရပ် ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန် စဉ်းစားဆုံးဖြတ်လာခြင်းဖြစ်သည်။
တပ်မတော်တစ်ရပ်ပေါ်ထွန်းလာခဲ့သည်မှာ လွယ်လွယ်ကူကူ အောင်မြင်ခဲ့သည်မဟုတ်ပေ။ လျှို့ဝှက်စွာလှုပ်ရှား ဆောင်ရွက်ရခြင်းဖြစ်၍ သခင်အောင်ဆန်းဦးဆောင်သော လူငယ် ၃၀ ဦးတို့မှာ မိမိတို့စစ်ပညာ သင်ကြားမည့် နေရာသို့ အသုတ်လိုက်ခွဲကာ သွားရောက်ခဲ့ကြရသည်။ ဂျပန်တို့ထံတွင် ပင်ပန်းဆင်းရဲစွာ စစ်အတတ်ပညာများ၊ အုပ်ချုပ်မှုပညာများ သင်ယူတတ်မြောက်လာသည့်အခါ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ အဆိုပါဗမာ့လွတ်လပ်ရေး တပ်မတော်သည် လွတ်လပ်ရေးတိုက်ပွဲဝင်ရန်အတွက် ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ စစ်ကြောင်းများခွဲကာ ပြန်လည်ဝင်ရောက်လာကြသည်။ နယ်ချဲ့အုပ်ချုပ်နေသော အင်္ဂလိပ်တို့ကို ဂျပန်တပ်များနှင့်အတူ တိုက်ခိုက်ချေမှုန်းခဲ့သည်။
ထိုစဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အင်အားမှာ ငါးသောင်းခန့်ရှိနေပြီဖြစ်သည်။ မြန်မာတို့သည် အရေးကြီးလျှင်သွေးနီးသည် ဆိုသည့်အတိုင်း နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် စစ်တိုက်နိုင်သူမှန်သမျှ တပ်မတော်သို့ အလုအယက်ဝင်ရောက်ကြသည်။ ဘုန်းတော်ကြီးများသည်ပင်လျှင် လူဝတ်လဲကာ လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ထို့အတူ ကျောင်းသား၊ ကျောင်းသူများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများသည်လည်း အားတက်သရောပါဝင်ကြသည်။ မိမိအရေးထက် နိုင်ငံ့အရေးကို ဦးစားပေးခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့ ဆုတ်ခွာသွားချိန်တွင် ဂျပန်တို့အနေဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ကြီးထွားလာသောစစ်အင်အားကို စိုးရိမ်လာသည့် အတွက် လွတ်လပ်ရေးတပ်မတော်မှ ကာကွယ်ရေးတပ်မတော်သို့ အမည်ပြောင်းကာ တပ်မတော်အင်အားကိုလည်း များစွာလျှော့ချပစ်ခဲ့သည်။
ဂျပန်တို့က မြန်မာနိုင်ငံကို အတုအယောင်လွတ်လပ်ရေး သို့မဟုတ် ရွှေရည်စိမ်လွတ်လပ်ရေ ပေးခဲ့ပြီး မြန်မာတိုင်းရင်းသားတို့အပေါ် ဖက်ဆစ်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ တပ်မတော်နှင့် မြန်မာပြည်သူ တစ်ရပ်လုံးက လွန်စွာ ဆိုးရွားလှသော ဖက်ဆစ်တို့ကို ပြန်လည်မောင်းထုတ်နိုင်ရန် လျှို့ဝှက်စီစဉ်နေစဉ်အတွင်း ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်တို့ အရေးသာသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့သည်။ အောင်မြင်မှု များစွာရရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ တိုက်စွမ်းရည် တိုက်စွမ်းအားကို နယ်ချဲ့တို့ကပင် လေးစားခဲ့ကြရသည်။ နောက်ဆုံးတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေး ပေးခဲ့ရသည်။ လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်မှုတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်မတော်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့၍ အောင်မြင်မှုများစွာ ရရှိခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးရရှိသည့်အခါ မြန်မာနိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းပြီး စိတ်ချမ်းသာဖွယ်ကောင်းသည့် အခြေအနေမဟုတ်ပေ။ ရောင်စုံသောင်းကျန်းသူတို့ ထူပြောကာ နယ်မြေဒေသများစွာကို ရောင်စုံသောင်းကျန်းသူတို့ လွှမ်းမိုးထားသည်။ နောက်ဆုံးတွင် ထိုစဉ်က နိုင်ငံတော်အစိုးရ၏ အာဏာစက်မှာ ရန်ကုန်မြို့ ကွက်ကွက်ကလေးသာကျန်ရှိတော့သည်။
ထိုအခြေအနေမျိုးတွင် တပ်မတော်သည် တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက် ဟူသော ဆောင်ပုဒ်ကိုစွဲကိုင်ကာ တပ်မတော်အင်အား များပြားရရှိအောင် စုစည်းရင်း သောင်းကျန်းသူများကို ချေမှုန်းခဲ့ရသည်။ ပြည်တွင်းသောင်းကျန်းမှု အောင်မြင်စွာချေမှုန်းနေစဉ်မှာပင် ပြည်ပကျူးကျော်မှုကို ရင်ဆိုင်ရပြန်သည်။
အဆိုပါ ပြည်ပကျူးကျော်မှုကိုလည်း တပ်မတော်က အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။
ဤအဖြစ်အပျက်များမှာ မျိုးဆက်သစ်လူငယ် အဆက်ဆက်တို့ သိထားရမည့် တပ်မတော်၏ စွမ်းဆောင်ချက်ဖြစ်စဉ် အမှန်များဖြစ်သည်။ နိုင်ငံအတွက် တပ်မတော်တစ်ရပ်ရှိနေ၍ နိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။ တပ်မတော်တစ်ရပ်ရှိနေ၍ ရရှိထားသောလွတ်လပ်ရေး ပြန်လည်မဆုံးရှုံး ခြင်းဖြစ်သည်။ ဤသည်မှာ ငြင်းချက်မထုတ်နိုင်သော အမှန်တရားဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းကို အကျည်းတန်စေခဲ့သည်။
မဲလိမ်မဲခိုးမှုနှင့် တရားမဲ့ပြုကျင့်မှုများ ထင်ရှားစွာဖြစ်ပေါ်ခဲ့သည်။
ထိုစဉ်က တာဝန်ရှိခဲ့သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာပါတီတို့အနေဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို ငဲ့ညှာထောက်ထားလျှင် ပေါ်ပေါက်လာသည့်ပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးကြရမည်ဖြစ်သည်။ ထိုသို့ဖြေရှင်းပေးခြင်းမရှိခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အဆိုပါအပြောင်းအလဲကာလတွင်လည်း သက်ဆိုင်ရာပါတီဝင်များအနေဖြင့် တရားဥပဒေဘောင်အတွင်းက ရင်ဆိုင်ဖြေရှင်းကာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် အရွေးခံကြရမည်သာဖြစ်သည်။ နည်းမှန်လမ်းမှန်ကိုလျှောက်လှမ်းရမည့်အစား လူငယ်လူရွယ်များကိုစည်းရုံးကာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဆောင်ရွက်စေခဲ့သည်။ အဆိုးရွားဆုံးသော လုပ်ရပ်မှာ မိမိနှင့်အမြင်မတူသည့်ပြည်သူများကိုသတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ သာသနာတော်အတွက် ကြိုးပမ်းအားထုတ်နေသည့် ဆရာတော်၊သံဃာတော်များနှင့် သီလရှင်များကို သတ်ဖြတ်ခြင်း၊ ဆရာ၊ ဆရာမများကို သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူငင်ခြင်း၊ အကြမ်းဖက်မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ရပ်များကို လုပ်ဆောင်ကြခြင်းဖြစ်သည်။
ပြည်သူများအတွက် အော့နှလုံးနာ ရွံရှာစက်ဆုပ်ဖွယ်ရာများကို လုပ်ဆောင်ခဲ့သည်။
အဆိုပါဆင်ခြင်ဉာဏ်ကင်းမဲ့သော လူငယ်လူရွယ်များကို တိုင်းရင်းသားအမည်ခံ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဖောက်ခွဲဖျက်ဆီးရေး နည်းလမ်းများသင်ပေးခဲ့သည်။ ကောင်းမွန်သော၊ ပြည်သူကိုအကျိုးပြုသော သင်တန်းမျိုးမဟုတ်ဘဲ ဖောက်ခွဲဖျက်ဆီးလူသတ်နည်း သင်တန်းများပေးခဲ့ပြီး PDF အမည်တပ်ပေးလိုက်ကြသည်။ ထို့ကြောင့် PDF အမည်ခံအကြမ်းဖက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုကာ လက်နက်ကိုင် အဖွဲ့အစည်းများအား နိုင်ငံရေးနည်းလမ်းများ လုပ်ဆောင်ကြဖို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးပွဲများ တည်ဆောက်သည်။ တပ်မတော်အနေဖြင့်လည်း တစ်ဖက်သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲခြင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။
စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လိုသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဖြင့် ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။
ထိုသို့ကောင်းမွန်စွာဖိတ်ခေါ်နေခြင်းအပေါ် မျက်ကွယ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူတို့၏ ထုံးစံအတိုင်း တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်နေသော မြို့ရွာများအား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်သည်။ အကြမ်းဖက်သောင်းကျန်းသူတို့ အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ရွာများတွင် ပြည်သူကိုကောင်းကျိုးပြုသည့် လုပ်ငန်းများမလုပ်ဘဲ အဖျက်လုပ်ရပ်များကိုသာ လုပ်ဆောင်သည်။ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်များနှင့်ဈေးဆိုင်ခန်းများကို ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူများ သွားလာနေသည့် လမ်းများ ဖျက်ဆီးခြင်းတို့ကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ လုပ်ဆောင်ခဲ့သည်။
ယခုအခါ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေး ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်နေရာများသို့ အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ဖြင့် တန်ပြန်တိုက်စစ်များ ဆင်နွှဲလျက်ရှိသည်။ ထိုသို့ဆင်နွှဲမှုကြောင့် တပ်မတော်က အောင်ပွဲများစွာ ရရှိလာသည်။ တပ်မတော်၏ အောင်ပွဲများမှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အောင်မြင်မှုများဖြစ်သည်။ တိုင်းရင်းသားအပေါင်းတို့၏ စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေသည်။ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးမှုရှိသော ဒေသပတ်ဝန်းကျင်တွင် နေထိုင်လိုကြသည်မှာ လူသားတိုင်း၏ ဆန္ဒအစစ်အမှန်ဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပထမဆုံးကြားသိရသည့် အောင်ပွဲသတင်းမှာ မိုးဗြဲသတင်းဖြစ်သည်။ KNPP၊ KNDF အဖွဲ့များ နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းကောင်းကို ဇူလိုင်လ ၇ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ မိုးဗြဲမှာ ပင်လောင်းမှလွိုင်ကော်သို့သွားရာ လမ်းကြောင်းပေါ်တွင် တည်ရှိသည်။
ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်း ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၆ ရက်တွင် မိုးဗြဲမြို့အား တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးနောက် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံလမ်းကြောင်းအား ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်အတွင်း ဆက်လက်ရှင်းလင်းခဲ့ရာ ဇူလိုင်လ ၁၁ ရက်တွင် အပြီးတိုင်ရှင်းလင်းနိုင်ခဲ့သည်။
ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ဆက်သွယ်ရေး လမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လွိုင်ကော်မြို့မှပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီး မြို့နှင့် အောင်ပန်း၊ ကလောမြို့တို့မှတစ်ဆင့် နေရာဒေသအနှံ့သို့ နှစ်သက်ရာ၊ သင့်လျော်ရာ ဆက်သွယ်ရေးလမ်းကြောင်းများဖြင့် သွားလာနိုင်ကြပြီဖြစ်သည်။ အဆိုပါအရပ်ဒေသရှိ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေပြီး ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်လာသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို ကျေးဇူးတင်ကြောင်း ရင်တွင်းစကားသံများကိုလည်း ကြားသိရပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများကို အဆင့်ဆင့်ခြေကုပ်ယူ၍ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းလျက်ရှိသည်။ တပ်မတော်စစ်ကြောင်းများ၏ အောင်ပွဲသတင်းများမှာ ရပ်တန့်မသွားဘဲ ဆက်တိုက်ဆိုသလို ကြားသိနေရသည်။ တပ်မတော်စစ်ကြောင်းများ အနေဖြင့် မိမိတို့အားသတ်မှတ် ပိုင်းခြားပေးထားသည့် စစ်ဆင်ရေးနယ်မြေများ အလိုက် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းလျက်ရှိရာ နယ်မြေအလိုက် အောင်ပွဲသတင်းများမှာ အားရကျေနပ်ဖွယ် ကောင်းလှသည်။
တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကြောင်း ဝမ်းသာဖွယ်သတင်းကို ဇူလိုင်လ ၁၇ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ နောင်ချိုမြို့တွင် နှစ်ကာလကြာမြင့်စွာ နေထိုင်ခဲ့သည့်ပြည်သူများသည် မိမိတို့နေရပ်သို့ အေးချမ်းစွာပြန်နိုင်ကြပြီဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ မိမိတို့တာဝန်များကို ပြန်လည်ထမ်းဆောင်ကြသည်။ စာသင်ကျောင်းများ ပြန်လည်ဖွင့်ကာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားကြသည်။ တပ်မတော်အကြီးအကဲများ အနေဖြင့် တိုက်ပွဲဝင်အောင်ပွဲရ တပ်မတော်သားများအား အဆင့်တိုးမြှင့်ပေးခြင်း၊ ချီးကျူးဂုဏ်ပြုခြင်းတို့ကို နွေးထွေးစွာဆောင်ရွက်ပေးသည်။ ထို့အတူ ပြည်သူများ၏စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ အဆင်ပြေစေရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခြင်းနှင့် ပတ်သက်၍ အားလုံးက ပျော်ရွှင်ကြည်နူးကြသည်။ နောင်ချိုသတင်းကဲ့သို့ နောက်ထပ်သတင်းကောင်း တစ်ခုကိုလည်း ထပ်မံကြားသိရပြန်သည်။ ဤသည်မှာ တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်ခြင်း သတင်းဖြစ်သည်။ ထိုသတင်းကို ဇူလိုင်လ ၂၄ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ နောင်ချိုက တိုင်းရင်းသားပြည်သူများကဲ့သို့ သပိတ်ကျင်းက တိုင်းရင်းသားပြည်သူများသည်လည်း ပျော်ရွှင်ကြည်နူးနေမည်မှာ အမှန်ဖြစ်သည်။ နောင်ချို၊ သပိတ်ကျင်း ကောင်းသတင်းများကဲ့သို့ပင် ဇူလိုင်လ ၂၅ ရက်နေ့ထုတ်သတင်းစာများတွင် သတင်းကောင်းတစ်ခု ပေါ်လာပြန်သည်။ ဤသည်မှာ “KNU၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်” သည့် သတင်းဖြစ်သည်။
ကျုံဒိုး၊ ကော့ကရိတ်နှင့် ပြည်ထောင်စုလမ်းမပေါ်ရှိ မြို့ရွာနေပြည်သူများ ပျော်ရွှင်ကြည်နူးနေမည်မှာ အမှန်ပင်ဖြစ်သည်။ အအိပ်ပျက်၊ အစားပျက်နှင့် စိုးရိမ်ကြောင့်ကြစွာနေခဲ့ရသော ပြည်သူများမှာ ပြည်သူကိုကိုယ်စားပြုသည့် တပ်မတော်၏အောင်ပွဲများကြောင့် ပြုံးပျော်ရွှင်ပျနေကြပြီဖြစ်သည်။ ဤဆောင်းပါးကို ရေးသားနေစဉ်မှာပင် စာရေးသူ၏စိတ်ထဲ၌ မနက်ဖြန်ပေါင်းများစွာတွင် ပေါ်ထွန်း လာဦးမည့် သတင်းကောင်းများကို ဆက်လက်စောင့်မျှော်နေမိပါသည်။
လက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် တိုင်းရင်းသားနာမည် အမျိုးမျိုးတပ်ကာ ဖွဲ့စည်းထားသော်လည်း အမှန်စင်စစ် အဆိုပါတိုင်းရင်းသားများကို ကိုယ်စားပြုခြင်းမဟုတ်ပါ။ လွတ်လပ်ရေးရခါစက ရောင်စုံသောင်းကျန်းသူများကို တပ်မတော်က အောင်ပွဲခံခဲ့သကဲ့သို့ ယခုအခါမှာလည်း နာမည်အမျိုးမျိုးတပ်ထားသည့် ရောင်စုံသောင်းကျန်းသူတို့ကို အောင်ပွဲခံလျက်ရှိသည်။ တပ်မတော်၏အောင်ပွဲသည် တိုင်းရင်းသားအားလုံး၏ အောင်ပွဲဖြစ်သကဲ့သို့ နိုင်ငံတော်ကို ကောင်းကျိုးပြုသည့် အောင်ပွဲများလည်းဖြစ်သည်။ မြို့ပြကျေးလက်မှန်သမျှ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိလာသည်နှင့် ပြည်သူတို့၏လူမှုစီးပွားဘဝများ အဆင့်အတန်းမြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်၏ အောင်မြင်မှုများသည် ပြည်သူတို့၏ အောင်ပွဲအစစ်အမှန်ဖြစ်သည်ဟူ၍ ဂုဏ်ယူမိပါကြောင်း ရေးသားလိုက်ရပေသည်။ ။

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အိုင်တီပညာရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက နှစ်စဉ်အချိန်နဲ့အမျှ တီထွင်ထုတ်လုပ်ဖန်တီးပေးလျက် ရှိပါတယ်။ ဖန်တီးထားတဲ့ နည်းပညာဆိုင်ရာ Game တွေဟာ လူငယ်လူရွယ်တွေကိုသာမက ကလေး သူငယ်၊ လူကြီးတွေ ပါမကျန် ဖမ်းစားထားနိုင်တဲ့ စိတ်ဝင်စားဖွယ် နည်းပညာ ကုန်ပစ္စည်း ဖြစ်ပါတယ်။
“ခေတ်ကပြောင်းသွားပြီဦးလေးရေ။ ဦးလေးတို့၊ အဒေါ်တို့ခေတ်လို မဟုတ်တော့ဘူး။ ကျွန်တော်တို့လူငယ်တွေက ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေထဲမှာ ပဲပျော်မွေ့နေကြတာ။ ကျောင်းကမဖွင့်၊ အလုပ်ကမရှိ၊ လည်စရာကမရှိ၊ မရှိတာတွေများတော့ နည်းပညာတွေထဲမှာ နေတာပဲကောင်းတာပေါ့။ ပျော်စရာလည်းဖြစ်တယ်။ အပျင်းလည်းပြေတယ်။ အားလပ်ချိန်တွေကို ဂိမ်းထဲမှာပဲ ဖြုန်း လိုက်တဲ့သဘောပေါ့” လို့ ၂၀၂၀ ပြည့်နှစ်က ကျွန်တော့်တူလေးတစ်ဦး ပြောစကားကို သတိရမိပါတယ်။
ဂိမ်းတွေဆော့လွန်းလို့ ဆုံးမတဲ့ ဦးလေးဖြစ်သူကို ပြန်လည်ခွန်းတုံ့ပြန်တာကို နားထောင်ခဲ့ ရပါတယ်။ တူလေးရဲ့စကားဟာ အဲဒီအချိန်ကာလအဖို့တော့ မှန်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေးသူငယ်၊ လူငယ်လူရွယ်တွေ ထွက် ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆိုသာပါဘူး။
