ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မြန်မာနှင့် ဆီးဂိမ်း
-

ယခု အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဟု ခေါ်တွင်သော အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP Games) ကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စတင်ကျင်းပခဲ့သည်။

ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲ

အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကျင်းပရန် စဉ်းစားစိုင်းပြင်းခဲ့သည်မှာ ၁၉၅၈ ခုနှစ် တိုကျိုအာရှအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်စဉ်ကဖြစ်သည်။ ထိုင်းနိုင်ငံက ဦးဆောင် လှုံ့ဆော်ကာ မြန်မာ၊ လာအို၊ မလေးယား (ယခု မလေးရှား) တို့ကို ဖိတ်ကြားပြီး အိမ်နီးချင်းအရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ အားကစားတိုးတက်ရေးအတွက် အားကစားပြိုင်ပွဲတစ်ရပ် ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများမှ အားကစားသမားများသည် အာရှ အိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအတွေ့အကြုံ၊ အရည်အချင်းနှင့် စွမ်းရည်ပြည့်ဝရန်လိုအပ်သည်။ အဆိုပါအရည်အချင်း၊ စွမ်းရည်များပြည့်ဝရန် အတွက် အဆင့်အတန်းတူညီသည့် ကျွန်းဆွယ်နိုင်ငံအချင်းချင်း ယှဉ်ပြိုင်စမ်းသပ် အကဲခတ်ရန်လိုသည်။ ထို့ပြင် အာရှအိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ကြားတွင် ကျွန်းဆွယ်ပြိုင်ပွဲကို ပြုလုပ်ခြင်းဖြင့် ကျွန်းဆွယ်အားကစားသမားများ အဆင့်အတန်းကို ခန့်မှန်းနိုင်သည်စသည်ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ဗန်ကောက်မြို့၌ ပြုလုပ်ရန်နှင့် ပြိုင်ပွဲကို နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်ရန်၊ ကမ္ဘောဒီးယားနှင့် ထိုစဉ်က တောင်ဗီယက်နမ်တို့ကိုလည်း လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ၁၉၅၉ ခုနှစ် ဇွန်လတွင် ဗန်ကောက်မြို့၌ ကျွန်းဆွယ်အားကစားအဖွဲ့ချုပ် အစည်းအဝေး ပွဲတစ်ရပ်ပြုလုပ်ပြီး ပြိုင်ပွဲစည်းကမ်းများရေးဆွဲခဲ့ကြသည်။ ကမ္ဘာ့အားကစားအဖွဲ့ချုပ်များက အသိအမှတ်ပြုထားသော အားကစားပြိုင်ပွဲများကိုသာ ထည့်သွင်းကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် စင်ကာပူနိုင်ငံကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ သို့သော် ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ကျင်းပသည့်အခါ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ပြဿနာဖြစ်နေ၍ ကမ္ဘောဒီးယားက လာရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ချေ။

သို့ဖြစ်၍ ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲသို့ အိမ်ရှင် ထိုင်း၊ မြန်မာ၊ မလေးယား (ယခု မလေးရှား)၊ စင်ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံ စုစုပေါင်း ခြောက်နိုင်ငံမှသာ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့

မြန်မာနိုင်ငံအနေဖြင့်မူ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ စတင်သန္ဓေတည် ပေါ်ပေါက်လာရန်ကြိုးပမ်းခဲ့သည့် ဦးဆောင်နိုင်ငံပီပီ ပထမအကြိမ်ပြိုင်ပွဲမှ ယခုလာမည့် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတိုင်အကြိမ်တိုင်း မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့သည်။

အိမ်ရှင်နိုင်ငံအနေဖြင့်လည်း ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နေပြည်တော်၌လည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ အောင်မြင်မှုအစဉ်အလာနှင့် ရွှေရောင် တောက်ပခဲ့သော သမိုင်းမှတ်တမ်းကောင်းများစွာ ကိုလည်း ရေးထိုးနိုင်ခဲ့သည်။