ဆိုးကျိုးတွေဖြစ်လာနိုင်
နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ အဆက်မပြတ် ပေါ်ထွက်လာနေသလို လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း ပလူပျံအောင်ပေါ်ထွက်လာပါတယ်။ ဂူဂဲပလေး(Google Play)ရဲ့ နှစ်ပတ်လည်မှာဆိုရင် အကောင်းဆုံးအက်ပ် (Apps)တွေနဲ့ ဂိမ်းဆုတွေကို ကြေညာပေးကြသလို နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာပညာရှင်တွေကလည်း အမျိုးမျိုးအဖုံဖုံ ဖန်တီးမိတ်ဆက်ကြပါတယ်။
ပလေးစတိုး(Play Store)မှာဆိုရင် သန်းနဲ့ချီတဲ့ ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့ အကောင်းဆုံး ပေါ်ထွက်လာတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးဟာ လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေ ခဲ့ပါတယ်။ နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊ လူငယ်နဲ့အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေဟာအတော့်ကိုရေပန်းစားပါတယ်။ လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊ နည်းပညာ အသစ်အဆန်းတွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့ လူ့အသိုက် အဝန်းမှာမကောင်းတဲ့ လက္ခ ဏာတွေဖြစ်လာနိုင်တာတွေကိုတော့ ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်းသူတွေ သတိပြုသင့်ပါတယ်။
အန္တရာယ်ရှိတဲ့ဂိမ်းတွေ
ဂိမ်းဆိုတာ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားတဲ့ အွန်လိုင်းကစားပွဲဖြစ်ပါတယ်။ ဂိမ်းစတင်ပေါ်တုန်းက ရိုးရိုးဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့ တိုက်ခိုက်ကြတဲ့ ကစားပွဲတွေအထိ စိတ်ဝင် စားဖွယ်၊ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကိုအားပေးတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုး မီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။ နောက် Callof Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက်လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့ လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ် စရာတွေဖြစ်လာပါတယ်။
ဂိမ်းဆိုတာတိုက်ကြ၊ ခိုက်ကြတာဖြစ်လို့ ကြောက်မက်ဖွယ်ရာတွေ ပါလာမှာပါပဲ။ ဒါပေမဲ့ တချို့ ဂိမ်းတွေဟာ အလွန်အကျွံရက်စက်မှုတွေနဲ့ အကြမ်းဖက်ရက်စက်မှုတွေကို လမ်းပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ထွက်ခဲ့တဲ့ ဗိုင်းရပ်စ်ဂိမ်းတွေနဲ့ စစ်ပွဲဂိမ်းတွေဟာ လူတွေကို အကြောင်းမဲ့ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တဲ့ ဂိမ်းတွေဖြစ်ပြီးဂိမ်းကစားတဲ့ လူငယ်တွေကို စွဲလမ်းသဘောကျစေခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ တာဟာကောင်းသလား၊ မကောင်းဘူးလားဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဂိမ်းနဲ့ပတ်သက် တဲ့ ဆိုရှယ်မီဒီယာဟာ လူငယ်တွေကို ဘယ်လိုလွှမ်းမိုးခဲ့သလဲဆိုတာကို နမူနာတင်ပြလိုပါတယ်။
အကြမ်းဖက်ရှေ့ပြေးဂိမ်း
၂၀၁၀ ပြည့်နှစ်ကထုတ်လုပ်တဲ့ Infinity Ward COD; Modern Warfare 2 ဂိမ်းဟာ အကြမ်းဖက်မှုတွေကို အထူးလှုံ့ဆော်တဲ့ ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ စပိုင်တစ်ယောက်နေရာမှာ ဝင်ရောက်ကစားရတဲ့ပုံစံဖြစ်ပြီး လေယာဉ်ကွင်းထဲမှာ တွေ့သမျှလူတွေကို မသေမချင်းပစ်သတ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ လူငယ်တွေ အကြမ်းဖက်မှုကို ကြိုက်နှစ်သက် ဖို့ နည်းပေးလမ်းပြဖြစ်နေလို့ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ပြဿနာဖြေရှင်းခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထုတ်လုပ်တဲ့ Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Postal ဟာ ဂိမ်းအတွင်းက ဇာတ်ကောင်အသက်ရှင် ကျန်ရစ်ဖို့ ရန်သူအမြောက်အမြားကိုသတ်ဖြတ်ဖို့ သေနတ်တွေ၊ မိုင်းတွေ၊ ဗုံးတွေ စတဲ့ လက်နက်တွေ အကုန်လုံးအသုံးပြုထားပါတယ်။ ပိုဆိုးတဲ့အချက်က ဂိမ်းကစားသူဟာ အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဂိမ်းကို နိုင်ငံအတော်များများက တားမြစ်ခဲ့ ပါတယ်။
၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Mortal Kombat ဂိမ်းကတော့ အလွန်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဗိုင်းရပ်စ်ဂိမ်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကို ထပ်မံဖြည့်စွက်ပြီး အသက်သွင်းလိုက်တဲ့ အခါ ထုတ်လုပ်သူတွေရော ကစားသူတွေပါ လက်ဖျားခါလောက်အောင် လူတစ်ယောက်ကို စုတ်ပြတ်သတ်သွားအောင် ရက်စက်ပြတဲ့ကစားကွက်တွေပါဝင်ခဲ့ပြီး ဂိမ်းကစားသူတွေကို စွဲလမ်းသွားစေခဲ့ ပါတယ်။ နောက်တစ်ခုက ဂိမ်းကစားသူတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ ၂၀၀၁ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Grand Theft Auto 3 ဖြစ်ပါတယ်။ မြေပုံထဲမှာ မိမိနှစ်သက်ရာ ပြုလုပ်နိုင်ပြီး အရာ အားလုံးကို ပစ်ခတ်သတ်ဖြတ်ဖျက်ဆီးစေခဲ့ပါတယ်။ မီဒီယာတွေက ဒီဂိမ်းကစားတဲ့သူဟာ ကားခိုးဖို့အတွက် ဝန်မလေးတော့သလို ရဲဝန်ထမ်းတွေကို ပြန်လည် သတ်ဖြတ်ဖို့အတွက် ဝန်မလေးတော့ကြောင်း ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုစရိုက်မှုတွေကို အားပေးတဲ့သဘောဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေထားပြီး ထုတ်လုပ်ခဲ့ရပါတယ်။
ရက်စက်မှုတွေကမ်းကုန်
အကြမ်းဖက်ဂိမ်းတွေထုတ်လုပ်တဲ့နေရာမှာ ကျော်ကြားတဲ့ Rockstar Game မှာ ၂၀၀၃ ခုနှစ်ကထုတ်လုပ်တဲ့ Manhunt ဂိမ်းဟာ သွေးထွက်သံယိုအဖြစ်ဆုံးနဲ့ ရက်စက်မှုတွေ သရဖူ ဆောင်းလောက်အောင် ဖန်တီးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့ Soldier ofFortune ဂိမ်းဟာ အကြမ်းဖက်ဂိမ်းတွေမှာ အထူးလှုပ်ခတ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အလွန် ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို ဂျာမနီနိုင်ငံ အတွင်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ နမူနာဂိမ်းတွေဟာ နိုင်ငံတကာဂိမ်း သမိုင်းမှာ ရက်စက်ဆုံး ဂိမ်းတချို့ဖြစ်ပြီး တခြားရက်စက်တဲ့ဂိမ်းတွေနှစ်အလိုက်၊ စီးရီးအလိုက် ပေါ်ထွက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ လူငယ်တွေနဲ့လူ့အသိုက်အဝန်းကို ဂိမ်းတွေဟာ ဘယ်လောက် အကျိုးပြုခဲ့တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မျက်မှောက် ကာလလူငယ်တွေကြားမှာ လောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ များလာတာဟာ အသုံးမပြုသင့်တဲ့ ဂိမ်းတွေနဲ့လည်း ပတ်သက်မယ်လို့ ထင်ပါတယ်။
အကြမ်းဖက်မှုတွေမှာအသုံးချ
မကြာသေးမီနှစ်များအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်လာပြီး အကန့်အသတ်နဲ့နေရစဉ်မှာ လူငယ်တွေကြားမှာ ဂိမ်းကစားမှုတွေ ပိုမိုရေပန်းစားလာပါတယ်။ ပိုဆိုးလာတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးကိုအကြောင်းပြုလို့ အိုင်တီပညာရှင်တချို့ဖန်တီးထားတဲ့ PDF Game တွေ ပေါ်ထွက်ခဲ့ပြီး အမေရိကန်၊ စင်ကာပူနဲ့ ဩစတြေးလျမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီဂိမ်းကို နိုင်ငံ ခြားသားတွေ စိတ်ဝင်စားမှုမရှိဘဲ ပြည်တွင်း/ပြည်ပက စိတ်ခံစားချက် မြင့်မားတဲ့ မြန်မာတွေနဲ့ မသိနားမလည်တဲ့လူငယ်အချို့က အသုံးပြုခဲ့ကြ ပါတယ်။
တော်လှန်ရေးမှာမပါဝင်နိုင်တဲ့ လူငယ်တွေကို အွန်လိုင်းပေါ်မှာ စိတ်ကူးယဉ်လို့ရအောင် ဖန်တီးပေးထားတာလို့ဆိုပါတယ်။ အမှန်တကယ်တော့ ဂိမ်းစွဲလမ်းတဲ့လူငယ်တွေကို အသုံးချပြီး ရန်ပုံငွေ ရအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂိမ်းထဲမှာကစားတဲ့ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်ရပါတယ်။ ၁ ဒေါ်လာကို ကျည်အတောင့် ၅၀၀၀ ရပါတယ်။ နောက်တစ်နည်းက ဒီဂိမ်းဆော့ဖို့ ကျည်ဆန်တွေကို ကြော်ငြာတွေကိုကြည့်ပြီး ငွေဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။
အကြမ်းဖက်ဥပဒေနဲ့ငြိစွန်း
ဒီလိုဂိမ်းတွေကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားပြီး ဂိမ်းကစားမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ ဂိမ်းဆိုတာ လူငယ်လူရွယ်တွေအတွက် အပျင်းပြေ၊ အပျော်အဖြစ် ကစားတယ်ဆိုပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ဂိမ်းတွေကိုတော့ သတိထားကစားဖို့လိုအပ်ပါတယ်။ NUG နဲ့ CRPH အကြမ်းဖက် အဖွဲ့တွေဟာ ပြည်သူတွေကို တော်လှန်ရေး အကြောင်းပြပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ရန်ပုံငွေတွေရရှိဖို့နဲ့ လူငယ်တွေလမ်းမှားရောက်စေမယ့် PDF Game တွေကိုဖန်တီးခဲ့ကြပါတယ်။ ဒီ PDF Game Application တွေကို လက်ကိုင်ဖုန်းတွေမှာ ယူမထားဖို့လိုပါတယ်။
အခုပေါ်ထွက်နေတဲ့ အန္တရာယ်ရှိတဲ့ PDF ဂိမ်းတွေဟာ PDF Hero ၊ PDF Hero-2၊ End Game- Union Multiplayer War of Heroes တွေဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့ဂိမ်းတွေဖြစ်တာကြောင့် ဖန်တီးထုတ်လုပ်တာဖြစ်ဖြစ်၊ ကြော်ငြာထည့်သွင်းတာ ဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့လုပ်လုပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပါတယ်။
အရေးယူခံရမှာဖြစ်
စစ်တိုက်ကစားဖို့ လိုအပ်တဲ့ကျည်ဆန်တွေကို ဂိမ်းမှာပါဝင်တဲ့ ကြော်ငြာတွေကိုကြည့်ပြီး ဖြည့်တင်းရတာကြောင့် ဒီဂိမ်းကို ဆော့ကစားသူတွေဟာ PDF Game ကြော်ငြာအားလုံးကို ကြည့်ရှုပြီးပါက အလှူငွေကျပ် ၅၀ အလိုအလျောက်ပေးသွင်းပြီးဖြစ်နေပါတယ်။ ဒါကြောင့် PDF Game တွေကစားတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အထောက်အပံ့ပေးတဲ့ ကစားနည်းဖြစ်တယ်ဆိုတာကို လူငယ်တွေကြားမှာ သိရှိနားလည်စေဖို့ အသိပေးမှုတွေမျှဝေပေး ဖို့ လိုအပ်ပါတယ်။ အကယ်၍ လမ်းခရီးမှာ သက်ဆိုင်ရာကလုံခြုံရေးအရ စစ်ဆေးစဉ် မိမိတို့လက်ကိုင်ဖုန်းအတွင်းမှာ PDF ဂိမ်းတွေရှိနေတာကိုတွေ့ရှိရင် အရေးယူခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် PDF Game တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အရေး ယူခံရမှာဖြစ်ပါတယ်။
နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အပျင်းပြေစေဖို့ ဂိမ်းတွေဖန်တီးထုတ်လုပ်ကြတာကို အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ ပုံမှန် အပျင်းပြေစေမယ့် ပျော်ရွှင်စရာဆော့ကစားကွက်တွေထက် ပိုမိုလွန်ကဲတဲ့လူတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေ ပျက်ပြားစေမယ့် နည်းပေးလမ်းပြဖန်တီးထားမှုတွေကိုတော့ သတိထားဖို့လို ပါတယ်။
ဂိမ်းတွေစတင်ပေါ်ပေါက်စဉ်က ဘောလုံးပွဲဂိမ်း၊ ငါးဖမ်းဂိမ်း၊ ကားပြိုင်ပွဲဂိမ်း၊ စစ်ပွဲဂိမ်း၊ အားကစားဂိမ်း စတဲ့ ဂိမ်းတွေဟာ အပျော်သက်သက်ဖြစ်ပေမယ့် ၂၀၀၀ ပြည့်လွန်ကာလတွေက စလို့ ပေါ်ပေါက်လာတဲ့ဂိမ်းတွေထဲမှာ လောင်းကစားဂိမ်းတွေ၊ ဒုစရိုက်မှုကိုအားပေးတဲ့ ဂိမ်းတွေအပြင် အကြမ်းဖက်ရက်စက်မှုတွေ ဖန်တီးထားတဲ့ အကြမ်းဖက်ဂိမ်းတွေ ပေါ်ပေါက် လာပါတယ်။ မျက် မှောက်ကာလတွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက် ရက်စက်မှုတွေ ပိုများလာတဲ့သဘောဖြစ်လာတာတွေကို တွေးတောဆင်ခြင်ကြည့် ရင် သတိပြုစရာတွေဖြစ်ပါတယ်။ ပိုလို့ ဆိုးတဲ့အခြေအနေ တွေဖြစ်လာတာက တိုင်းပြည်တွေရဲ့ နိုင်ငံရေးလောကမှာ ဂိမ်းတွေကိုအသုံးချလာလို့ အစိုးရတွေက ပိတ်ပင်တားမြစ်အရေးယူ ကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို အကြောင်းပြုပြီး မြေပြင်ပေါ်မှာရော အွန်လိုင်းနည်းပညာတွေ ပေါ်မှာပါ အဖျက်အမှောင့်တွေ အမျိုးမျိုးအဖုံဖုံ ဖန်တီးလာကြပါတယ်။ ယခုအသုံးချလာတဲ့ PDF Game တွေဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေပြီး လူငယ်တွေကို ဒုက္ခ ရောက်အောင် အသုံးချဖန်တီးထားတဲ့ အန္တရာယ်ရှိတဲ့ဂိမ်းတွေဖြစ်ပါတယ်။ အကြမ်းဖက်ဂိမ်း တွေနဲ့ စိတ်ကူးယဉ် မယ်ဆိုရင် ဂိမ်းကိုနိုင်အောင်မကစားနိုင်ဘဲ PDF Game ကစားတဲ့သူတွေ ဂိမ်းသွားနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ PDF Game တွေကို သိရှိထားကြဖို့နဲ့ သတိပြုရှောင်ရှား ကြဖို့စေတနာကောင်းနဲ့ အသိပေးနှိုးဆော်လိုက်ရပါတယ်။ ။
MOI

မိုးပေါ်မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ လမသာ
သာတဲ့အခါ သာပါလိမ့်မယ်
နတ်ဒေဝါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
မိုးပေါ်မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ လမသာ
သာတဲ့အခါ သာပါလိမ့်မယ်
နတ်ဒေဝါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
လရောင်သည် အေးမြ၏။ အေးမြသော လရောင်သည် ညအခင်းကို သာယာလှပစေ၏။ ညအခင်းတွင် လမင်းကြီးထိန်ထိန်သာနေလျှင် ကြည်နူးချမ်းမြေ့ရ၏။ လန်းဆန်းပျော်မြူးကြရ၏။ စိတ်ခွန်အားတွေ အလိုလိုရလာ၏။ ထို့ကြောင့် ထိန်ထိန်သာသောလမင်းကြီးကို လူတိုင်းနှစ်သက်မြတ်နိုးကြ ပါသည်။ မက်မောတောင့်တကြပါသည်။
တစ်ခါတစ်ရံတွင် ထိန်ထိန်သာနေသော လမင်းကြီးကို တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်များက ထိကပါးရိကပါးလာလုပ်ကြသည်။ ထိကပါးရိကပါးလာလုပ်ကြသော တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်များကြောင့် အေးအေးချမ်းချမ်း၊ သာသာယာယာ၊ လှလှပပနှင့် ပျော်ရွှင်ကြည်နူးချမ်းမြေ့ရသော ညအခင်း သည် အကျည်းတန်ခဲ့ရပါသည်။ ထိုသို့ အကျည်းတန်သောကြောင့် မပျော်ရွှင်မချမ်းမြေ့နိုင်တော့ဘဲ စိတ်ညစ်ညူးကြရကုန်၏။
သို့သော်ငြား အခိုက်အတန့်မျှသာဖြစ်ပါသည်။ တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်တို့သည် ကြာရှည်စွာရပ်တည်မနေနိုင်သောကြောင့်ဖြစ်ပါသည်။ အနှီတိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်တို့သည် လေပြည် လေညင်းများ တိုက်ခတ်လာသည့်အခါတွင် လွင့်စဉ်ပျောက်ကွယ်သွားကြရသည် မဟုတ်ပါလော။ ထိုအခါ လမင်းကြီးက ထိန်ထိန်သာနေတော့၏။ ညအခင်းက သာယာလှပနေတော့၏။ ချမ်းမြေ့ကြည်နူးစရာ ကောင်းလှပါသည်။
နောင်ချိုဟုခေါ်တွင်သော ရှမ်းမြို့လေးသည် ရေမြေတောတောင်အလှနှင့် ပနံရနေ၏။ သဘာဝအလှတရားများကြောင့် သာယာခံ့ထည်နေ၏။ တည်ငြိမ်အေးချမ်းနေ၏။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေ၏။ ပျားပန်းခပ် စည်ကားနေ၏။ လူနေမှုအဆင့် မြင့်မားနေ၏။ ပျော်ရွှင်ကြည်နူးဖွယ်အတိ ဖြစ်ပါသည်။ နောင်ချိုဒေသခံများကလည်း ရိုးသားကြ၏။ စိတ်ထားဖြူစင်ကြ၏။ ဘာသာတရားကိုင်းရှိုင်းကြ၏။ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ စရိုက် လက္ခဏာများကို လေးစားမြတ်နိုးတန်ဖိုးထားကြ၏။ ပကတိအလှတရားများဖြစ်ပါသည်။ ပကတိအလှတရားများနှင့် ပျော်ရွှင်ချမ်းမြေ့စရာနောင်ချိုမြို့သည် တိမ်ညို၊ တိမ်မည်း၊တိမ်ပုပ်များဖြစ်ကြသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အခိုက်အတန့်မျှ အကျည်းတန်အရုပ်ဆိုးရရှာသည်။ လရောင်ပျောက်သည့် အမှောင်အောက်တွင် ကြောက်ခမန်း လိလိနေကြရရှာသည်။ တိမ်ညို၊ တိမ်မည်း၊ တိမ်ပုပ်များကြောင့် ညအခင်းသည် လမင်းမသာဖြစ်ရသကဲ့သို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ဆိုးညစ်မှုအမျိုးစုံ၊ မိုက်ကန်းကောက်ကျစ်မှုအဖုံဖုံတို့ကြောင့် နောင်ချိုမြို့သည် အမှောင်ဖုံးရရှာလေသည်။ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည် တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရား ကင်းမဲ့ကြသူများ ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းတံတားအဆောက်အအုံများ၊ ရုံးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ နောင်ချိုသူနောင်ချိုသားများ၏ အိုးအိမ်တိုက်တာ အဆောက်အအုံများ စသည့်အဆောက်အအုံများကို အကြောင်းမဲ့ဖျက်ဆီးသည်။ ရဟန်းရှင်လူများကို ရမယ်ရှာဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်။ ပစ္စည်းဥစ္စာရတနာရွှေငွေများကို အတင်းအဓမ္မ အနိုင်ကျင့်လုယက် ခိုးယူသည်။ အေးချမ်းသာယာပျော်စရာ ကောင်းလှသည့် နောင်ချိုနယ်မြေရှိဒေသခံများသည် ကျီးလန့်စာစားဘဝသို့ နေ့ချင်းညချင်းရောက်သွားကြသည်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများသည်လည်း တစ်မုဟုတ်ချင်း ရပ်တန့်သွားသည်။ အခြေမလှတော့သည့်အဆုံးတွင် ကိုယ်လွတ်ရုန်းပြီး အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးကြရ၏။
ပြည်သူလူထု၏ဘဝလုံခြုံရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် ထမ်းဆောင်နေသော အစဉ်အလာကောင်းသည့် မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖျက်လုပ်ရပ်ဟူသမျှကို လက်ပိုက်ကြည့် နေမည်မဟုတ်။ မိုက်မိုက်ကန်းကန်း၊ ရမ်းရမ်းကားကား အကြမ်းဖက် အဖျက်သမားများကို နောင်ချိုနယ်မြေမှသည် ဝေးရာဆီသို့ရောက်အောင် တိုက်ထုတ်မောင်းနှင်ပစ်လိုက်သည်။ ထိုအခါမှ နေရပ်စွန့်ခွာနောင်ချိုနယ်မြေဒေသခံတို့သည် ''ဟင်း''ခနဲ သက်ပြင်းချနိုင်ကြလေတော့၏။ မိမိနေထိုင်ရာ နောင်ချိုနယ်မြေဒေသအသီးသီးသို့ တပျော်တပါး ပြန်လည်ရောက်ရှိလာကြ၏။
မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖျက်သမားများအပေါ် ''နေလိုမီးလို'' ကျင့်လင့်ကစား အပြစ်မဲ့ပြည်သူလူထုအပေါ် ''လလိုရေလို'' ကျင့်မြဲဖြစ်ပါသည်။ ရန်မူရန်ပြုနေသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများကိုမူ ရန်သူကဲ့သို့ဆက်ဆံပြီး နောင်ချိုနယ်မြေ ဒေသခံများကိုမူ တစ်မိတည်းဖွား သွေးသားရင်းချာမောင်နှမများကဲ့သို့ ဆက်ဆံသည်။ ထို့ကြောင့်လည်း မြန်မာ့တပ်မတော်၏ စေတနာမှန်ကို နားလည်ပြီးသားဖြစ်သည့် နောင်ချိုနယ်မြေနေဒေသခံတို့သည် ကားကြီး ကားငယ်အသွယ်သွယ်စီးပြီး အိုးစည်ဗုံမောင်းတီးကာ ပျော်ပျော်ကြီးပြန်လာကြခြင်းဖြစ်ပါသည်။
နောင်ချိုနယ်မြေရောက် မြန်မာ့တပ်မတော်သားတို့ကလည်း သူတို့ရပ်သူတို့ရွာ၊ သူတို့အိုး သူတို့အိမ်သို့ ပြန်လည်ရောက်ရှိလာကြသော နောင်ချိုနယ်မြေဒေသခံများကို ကိုယ့်ဆွေကိုယ့်မျိုး၊ ကိုယ့်သွေးကိုယ့်သားများ ပြန်လည်ရောက်ရှိလာကြသကဲ့သို့ ဝမ်းသာအားရ နွေးနွေးထွေးထွေး ပွေ့ဖက်ဆီးကြိုကြသည်။
လတ်တလောစားဝတ်နေရေး အဆင်ပြေအောင် ထောက်ပံ့ကူညီအားပေးကြသည်။ ကိုယ်ကျန်းမာအောင် ဆေးဝါးကုသပေးကြသည်။ သူတို့အိုး သူတို့အိမ်နှင့် သူတို့ဘဝသူတို့ဓနလုံခြုံအောင် စောင့်ရှောက် ကာကွယ်ပေးနေကြသည်။ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးသွားသည့် လမ်းတံတားများ၊ အဆောက်အအုံများကို ပြုပြင်ပေးကြသည်။ ညစ်ပတ်စုတ်ပြတ် ဖရိုဖရဲဖြစ်နေပြီး အကျည်းတန်အရုပ်ဆိုးသည်များကို သန့်ရှင်းသာယာလှပအောင် ပြုပြင်ပေးကြသည်။ မြန်မာ့တပ်မတော်သားတို့သည် နောင်ချိုနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် သွေးစက်နှင်းပြီး လမ်းရှင်းပေးရုံသာမက နောင်ချိုနယ်မြေဒေသခံများ၏ ဘဝလုံခြုံရေး၊ စည်သာဝပြောရေး၊ သန့်ရှင်းသာယာလှပရေး၊ လူနေမှုအဆင့်မြင့်မားရေး၊ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချွေးစက်နှင်းပြီး ပန်းခင်းပေးနေကြပါသည်။
မြန်မာ့တပ်မတော်က TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများကို လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ခဲ့ကြရသည်။ သတ္တိဗျတ္တိပြည့်ဝသော မြန်မာ့တပ်မတော်သားတို့က အသက်ကိုပဓာနမထားဘဲ ကျားကုတ်ကျားခဲ၊ ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့ကြရသည်။
ထိုပွဲတွင် မြန်မာ့တပ်မတော်သားတို့၏ ပြောင်မြောက်လှသော စစ်ရေးစွမ်းရည်၊ စစ်ရေးဗျူဟာကို ထုတ်ဖော်ပြသလိုက်ကြသည်။ နောင်ချိုမြေတွင် တွယ်ကပ်နေသော အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ပါ မကျန်အောင် ချေမှုန်းမောင်းထုတ်လိုက်ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူလိုက်ကြသည်။ နောင်ချိုမြေတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် တလူလူတလွင့်လွင့်နှင့် မြူးဝင့်လျက်ရှိပေပြီ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ချက်ချင်းပင်“ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့် အတွက်အတန်းပညာ တတ်မြောက်မှသာ အတတ်ပညာကိုသင်ယူ တတ်မြောက်နိုင်မည် ဖြစ်သည့်အတွက် ပညာတတ်များ ပေါများလာစေရန် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်း ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်’’လမ်းညွှန်မှာကြားလိုက်ပါသည်။
ထို့ကြောင့်နောင်ချိုမြို့ရှိအခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံ့ရင်သွေးကျောင်းသား၊ ကျောင်းသူမောင်မယ်လေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့်ကျောင်း အဆောက်အအုံနှင့်ပရိဘောဂ ပစ္စည်းများပြုပြင်ပြီး ကျောင်းဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ ကျောင်းအပ်နှံလက်ခံရေး စသည်တို့ကိုမြန်မာ့တပ်မတော်သားများနှင့် အတူဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများက တစ်ခဲနက်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြသည်။
ထို့ပြင်ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ပညာ သင်ကြားပေးကြမည့် ဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ လက်ဝယ်အရောက်ပေးအပ် ချီးမြှင့်လျက်ရှိသည်။ ဇူလိုင်လ ၂၄ ရက်တွင်နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ဗလာစာအုပ် ၁၈၀၀၀၀ အုပ်၊ ခဲတံ ၃၈၆၀ ဒါဇင်၊ ဘောပင် ၃၀၀၀ ချောင်းနှင့်ကျောင်းဝတ်စုံ ၂၀၀ စုံကိုလည်းကောင်း ဆရာ၊ဆရာမများအတွက် တပ်မတော်ကချီးမြှင့်ပေးအပ်သည့် ကျောင်းဝတ်စုံ ၁၇၆ စုံကိုလည်းကောင်း ဖြန့်ဝေပေးအပ်နိုင်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် နောင်ချိုမြို့သို့ သွားရောက်ခဲ့ပြီး အောင်ပွဲဝင်၊ အောင်ပွဲဆင်၊ အောင်လံတင်နိုင်ခဲ့ကြသော မြန်မာ့တပ်မတော်သား အရာရှိ၊ စစ်သည်များနှင့်တွေ့ဆုံကာ ဂုဏ်ပြုချီးကျူးအားပေးသည်။ စစ်မြေပြင်တွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော စစ်သည်များကို စစ်မြေပြင်တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ အဆင့်တံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်ရာများကိုပါ ပေးအပ်ခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကိုလည်း တွေ့ဆုံပြီး အားပေးစကားပြောကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အခိုက်အတန့်အားဖြင့် တိမ်ညို၊ တိမ်မည်း၊ တိမ်ပုပ်တို့ကြောင့် လမင်းမသာနိုင်ခဲ့သော နောင်ချိုမြို့သည် မြန်မာ့တပ်မတော်သားတို့၏ စွမ်းရည်စွမ်းပကားကြောင့် ယခုအခါလမင်းထိန်ထိန်သာနေပြီဖြစ်သည်။ အေးချမ်းသာယာသည်နှင့်အမျှ ပျော်မွေ့ဖွယ်ကောင်းသော အခြေအနေသို့ အားလုံးကိုယ်စီတူညီစွာ ဆက်လက်လျှောက်လှမ်း ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြင်းပြသောဆန္ဒ၊ မွန်မြတ်သောအာသီသနှင့်အညီ အုပ်ချုပ် ရေးယန္တရားများ ပုံမှန်လည်ပတ် နိုင်ခဲ့လေပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခဲ့လေပြီ။ နောင်ချိုမြို့တစ်ခွင်နှင့် ဆက်စပ်ဒေသအသီးသီး၌ လူ့စွမ်းအားအရင်းအမြစ်များ ထွန်းသစ်လာအောင် သင်ကြား၊ လေ့ကျင့်၊ ပြုစု၊ ပျိုးထောင်၊ မွေးမြူပေးရာ အခြေခံပညာကျောင်းများမှ ခေါင်းလောင်းသံတို့သည်လည်း ချိုလွင်နေပြီဖြစ်ပါသတည်း။
MWD Web Portal

“ငါတို့က အလုပ်သမားများ၊ လယ်သမားများရဲ့ သားများဖြစ်သည်။ ငါတို့က ပြည်သူ့လက်ရုံးများဖြစ်သည်။

မကြောက်မရွံ့၊ နောက်မတွန့်၊ စွန့်လွှတ်တိုက်ခိုက်မည်…..”အစရှိတဲ့ စာသားများက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ချီတေးတစ်ပုဒ်ထဲက စာသားများပဲဖြစ်ပါတယ်။ စစ်ချီတေးရဲ့စာသားအပြည့်အစုံကို နားထောင်ကြည့်တဲ့အခါ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရယ်လို့ ပေါ်ထွန်းလာမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ စွန့်လွှတ်စွန့်စားစစ်သည်များရဲ့ ဇာတိသွေး၊ ဇာတိမာန်တို့ကို အတိုင်းသား မြင်တွေ့လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ အမိမြေလွတ်မြောက်မှုအတွက် ရည်စူးကာ တိုက်ပွဲဝင်သွားမယ့် သန္နိဋ္ဌာန်စိတ်ဓာတ်က မချီးကျူးဘဲမနေနိုင်အောင်ကို ဖြစ်လာရပါတယ်။
ဒီစစ်ချီတေးကို ပထမဆုံးသီဆိုခဲ့သူများက အမှတ်(၈)လမ်းကြောင်း တပ်တော်မှ တိုက်ပွဲဝင်စစ်သည်များဖြစ်ပါတယ်။
ဒီစစ်ချီတေးဟာ အမှတ်(၈)လမ်းကြောင်း တပ်တော်ရဲ့စစ်ချီတေး ခြောက်ပုဒ်အနက် တစ်ပုဒ်အပါအဝင်ဖြစ်ပြီး လက်ရှိတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့တရားဝင် စစ်ချီတေးဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဒီစစ်ချီတေးကိုသီဆိုခဲ့တဲ့ အမှတ်(၈)လမ်းကြောင်းတပ်တော် ဆိုတာကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်လာဖို့အတွက် လမ်းခင်းပေးခဲ့သူလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်သူ့ လွတ်မြောက် ရေး တပ်မတော်အတွက် တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ရက်နောက်ပိုင်း ၁၀ နှစ်အကြာမှာမှအမှတ်(၈) လမ်းကြောင်းတပ်တော် ဆိုတာဖြစ်တည်လာတာပါ။ ဒါဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်မှု အတွက် အမှတ်(၈)လမ်းကြောင်း တပ်တော်က ဘယ်လိုမျိုး လမ်းခင်းပေးခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဒါကိုရှင်းပြပါမယ်။
၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ နန်ချန်းအုံကြွမှု စတင်ဖြစ်ပွားပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက တရုတ်နိုင်ငံမှာ အာဏာရထားတဲ့ ကူမင်တန်တို့က ကွန်မြူနစ်များကို ရှင်းလင်းသုတ်သင်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်လာတဲ့အတွက် ကွန်မြူနစ်တို့ဘက်က လက်နက်ကိုင်တော်လှန်မှုကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနေ့ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စတင်သန္ဓေတည်ရာနေ့အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။ ဒါက ဩဂုတ်လ ၁ ရက်တိုင်းကို ဘာကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့အဖြစ် သတ်မှတ်ထားရတာလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ နောက်တစ်ခု တင်ပြလိုတာက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဆိုပြီး ပေါ်ပေါက်လာပုံပါ။
နန်ချန်းအုံကြွမှု စတင်ဖြစ်ပေါ်ပြီး နောက်တစ်နှစ်မှာ တပ်နီတော်ဆိုပြီး ပေါ်ပေါက်လာပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက တည်ထောင်လိုက်တာပါ။ ဒါပေမဲ့ သူတို့က ပြောက်ကျားစနစ်ကိုသာ ကျင့်သုံးပြီး ကျေးရွာတွေကို အခြေခံကာ စစ်အင်အားကို တည်ဆောက်ခဲ့ပါတယ်။ အထူးသဖြင့် လယ်သမားတွေ၊ အလုပ်သမားတွေ ပါဝင်ပါတယ်။ ဒီလိုနဲ့ ၁၉၃၇ ခုနှစ်အရောက်မှာ တရုတ်ကွန်မြူနစ်ပါတီက အမှတ်(၈)လမ်းကြောင်း တပ်တော်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အမှတ်(၈)လမ်းကြောင်း တပ်တော်နဲ့အတူ အမှတ်(၄)တပ်တော်သစ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ တပ်နီတော်မှာ စစ်လက်နက်ပစ္စည်းဖွဲ့စည်းပုံဟာ သာမန်မျှသာဖြစ်ပေမယ့် စိတ်ဓာတ်အရာမှာတော့ ထက်သန်လှတဲ့ မျိုးချစ်စိတ်နဲ့အတူမြင့်မားလှတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ တပ်ဖွဲ့တစ်ခုပါ။ အဲဒီကနေမှတစ်ဆင့် ပြောင်းလဲလာတဲ့ အမှတ် (၈)လမ်းကြောင်းတပ်တော်နဲ့ အမှတ်(၄)တပ်တော်သစ်တို့ကတော့ စစ်လက်နက်ပစ္စည်းများကိုအဆင့်မြှင့်တင်ကာ စနစ်တကျဖွဲ့စည်းထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီတပ်ဖွဲ့နှစ်ခုကို ပေါင်းစည်းပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အဖြစ် ဆင့်ကဲတိုးမြှင့်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်လာဖို့က မျိုးချစ်စိတ်နဲ့အတူ လွတ်လပ်သော နိုင်ငံတည်ထောင်ရေးအတွက် သန္နိဋ္ဌာန်စိတ်ကိုအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ရယ်ဆိုပြီး စတင်သတ်မှတ်လိုက်တာက ၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့သက်တမ်းက နှစ်ပေါင်း ၉၈ နှစ်တောင်မှရှိလာပါပြီ။ ဒီကာလအတောအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ အပြောင်းအလဲများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း စိန်ခေါ်မှုတွေကိုကျော်ဖြတ်နေဆဲပါ။ တစ်ဖက်မှာလည်း အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်နေဆဲပါ။ ဒီအချိန်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်အဖြစ်ကို ရရှိပိုင်ဆိုင်လာပါပြီ။ ဒါတွေအားလုံးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကြောင့်လို့ ပြောရင်မမှားပါဘူး။ ယခင်တုန်းက ခြေလျင်တပ်ဖွဲ့ငယ်လေးတစ်ခုတည်းနဲ့ စတင်အခြေတည်ခဲ့တဲ့ တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်က ယနေ့မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးတပ်ဖွဲ့နဲ့ မဟာဗျူဟာမြောက် ထောက်ပံ့ရေးတပ်ဖွဲ့ဆိုတဲ့ တပ်ဖွဲ့ကြီးငါးခုနဲ့ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ တပ်ဖွဲ့ကြီးတစ်ခုစီကလည်း တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာနဲ့ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရာတို့မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာကို မြင်တွေ့ရပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဒီနေ့လိုပုံစံနဲ့မြင်တွေ့ရဖို့အတွက် အဆင့်မြှင့်တင်မှုများစွာကို လုပ်ဆောင်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု များစွာကိုလည်း အသုံးပြုခဲ့ရပါတယ်။
မြင့်မားတဲ့ရည်မှန်းချက်ကိုချမှတ်ပြီး အကောင်အထည်ဖော်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ လက်ရှိရည်မှန်းချက်က ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ် ဖြစ်လာစေရေးဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီဆိုတာထက် ကမ္ဘာ့ထိပ်တန်း တပ်မတော်ဖြစ်လာစေရေးလို့ ပြောရင် မမှားပါဘူး။
အဲဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေထဲမှာ ဒုံးကျည်နည်းပညာတွေ၊ တိကျမှုရှိစွာတိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးလိုမျိုး အရေးကြီးတဲ့စစ်ရေး စွမ်းရည်တွေရရှိစေဖို့လည်း ပါဝင်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဆိုရင် အခုလက်ရှိမှာကိုပဲ စစ်သင်္ဘောအရေအတွက် အင်အားအရ ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ်အဆင့်ကိုရောက်ရှိနေပါပြီ။
ဒီကနေ့ခေတ်က AI ကိုအသုံးချတဲ့ ခေတ်ဖြစ်လာတဲ့အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အနေနဲ့ နည်းပညာပိုင်းမှာ ခေတ်ရှေ့ကိုတောင်ရောက်နေပါပြီ။
စွမ်းဆောင်ရည်မြင့်မားလှတဲ့ စက်ရုပ်တွေ၊ ထိန်းချုပ်သူမဲ့ စစ်လက်နက်ပစ္စည်းတွေဆိုရင်လည်း တရုတ်နိုင်ငံက ခေတ်ရှေ့ပြေးနေတာကို တွေ့ရပါတယ်။
တခြားသော စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအပိုင်းကိုတော့ တခုတ်တရ ထည့်သွင်းပြောစရာ မလိုလောက်အောင်ကိုပြည့်စုံနေပါပြီ။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေ ရရှိလာရခြင်းရဲ့ အဓိကအကြောင်းရင်းက စစ်ဘက်-အရပ်ဘက်ပေါင်းစပ်ဆောင်ရွက်မှု မဟာဗျူဟာကြောင့်ဖြစ်တယ်လို့ ဆိုရမှာပါ။
လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစနစ်တွေကို ပေါင်းစပ်အမျိုးသား မဟာဗျူဟာမြောက်စနစ်နဲ့ စွမ်းဆောင်ရည်များထဲ ပေါင်းစပ်ထည့်သွင်း လိုက်ခြင်းအားဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရည်မှန်းချက် များကို ရရှိလာစေတာဖြစ်တယ်လို့ လေ့လာသူများက သုံးသပ်ထားပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ ကမ္ဘာ့အဆင့်မီတပ်မတော် တစ်ရပ်ဖြစ်လာတာနဲ့အညီ ပြည်တွင်းမှာသာမက ပြည်ပရေးရာကိစ္စများမှာလည်း အားတက်သရော ပါဝင်ဆောင်ရွက်လာပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာ နေရာတွေမှာ ကူညီကယ်ဆယ်ရေးကိုသာမက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို ပေးအပ်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာရေးရာ ကိစ္စရပ်များမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းပါဝင်လက်တွဲပြီး ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်နေတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ရဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။ အခုဆက်ပြီးတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား တပ်မတော်နှစ်ရပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို တင်ပြချင်ပါတယ်။
မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က အိမ်နီးချင်းနိုင်ငံတွေထဲမှာ နယ်နိမိတ်ထိစပ်မှု အရှည်လျားဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အရေးကြီးတဲ့အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုဖြစ်တဲ့အပြင် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံဟာလည်း ပထဝီနိုင်ငံရေးအရ အလေးထားရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံစလုံးက အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရမှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်နေကြတာဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်ဟာ ယဉ်ကျေးမှုလည်းတူ၊ တောတောင်ရေမြေ သဘာဝအလှတွေလည်းတူ နှစ်နိုင်ငံသမိုင်းကြောင်းတွေလည်း တူညီမှုရှိကြပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာ အလွန်ရှည်လျားတဲ့ နယ်နိမိတ်မျဉ်းတစ်လျှောက်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နေကြတဲ့ အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို ဘယ်လိုမှခွဲထုတ်လို့မရတဲ့ ညီရင်းအစ်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထားကြတာပါ။
ဒါကြောင့်လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော်အကြီးအကဲတွေဟာ တစ်ဦးနဲ့တစ်ဦး မိသားစုသဖွယ် ဆက်ဆံရေးနဲ့ အတူလျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။
အလားတူပဲ မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ကလည်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်လာနိုင်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်မှုဟာ ဒေသတွင်းပထဝီနိုင်ငံရေး အတွက်လည်း များစွာအရေးပါအရာရောက်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများက အပြန်အလှန် ချစ်ကြည်ရေးခရီးများ သွားရောက်လည်ပတ်ကြသလို ထိုခရီးစဉ်များအတွင်း များပြားလှစွာသော သဘောတူညီချက်များရရှိခြင်းတို့ဟာ တပ်မတော်နှစ်ရပ်ကြား ရင်းနှီးမှုနဲ့အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို မြင့်မားတိုးတက် စေခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံကြားထိစပ်နေတဲ့ နယ်နိမိတ် ရှည်လျားတဲ့အလျောက် နယ်စပ်ဒေသများမှာ ဖြစ်ပွားလေ့ရှိတဲ့ တရားမဝင်ကိစ္စတွေ၊ မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့အတွက် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး ကင်းလှည့်ခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ကြားက ဆက်ဆံရေးဟာ သာမန်ဆက်ဆံရေးထက်ပိုတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု အဆင့်အထိ တက်လှမ်းလာနေတာဖြစ်ပါတယ်။
အစကနေပြန်ကောက်ရရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်မှုမှာ နိုင်ငံကိုချစ်တဲ့စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်ကို အခြေခံခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေခံမှုနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီရဲ့ မှန်ကန်တဲ့ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ကမ္ဘာ့အဆင့်မီ တပ်မတော်အဖြစ်ကို ရောက်ရှိလာတာပါ။ အခုဆိုရင် နှစ်ပေါင်း ၉၈ နှစ် တောင်ရှိသွားပါပြီ။ သိပ်မကြာခင်အချိန်မှာ ရာပြည့်တပ်မတော်နေ့ ဆိုတာကိုလည်း ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ နှစ်တွေ ဘယ်လိုပင်ပြောင်းပါစေ၊ ရာသီတွေဘယ်လိုပင်ဟောင်းပါစေ စွန့်လွှတ်စွန့်စားမှုတို့နဲ့အတူ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က အမြဲတမ်းသစ်လွင်မှုတွေနဲ့အတူ တက်ကြွမှုတွေကတော့ ၁၉၂၇ ခုနှစ်ကလိုမျိုး စိတ်ဓာတ်ရှိနေဆဲပါပဲ။ ဒီစိတ်ဓာတ်ကြောင့်ပဲ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ တည်ရှိမှုက ရာစုနှစ်မှသည် ထောင်စုနှစ်ထိတိုင် ခိုင်မြဲနေဦးမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။

နျူကလီးယားဒုံးကျည်ဆိုတာကို အဟန့် အတားတစ်ခုအနေနဲ့ ကမ္ဘာ့နိုင်ငံကြီး တွေက ပိုင်ဆိုင်ထားကြပါတယ်။ အဟန့် အတားဆိုတဲ့အတိုင်း နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံကို တော်ရုံတန်ရုံရန်ပြု တိုက်ခိုက် ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ တကယ်တမ်းပြောရရင် နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ထားမှုက အဟန့် အတားလို့ဆိုတဲ့အတိုင်း အဟန့်အတားနေရာမှာပဲ ရပ်တန့်နေမှာပါ။

လက်တွေ့မှာတော့ နျူကလီးယားလက်နက်ကို အသုံးပြုနိုင်တဲ့ နေရာမရှိပါဘူး။ ဘယ်သူ့ကိုမှငဲ့ညှာမှု မရှိတဲ့၊ ကမ္ဘာသူကမ္ဘာသားတွေကို မငဲ့ညှာတဲ့ စစ်ပွဲကြီးသာမဖြစ်လာဘူး ဆိုရင်ပေါ့။ တကယ်လို့များ ဒီလိုမျိုးနျူကလီးယား လက်နက်လည်း အသုံးပြုဖို့မဖြစ်နိုင်ဘူး။ တစ်ဖက်ရန်သူကလည်း ကိုယ့်အပေါ်ကိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာနေတယ်။ ဒါဆိုရင် ဘယ်လိုမျိုးလက်နက်ကို အသုံးပြုလို့ရနိုင်မလဲဆိုတာ တွေးဆကြရပါတော့မယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တုန်းက နီးပါးမြစ်ရဲ့ကောင်းကင်ယံမှာ မီးလုံးကြီးတစ်လုံးကအရှိန် ပြင်းပြင်းနဲ့ဖြတ်သန်းသွားပါတယ်။ အဲဒါက ဥက္ကာခဲ လည်းမဟုတ်သလို ဒရုန်းတစ်စင်းလည်းမဟုတ်ခဲ့ ပါဘူး။ အဲဒီနောက် မှာတော့ ကြီးမားတဲ့ပေါက်ကွဲသံ ကြီးထွက်ပေါ်လာသလို ချောက်ချားဖွယ်ကောင်းစွာ ငြိမ်သက်မှုကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ နေရာကတော့ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ ယုဇမက် ကာကွယ်ရေးပစ္စည်း စက်ရုံမှာပါ။
ပေါက်ကွဲသံကြားပြီး နာရီပိုင်းအတွင်း လွတ်လပ်မှုရှိတဲ့ သီးခြားလေ့လာသူတွေ၊ ထောက်လှမ်းရေးအဖွဲ့ တွေရဲ့ လေ့လာတွေ့ရှိချက်တွေဟာ အွန်လိုင်းပေါ် ကိုတက်လာပါတယ်။ ဒါပေမဲ့ အဲဒီပေါက်ကွဲသံကြီးက ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ ဘယ်လိုဖြစ်တာ လဲဆိုတာကိုတော့ ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်မပြောမချင်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ဒီဖြစ်စဉ်မှာ အသုံးပြုသွားတာက Oreshnik ဖြစ်ပါ တယ်။ သူက ရုရှား နိုင်ငံရဲ့ အမြင့်ပျံဒုံးကျည်အမျိုး အစားတစ်မျိုးပါ။
Oreshnik ရဲ့အမြန်နှုန်းက အသံရဲ့အလျင်ထက် ၁၀ ဆကျော်ပိုမြန်ပါတယ်။ အာကာသထဲကနေ ကမ္ဘာ့ လေထုလွှာထဲကိုပြန်ဝင်ချိန်မှာ ခံနိုင်ရည်ရှိတဲ့အပူ ချိန်က ၄၀၀၀ ဒီဂရီစင်တီဂရိတ်ပါ။ ဒါ့အပြင် သူက နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ ဖက်ပြိုင်နိုင်တဲ့ အရွေ့စွမ်းအား၊ တစ်နည်းအားဖြင့် ပွတ်တိုက်အားကိုလည်း ကောင်းစွာပေးစွမ်းနိုင်ပါ တယ်။ ဒါကြောင့် Oreshnik ဒုံးကျည်က လျင်မြန်မှု သာမက တစ်မူထူးခြားတဲ့ ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။
အချိန်ကာလအားဖြင့် တစ်နှစ်မတိုင်မီမှာပဲ ရှေ့ပြေးပုံစံကနေ အမြောက်အမြား ထုတ်လုပ်မှုအထိ လုပ်ဆောင်နိုင်ခဲ့တာပါ။ အနာဂတ်မှာဆိုရင်လည်း အဲဒီဒုံးကျည်တွေကို ဘယ်လာရုစ်နိုင်ငံမှာဖြန့်ကြက် ချသွားဖို့ စီစဉ်ထားပါတယ်။ အခုလိုမျိုး လက်နက် ထွက်ပေါ်လာခြင်းဟာ ရုရှားနိုင်ငံအနေနဲ့ မဟာဗျူ ဟာမြောက် အဟန့်အတားတစ်ခုကို ဆန်းသစ်လိုက် ပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်ကမဟာဗျူဟာမြောက် အဟန့်အတားဆိုတာ နျူကလီးယားလက်နက်ကို သာပြောခဲ့ကြတာမဟုတ်ပါလား။
အခု Oreshnik ဟာဆိုရင် ဘယ်လိုမျိုးသဘော တူညီချက်ကိုမှ ချိုးဖောက်ခြင်းလည်း မရှိပါဘူး။ ဒါ့ အပြင် တိတ်ဆိတ်မှု အပိုင်းဆိုရင်လည်း ဘယ်သူမှ တောင်မသိလိုက်ပါဘူး။ ပစ်မှတ်ဆီကိုပျံသန်းရာမှာ လည်း လိုသလို လမ်းကြောင်း ပြောင်းလဲနိုင်သလို တိကျမှုကလည်း အမြင့်ဆုံးမှာရှိနေပါတယ်။ ဒါကြောင့် Oreshnik ဆိုတာဘာလဲ။ သူကဘယ်ကနေထွက် ပေါ်လာတာလဲ။ သူ့ရဲ့စွမ်းဆောင်ရည်တွေကဘာလဲ။ နျူကလီးယား လက်နက်မဟုတ်တဲ့ မဟာဗျူဟာမြောက် လက်နက်တစ်ခုဖြစ်တဲ့ သူ့အနေနဲ့ စစ်မြေပြင်ကိုဘယ်လောက်အထိ ပုံဖော်နိုင်မလဲဆိုတာတွေကို ဖော်ပြပေးသွားပါမယ်။
Oreshnik ဒုံးကျည်နဲ့တိုက်ခိုက်မှု ခံလိုက်ရတဲ့ ယုဇမက်စစ်လက်နက်ပစ္စည်း စက်ရုံဟာ မီးလောင်ပြင် ကြီးလိုမျိုး ဖြစ်ကျန်ခဲ့တာမရှိပါဘူး။ ပတ်ပတ်လည် မှာလည်း ပြိုကျပျက်စီးမှုတွေ ဖြစ်သွားတာမရှိပါဘူး။ အဲဒီအစား ဘာတွေဖြစ်သွားလဲဆိုတာကို ထောက်လှမ်း ရေးအချက်အလက်တွေ အရပြောရရင် ထိခိုက်မှုနယ် မြေကကျဉ်းမြောင်းပါတယ်။ အဆောက်အအုံကြီး တစ်ခုလုံးက မြေအောက်ထဲကို ကျွံကျသွားပါတယ်။ မြေပေါ်မှာတော့ ပျက်စီးမှုတွေကို သိပ်မတွေ့ရဘူးလို့ဆိုနိုင်ပါတယ်။
ဒီလိုမျိုးဖြစ်ရတာနဲ့ပတ်သက်လို့ သုတေသီများရဲ့ လေ့လာမှုများအရ ပြောရမယ်ဆိုရင် Oreshnik ဒုံးကျည်က ပဒေသာအမျိုးအစား ဖောက်ထွင်းထိပ်ဖူး ကို တပ်ဆင်ထားဖွယ်ရှိပါတယ်။ အဲဒီထိပ်ဖူးထဲမှာ သိပ်သည်းဆ မြင့်မားတဲ့ ခဲယမ်းတွေ ပါဝင်နိုင်ပါတယ်။ ဒုံးကျည်ထိပ်ဖူးက ပစ်မှတ်ထဲကို လိုဏ်ခေါင်းပုံစံဖြစ် အောင်ဝင်သွားပြီးမှသာ ပေါက်ကွဲမှုစတင်ဖြစ်ပေါ်တာပါ။ ဒါဟာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦ တွေကို အတွင်းပိုင်းမှာသာ ပျက်စီးဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်စေဖို့အတွက် ဒီဇိုင်းဆွဲထားတာမျိုး ဖြစ်ပါတယ်။
သမားရိုးကျအမြင့်ပျံဒုံးကျည် အများအပြားဟာ အာကာသထဲကနေ ကမ္ဘာ့လေထုထဲ ပြန်ဝင်ပြီဆိုရင် အရှိန်လျော့ကျ သွားလေ့ရှိပါတယ်။ ဒါပေမဲ့ Oreshnik ကတော့ အဲဒီလိုမျိုးမဟုတ်ပါဘူး။ ပျံသန်းမှုနောက် ဆုံးအဆင့်ထိတိုင် သူ့ရဲ့အသံနှုန်းလွန် အမြန်နှုန်းကို ဆက်လက်ထိန်းသိမ်း ထားနိုင်ပါတယ်။ ဘယ်လောက် အထိအောင်လည်းဆိုရင် သိပ်သည်းမှုမြင့်မားတဲ့ လေထုအလွှာများထဲမှာတောင်မှ အသံထက် ၁၀ ဆကျော်၊ ၁၁ ဆလောက်အထိမြန်တဲ့ အမြန်နှုန်းနဲ့ပျံသန်း နိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ဒီလိုအရှိန်နဲ့ပစ်မှတ်တစ်ခုကို ပြေးဝင် ဆောင့်တာဖြစ်တဲ့အတွက် ပစ်မှတ်ရဲ့ အတွင်းပိုင်းထဲ အထိဖောက်ထွင်း ဝင်ရောက်နိုင်အားကိုလည်း မြင့်မား စေပြီး ကြီးမားတဲ့ဖောက်ခွဲအား မလိုအပ်ပါဘဲနဲ့ ပြင်းထန်တဲ့ပေါက်ကွဲအားကိုလည်း ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
နောက်တစ်ချက်က အာကာသထဲကနေ ကမ္ဘာ့ လေထုထဲကို ပြန်ဝင်တဲ့အခါ လေထုဖိအားနဲ့ ဒုံးကျည်ရဲ့အရှိန်ကြောင့် ပွတ်တိုက်မှုအားကနေ အပူဆိုတာ ဖြစ်ပေါ်လာပါတယ်။ အဲဒီအပူကို တော်ရုံတန်ရုံ ဒုံးကျည်တွေက ခံနိုင်စွမ်းမရှိပါဘူး။ Oreshnik အနေနဲ့ ဒီအပူကိုခံနိုင်စေဖို့အတွက် အဆင့်မြင့်မားလှတဲ့ ကုန် ကြမ်းပစ္စည်းတွေကို အသုံးပြုထားရပါတယ်။ ဒါဟာ အသံနှုန်းလွန် ဒုံးကျည်တွေရဲ့ ရှင်သန်နိုင်စွမ်းကို ပိုမို မြင့်မားလာစေတဲ့ အချက်ဖြစ်ပါတယ်။
ဒီလိုမျိုးလျင်မြန်လှတဲ့ အမြန်နှုန်းကြောင့်ပဲ နျူကလီးယားထိပ်ဖူး မတပ်ထားတဲ့ သမားရိုးကျဒုံးကျည် တစ်စင်းဟာ မဟာဗျူဟာမြောက် က်နက်အဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုရမှာပါ။ သူ့ရဲ့အလျင်ကြောင့်ပဲ ကွပ်ကဲမှုဘန်ကာများ၊ ရေဒါနေရာများ၊ ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်ပေါက်များလိုမျိုး ထူထဲ စွာကာကွယ်ထားတဲ့ နေရာတွေကို ထိရောက်မှုရှိစွာ ဖျက်ဆီးနိုင်တာဖြစ်ပါတယ်။ ဒီလက်နက်ရဲ့ထိရောက်မှုက ပေါက်ကွဲမှု အဝန်းအဝိုင်း ဘယ်လောက်အထိ ကြီးမားတယ်ဆိုတဲ့အပေါ် မူတည်နေခြင်းမရှိပါဘူး။ တိကျမှုနဲ့ သူ့ရဲ့မြင့်မားလှတဲ့ စွမ်းအင်အပေါ်မှာသာ မူတည်နေတာပါ။ ဒီလိုအရည်အချင်းတွေကြောင့်ပဲ Oreshnik ကို ထောက်လှမ်းတွေ့ရှိဖို့နဲ့ ကြားဖြတ်ပစ် ချဖို့ ခက်ခဲတာပဲဖြစ်ပါတယ်။
ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က INF သဘော တူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုကာစာချုပ်ပါ အချက်အလက်တွေအတိုင်း လိုက်နာခဲ့ဖူးတဲ့နိုင်ငံ တွေဖြစ်ပါတယ်။ အဲဒီသဘောတူ စာချုပ်မှာတော့ ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ အတွင်းရောက်ရှိနိုင် တဲ့ မြေပြင်အခြေစိုက် ဒုံးကျည်တွေကို ဖြန့်ကြက်ခြင်း၊ အသုံးပြုခြင်းတို့ကို တားမြစ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ အမေရိကန်က ဒီသဘောတူစာချုပ်ကနေ တစ်ဖက်သတ် နုတ်ထွက်သွားပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ အသက်ဝင်နေဆဲ စစ်လက်နက် ပစ္စည်းဖြန့်ကြက်ချထားမှုဆိုင်ရာ သဘောတူညီချက် မရှိပါဘူး။ ဒါပေမဲ့လည်း အဟန့်အတားတစ်ခုရှိထား ဖို့အတွက်ဆိုရင်တော့ ဒီလိုလက်နက်မျိုးက လိုအပ်တယ်လို့ပြောရမှာပါ။
၂၀၂၅ ခုနှစ် ဇွန်လတုန်းက ရုရှားသမ္မတဗလာဒီမာ ပူတင်ဟာ ရုရှားထိပ်တန်း စစ်ကျောင်းကြီးများမှ သင်တန်းဆင်းအရာရှိများနဲ့ တွေ့ဆုံစဉ်မှာ ရုရှားနိုင်ငံက Oreshnik ဒုံးကျည်ကို အမြောက်အမြား ထုတ်လုပ် နေပြီလို့ တရားဝင် အတိအလင်းပြောထားတာ ရှိပါတယ်။ အခုလိုမျိုး ရှေ့ပြေးပုံစံထုတ်၊ စစ်မြေပြင်မှာ အသုံးပြု၊ ပမာဏအမြောက်အမြား ထုတ်လုပ်ဆိုတဲ့ အဆင့်တွေကို လျင်မြန်စွာ လုပ်ဆောင်လာနိုင်တာက တကယ့်ကို မှတ်သားလောက်ဖွယ်ရာပါပဲ။ လက်ရှိမှာ ရုရှားက အဲဒီဒုံးကျည်အမျိုးအစားကို ဘယ်လာရုစ် နိုင်ငံမှာပါ ဖြန့်ကြက်ချထားမှာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက ဇူလိုင်လ ၂ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဒီနှစ်အကုန်ကျရင် Oreshnik ဒုံးကျည်တွေကို နိုင်ငံအတွင်း ဖြန့်ကြက်ချသွားတော့ မယ်လို့ လူသိရှင်ကြား ပြောထားပါတယ်။
အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် Oreshnik ဒုံးကျည်ဆိုတာ ထိရောက်မှုက တိကျတယ်။ သူ့ကိုကြားဖြတ်နိုင်စွမ်းကမရှိဘူး။ ပျက်စီးမှုမှာဆိုရင်လည်း ဘေး ထွက်ထိခိုက်မှုတွေမရှိဘဲ ပစ်မှတ်တစ်ခုတည်းကို သာထိခိုက် စေတယ်။ ပစ်မှတ်အနေနဲ့ ဘယ်လိုမှကို နာလန်မထူနိုင်အောင် ပျက်စီးသွားစေနိုင်စွမ်းရှိတယ်။ နျူကလီးယားလိုမျိုးလည်း မလိုလားအပ်တဲ့ ဘေးထွက်ထိခိုက်မှုမရှိဘူး။ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး။ ဒီအတွက် နျူကလီးယား လက်နက်တွေဆိုတာ အဟန့်အတား သဘောမျိုးသာဖြစ်ပြီး လက်တွေ့မှာ အသုံးပြုရနိုင်ခြေ အင်မတန် နည်းပါးတာကြောင့် အခု Oreshnik က နျူကလီးယား လက်နက်နေရာမှာ အစားထိုးနိုင်မယ့် တစ်ခုတည်းသော မဟာဗျူဟာမြောက် အဟန့်အတား တစ်ခုဖြစ်လာမှာ သေချာနေပါတယ်။ ဒါကြောင့် နျူကလီးယား လက်နက်ဆိုတာ ကို ရာဇဝင်ထဲမှာသာ ထားခဲ့ရတော့မယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