ဗွေဆော်ဦးကျင်းပသည့် ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစား ပြိုင်ပွဲမှာပင် မြန်မာအားကစားအဖွဲ့သည် အုပ်ချုပ်သူ ၂၄ ဦး၊ အမျိုးသားအားကစားသမား ၉၈ ဦး၊ အမျိုးသမီးအားကစားသမား လေးဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၄ ခုဖြင့် စုစုပေါင်း ဆုတံဆိပ် ၄၀ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် ဒုတိယရရှိခဲ့သည်။

အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၃၅၊ ငွေ ၂၆၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၀၄ ခု ဆွတ်ခူး ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပထမရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၇၊ ကြေး ၁၈ ဖြင့် စုစုပေါင်း ၃၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။

ထိုင်းနိုင်ငံ၌ကျင်းပသည့် ၁၉၆၇ ခုနှစ် စတုတ္ထအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၁၁၊ ငွေ ၂၆၊ ကြေး ၃၂ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။

ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့

မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ဖြင့် စုစုပေါင်း ၁၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် ပထမရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၀၊ ငွေ ၂၈၊ ကြေး ၁၃ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ဆက်လက်ကျင်းပသည့် ၁၉၇၃ ခုနှစ် သတ္တမအကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေ ၂၈ ၊ ငွေ ၂၄၊ ကြေး ၁၅ ဖြင့် စုစုပေါင်း ၆၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။

ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၈၊ ငွေ ၃၅၊ ကြေး ၃၃ ဖြင့် စုစုပေါင်း ၉၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၄ နိုင်ငံအနက် တတိယရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၇ ခုနှစ် နဝမအကြိမ်ပြိုင်ပွဲတွင်မူ ကျွန်းဆွယ်မဟုတ်သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ပါဝင်လာ၍ ကျွန်းဆွယ်အမည်ဖြုတ်ပြီး အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သို့ရာတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုတို့ ပါဝင် ယှဉ်ပြိုင်ခြင်းမရှိ၍ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် စုစုပေါင်း ၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအားကစားအဖွဲ့က ရွှေ ၂၅၊ ငွေ ၄၂၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၁၀ ဆွတ်ခူးရရှိခဲ့ပြီး စတုတ္ထ ရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၉ ခုနှစ် ဒသမအကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၆၊ ငွေ ၂၆၊ ကြေး ၂၄ ဖြင့် စုစုပေါင်း ၇၆ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် တတိယရရှိခဲ့ သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၈၁ ခုနှစ် (၁၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၅၊ ငွေ ၁၉၊ ကြေး ၂၇ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၈၃ ခုနှစ် (၁၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၈၊ ငွေ ၁၅၊ ကြေး ၁၇ ဖြင့် စုစုပေါင်း ၅၀ ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။

ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၈၅ ခုနှစ် (၁၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၉၊ ကြေး ၃၄ ဖြင့် စုစုပေါင်း ၆၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၇ ခုနှစ် (၁၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၅၊ ကြေး ၂၁ ဖြင့် စုစုပေါင်း ၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၉ ခုနှစ် (၁၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၀၊ ငွေ ၁၄၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၄၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၉၁ ခုနှစ် (၁၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၁၆၊ ကြေး ၂၉ ဖြင့် စုစုပေါင်း ၅၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၉၃ ခုနှစ် (၁၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၁၃၊ ကြေး ၁၆ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၂၁၊ ကြေး ၃၇ ဖြင့်စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၉၇ ခုနှစ် (၁၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၃၄၊ ကြေး ၄၄ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၉ ခုနှစ် အကြိမ် (၂၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ ရွှေ ၃၊ ငွေ ၁၀၊ ကြေး ၁၀ ဖြင့် စုစုပေါင်း ၂၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၀၁ ခုနှစ် (၂၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၉၊ ငွေ ၁၄၊ ကြေး ၅၃ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၃ ခုနှစ် (၂၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၄၃၊ ကြေး ၅၀ ဖြင့်စုစုပေါင်း ၁၀၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၅ ခုနှစ် (၂၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၇၊ ငွေ ၃၄၊ ကြေး ၄၈ ဖြင့် စုစုပေါင်း ၉၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၂၀၀၇ ခုနှစ် (၂၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၄၊ ငွေ ၂၆၊ ကြေး ၄၇ ဖြင့် စုစုပေါင်း ၈၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