MWD Webportal

ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်တဲ့ Thales နဲ့ KNDS France တို့ပူးပေါင်းပြီး အဆင့်မြင့်လှတဲ့ မြေပြင်အခြေပြု လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို ထုတ်ဖော် ပြသလိုက်ပါတယ်။ သူ့ရဲ့နာမည်ကိုတော့ Rapidfire Land လို့ပေးထားပါတယ်။

ယနေ့ခေတ်စစ်မြေပြင်ဟာ သမားရိုးကျစစ်ပွဲကနေ ဒရုန်းစစ်ပွဲကို ပြောင်းလဲလာတာ အချိန်ကာလ တစ်ခုကြာမြင့်နေပါပြီ။ ဒုံးကျည်များနဲ့ လေယာဉ်များကို ပစ်ချနိုင်ရေးအတွက် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ဒရုန်းနဲ့တိုက်ခိုက်မှု၊ အထူးသဖြင့် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကိုတော့ အဲဒီလေကြောင်းရန်ဒုံးကျည် တွေက ကြားဖြတ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ကြားဖြတ်နိုင်စွမ်းမရှိသလို ဒရုန်း တစ်စင်းရဲ့တန်ဖိုးနဲ့ ဒုံးကျည်တစ်စင်းရဲ့တန်ဖိုးကလည်း မိုးနဲ့မြေဆိုသလို အင်မတန် မှကွာဟလွန်းပါတယ်။ ဒီအတွက်ကြောင့်ပဲ ဒရုန်းများ ဟာ စစ်မြေပြင်မှာမင်းမူလာနေနိုင်တာဖြစ်ပါတယ်။
အခုတော့ ဒီလိုမျိုးမင်းမူနေတဲ့ ဒရုန်းတွေအတွက် အိပ်မက်ဆိုးဖြစ်လာမယ့် အဆင့်မြင့်လှတဲ့လက်နက်စနစ်တစ်မျိုးအဖြစ် Thales နဲ့ KNDS France တို့က Rapidfire Land ကိုတီထွင်လိုက်တာပါ။ အဓိကအားဖြင့် သူ့ကိုတန်ဖိုးကြီးလှတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ရေးမှာ အသုံးပြုနိုင်ပါတယ်။ Rapidfire Land ကို ဒရုန်းကာကွယ်ရေးမှာ အသုံးပြုဖို့ အဓိကထားတယ်ဆိုပေမယ့် အပေါ့စား လေယာဉ်များ၊ ရဟတ်ယာဉ်များနဲ့ ဒုံးကျည်များ၊ ဒုံးသီးများကိုလည်း ပစ်ချနိုင်တယ်လို့ဆိုပါတယ်။
သူ့မှာအဓိကပါဝင်တဲ့စနစ်က အဝေးကြည့်မှန်ပြောင်းတပ် ၄၀ မီလီမီတာစက်အမြောက်ပါ။ အသင့် ဖြည့်ပြီးသား ကျည်အတောင့်ရေ ၁၄၀ ပါဝင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ကျည်မဖြည့်နိုင်ခင်မှာဘဲ များပြားလှစွာသော ပစ်မှတ်များကို ကြားဖြတ်ပစ်ချ လိုက်နိုင်မှာပါ။ နောက်ပိုင်းကျရင် သူ့အတွက်ကျည်ဆန်က A3B အမျိုးအစားလေကွဲကျည်များဖြစ်လာ မှာဖြစ်ပါတယ်။ လေကွဲကျည်ဆိုတဲ့အတိုင်း ပစ်မှတ် ကိုထိမှန်ခြင်းမပြုမီမှာပင် ပေါက်ကွဲသွားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့ အစတွေက မြင့်မားလှတဲ့အမြန်နှုန်း နဲ့ပျံသန်းလာတဲ့ပစ်မှတ်များကိုပင် ကြားဖြတ်လိုက် နိုင်စေမှာဖြစ်ပါတယ်။
Rapidfire Land က ပစ်ခတ်ရေး စနစ်တစ်ခုသာ မဟုတ်ပါဘူး။ ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ပြီးတိုင်း ပစ်မှတ်ရဲ့ တည်နေရာကို ပြန်လည်ထောက်လှမ်းခြင်း လုပ်ဆောင်နိုင်တဲ့ အဆင့်မြင့်ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ၄ ကီလိုမီတာ အကွာအဝေးအတွင်းမှာ တိကျမှုမြင့်မားတဲ့ ကာကွယ်ရေးစွမ်းရည်ကို ပေးစွမ်းနိုင်စေမှာ ဖြစ်တယ်လို့ဆိုပါတယ်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီအား အစ္စရေးထောက်လှမ်းရေး၏ လုပ်ကြံသတ်ဖြတ်မှု အန္တရာယ်မှ ကာကွယ်ရန် အထူးလျှို့ဝှက်အကာအကွယ်အဖွဲ့မှ စောင့်ရှောက်ထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က လွန်ခဲ့သည့်သီတင်းပတ်က အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီအား ပစ်မှတ်ထားရန် ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ၁၂ ရက်ကြာ ပဋိပက္ခကာလအတွင်း အီရန်ခေါင်းဆောင်သည် လုံခြုံစွာကာကွယ်ထားသော မြေအောက် ပုန်းခိုရာနေရာ အတွင်းသို့ ဝင်ရောက်နေချိန်တွင် ၎င်း၏တည်နေရာအတိအကျကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

“ခါမေနီသည် မြေအောက်နက်ရှိုင်းစွာ ပုန်းအောင်းနေပြီး ၎င်း၏စစ်ဌာနချုပ်များနှင့် ဆက်သွယ်မှု ဖြတ်တောက်ထားခဲ့သည်။ ထို့ကြောင့် မိမိတို့၏ အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပါ” ဟု ကတ်စ်က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက်နေ့တွင် “Operation Lion Rising” စတင်ချိန်တွင် အစ္စရေးသည် နှစ်ပေါင်းများစွာ သူလျှိုကွန်ရက်တည်ဆောက်ကာ အီရန်ခေါင်းဆောင်များ၏ တည်နေရာများကို စုဆောင်းပြီးနောက် အကြီးတန်းစစ်ဗိုလ်ချုပ်များနှင့် အဏုမြူသိပ္ပံပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်။
ပဋိပက္ခကာလအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့က ခါမေနီကို အသက်အန္တရာယ်ရှိနိုင်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။
ဗြိတိန် သတင်းစာ The Telegraph ၏ သတင်းများအရ စစ်စတင်ပြီးနောက် ခါမေနီအား ယခင်က မသိရှိခဲ့သည့် အထူးလျှို့ဝှက် ကာကွယ်ရေးအဖွဲ့တစ်ခုမှ စောင့်ရှောက်ခဲ့သည်။ အဆိုပါ အဖွဲ့ဝင် များကို အလွန်တင်းကျပ်စွာ စိစစ်ရွေးချယ်ထားပြီး ၎င်းတို့သည် အစိုးရအား အပြည့်အဝ သစ္စာခံရန် ကျိန်ဆိုထားသူများ ဖြစ်သည်။
အီရန်၏ လုံခြုံရေးယန္တရားနှင့် စစ်တပ်အတွင်း အစ္စရေးထောက်လှမ်းရေး နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်ဟု ယုံကြည်ထားသောကြောင့် အဆိုပါအဖွဲ့၏ အချက်အလက်ကို အီရန် နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးတပ် (IRGC) ၏ အကြီးတန်းအရာရှိများပင် မသိရှိစေရန် အထူး လျှို့ဝှက်ထားခဲ့သည်။
ဤသည်ပင် အစ္စရေးထောက်လှမ်းရေးသည် အီရန်၏ အခြားစစ်ဗိုလ်ချုပ်အားလုံးနီးပါး၏ တည်နေရာကို ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိသော်လည်း ခါမေနီ၏ နေရာကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။
အစ္စရေး Mossad ထောက်လှမ်းရေးအဖွဲ့သည် တီဟီရန်မြို့လယ်တွင် IRGC ၏ Khatam al-Anbiya ဗဟိုဌာနချုပ်၏ ခေါင်းဆောင်သစ် အလီရှာ့ဒ်မာနီအား ခန့်အပ်ပြီး ၄ ရက်အကြာတွင် လေကြောင်း တိုက်ခိုက်မှုဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ (ယခင်ခေါင်းဆောင်လည်း အစ္စရေး၏ လုပ်ကြံမှုခံခဲ့ရသည်)
အစ္စရေး၏ ထောက်လှမ်းရေးစွမ်းရည်ကို Hezbollah အဖွဲ့ဝင်များ၏ ပေ့ဂျာများတွင် ဗုံးတပ်ဆင် ထားနိုင်မှု၊ အီရန်၏ အကြီးတန်းအရာရှိများအား လုပ်ကြံနိုင်မှုများက သက်သေပြနေပြီး အီရန် ခေါင်းဆောင်များနှင့် ခါမေနီတို့၏ စိုးရိမ်မှုများမှာလည်း မြင့်မားသည့် အခြေအနေတွင် ရှိနေသည်။
အရင်းနှီးဆုံးအကြံပေးများနှင့်ပင် အဆက်အသွယ်ကို ပြတ်တောက်စေပြီး အီလက်ထရွန်းနစ် ဆက်သွယ်ရေးစနစ်အားလုံးကို ဖြတ်တောက်ထားကြောင်း သတင်းရင်းမြစ် ၃ ခုက ဆိုသည်။ ၎င်းမှာ ပြင်ပအင်အားစုများ ၎င်း၏တည်နေရာကို ခြေရာခံနိုင်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။
ခါမေနီသည် ၎င်း၏အရာရှိအများအပြား ပဋိပက္ခတွင် အသက်ဆုံးရှုံးနိုင်သည်ကို မျှော်မှန်းကာ ၎င်းတို့အား အစားထိုးနိုင်မည့် လျှို့ဝှက်အရန်လူစာရင်း (၃) ဦးကို ကြိုတင်ရွေးချယ်ထားခဲ့သည်။ ဇွန် ၂၄ တွင် အမေရိကန်၏ကြားဝင်ဖြန်ဖြေပေးမှုဖြင့် ပဋိပက္ခကုန်ဆုံးပြီးနောက်၊ ဇွန် ၁၉ ကတည်း က လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ခါမေနီသည် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မီဒီယာ သတင်း စကားဖြင့် ပေါ်ထွက်လာခဲ့သည်။ ကာတာရှိ အမေရိကန်လေတပ်စခန်းကို ဒုံးပစ်တိုက်ခိုက်မှုဖြင့် “အမေရိကန်အား ပြင်းထန်စွာ ဒဏ်ခတ်နိုင်ခဲ့ကြောင်း” ကြေညာကာ ဆက်လက်စော်ကားပါက အပြန်အလှန်အရေးယူမည်ဟု သတိပေးခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ကတ်စ်က လက်ရှိတွင် အီရန်ခေါင်းဆောင်အား သတ်ဖြတ်ရန် ရှာဖွေမှုမပြု ကြောင်း ပြောသော်လည်း၊ ယခုနှစ်အစောပိုင်းက အစ္စရေးက Hezbollah ခေါင်းဆောင် နာဆရာ လာလာကို လုပ်ကြံခဲ့သည့်အတိုင်း “ခေါင်းဆောင်ကြီးအနေဖြင့် မြေအောင်းကျင်းအတွင်း ဆက်နေ သင့်ကြောင်း” သရော်စကားဆိုခဲ့သည်။
လေ့လာသူများက ခါမေနီသည် လာမည့်ကာလတွင် ပိုမိုသတိထားနေမည်ဖြစ်ပြီး အီရန်လုံခြုံရေးအဖွဲ့ များကလည်း ၎င်း၏ကာကွယ်ရေးအား အဆင့်မြှင့်တင်မည်ဟု ခန့်မှန်းကြသည်။
ခါမေနီသည် တီဟီရန်မြို့လယ်ရှိ “ဘိတ်ရာဘာရီ” (ခေါင်းဆောင်အိမ်တော်) ဟုခေါ်သော အထူးကာကွယ် ထားသည့်နေရာတွင် နေထိုင်လေ့ရှိသည်။ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ဘာသာရေးဆိုင်ရာ ဟောပြောပွဲကဲ့သို့သော အထူးအခါသမယများမှအပ အပြင်မထွက်ချေ။ အကြီးတန်းအရာရှိများနှင့် စစ်ဗိုလ်ချုပ်များသည် ၎င်းနှင့်ပုံမှန်တွေ့ဆုံရန် အဆိုပါနေရာသို့လာရောက်လေ့ရှိပြီး ၎င်း၏ အများပြည်သူ ဆိုင်ရာမိန့်ခွန်းများကိုလည်း ထိုအဝန်းအဝိုင်း၌ပင် ပြုလုပ်လေ့ရှိသည်။ လေ့လာသူ အချို့၏ အဆိုအရ ခါမေနီသည် ကားဖြင့်ခရီးသွားခြင်းကိုပင် ရှောင်ကြဉ်ကာ ဗုံးကြဲ တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ကို ရှောင်ရှားနေသည်။ အစ္စရေး၏ ယခင်အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ် အာမီဒရောက “ခါမေနီသည် ကမ္ဘာပေါ်တွင် သတိအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည်” ဟု မှတ်ချက်ပြုခဲ့သည်။
“ခါမေနီသည် ၎င်းအား နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း ကောင်းစွာသိသည်” ဟု အာမီဒရောက ဆိုသည်။ “ထို့ကြောင့် အဆိုပါကာလအတွင်း ၎င်း၏တည်နေရာကို အဆက်မပြတ် ပြောင်းလဲကာ အမြင့်ဆုံးလုံခြုံမှုရှိစေရန် စီစဉ်နေမည်မှာ သေချာပါသည်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ကိုးကား- VN Express
ဆောင်းပါးရှင် Vu Hoang ရေးသားသည့် How Iran protects its supreme leader from Israel's assassination plan အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
https://vnexpress.net/cach-iran-bao-ve-lanh-tu-toi-cao-truoc-ke-hoach-am-sat-cua-israel-4908192.html
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီအား အစ္စရေးထောက်လှမ်းရေး၏ လုပ်ကြံသတ်ဖြတ်မှု အန္တရာယ်မှ ကာကွယ်ရန် အထူးလျှို့ဝှက်အကာအကွယ်အဖွဲ့မှ စောင့်ရှောက်ထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က လွန်ခဲ့သည့်သီတင်းပတ်က အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီအား ပစ်မှတ်ထားရန် ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ၁၂ ရက်ကြာ ပဋိပက္ခကာလအတွင်း အီရန်ခေါင်းဆောင်သည် လုံခြုံစွာကာကွယ်ထားသော မြေအောက် ပုန်းခိုရာနေရာ အတွင်းသို့ ဝင်ရောက်နေချိန်တွင် ၎င်း၏တည်နေရာအတိအကျကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
“ခါမေနီသည် မြေအောက်နက်ရှိုင်းစွာ ပုန်းအောင်းနေပြီး ၎င်း၏စစ်ဌာနချုပ်များနှင့် ဆက်သွယ်မှု ဖြတ်တောက်ထားခဲ့သည်။ ထို့ကြောင့် မိမိတို့၏ အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပါ” ဟု ကတ်စ်က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက်နေ့တွင် “Operation Lion Rising” စတင်ချိန်တွင် အစ္စရေးသည် နှစ်ပေါင်းများစွာ သူလျှိုကွန်ရက်တည်ဆောက်ကာ အီရန်ခေါင်းဆောင်များ၏ တည်နေရာများကို စုဆောင်းပြီးနောက် အကြီးတန်းစစ်ဗိုလ်ချုပ်များနှင့် အဏုမြူသိပ္ပံပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်။
ပဋိပက္ခကာလအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့က ခါမေနီကို အသက်အန္တရာယ်ရှိနိုင်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။
ဗြိတိန် သတင်းစာ The Telegraph ၏ သတင်းများအရ စစ်စတင်ပြီးနောက် ခါမေနီအား ယခင်က မသိရှိခဲ့သည့် အထူးလျှို့ဝှက် ကာကွယ်ရေးအဖွဲ့တစ်ခုမှ စောင့်ရှောက်ခဲ့သည်။ အဆိုပါ အဖွဲ့ဝင် များကို အလွန်တင်းကျပ်စွာ စိစစ်ရွေးချယ်ထားပြီး ၎င်းတို့သည် အစိုးရအား အပြည့်အဝ သစ္စာခံရန် ကျိန်ဆိုထားသူများ ဖြစ်သည်။
အီရန်၏ လုံခြုံရေးယန္တရားနှင့် စစ်တပ်အတွင်း အစ္စရေးထောက်လှမ်းရေး နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်ဟု ယုံကြည်ထားသောကြောင့် အဆိုပါအဖွဲ့၏ အချက်အလက်ကို အီရန် နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးတပ် (IRGC) ၏ အကြီးတန်းအရာရှိများပင် မသိရှိစေရန် အထူး လျှို့ဝှက်ထားခဲ့သည်။
ဤသည်ပင် အစ္စရေးထောက်လှမ်းရေးသည် အီရန်၏ အခြားစစ်ဗိုလ်ချုပ်အားလုံးနီးပါး၏ တည်နေရာကို ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိသော်လည်း ခါမေနီ၏ နေရာကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။
အစ္စရေး Mossad ထောက်လှမ်းရေးအဖွဲ့သည် တီဟီရန်မြို့လယ်တွင် IRGC ၏ Khatam al-Anbiya ဗဟိုဌာနချုပ်၏ ခေါင်းဆောင်သစ် အလီရှာ့ဒ်မာနီအား ခန့်အပ်ပြီး ၄ ရက်အကြာတွင် လေကြောင်း တိုက်ခိုက်မှုဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ (ယခင်ခေါင်းဆောင်လည်း အစ္စရေး၏ လုပ်ကြံမှုခံခဲ့ရသည်)
အစ္စရေး၏ ထောက်လှမ်းရေးစွမ်းရည်ကို Hezbollah အဖွဲ့ဝင်များ၏ ပေ့ဂျာများတွင် ဗုံးတပ်ဆင် ထားနိုင်မှု၊ အီရန်၏ အကြီးတန်းအရာရှိများအား လုပ်ကြံနိုင်မှုများက သက်သေပြနေပြီး အီရန် ခေါင်းဆောင်များနှင့် ခါမေနီတို့၏ စိုးရိမ်မှုများမှာလည်း မြင့်မားသည့် အခြေအနေတွင် ရှိနေသည်။
အရင်းနှီးဆုံးအကြံပေးများနှင့်ပင် အဆက်အသွယ်ကို ပြတ်တောက်စေပြီး အီလက်ထရွန်းနစ် ဆက်သွယ်ရေးစနစ်အားလုံးကို ဖြတ်တောက်ထားကြောင်း သတင်းရင်းမြစ် ၃ ခုက ဆိုသည်။ ၎င်းမှာ ပြင်ပအင်အားစုများ ၎င်း၏တည်နေရာကို ခြေရာခံနိုင်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။
ခါမေနီသည် ၎င်း၏အရာရှိအများအပြား ပဋိပက္ခတွင် အသက်ဆုံးရှုံးနိုင်သည်ကို မျှော်မှန်းကာ ၎င်းတို့အား အစားထိုးနိုင်မည့် လျှို့ဝှက်အရန်လူစာရင်း (၃) ဦးကို ကြိုတင်ရွေးချယ်ထားခဲ့သည်။ ဇွန် ၂၄ တွင် အမေရိကန်၏ကြားဝင်ဖြန်ဖြေပေးမှုဖြင့် ပဋိပက္ခကုန်ဆုံးပြီးနောက်၊ ဇွန် ၁၉ ကတည်း က လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ခါမေနီသည် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မီဒီယာ သတင်း စကားဖြင့် ပေါ်ထွက်လာခဲ့သည်။ ကာတာရှိ အမေရိကန်လေတပ်စခန်းကို ဒုံးပစ်တိုက်ခိုက်မှုဖြင့် “အမေရိကန်အား ပြင်းထန်စွာ ဒဏ်ခတ်နိုင်ခဲ့ကြောင်း” ကြေညာကာ ဆက်လက်စော်ကားပါက အပြန်အလှန်အရေးယူမည်ဟု သတိပေးခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ကတ်စ်က လက်ရှိတွင် အီရန်ခေါင်းဆောင်အား သတ်ဖြတ်ရန် ရှာဖွေမှုမပြု ကြောင်း ပြောသော်လည်း၊ ယခုနှစ်အစောပိုင်းက အစ္စရေးက Hezbollah ခေါင်းဆောင် နာဆရာ လာလာကို လုပ်ကြံခဲ့သည့်အတိုင်း “ခေါင်းဆောင်ကြီးအနေဖြင့် မြေအောင်းကျင်းအတွင်း ဆက်နေ သင့်ကြောင်း” သရော်စကားဆိုခဲ့သည်။
လေ့လာသူများက ခါမေနီသည် လာမည့်ကာလတွင် ပိုမိုသတိထားနေမည်ဖြစ်ပြီး အီရန်လုံခြုံရေးအဖွဲ့ များကလည်း ၎င်း၏ကာကွယ်ရေးအား အဆင့်မြှင့်တင်မည်ဟု ခန့်မှန်းကြသည်။
ခါမေနီသည် တီဟီရန်မြို့လယ်ရှိ “ဘိတ်ရာဘာရီ” (ခေါင်းဆောင်အိမ်တော်) ဟုခေါ်သော အထူးကာကွယ် ထားသည့်နေရာတွင် နေထိုင်လေ့ရှိသည်။ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ဘာသာရေးဆိုင်ရာ ဟောပြောပွဲကဲ့သို့သော အထူးအခါသမယများမှအပ အပြင်မထွက်ချေ။ အကြီးတန်းအရာရှိများနှင့် စစ်ဗိုလ်ချုပ်များသည် ၎င်းနှင့်ပုံမှန်တွေ့ဆုံရန် အဆိုပါနေရာသို့လာရောက်လေ့ရှိပြီး ၎င်း၏ အများပြည်သူ ဆိုင်ရာမိန့်ခွန်းများကိုလည်း ထိုအဝန်းအဝိုင်း၌ပင် ပြုလုပ်လေ့ရှိသည်။ လေ့လာသူ အချို့၏ အဆိုအရ ခါမေနီသည် ကားဖြင့်ခရီးသွားခြင်းကိုပင် ရှောင်ကြဉ်ကာ ဗုံးကြဲ တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ကို ရှောင်ရှားနေသည်။ အစ္စရေး၏ ယခင်အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ် အာမီဒရောက “ခါမေနီသည် ကမ္ဘာပေါ်တွင် သတိအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည်” ဟု မှတ်ချက်ပြုခဲ့သည်။