လာအိုနိုင်ငံ၌ ကျင်းပသည့် ၂၀၀၉ ခုနှစ် (၂၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၂၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၇၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၁ ခုနှစ် (၂၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၂၇၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၈၂ ခုဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

မြန်မာနိုင်ငံက တတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ မြန်မာ အားကစားအဖွဲ့သည် ရွှေ ၈၄၊ ငွေ ၆၃၊ ကြေး ၈၄ ဖြင့် စုစုပေါင်း ၂၃၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် ဒုတိယရရှိခဲ့သည်။

စင်ကာပူနိုင်ငံ၌ကျင်းပသည့် ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ‌ရွှေ ၁၂၊ ငွေ ၂၆၊ ကြေး ၃၁ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၇၊ ငွေ ၁၀၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၁၈၊ ကြေး ၅၁ ဖြင့် စုစုပေါင်း ၇၃ ခု ဆွတ်ခူးရရှိခဲ့ ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၉၊ ငွေ ၁၈၊ ကြေး ၃၅ ဖြင့် စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၁၊ ငွေ ၂၅၊ ကြေး ၆၈ ဖြင့် စုစုပေါင်း ၁၁၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။

အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့

ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်နှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုစာရင်းဇယားများကို လေ့လာ ကြည့်လျှင် မြန်မာအားကစားအဖွဲ့သည် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတို့တွင် ပထမ၊ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယ၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတို့တွင် တတိယဖြင့် အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့သည်။

ထို့အတူ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ဘရူနိုင်း နိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၉ ခုနှစ် အကြိမ် ၂၀ မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့ သည့် ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၄ ခု၊ ရွှေတံဆိပ် ၃ ခုနှင့် ရွှေတံဆိပ် ၄ ခုသာ ရရှိခဲ့၍ ကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ရွှေတံဆိပ် အနည်းဆုံးပြိုင်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပေ သည်။

ခေတ်ဦးကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်အများဆုံးဆွတ်ခူးရရှိရန် အဓိကဒေါက်တိုင်အဖြစ် မတည်ပေးခဲ့သော အားကစား နည်းများမှာ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘောအားကစားနည်းများ ဖြစ်ပေသည်။

ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဆိုလျှင် ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ ခုနှစ် အရှေ့ တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့တွင် ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ရုံမက ၁၉၆၆ ခုနှစ် နှင့် ၁၉၇၀ ပြည့်နှစ် အာရှအားကစားပြိုင်ပွဲချန်ပီယံ၊ ၁၉၆၈ ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲတွင် ဒုတိယ၊ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုတို့အပြင် ဖိတ်ခေါ်ဖလားပြိုင်ပွဲများ ချန်ပီယံဆုရှင်အဖြစ် အောင်မြင်မှုသမိုင်းအစဉ် အလာကြီးမားခဲ့သည်။

ထို့အတူ အလေးမအားကစားနည်းဆိုလျှင်လည်း ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခုနှင့် ကြေးတံဆိပ် ၁၈ ခုအနက် မြန်မာအလေးမအားကစားအဖွဲ့က ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခုဖြင့် အများဆုံးရယူပေး နိုင်ခဲ့သည်။

မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့ဆိုမူ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀၊ ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ထိုင်း၊ စင်ကာပူတို့ကို အနိုင်ရကာ ရွှေတံဆိပ် ၆ ခု ရယူဆွတ်ခူးပေးခဲ့ပြီး ကျွန်းဆွယ်နှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲများတွင် အောင်ပွဲအလီလီဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်ကြသည့် ဂျင်နီဖာတင်လေး(သံလုံးပစ်)၊ မမိုးစံ (တာတိုပြေး)၊ ဂျင်မီကရမ်တန်(တာလတ်ပြေး)၊ ရှင်မွေဂန်း(တာဝေးပြေး)၊ မမိုးအေး(ခ)ဂရေစီကား (ပြေးခုန်ပစ်)၊ စိုးမရ(ဝါးလုံးထောက်ခုန်)၊ မဖြူဖြူ (ဘော်လီဘော)၊ ကြည်ညွန့်(ကြက်တောင်)၊ တင်မောင်နီ(ရေကူး)၊ တင်ထွန်း(လက်ဝှေ့)၊ သိန်းမြင့် (လက်ဝှေ့)၊ ထွန်းမောင်(အလေးမ)၊ ချစ်မြ(အလေးမ)၊ ဦးစိန်လှိုင်(ဘောလုံး)၊ ဗဟာဒူး(ဘောလုံး)၊ တင်အောင် (ဘောလုံး)၊ လှဌေး(ဘောလုံး)တို့၏ အားကစားအောင်မြင်မှုများကို အားကစားကလောင်ရှင် ဆရာမောင်ရဲဝင်းက “မြန်မာ့အားကစား လူရည်ချွန်များ” အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။

ထို့အတူ အားကစားကလောင်ရှင်ဆရာ ဗဟိုသိမ်းဆောင်ကလည်း “အာရှဘောလုံးနှင့် မြန်မာ့ ကြယ်ပွင့်များ”အမည်ဖြင့် ဗဟာဒူး၊ ခင်မောင်ထွန်း (ဂိုး)၊ ဘပု၊ မောင်မောင်၊ တင်အေး၊ အောင်ခင်၊ ဝင်းမောင်နှင့် စိုးမြင့်တို့၏ ဘဝတစေ့တစောင်းကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။

အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့

တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားလူရည်ချွန်များသည် ယခုမျက်မှောက် ခေတ်ကဲ့သို့ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းကို မခံစား၊ မစံစားခဲ့ ကြရသော်လည်း နိုင်ငံနှင့် လူမျိုးအတွက်ဟူသည့် ခံယူချက်ဖြင့် အရိုးကြေကြေ အရေခန်းခန်း၊ မလျှော့ သောဇွဲလုံ့လ၊ ဝီရိယ၊ သတ္တိအပြည့်တို့ဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေးဘဲ အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့ကြပါသည်။

ကျွန်းဆွယ်အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မမိုးစံသည် အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်မကျ၊ “ငါ တစ်နေ့နိုင်ရမည်” ဟူသော ခံယူချက်ဖြင့် အောင်စိတ်မွေးပြီး ရည်မှန်းချက်ပြည့်ဝ စေရန် ဆက်လက်ကြိုးစားလေ့ကျင့်ခဲ့သည်။

Burma’s Golden Boy ဟု ကျွန်းဆွယ်အားကစားပြိုင်ပွဲများတွင် ထင်ရှားကျော်ကြားခဲ့သော အာရှနှင့် ကျွန်းဆွယ်အားကစားပြိုင်ပွဲ တာလတ်အပြေးချန်ပီယံ ဂျင်မီကရမ်တန်ဆိုလျှင် ဆဋ္ဌမ ကျွန်းဆွယ်ပြိုင်ပွဲတွင် ခြေနာနေသောဒဏ်ကြောင့် ဖိနပ်မစီးဘဲ ယှဉ်ပြိုင်ခဲ့ရာ ခြေထောက်မှ သွေးများယိုစီးနေသော်လည်း အားမာန်မလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါသည်။