“ခါမေနီသည် ၎င်းအား နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း ကောင်းစွာသိသည်” ဟု အာမီဒရောက ဆိုသည်။ “ထို့ကြောင့် အဆိုပါကာလအတွင်း ၎င်း၏တည်နေရာကို အဆက်မပြတ် ပြောင်းလဲကာ အမြင့်ဆုံးလုံခြုံမှုရှိစေရန် စီစဉ်နေမည်မှာ သေချာပါသည်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ကိုးကား- VN Express
ဆောင်းပါးရှင် Vu Hoang ရေးသားသည့် How Iran protects its supreme leader from Israel's assassination plan အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
https://vnexpress.net/cach-iran-bao-ve-lanh-tu-toi-cao-truoc-ke-hoach-am-sat-cua-israel-4908192.html

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အိုင်တီပညာရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက နှစ်စဉ်အချိန်နဲ့အမျှ တီထွင်ထုတ်လုပ်ဖန်တီးပေးလျက် ရှိပါတယ်။ ဖန်တီးထားတဲ့ နည်းပညာဆိုင်ရာ Game တွေဟာ လူငယ်လူရွယ်တွေကိုသာမက ကလေး သူငယ်၊ လူကြီးတွေ ပါမကျန် ဖမ်းစားထားနိုင်တဲ့ စိတ်ဝင်စားဖွယ် နည်းပညာ ကုန်ပစ္စည်း ဖြစ်ပါတယ်။
“ခေတ်ကပြောင်းသွားပြီဦးလေးရေ။ ဦးလေးတို့၊ အဒေါ်တို့ခေတ်လို မဟုတ်တော့ဘူး။ ကျွန်တော်တို့လူငယ်တွေက ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေထဲမှာ ပဲပျော်မွေ့နေကြတာ။ ကျောင်းကမဖွင့်၊ အလုပ်ကမရှိ၊ လည်စရာကမရှိ၊ မရှိတာတွေများတော့ နည်းပညာတွေထဲမှာ နေတာပဲကောင်းတာပေါ့။ ပျော်စရာလည်းဖြစ်တယ်။ အပျင်းလည်းပြေတယ်။ အားလပ်ချိန်တွေကို ဂိမ်းထဲမှာပဲ ဖြုန်း လိုက်တဲ့သဘောပေါ့” လို့ ၂၀၂၀ ပြည့်နှစ်က ကျွန်တော့်တူလေးတစ်ဦး ပြောစကားကို သတိရမိပါတယ်။
ဂိမ်းတွေဆော့လွန်းလို့ ဆုံးမတဲ့ ဦးလေးဖြစ်သူကို ပြန်လည်ခွန်းတုံ့ပြန်တာကို နားထောင်ခဲ့ ရပါတယ်။ တူလေးရဲ့စကားဟာ အဲဒီအချိန်ကာလအဖို့တော့ မှန်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေးသူငယ်၊ လူငယ်လူရွယ်တွေ ထွက် ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆိုသာပါဘူး။
ဆိုးကျိုးတွေဖြစ်လာနိုင်
နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ အဆက်မပြတ် ပေါ်ထွက်လာနေသလို လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း ပလူပျံအောင်ပေါ်ထွက်လာပါတယ်။ ဂူဂဲပလေး(Google Play)ရဲ့ နှစ်ပတ်လည်မှာဆိုရင် အကောင်းဆုံးအက်ပ် (Apps)တွေနဲ့ ဂိမ်းဆုတွေကို ကြေညာပေးကြသလို နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာပညာရှင်တွေကလည်း အမျိုးမျိုးအဖုံဖုံ ဖန်တီးမိတ်ဆက်ကြပါတယ်။
ပလေးစတိုး(Play Store)မှာဆိုရင် သန်းနဲ့ချီတဲ့ ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့ အကောင်းဆုံး ပေါ်ထွက်လာတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးဟာ လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေ ခဲ့ပါတယ်။ နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊ လူငယ်နဲ့အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေဟာအတော့်ကိုရေပန်းစားပါတယ်။ လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊ နည်းပညာ အသစ်အဆန်းတွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့ လူ့အသိုက် အဝန်းမှာမကောင်းတဲ့ လက္ခ ဏာတွေဖြစ်လာနိုင်တာတွေကိုတော့ ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်းသူတွေ သတိပြုသင့်ပါတယ်။
အန္တရာယ်ရှိတဲ့ဂိမ်းတွေ
ဂိမ်းဆိုတာ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားတဲ့ အွန်လိုင်းကစားပွဲဖြစ်ပါတယ်။ ဂိမ်းစတင်ပေါ်တုန်းက ရိုးရိုးဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့ တိုက်ခိုက်ကြတဲ့ ကစားပွဲတွေအထိ စိတ်ဝင် စားဖွယ်၊ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကိုအားပေးတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုး မီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။ နောက် Callof Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက်လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့ လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ် စရာတွေဖြစ်လာပါတယ်။
ဂိမ်းဆိုတာတိုက်ကြ၊ ခိုက်ကြတာဖြစ်လို့ ကြောက်မက်ဖွယ်ရာတွေ ပါလာမှာပါပဲ။ ဒါပေမဲ့ တချို့ ဂိမ်းတွေဟာ အလွန်အကျွံရက်စက်မှုတွေနဲ့ အကြမ်းဖက်ရက်စက်မှုတွေကို လမ်းပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ထွက်ခဲ့တဲ့ ဗိုင်းရပ်စ်ဂိမ်းတွေနဲ့ စစ်ပွဲဂိမ်းတွေဟာ လူတွေကို အကြောင်းမဲ့ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တဲ့ ဂိမ်းတွေဖြစ်ပြီးဂိမ်းကစားတဲ့ လူငယ်တွေကို စွဲလမ်းသဘောကျစေခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ တာဟာကောင်းသလား၊ မကောင်းဘူးလားဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဂိမ်းနဲ့ပတ်သက် တဲ့ ဆိုရှယ်မီဒီယာဟာ လူငယ်တွေကို ဘယ်လိုလွှမ်းမိုးခဲ့သလဲဆိုတာကို နမူနာတင်ပြလိုပါတယ်။
အကြမ်းဖက်ရှေ့ပြေးဂိမ်း
၂၀၁၀ ပြည့်နှစ်ကထုတ်လုပ်တဲ့ Infinity Ward COD; Modern Warfare 2 ဂိမ်းဟာ အကြမ်းဖက်မှုတွေကို အထူးလှုံ့ဆော်တဲ့ ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ စပိုင်တစ်ယောက်နေရာမှာ ဝင်ရောက်ကစားရတဲ့ပုံစံဖြစ်ပြီး လေယာဉ်ကွင်းထဲမှာ တွေ့သမျှလူတွေကို မသေမချင်းပစ်သတ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ လူငယ်တွေ အကြမ်းဖက်မှုကို ကြိုက်နှစ်သက် ဖို့ နည်းပေးလမ်းပြဖြစ်နေလို့ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ပြဿနာဖြေရှင်းခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထုတ်လုပ်တဲ့ Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Postal ဟာ ဂိမ်းအတွင်းက ဇာတ်ကောင်အသက်ရှင် ကျန်ရစ်ဖို့ ရန်သူအမြောက်အမြားကိုသတ်ဖြတ်ဖို့ သေနတ်တွေ၊ မိုင်းတွေ၊ ဗုံးတွေ စတဲ့ လက်နက်တွေ အကုန်လုံးအသုံးပြုထားပါတယ်။ ပိုဆိုးတဲ့အချက်က ဂိမ်းကစားသူဟာ အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဂိမ်းကို နိုင်ငံအတော်များများက တားမြစ်ခဲ့ ပါတယ်။
၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Mortal Kombat ဂိမ်းကတော့ အလွန်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဗိုင်းရပ်စ်ဂိမ်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကို ထပ်မံဖြည့်စွက်ပြီး အသက်သွင်းလိုက်တဲ့ အခါ ထုတ်လုပ်သူတွေရော ကစားသူတွေပါ လက်ဖျားခါလောက်အောင် လူတစ်ယောက်ကို စုတ်ပြတ်သတ်သွားအောင် ရက်စက်ပြတဲ့ကစားကွက်တွေပါဝင်ခဲ့ပြီး ဂိမ်းကစားသူတွေကို စွဲလမ်းသွားစေခဲ့ ပါတယ်။ နောက်တစ်ခုက ဂိမ်းကစားသူတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ ၂၀၀၁ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Grand Theft Auto 3 ဖြစ်ပါတယ်။ မြေပုံထဲမှာ မိမိနှစ်သက်ရာ ပြုလုပ်နိုင်ပြီး အရာ အားလုံးကို ပစ်ခတ်သတ်ဖြတ်ဖျက်ဆီးစေခဲ့ပါတယ်။ မီဒီယာတွေက ဒီဂိမ်းကစားတဲ့သူဟာ ကားခိုးဖို့အတွက် ဝန်မလေးတော့သလို ရဲဝန်ထမ်းတွေကို ပြန်လည် သတ်ဖြတ်ဖို့အတွက် ဝန်မလေးတော့ကြောင်း ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုစရိုက်မှုတွေကို အားပေးတဲ့သဘောဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေထားပြီး ထုတ်လုပ်ခဲ့ရပါတယ်။
ရက်စက်မှုတွေကမ်းကုန်
အကြမ်းဖက်ဂိမ်းတွေထုတ်လုပ်တဲ့နေရာမှာ ကျော်ကြားတဲ့ Rockstar Game မှာ ၂၀၀၃ ခုနှစ်ကထုတ်လုပ်တဲ့ Manhunt ဂိမ်းဟာ သွေးထွက်သံယိုအဖြစ်ဆုံးနဲ့ ရက်စက်မှုတွေ သရဖူ ဆောင်းလောက်အောင် ဖန်တီးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့ Soldier ofFortune ဂိမ်းဟာ အကြမ်းဖက်ဂိမ်းတွေမှာ အထူးလှုပ်ခတ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အလွန် ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို ဂျာမနီနိုင်ငံ အတွင်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ နမူနာဂိမ်းတွေဟာ နိုင်ငံတကာဂိမ်း သမိုင်းမှာ ရက်စက်ဆုံး ဂိမ်းတချို့ဖြစ်ပြီး တခြားရက်စက်တဲ့ဂိမ်းတွေနှစ်အလိုက်၊ စီးရီးအလိုက် ပေါ်ထွက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ လူငယ်တွေနဲ့လူ့အသိုက်အဝန်းကို ဂိမ်းတွေဟာ ဘယ်လောက် အကျိုးပြုခဲ့တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မျက်မှောက် ကာလလူငယ်တွေကြားမှာ လောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ များလာတာဟာ အသုံးမပြုသင့်တဲ့ ဂိမ်းတွေနဲ့လည်း ပတ်သက်မယ်လို့ ထင်ပါတယ်။
အကြမ်းဖက်မှုတွေမှာအသုံးချ
မကြာသေးမီနှစ်များအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်လာပြီး အကန့်အသတ်နဲ့နေရစဉ်မှာ လူငယ်တွေကြားမှာ ဂိမ်းကစားမှုတွေ ပိုမိုရေပန်းစားလာပါတယ်။ ပိုဆိုးလာတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးကိုအကြောင်းပြုလို့ အိုင်တီပညာရှင်တချို့ဖန်တီးထားတဲ့ PDF Game တွေ ပေါ်ထွက်ခဲ့ပြီး အမေရိကန်၊ စင်ကာပူနဲ့ ဩစတြေးလျမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီဂိမ်းကို နိုင်ငံ ခြားသားတွေ စိတ်ဝင်စားမှုမရှိဘဲ ပြည်တွင်း/ပြည်ပက စိတ်ခံစားချက် မြင့်မားတဲ့ မြန်မာတွေနဲ့ မသိနားမလည်တဲ့လူငယ်အချို့က အသုံးပြုခဲ့ကြ ပါတယ်။
တော်လှန်ရေးမှာမပါဝင်နိုင်တဲ့ လူငယ်တွေကို အွန်လိုင်းပေါ်မှာ စိတ်ကူးယဉ်လို့ရအောင် ဖန်တီးပေးထားတာလို့ဆိုပါတယ်။ အမှန်တကယ်တော့ ဂိမ်းစွဲလမ်းတဲ့လူငယ်တွေကို အသုံးချပြီး ရန်ပုံငွေ ရအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂိမ်းထဲမှာကစားတဲ့ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်ရပါတယ်။ ၁ ဒေါ်လာကို ကျည်အတောင့် ၅၀၀၀ ရပါတယ်။ နောက်တစ်နည်းက ဒီဂိမ်းဆော့ဖို့ ကျည်ဆန်တွေကို ကြော်ငြာတွေကိုကြည့်ပြီး ငွေဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။
အကြမ်းဖက်ဥပဒေနဲ့ငြိစွန်း
ဒီလိုဂိမ်းတွေကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားပြီး ဂိမ်းကစားမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ ဂိမ်းဆိုတာ လူငယ်လူရွယ်တွေအတွက် အပျင်းပြေ၊ အပျော်အဖြစ် ကစားတယ်ဆိုပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ဂိမ်းတွေကိုတော့ သတိထားကစားဖို့လိုအပ်ပါတယ်။ NUG နဲ့ CRPH အကြမ်းဖက် အဖွဲ့တွေဟာ ပြည်သူတွေကို တော်လှန်ရေး အကြောင်းပြပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ရန်ပုံငွေတွေရရှိဖို့နဲ့ လူငယ်တွေလမ်းမှားရောက်စေမယ့် PDF Game တွေကိုဖန်တီးခဲ့ကြပါတယ်။ ဒီ PDF Game Application တွေကို လက်ကိုင်ဖုန်းတွေမှာ ယူမထားဖို့လိုပါတယ်။
အခုပေါ်ထွက်နေတဲ့ အန္တရာယ်ရှိတဲ့ PDF ဂိမ်းတွေဟာ PDF Hero ၊ PDF Hero-2၊ End Game- Union Multiplayer War of Heroes တွေဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့ဂိမ်းတွေဖြစ်တာကြောင့် ဖန်တီးထုတ်လုပ်တာဖြစ်ဖြစ်၊ ကြော်ငြာထည့်သွင်းတာ ဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့လုပ်လုပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပါတယ်။
အရေးယူခံရမှာဖြစ်
စစ်တိုက်ကစားဖို့ လိုအပ်တဲ့ကျည်ဆန်တွေကို ဂိမ်းမှာပါဝင်တဲ့ ကြော်ငြာတွေကိုကြည့်ပြီး ဖြည့်တင်းရတာကြောင့် ဒီဂိမ်းကို ဆော့ကစားသူတွေဟာ PDF Game ကြော်ငြာအားလုံးကို ကြည့်ရှုပြီးပါက အလှူငွေကျပ် ၅၀ အလိုအလျောက်ပေးသွင်းပြီးဖြစ်နေပါတယ်။ ဒါကြောင့် PDF Game တွေကစားတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အထောက်အပံ့ပေးတဲ့ ကစားနည်းဖြစ်တယ်ဆိုတာကို လူငယ်တွေကြားမှာ သိရှိနားလည်စေဖို့ အသိပေးမှုတွေမျှဝေပေး ဖို့ လိုအပ်ပါတယ်။ အကယ်၍ လမ်းခရီးမှာ သက်ဆိုင်ရာကလုံခြုံရေးအရ စစ်ဆေးစဉ် မိမိတို့လက်ကိုင်ဖုန်းအတွင်းမှာ PDF ဂိမ်းတွေရှိနေတာကိုတွေ့ရှိရင် အရေးယူခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် PDF Game တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အရေး ယူခံရမှာဖြစ်ပါတယ်။
နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အပျင်းပြေစေဖို့ ဂိမ်းတွေဖန်တီးထုတ်လုပ်ကြတာကို အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ ပုံမှန် အပျင်းပြေစေမယ့် ပျော်ရွှင်စရာဆော့ကစားကွက်တွေထက် ပိုမိုလွန်ကဲတဲ့လူတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေ ပျက်ပြားစေမယ့် နည်းပေးလမ်းပြဖန်တီးထားမှုတွေကိုတော့ သတိထားဖို့လို ပါတယ်။
ဂိမ်းတွေစတင်ပေါ်ပေါက်စဉ်က ဘောလုံးပွဲဂိမ်း၊ ငါးဖမ်းဂိမ်း၊ ကားပြိုင်ပွဲဂိမ်း၊ စစ်ပွဲဂိမ်း၊ အားကစားဂိမ်း စတဲ့ ဂိမ်းတွေဟာ အပျော်သက်သက်ဖြစ်ပေမယ့် ၂၀၀၀ ပြည့်လွန်ကာလတွေက စလို့ ပေါ်ပေါက်လာတဲ့ဂိမ်းတွေထဲမှာ လောင်းကစားဂိမ်းတွေ၊ ဒုစရိုက်မှုကိုအားပေးတဲ့ ဂိမ်းတွေအပြင် အကြမ်းဖက်ရက်စက်မှုတွေ ဖန်တီးထားတဲ့ အကြမ်းဖက်ဂိမ်းတွေ ပေါ်ပေါက် လာပါတယ်။ မျက် မှောက်ကာလတွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက် ရက်စက်မှုတွေ ပိုများလာတဲ့သဘောဖြစ်လာတာတွေကို တွေးတောဆင်ခြင်ကြည့် ရင် သတိပြုစရာတွေဖြစ်ပါတယ်။ ပိုလို့ ဆိုးတဲ့အခြေအနေ တွေဖြစ်လာတာက တိုင်းပြည်တွေရဲ့ နိုင်ငံရေးလောကမှာ ဂိမ်းတွေကိုအသုံးချလာလို့ အစိုးရတွေက ပိတ်ပင်တားမြစ်အရေးယူ ကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို အကြောင်းပြုပြီး မြေပြင်ပေါ်မှာရော အွန်လိုင်းနည်းပညာတွေ ပေါ်မှာပါ အဖျက်အမှောင့်တွေ အမျိုးမျိုးအဖုံဖုံ ဖန်တီးလာကြပါတယ်။ ယခုအသုံးချလာတဲ့ PDF Game တွေဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေပြီး လူငယ်တွေကို ဒုက္ခ ရောက်အောင် အသုံးချဖန်တီးထားတဲ့ အန္တရာယ်ရှိတဲ့ဂိမ်းတွေဖြစ်ပါတယ်။ အကြမ်းဖက်ဂိမ်း တွေနဲ့ စိတ်ကူးယဉ် မယ်ဆိုရင် ဂိမ်းကိုနိုင်အောင်မကစားနိုင်ဘဲ PDF Game ကစားတဲ့သူတွေ ဂိမ်းသွားနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ PDF Game တွေကို သိရှိထားကြဖို့နဲ့ သတိပြုရှောင်ရှား ကြဖို့စေတနာကောင်းနဲ့ အသိပေးနှိုးဆော်လိုက်ရပါတယ်။ ။
MOI
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အိုင်တီပညာရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက နှစ်စဉ်အချိန်နဲ့အမျှ တီထွင်ထုတ်လုပ်ဖန်တီးပေးလျက် ရှိပါတယ်။ ဖန်တီးထားတဲ့ နည်းပညာဆိုင်ရာ Game တွေဟာ လူငယ်လူရွယ်တွေကိုသာမက ကလေး သူငယ်၊ လူကြီးတွေ ပါမကျန် ဖမ်းစားထားနိုင်တဲ့ စိတ်ဝင်စားဖွယ် နည်းပညာ ကုန်ပစ္စည်း ဖြစ်ပါတယ်။
“ခေတ်ကပြောင်းသွားပြီဦးလေးရေ။ ဦးလေးတို့၊ အဒေါ်တို့ခေတ်လို မဟုတ်တော့ဘူး။ ကျွန်တော်တို့လူငယ်တွေက ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေထဲမှာ ပဲပျော်မွေ့နေကြတာ။ ကျောင်းကမဖွင့်၊ အလုပ်ကမရှိ၊ လည်စရာကမရှိ၊ မရှိတာတွေများတော့ နည်းပညာတွေထဲမှာ နေတာပဲကောင်းတာပေါ့။ ပျော်စရာလည်းဖြစ်တယ်။ အပျင်းလည်းပြေတယ်။ အားလပ်ချိန်တွေကို ဂိမ်းထဲမှာပဲ ဖြုန်း လိုက်တဲ့သဘောပေါ့” လို့ ၂၀၂၀ ပြည့်နှစ်က ကျွန်တော့်တူလေးတစ်ဦး ပြောစကားကို သတိရမိပါတယ်။
ဂိမ်းတွေဆော့လွန်းလို့ ဆုံးမတဲ့ ဦးလေးဖြစ်သူကို ပြန်လည်ခွန်းတုံ့ပြန်တာကို နားထောင်ခဲ့ ရပါတယ်။ တူလေးရဲ့စကားဟာ အဲဒီအချိန်ကာလအဖို့တော့ မှန်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေးသူငယ်၊ လူငယ်လူရွယ်တွေ ထွက် ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆိုသာပါဘူး။
ဆိုးကျိုးတွေဖြစ်လာနိုင်
နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ အဆက်မပြတ် ပေါ်ထွက်လာနေသလို လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း ပလူပျံအောင်ပေါ်ထွက်လာပါတယ်။ ဂူဂဲပလေး(Google Play)ရဲ့ နှစ်ပတ်လည်မှာဆိုရင် အကောင်းဆုံးအက်ပ် (Apps)တွေနဲ့ ဂိမ်းဆုတွေကို ကြေညာပေးကြသလို နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာပညာရှင်တွေကလည်း အမျိုးမျိုးအဖုံဖုံ ဖန်တီးမိတ်ဆက်ကြပါတယ်။
ပလေးစတိုး(Play Store)မှာဆိုရင် သန်းနဲ့ချီတဲ့ ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့ အကောင်းဆုံး ပေါ်ထွက်လာတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးဟာ လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေ ခဲ့ပါတယ်။ နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊ လူငယ်နဲ့အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေဟာအတော့်ကိုရေပန်းစားပါတယ်။ လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊ နည်းပညာ အသစ်အဆန်းတွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့ လူ့အသိုက် အဝန်းမှာမကောင်းတဲ့ လက္ခ ဏာတွေဖြစ်လာနိုင်တာတွေကိုတော့ ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်းသူတွေ သတိပြုသင့်ပါတယ်။
အန္တရာယ်ရှိတဲ့ဂိမ်းတွေ
ဂိမ်းဆိုတာ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားတဲ့ အွန်လိုင်းကစားပွဲဖြစ်ပါတယ်။ ဂိမ်းစတင်ပေါ်တုန်းက ရိုးရိုးဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့ တိုက်ခိုက်ကြတဲ့ ကစားပွဲတွေအထိ စိတ်ဝင် စားဖွယ်၊ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကိုအားပေးတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုး မီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။ နောက် Callof Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက်လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့ လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ် စရာတွေဖြစ်လာပါတယ်။
ဂိမ်းဆိုတာတိုက်ကြ၊ ခိုက်ကြတာဖြစ်လို့ ကြောက်မက်ဖွယ်ရာတွေ ပါလာမှာပါပဲ။ ဒါပေမဲ့ တချို့ ဂိမ်းတွေဟာ အလွန်အကျွံရက်စက်မှုတွေနဲ့ အကြမ်းဖက်ရက်စက်မှုတွေကို လမ်းပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ထွက်ခဲ့တဲ့ ဗိုင်းရပ်စ်ဂိမ်းတွေနဲ့ စစ်ပွဲဂိမ်းတွေဟာ လူတွေကို အကြောင်းမဲ့ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တဲ့ ဂိမ်းတွေဖြစ်ပြီးဂိမ်းကစားတဲ့ လူငယ်တွေကို စွဲလမ်းသဘောကျစေခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ တာဟာကောင်းသလား၊ မကောင်းဘူးလားဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဂိမ်းနဲ့ပတ်သက် တဲ့ ဆိုရှယ်မီဒီယာဟာ လူငယ်တွေကို ဘယ်လိုလွှမ်းမိုးခဲ့သလဲဆိုတာကို နမူနာတင်ပြလိုပါတယ်။
အကြမ်းဖက်ရှေ့ပြေးဂိမ်း
၂၀၁၀ ပြည့်နှစ်ကထုတ်လုပ်တဲ့ Infinity Ward COD; Modern Warfare 2 ဂိမ်းဟာ အကြမ်းဖက်မှုတွေကို အထူးလှုံ့ဆော်တဲ့ ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ စပိုင်တစ်ယောက်နေရာမှာ ဝင်ရောက်ကစားရတဲ့ပုံစံဖြစ်ပြီး လေယာဉ်ကွင်းထဲမှာ တွေ့သမျှလူတွေကို မသေမချင်းပစ်သတ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ လူငယ်တွေ အကြမ်းဖက်မှုကို ကြိုက်နှစ်သက် ဖို့ နည်းပေးလမ်းပြဖြစ်နေလို့ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ပြဿနာဖြေရှင်းခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထုတ်လုပ်တဲ့ Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Postal ဟာ ဂိမ်းအတွင်းက ဇာတ်ကောင်အသက်ရှင် ကျန်ရစ်ဖို့ ရန်သူအမြောက်အမြားကိုသတ်ဖြတ်ဖို့ သေနတ်တွေ၊ မိုင်းတွေ၊ ဗုံးတွေ စတဲ့ လက်နက်တွေ အကုန်လုံးအသုံးပြုထားပါတယ်။ ပိုဆိုးတဲ့အချက်က ဂိမ်းကစားသူဟာ အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဂိမ်းကို နိုင်ငံအတော်များများက တားမြစ်ခဲ့ ပါတယ်။
၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Mortal Kombat ဂိမ်းကတော့ အလွန်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဗိုင်းရပ်စ်ဂိမ်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကို ထပ်မံဖြည့်စွက်ပြီး အသက်သွင်းလိုက်တဲ့ အခါ ထုတ်လုပ်သူတွေရော ကစားသူတွေပါ လက်ဖျားခါလောက်အောင် လူတစ်ယောက်ကို စုတ်ပြတ်သတ်သွားအောင် ရက်စက်ပြတဲ့ကစားကွက်တွေပါဝင်ခဲ့ပြီး ဂိမ်းကစားသူတွေကို စွဲလမ်းသွားစေခဲ့ ပါတယ်။ နောက်တစ်ခုက ဂိမ်းကစားသူတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ ၂၀၀၁ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Grand Theft Auto 3 ဖြစ်ပါတယ်။ မြေပုံထဲမှာ မိမိနှစ်သက်ရာ ပြုလုပ်နိုင်ပြီး အရာ အားလုံးကို ပစ်ခတ်သတ်ဖြတ်ဖျက်ဆီးစေခဲ့ပါတယ်။ မီဒီယာတွေက ဒီဂိမ်းကစားတဲ့သူဟာ ကားခိုးဖို့အတွက် ဝန်မလေးတော့သလို ရဲဝန်ထမ်းတွေကို ပြန်လည် သတ်ဖြတ်ဖို့အတွက် ဝန်မလေးတော့ကြောင်း ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုစရိုက်မှုတွေကို အားပေးတဲ့သဘောဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေထားပြီး ထုတ်လုပ်ခဲ့ရပါတယ်။
ရက်စက်မှုတွေကမ်းကုန်
အကြမ်းဖက်ဂိမ်းတွေထုတ်လုပ်တဲ့နေရာမှာ ကျော်ကြားတဲ့ Rockstar Game မှာ ၂၀၀၃ ခုနှစ်ကထုတ်လုပ်တဲ့ Manhunt ဂိမ်းဟာ သွေးထွက်သံယိုအဖြစ်ဆုံးနဲ့ ရက်စက်မှုတွေ သရဖူ ဆောင်းလောက်အောင် ဖန်တီးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့ Soldier ofFortune ဂိမ်းဟာ အကြမ်းဖက်ဂိမ်းတွေမှာ အထူးလှုပ်ခတ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အလွန် ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို ဂျာမနီနိုင်ငံ အတွင်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ နမူနာဂိမ်းတွေဟာ နိုင်ငံတကာဂိမ်း သမိုင်းမှာ ရက်စက်ဆုံး ဂိမ်းတချို့ဖြစ်ပြီး တခြားရက်စက်တဲ့ဂိမ်းတွေနှစ်အလိုက်၊ စီးရီးအလိုက် ပေါ်ထွက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ လူငယ်တွေနဲ့လူ့အသိုက်အဝန်းကို ဂိမ်းတွေဟာ ဘယ်လောက် အကျိုးပြုခဲ့တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မျက်မှောက် ကာလလူငယ်တွေကြားမှာ လောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ များလာတာဟာ အသုံးမပြုသင့်တဲ့ ဂိမ်းတွေနဲ့လည်း ပတ်သက်မယ်လို့ ထင်ပါတယ်။
အကြမ်းဖက်မှုတွေမှာအသုံးချ
မကြာသေးမီနှစ်များအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်လာပြီး အကန့်အသတ်နဲ့နေရစဉ်မှာ လူငယ်တွေကြားမှာ ဂိမ်းကစားမှုတွေ ပိုမိုရေပန်းစားလာပါတယ်။ ပိုဆိုးလာတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးကိုအကြောင်းပြုလို့ အိုင်တီပညာရှင်တချို့ဖန်တီးထားတဲ့ PDF Game တွေ ပေါ်ထွက်ခဲ့ပြီး အမေရိကန်၊ စင်ကာပူနဲ့ ဩစတြေးလျမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီဂိမ်းကို နိုင်ငံ ခြားသားတွေ စိတ်ဝင်စားမှုမရှိဘဲ ပြည်တွင်း/ပြည်ပက စိတ်ခံစားချက် မြင့်မားတဲ့ မြန်မာတွေနဲ့ မသိနားမလည်တဲ့လူငယ်အချို့က အသုံးပြုခဲ့ကြ ပါတယ်။
တော်လှန်ရေးမှာမပါဝင်နိုင်တဲ့ လူငယ်တွေကို အွန်လိုင်းပေါ်မှာ စိတ်ကူးယဉ်လို့ရအောင် ဖန်တီးပေးထားတာလို့ဆိုပါတယ်။ အမှန်တကယ်တော့ ဂိမ်းစွဲလမ်းတဲ့လူငယ်တွေကို အသုံးချပြီး ရန်ပုံငွေ ရအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂိမ်းထဲမှာကစားတဲ့ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်ရပါတယ်။ ၁ ဒေါ်လာကို ကျည်အတောင့် ၅၀၀၀ ရပါတယ်။ နောက်တစ်နည်းက ဒီဂိမ်းဆော့ဖို့ ကျည်ဆန်တွေကို ကြော်ငြာတွေကိုကြည့်ပြီး ငွေဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။
အကြမ်းဖက်ဥပဒေနဲ့ငြိစွန်း
ဒီလိုဂိမ်းတွေကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားပြီး ဂိမ်းကစားမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ ဂိမ်းဆိုတာ လူငယ်လူရွယ်တွေအတွက် အပျင်းပြေ၊ အပျော်အဖြစ် ကစားတယ်ဆိုပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ဂိမ်းတွေကိုတော့ သတိထားကစားဖို့လိုအပ်ပါတယ်။ NUG နဲ့ CRPH အကြမ်းဖက် အဖွဲ့တွေဟာ ပြည်သူတွေကို တော်လှန်ရေး အကြောင်းပြပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ရန်ပုံငွေတွေရရှိဖို့နဲ့ လူငယ်တွေလမ်းမှားရောက်စေမယ့် PDF Game တွေကိုဖန်တီးခဲ့ကြပါတယ်။ ဒီ PDF Game Application တွေကို လက်ကိုင်ဖုန်းတွေမှာ ယူမထားဖို့လိုပါတယ်။
အခုပေါ်ထွက်နေတဲ့ အန္တရာယ်ရှိတဲ့ PDF ဂိမ်းတွေဟာ PDF Hero ၊ PDF Hero-2၊ End Game- Union Multiplayer War of Heroes တွေဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့ဂိမ်းတွေဖြစ်တာကြောင့် ဖန်တီးထုတ်လုပ်တာဖြစ်ဖြစ်၊ ကြော်ငြာထည့်သွင်းတာ ဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့လုပ်လုပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပါတယ်။
အရေးယူခံရမှာဖြစ်
စစ်တိုက်ကစားဖို့ လိုအပ်တဲ့ကျည်ဆန်တွေကို ဂိမ်းမှာပါဝင်တဲ့ ကြော်ငြာတွေကိုကြည့်ပြီး ဖြည့်တင်းရတာကြောင့် ဒီဂိမ်းကို ဆော့ကစားသူတွေဟာ PDF Game ကြော်ငြာအားလုံးကို ကြည့်ရှုပြီးပါက အလှူငွေကျပ် ၅၀ အလိုအလျောက်ပေးသွင်းပြီးဖြစ်နေပါတယ်။ ဒါကြောင့် PDF Game တွေကစားတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အထောက်အပံ့ပေးတဲ့ ကစားနည်းဖြစ်တယ်ဆိုတာကို လူငယ်တွေကြားမှာ သိရှိနားလည်စေဖို့ အသိပေးမှုတွေမျှဝေပေး ဖို့ လိုအပ်ပါတယ်။ အကယ်၍ လမ်းခရီးမှာ သက်ဆိုင်ရာကလုံခြုံရေးအရ စစ်ဆေးစဉ် မိမိတို့လက်ကိုင်ဖုန်းအတွင်းမှာ PDF ဂိမ်းတွေရှိနေတာကိုတွေ့ရှိရင် အရေးယူခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် PDF Game တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အရေး ယူခံရမှာဖြစ်ပါတယ်။
နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အပျင်းပြေစေဖို့ ဂိမ်းတွေဖန်တီးထုတ်လုပ်ကြတာကို အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ ပုံမှန် အပျင်းပြေစေမယ့် ပျော်ရွှင်စရာဆော့ကစားကွက်တွေထက် ပိုမိုလွန်ကဲတဲ့လူတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေ ပျက်ပြားစေမယ့် နည်းပေးလမ်းပြဖန်တီးထားမှုတွေကိုတော့ သတိထားဖို့လို ပါတယ်။
ဂိမ်းတွေစတင်ပေါ်ပေါက်စဉ်က ဘောလုံးပွဲဂိမ်း၊ ငါးဖမ်းဂိမ်း၊ ကားပြိုင်ပွဲဂိမ်း၊ စစ်ပွဲဂိမ်း၊ အားကစားဂိမ်း စတဲ့ ဂိမ်းတွေဟာ အပျော်သက်သက်ဖြစ်ပေမယ့် ၂၀၀၀ ပြည့်လွန်ကာလတွေက စလို့ ပေါ်ပေါက်လာတဲ့ဂိမ်းတွေထဲမှာ လောင်းကစားဂိမ်းတွေ၊ ဒုစရိုက်မှုကိုအားပေးတဲ့ ဂိမ်းတွေအပြင် အကြမ်းဖက်ရက်စက်မှုတွေ ဖန်တီးထားတဲ့ အကြမ်းဖက်ဂိမ်းတွေ ပေါ်ပေါက် လာပါတယ်။ မျက် မှောက်ကာလတွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက် ရက်စက်မှုတွေ ပိုများလာတဲ့သဘောဖြစ်လာတာတွေကို တွေးတောဆင်ခြင်ကြည့် ရင် သတိပြုစရာတွေဖြစ်ပါတယ်။ ပိုလို့ ဆိုးတဲ့အခြေအနေ တွေဖြစ်လာတာက တိုင်းပြည်တွေရဲ့ နိုင်ငံရေးလောကမှာ ဂိမ်းတွေကိုအသုံးချလာလို့ အစိုးရတွေက ပိတ်ပင်တားမြစ်အရေးယူ ကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို အကြောင်းပြုပြီး မြေပြင်ပေါ်မှာရော အွန်လိုင်းနည်းပညာတွေ ပေါ်မှာပါ အဖျက်အမှောင့်တွေ အမျိုးမျိုးအဖုံဖုံ ဖန်တီးလာကြပါတယ်။ ယခုအသုံးချလာတဲ့ PDF Game တွေဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေပြီး လူငယ်တွေကို ဒုက္ခ ရောက်အောင် အသုံးချဖန်တီးထားတဲ့ အန္တရာယ်ရှိတဲ့ဂိမ်းတွေဖြစ်ပါတယ်။ အကြမ်းဖက်ဂိမ်း တွေနဲ့ စိတ်ကူးယဉ် မယ်ဆိုရင် ဂိမ်းကိုနိုင်အောင်မကစားနိုင်ဘဲ PDF Game ကစားတဲ့သူတွေ ဂိမ်းသွားနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ PDF Game တွေကို သိရှိထားကြဖို့နဲ့ သတိပြုရှောင်ရှား ကြဖို့စေတနာကောင်းနဲ့ အသိပေးနှိုးဆော်လိုက်ရပါတယ်။ ။
MOI

ဇွန်လ ၂၂ ရက်မှာ အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ CNN သတင်းဌာနက သတင်းတစ်ပုဒ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီသတင်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြီး တိကျစွာပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို ဝင်ရောက်လိုက်ပြီဆိုတဲ့သတင်းပါပဲ။ အတိအကျဆိုရရင် အမေရိကန်က အီရန်အပေါ်ကို ပူးပေါင်းတိုက်ခိုက်မှုလုပ်လိုက်တာပဲဖြစ်ပါတယ်။

အဲဒီပူးပေါင်းတိုက်ခိုက်မှုမှာ B-2 Spirit အမျိုးအစားကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက်စင်း၊ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော တစ်စင်းတို့ပါဝင်ပါတယ်။ သူတို့အသုံးပြုခဲ့တဲ့ခဲယမ်းတွေကတော့ GBU-57A/B Massive Ordnance Penetrator အမျိုးအစားဗုံးများနဲ့ Tomahawk အမျိုး
အစားအနိမ့်ပျံဒုံးကျည်များဖြစ်ပါတယ်။ GBU-57A/B ဆိုတာ တစ်နည်းပြောရရင် ဘန်ကာဖျက်ဗုံးများဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ GBU-57A/B ဘန်ကာဖျက်ဗုံးများကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုများပိုမိုမြင့်တက်လာအောင် ဖန်တီးလာတယ်လို့ ဆိုရမှာပါ။
ဒီစစ်ပွဲထဲ အမေရိကန်ပါဝင်လာမှုအတွက် အဓိကအကျဆုံးသော တိုက်ခိုက်ရေးအင်အားစုက B-2 Spirit အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက် စင်းဖြစ်ပါတယ်။ အဲဒီဗုံးကြဲလေယာဉ်များဟာ လုံခြုံရေးအလွန်တင်းကျပ်လှတဲ့ လေတပ်စခန်းတစ်ခုစီကနေထွက်ခွာလာတာပါ။ ပြီးတဲ့အခါ အီရန်လေပိုင် နက်ထဲဝင်လာပြီး GBU-57A/B ဘန်ကာဖျက်ဗုံး ၁၂ လုံးကို ဖော်ဒိုးယူရေနီယံသန့်စင်ရေးစက်ရုံဆီကြဲချ လိုက်တာဖြစ်ပါတယ်။ အဲဒီစက်ရုံကို မြေအောက် အနက် မီတာ ၈၀ မှ ၁၀၀ အတွင်းမှာတည်ဆောက်ထားတာဖြစ်ပြီး အပေါ်မှာတော့ကျောက်နဲ့သံကူကွန်ကရစ်တို့ပေါင်းစပ်ထားတဲ့ထုထည်ကြီးရှိတယ်လို့ ဆိုပါတယ်။ အဲဒီထက်လည်းပိုနိုင်ပါတယ်။
GBU-57A/B ဆိုတဲ့ ဗုံးအမျိုးအစားကလည်း နျူကလီးယားမဟုတ်တဲ့ဖျက်အားအပြင်းဆုံးဗုံးတစ်လုံးဖြစ်ပါတယ်။ အမေရိကန်တို့တီထွင်ထားတဲ့ ခဲယမ်းတွေထဲမှာပေါ့။ သူ့ရဲ့အလေးချိန်က ပေါင်ချိန် ၃၀၀၀၀ အထိရှိပြီး ထူထဲမာကျောတဲ့သံမဏိကိုယ်ထည်ကိုအသုံးပြုထားတာပါ။ ဒါ့အပြင် မာကျောတဲ့ အဆောက် အအုံတွေထဲကို နက်ရှိုင်းစွာတိုးဝင်သွားပြီး အတွင်းမှာပေါက်ကွဲမှုဖြစ်စေနိုင်ဖို့အတွက် အဆင့်မြင့် စနက်တံကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ သူ့ကို GPS စနစ်၊ ရွေ့လျားမှုဆိုင်ရာလမ်းညွှန်စနစ်တို့ ပေါင်းစပ်အသုံးပြုထားတဲ့ ပဲ့ထိန်းစနစ်အသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့တိကျမှု အဝန်းက ၅ မီတာပတ်လည်ရှိပြီး အခိုင်အမာကိုတည်ဆောက်ထားပါတယ်ဆိုတဲ့ မြေအောက်အဆောက်အအုံတွေက သူ့ရဲ့တိုက်ခိုက်မှုအောက်မှာ ပျက်စီးသွားကြရ တာဖြစ်ပါတယ်။
B-2 Spirit ဆိုတဲ့လေယာဉ်ကလည်း GBU-57 ဗုံးသီးတွေကိုသယ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ သူက တာဝေး ပြေးကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး တင်းကျပ်စွာကာကွယ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲကို တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ပြီး ရည်မှန်းချက်တာဝန်ကို ထမ်းဆောင်နိုင်စေဖို့ဒီဇိုင်းဆွဲထားတာပါ။ တောင်ပံအလျားက ၁၇၂ ပေနဲ့ ထွက်ခွာစဉ်တင်ဆောင်နိုင်တဲ့ အများဆုံးအလေးချိန်က ပေါင်ချိန် ၃၇၆၀၀၀ နီးပါးရှိပါတယ်။ General Electric ကုမ္ပဏီကထုတ်လုပ်ထားတဲ့ F118-GE-100 အင်ဂျင်လေးလုံးတပ် B-2 Spirit ဗုံးကြဲလေယာဉ်က ရေဒါကိုစုပ်ယူနိုင်စွမ်းရှိတဲ့ ကိုယ်ထည်နဲ့အတူ ပျံသန်းစဉ်တောင်ပံတွေက ရေဒါပုံရိပ်ဖော်မှုကိုအနိမ့်ဆုံး အထိလျှော့ချပေးနိုင်ပါတယ်။ B-2 Spirit ရဲ့တိုက်ပွဲဝင် နိုင်တဲ့အကွာအဝေးက မိုင်ပေါင်း ၃၅၀၀ အထိရှိတာပါ။ ဒါတောင်မှ လေယာဉ်ဆီထပ်မဖြည့်ဘဲ သွားနိုင်တဲ့အကွာအဝေးဖြစ်ပါတယ်။ ဝေဟင်ဆီဖြည့်လေယာဉ်ကြီးတွေရဲ့အကူအညီသာယူလိုက်ရင် သူ့ရဲ့စစ်ဆင်နိုင်တဲ့အကွာအဝေးက ကမ္ဘာကိုတောင်ပတ်လို့ ရလောက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ရေတပ်မှနျူကလီးယားစွမ်းအင်အသုံးပြုပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘောဖြစ်တဲ့ Ohio အတန်းအစား USS Georgia ရေငုပ်သင်္ဘောက BGM-109 Tomahawk မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်အစင်းပေါင်း ၃၀ ကို တည်နေရာအတိအကျမဖော်ပြထားတဲ့နေရာကနေ အီရန်နိုင်ငံအတွင်းရှိ နာတန့်နဲ့ အက်စဖာဟန် နျူကလီးယားအဆောက်အအုံနေရာများနဲ့ အခြားပစ်မှတ်နေရာများဆီပစ်လွှတ်လိုက်ပါတယ်။ ရေငုပ်သင်္ဘောရဲ့တည်နေရာကို မဖော်ပြထားပေမယ့်လည်းအဖြစ်နိုင်ဆုံးနေရာများက အာရေဘီယံပင်လယ်နဲ့ အိုမန်ပင်လယ်ကွေ့တို့မှဖြစ်နိုင်ပါတယ်။ USS Georgia ဆို တာ သမားရိုးကျတိုက်ခိုက်မှုများကိုလုပ်ဆောင်နိုင်စေဖို့အတွက်သာမက အထူးစစ်ဆင်ရေးများမှာပါ အထောက်အကူပြုနိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောတွေမှာ နျူကလီးယားဒုံးကျည်များကိုပစ်လွှတ်ဖို့ ဒုံးပစ်ပေါက်များပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုဖယ်ရှားပြီး ဒေါင်လိုက်ဒုံးပစ်ပေါက်များ တပ်ဆင်လိုက်မယ်ဆိုရင် Tomahawk ဒုံးကျည်စုစုပေါင်း ၁၅၄ စင်းအထိ တင်ဆောင်ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည် တင် ရေငုပ်သင်္ဘောက အလျားပေ ၅၆၀ နဲ့ တန်ချိန် ၁၈၀၀၀ ရှိပြီး နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကို အသုံးပြုထားတာကြောင့် ရေအောက်ထဲမှာအချိန် ကန့်သတ်ချက်မရှိ ငုပ်လျှိုးကာသွားလာနေနိုင်စွမ်းရှိပါတယ်။ အထူးတပ်ဖွဲ့ဝင်များအပါအဝင် စစ်သည် စုစုပေါင်း ၁၆၀ အထိတင်ဆောင်နိုင်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်တဲ့ အဲဒီရေငုပ်သင်္ဘောများဟာ အသံထွက်ရှိမှု နိမ့်ပါးလှတာကြောင့် အမေရိကန်ရေတပ်မှာရှိတဲ့ ကိုယ်ပျောက်စစ်ရေယာဉ်များအနက် အထင်ရှားဆုံး စစ်ရေယာဉ်များဖြစ်ပါတယ်။
အဲဒီရေငုပ်သင်္ဘောများကနေပစ်လွှတ်လိုက်တဲ့ Tomahawk ဒုံးကျည်များက တစ်စင်းကိုအလေးချိန် ပေါင် ၃၅၀၀၊ အလျား ၁၈ ဒသမ ၂၅ ပေရှိကာ အကွာ အဝေးအားဖြင့် မိုင်ပေါင်း ၉၃၀ မှာရှိတဲ့ပစ်မှတ်ကိုပင် ထိမှန်နိုင်စွမ်းရှိပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ထိပ်ဖူးက ပေါင်ချိန် ၁၀၀၀ ရှိပြီး ထိပ်ဖူးကတစ်လုံးတည်းဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်က အနိမ့်ပျံဒုံးကျည်လို့ဆိုထားတဲ့အတိုင်း မြေမျက်နှာပြင်အနိမ့်ပိုင်းကနေ ပျံသန်းတာဖြစ်တာကြောင့် တန်ဖိုးအားဖြင့်ကြီးမား လှတဲ့မြေပြင်ပစ်မှတ်များကို ထိရောက်မှုရှိစွာတိုက်ခိုက်နိုင်စေတာဖြစ်ပါတယ်။
အခုစစ်ဆင်ရေးမှာ လေကြောင်းအကူအညီအနေ နဲ့ EA-18G Growler အီလက်ထရွန်နစ်စစ်ဆင်ရေး လေယာဉ်လိုမျိုး အထောက်အကူပေးလေယာဉ်တွေ လည်းပါဝင်ပါတယ်။ EA-18G Growler ရဲ့စွမ်းရည် က ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိတာဖြစ် ပါတယ်။ ဒီလိုနည်းနဲ့ အီရန်ရဲ့ရေဒါနဲ့ဆက်သွယ်ရေးစနစ်များကို နှောင့်ယှက်ဟန့်တားလိုက်နိုင်တာဖြစ်ပါတယ်။ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်း ရေးစနစ်များအတွက်ကိုတော့ RQ-4 Global Hawk ဒရုန်းများနဲ့ RC-135 Rivet Joint လေယာဉ်များကိုအသုံးပြုရပါတယ်။ အဲဒီစနစ်တွေက ပစ်မှတ်ကို ချိန်ရွယ်မှုအတွက်အချက်အလက်တွေသာမက တိုက်ခိုက်ပြီးနောက် တိုက်ပွဲထိခိုက်မှုဆန်းစစ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီထောက်ပံ့ပေးနိုင်ပါတယ်။
ဒါကြောင့် အမေရိကန်တပ်မတော်က အခုစစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ခိုက်မှုလုပ်သွားတာဖြစ်တယ်လို့ပြောခဲ့တဲ့အတိုင်း အရင်ဆုံးအီရန်ရဲ့လေကြောင်း ရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားစေအောင်လုပ်ပါတယ်။ ပြီးတဲ့အခါ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်းမှုတွေလုပ်ပါတယ်။ အချက်အလက်တွေရရှိပြီးချိန်မှာ B-2 Spirit ဗုံးကြဲလေယာဉ်များက ဖျက်အားပြင်း GBU-57 ဗုံးများကိုကြဲချသလို တစ်ချိန်တည်းမှာပဲ ရေငုပ်သင်္ဘောကနေ Tomahawk ဒုံးကျည်အစင်း ၃၀ နဲ့မတူညီတဲ့ပစ်မှတ်များကို တစ်ပြိုင်နက်တည်းပစ်ခတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့အခုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် ထိရောက်မှုပမာဏဘယ်လောက်အထိရှိတယ်ဆိုတာကိုတော့ အတိအကျမသိရ သေးပါဘူး။
အီရန်က သူ့ရဲ့အရေးကြီးတဲ့စစ်လက်နက်ပစ္စည်းတွေ၊ ယူရေနီယံသန့်စင်စက်ရုံတွေကို နက်ရှိုင်းလှတဲ့ မြေအောက်အနက်ထဲမှာ ထားရှိထားတာဖြစ်တာ ကြောင့် အခုတိုက်ခိုက်မှုမှာ အီရန်ကဘယ်လောက် အတိုင်းအတာအထိ ဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတာကို အတိအကျမသိရတာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ တာဝန်ရှိသူတချို့က သူတို့အနေနဲ့ အမေရိကန်က ဝင်ရောက်တိုက်ခိုက်မှာကို ကြိုသိနေတဲ့အတွက် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို ဘေးကင်းရာဆီရွှေ့ပြောင်းထားတာကြောင့် ဘယ်လိုဆုံးရှုံးမှု ကြီးကြီးမားမားမှမရှိဘူးလို့ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးဘက်ကို အီရန်ကဒုံးကျည်များစွာနဲ့ပစ်ခတ် လိုက်တာတွေ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ အစ္စရေးနဲ့အီရန်တို့ဖြစ်တဲ့ ပြဿနာမှာ အမေရိကန်ဟာ မူလကအစ္စရေးဘက်ကနေပြီး နောက်ကွယ်ကနေပါဝင်ခဲ့ပေမယ့် အခုတော့သူကိုယ်တိုင်ပဲ သမိုင်းမှာတစ်ခါမှမသုံးဖူးတဲ့ဗုံးကို ပထမဆုံးအကြိမ်ထုတ်သုံးပြီး အီရန်ကိုတိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို တိုက်ရိုက်ဝင် ပါလာတာဖြစ်ပါတယ်။ ဒီလိုဝင်ပါမှုကြောင့်နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေရတဲ့ အရှေ့အလယ်ပိုင်း ဒေသတင်းမာမှုများက အခုထက်ပိုပြီးမြင့်တက်လာမှာအသေအချာပါပဲ။ ။
Ref: AR

အသက်ငယ်ငယ်ကလေးမတစ်ယောက် ဖုန်ထူထပ်နေသော ကြမ်းပြင်ပေါ်ထိုင်ပြီး သူမ ဖခင်၏ ဖိနပ်ကို ရင်ဘတ်တွင်ဖက်ထားလျက် ဒေါသထွက်ငိုကြွေးနေပါသည်။ ဘီဆန် ကွိုင်ဒါး (Bisan Qwaider) ကို မည်သူမျှ မနှစ်သိမ့်နိုင်ခဲ့ပေ။ သူမ၏ဖခင်သည် သူမနှင့် သူမ၏ဆာလောင်နေသည့် မောင်နှမငယ် ၁၀ ယောက်အတွက် အစားအစာရှာဖွေရင်း သေဆုံးသွားခဲ့ရသည်။

အဆိုပါအခိုက်အတန့်ကို တနင်္ဂနွေနေ့ (ဇွန် ၁၅) က ဓာတ်ပုံရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ခါလစ်ဒ် ရှာအာသ် (Khaled Sha’ath) က CNN ကို ပြောပြချက်အရ ဘီဆန်၏ဖခင် ရှာဒီ (Shadi) သည် မိသားစုနှင့်အတူ ဂါဇာတောင်ပိုင်း မာဝါစီ (Mawassi) ဒေသရှိ တဲတစ်လုံးထဲတွင်နေထိုင်ပြီး မကြာသေးမီ ကပင် ခါန်ယူနစ် (Khan Younis) ၏အရှေ့ဘက် မာအန် (Ma’an) ဒေသကို ထွက်ခွာသွားခဲ့သည်ဟု သိရပါသည်။
အဆိုပါဒေသကို သွားခြင်းသည် အန္တရာယ်များသည်ဆိုခြင်းကို ရှာဒီသိရှိထားပြီး မာအန်ဒေသသည် အစ္စရေး၏ ရွှေ့ပြောင်းအမိန့်အောက်တွင် ကြာမြင့်စွာရှိနေကာ အစ္စရေးတပ်များ၏ ဗုံးကြဲတိုက်ခိုက်မှု များလည်း ခံနေရသောနေရာဖြစ်သည်။သို့သော် အန္တရာယ်ရှိသည်ကို သိရှိထားသော်လည်း ၎င်း၏ကလေး ငယ်များ ဆာလောင်ငတ်မွတ်နေခြင်းကြောင့် အဆိုပါနေရာတွင် အစားအစာရနိုင်မည်ဟု ယုံကြည် ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဂါဇာသည် ယခုအချိန်တွင် အစာရေစာပြတ်လပ်မှု အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂထောက်ခံသည့် အစီရင်ခံစာတစ်ခု၌ ဂါဇာရှိ လူငါးယောက်တွင် တစ်ယောက်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး ဒေသတစ်ခုလုံးနီးပါး အစာငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် နီးစပ်နေပြီဟု သတိပေးထားပါသည်။ ကုလသမဂ္ဂအဆိုအရ လက်ရှိအချိန်တွင် အခြေအနေများ ပိုဆိုးရွားလာနေပါသည်။
ရှာအာသ်ပြောပြချက်အရ ရှာဒီသည် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့ပြီး တနင်္ဂနွေနေ့ (ဇွန် ၁၅) က ၎င်း၏အလောင်းကို အမှိုက်ပုံထဲမှ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေးဌာန၏ အဆိုအရ ၎င်းသည် မကြာသေးမီကပင် အစားအစာရှာဖွေစဉ် သေဆုံးခဲ့သော ရာနဲ့ချီသည့် လူများထဲမှ တစ်ဦးဖြစ်ပါသည်။
CNN က အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ထံ Ma’an ဒေသရှိ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ IDF မှ ဂါဇာမြေပုံတစ်ခုကို ပြန်လည်ပေးပို့ခဲ့ပြီး “စစ်မက်ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိ ဇုန်များ” ကို အနီရောင်ဖြင့် မှတ်သားထားသည်။ ၎င်းတွင် Ma’an ဒေသ အပါအဝင် ဂါဇာ၏ တစ်ဝက် ကျော်မျှပါဝင်နေသည်။ မေလနှောင်းပိုင်းတွင် အစ္စရေးသည် ဂါဇာကို ၁၁ ပတ်ကြာ လုံးဝပိတ်ဆို့ ထားမှုကို ယာယီရုတ်သိမ်းခဲ့သော်လည်း လူသားချင်းစာနာမှုအဖွဲ့များက ဝင်ရောက်လာသော အကူအညီမှာ လိုအပ်ချက်၏ အနည်းငယ်မျှသာ ဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က “အသက်ရှင်ရန် အခြေခံ လိုအပ်ချက်များကို ချက်ချင်းနှင့် အများအပြား ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါက ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ဘေးနှင့် လူအသက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်” ဟု လွန်ခဲ့သည့်သီတင်းပတ်က သတိပေးခဲ့သည်။
ဂါဇာရှိ လူသားချင်းစာနာမှုအရေးပေါ်အခြေအနေသည် ကမ္ဘာတစ်ဝှမ်း ဒေါသမီးများကို လှုံ့ဆော်ပေး ခဲ့ပြီး အစ္စရေး၏ မိတ်ဖက်နိုင်ငံများကပါ ဝေဖန်မှုများ စတင်လာသည်။
လွန်ခဲ့သည့်လက ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့မှ အစ္စရေးကို ဝေဖန်သည့် ရှားပါးသော ပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြန်ကာ ဂါဇာအခြေအနေ မတိုးတက်ပါက “ထိရောက်သော အရေးယူမှုများ” ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဗြိတိန်သည် အစ္စရေးနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ယာယီ ရပ်ဆိုင်းခဲ့ပြီး အနောက်ဘက်ကမ်းခြေရှိ နယ်မြေချဲ့ထွင်အခြေချသူများကို ဒဏ်ခတ်အရေးယူခဲ့သည်။ ဥရောပသမဂ္ဂကလည်း အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ပြန်လည်သုံးသပ် မည်ဟု ကြေညာခဲ့သည်။
အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဂါဇာပြည်သူများက ၎င်းတို့၏ ဒုက္ခကို ကမ္ဘာကအာရုံမစိုက်နိုင်တော့ဘဲ အစ္စရေးအပေါ် ဖိအားလျော့နည်းသွားမည်ကို စိုးရိမ်နေ ကြသည်။
“အစ္စရေးနဲ့ အီရန်စစ်ပွဲက လူတွေကကျွန်တော်တို့ကို အပြီးမေ့သွားစေတယ်။ အခုဘယ်သူမှ ကျွန်တော်တို့ဘက်ကို မကြည့်ကြတော့ဘူး။ အစားအစာ၊ ရေသန့်၊ ဘာမှမရှိတော့ဘူး။ နေ့တိုင်း လူတွေက အစားအစာ အရှာထွက်ကြတယ်၊ အဆုံးမှာတော့ သူတို့အလောင်းတွေကို အိတ်ထဲထည့် ပြန်သယ်လာရတယ်” ဟု မိုဟာမက်အမည်ရှိ ဂါဇာသားတစ်ဦးက တနင်္လာနေ့ (ဇွန် ၁၆) တွင် CNN ကို ပြောကြားခဲ့သည်။
အခြားဂါဇာသူတစ်ဦးဖြစ်သူ အွမ်မွတ်စ်တာဖာက “အီရန်နဲ့ အစ္စရေးကြား ပဋိပက္ခက ကျွန်မတို့ရဲ့ ဒုက္ခတွေကို နိုင်ငံတကာသတင်းတွေကနေ ပျောက်ကွယ်သွားစေတယ်” ဟု ရှင်းပြခဲ့သည်။
မွတ်စ်တာဖာက “ဂါဇာကမ်းမြောင်ဒေသကို မြေပုံကနေဖျက်ပစ်လိုက်ပြီလို့ဆိုရမယ့်တိုင် အခုလူတွေရဲ့ အာရုံက အစ္စရေး-အီရန်စစ်ပွဲကိုပဲ လှည့်သွားတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဂါဇာမြို့တော်နေသူ အဘူဂျူမာအာက “ဂါဇာအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဝင်ခွင့်ပြုဖို့ တောင်းဆိုနေတဲ့အသံတချို့ရှိပေမယ့် အစ္စရေး-အီရန်စစ်ပွဲကြောင့် ဂါဇာမှာ အစားနဲ့ရေရရှိဖို့ တောင်းဆို နေသူ ဘယ်သူမှမရှိတော့ဘူး” ဟု ဝမ်းနည်းစွာရှင်းပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှစတင်၍ ဂါဇာတွင် လူဦးရေ ၅၅,၃၀၀ ကျော်သေဆုံးပြီး
၁၂၈,၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထား သည်။
ဤအရေအတွက်များသည် လုံးဝအံ့အားသင့်စရာဖြစ်ပြီး ဂါဇာလူဦးရေ၏ ၂.၅% နီးပါးသေဆုံးခဲ့ ရပြီဖြစ်သည်။ (စစ်မဖြစ်မီ ဂါဇာတွင်နေထိုင်သူ ၄၀ တွင် ၁ ဦး သေဆုံးနေပြီဖြစ်သည်) The Lancet ဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှုအရ သေဆုံးသူအရေအတွက်သည် ဂါဇာအာဏာပိုင်များ ထုတ်ပြန်သည်ထက် ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။ အောက်တိုဘာ ၇ ရက်နေ့မှစ၍ အစ္စရေးက နိုင်ငံတကာသတင်းသမားများအား ဂါဇာသို့ လွတ်လပ်စွာသွားရောက်ခွင့်ကို တားမြစ်ထား ခြင်းကြောင့် CNN အနေဖြင့် အဆိုပါကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က အစ္စရေး၏ ကန့်သတ်မှုများကြောင့် အခြေခံ လိုအပ်ချက်ပစ္စည်းမျာရရှိရန် ပြည်သူများအခက်တွေ့နေကြောင်းထုတ်ပြန်ခဲ့သည်။အမေရိကန်နှင့် အစ္စရေးထောက်ခံသော Gaza Humanitarian Foundation (GHF) အဖွဲ့သည် အကူအညီ ဖြန့်ဖြူးရေးတွင် အခက်အခဲများရှိနေသည်။ GHF ကို အစ္စရေးက ဟားမက် အကူအညီများကို ခိုးယူ ရောင်းချပြီး အမြတ်ထုတ်နေသည်ဟူသော စွပ်စွဲချက်များကြားတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤအဖွဲ့သည် အငြင်းပွားဖွယ်ရာဖြစ်ပြီး ၎င်း၏လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရုန်းကန်နေရသည်။ Gaza Humanitarian Foundation (GHF) အဖွဲ့အပေါ် နိုင်ငံတကာအကူအညီအဖွဲ့များက “လုပ်ငန်းတာဝန်နှင့် မကိုက်ညီ” ဟု ဝေဖန်မှုများ ဆက်လက်ရှိ နေသည်။
မေလနှောင်းပိုင်းမှစ၍ GHF ၏ အကူအညီဖြန့်ဖြူးရေးစခန်းများ ဖွင့်လှစ်ခဲ့သော်လည်း ထိုနေရာ များသည် စစ်မက်ဖြစ်ပွားနေသော အန္တရာယ်ရှိဇုန်များ အနီးတွင် တည်ရှိပြီး၊ ဂါဇာကျန်းမာရေး အာဏာပိုင် များအဆိုအရ လူဦးရေ ၃၀၀ ကျော် သေဆုံးခဲ့သည်။
ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ပြောကြားချက်အရ အစ္စရေး အာဏာပိုင်များက အချို့သော ကုလသမဂ္ဂအဖွဲ့များနှင့် NGO များကိုသာ ဂါဇာသို့ အကူအညီ သယ်ယူခွင့် ကန့်သတ်ပေးထားသည်။ “အစားအစာ၊ အာဟာရထောက်ပံ့မှု၊ ကျန်းမာရေးပစ္စည်းနှင့် ရေသန့်စင်ပစ္စည်းအနည်းငယ်သာ” ဝင်ရောက်ခွင့်ပြုထားပြီး၊ခိုလှုံရန် ပစ္စည်း၊ သန့်ရှင်းရေးပစ္စည်းနှင့် ဆေးဘက်ဆိုင်ရာကိရိယာများကိုမူ ဆက်လက်တားမြစ်ထားသည်။
ဂါဇာတွင်နေထိုင်သူ အဘူမိုဟာမက် က “လူတွေမှာ စားစရာ၊ သောက်စရာ ဘာမှမရှိတော့ဘူး။ ဂျုံအိတ် တစ်အိတ်ရဲ့ ဈေးဟာ အရင်ကထက် အဆ ၃၀၀ ကနေ ၅၀၀ ပိုများနေပြီ... ကမ္ဘာကြီးက ကျွန်တော် တို့ကို အမှန်တကယ်မေ့သွားသလိုပဲ” ဟု CNN သို့ ဝမ်းနည်းစွာ ဖွင့်ဟလေသည်။
ဖခင်ဆုံးရှုံးခဲ့ရသည့် ဘီဆန် ကွိုင်ဒါး သည် သူမ၏ဖခင်၏ ဖိနပ်တစ်ဖက်ကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့ သည်။ ဖခင်အတွက် ငိုကြွေးရင်း၊ မိုးကုတ်စက်ဝိုင်းကို ကြည့်ကာ “ဘုရားသခင်က သင်တို့ကို တရားစီရင် ပါစေ” ဟု ကြွေးကြော်ခဲ့သည်။
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
ကိုးကား - https://edition.cnn.com/2025/06/16/middleeast/gaza-forgotten-israel-iran-conflict-latam-intl