သို့ဖြစ်၍ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် အာရှအဆင့်အားကစားပြိုင်ပွဲများ တွင် မြန်မာအားကစားမောင်မယ်များသည် တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားလူရည်ချွန်များကဲ့သို့ အရိုးကြေကြေ အရေခန်းခန်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်စိတ်မွေးမြူကာ အလှည့်ကျလျှင် မနွဲ့စတမ်း နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ကြပါစို့။ ။

MOI
 
အားကစားဝါသနာရှင်တစ်ဦး

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
-

လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊  ရဲရင့်ခြင်း၊  တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌  ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်မျ

လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊  ရဲရင့်ခြင်း၊  တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌  ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံက ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ  ဆုံးဖြတ်ချက်အမှတ်(၅၄/၁၂၀)ဖြင့် ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ဆီသို့”    ဟူ၍သတ်မှတ်ပေးထားသည်။ ထို့အတွက် အောက်ဖော်ပြပါအကြောင်းအရာများကို အသိပညာဗဟုသုတ ရရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်-

လူငယ်နှင့်ပညာရေး

လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပုံဖော်ပေးကြမည့်သူများဖြစ်ပြီး  အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့်နိုင်င ံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ် မှန်ကန်သူ၊   ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့်   လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။  လူငယ်များစနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၏အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ   ပေါများခြင်းပင်ဖြစ်သည်။  ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်သည်။

ပညာသင်ကြားခြင်းဆိုရာတွင် ကျောင်းသင်ခန်းစာများကို သင်ယူခြင်းအပြင် ကျောင်းပြင်ပသင်ယူခြင်းနှင့် အတွေ့အကြုံများမှ  ကိုယ်တိုင်လေ့လာ သင်ယူသွားကြရမည်ဖြစ်သည်။  ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန် ရပ်တည်ရန်အတွက်   မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု  အရည်အသွေးများကိုရရှိပြီး   စဉ်းစားတွေးခေါ်မှု၊    ပြဿနာကိုဖြေရှင်းတတ်မှု၊  ဝေဖန်ပိုင်းခြားတတ်မှု၊  တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု   စသည့်ပင်ကိုအရည်အသွေးများကို  ပိုင်ဆိုင်လာမည်ဖြစ်သည်။

အရည်အသွေးမြင့်သည့်   ပညာရပ်များကို တတ်ကျွမ်းသူများသည် ကောင်းမွန်သည့်အလုပ်အကိုင်ကောင်းများကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင်တတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊  ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေ

ရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို  အကောင်အထည်ဖော်လျက်ရှိသည်။  ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

လူငယ်နှင့်စာပေ

လူငယ်ဘဝ   ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောမည်ဆိုပါက လူငယ်နှင့်စာပေမှာ ခွဲခြား၍မရပေ။ လူငယ်များသည် စာပေနှင့်ပတ်သက်၍ ဖတ်ရှုလေ့လာခြင်း၊ ကြည့်ရှုလေ့လာခြင်းတို့ဖြင့် ရရှိလာသည့် ဗဟုသုတအတွေ့အကြုံများဖြင့် အနာဂတ်ဘဝကို ပုံဖော်ရမည်ဖြစ်သည်။

ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ  စာပေ၊  အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို  စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့်   ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊  အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊    အတွေးအခေါ်၊  ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ  ပိုမိုကောင်းမွန်စေရန်၊ဘဝအတွေ့အကြုံများကို  ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။   ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။

ကြည့်ရှုလေ့လာခြင်း(Observation and Study)ဆိုသည်မှာ မျက်စိ၊ နား သို့မဟုတ် အခြားအာရုံခံနိုင်သောကိရိယာများဖြင့် အရာဝတ္ထု၊ ဖြစ်စဉ်၊ အပြုအမူ သို့မဟုတ် ပတ်ဝန်းကျင်ကိုစနစ်တကျ သတိပြု၍ မှတ်သားကာ နားလည် သဘောပေါက်အောင်  ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ဘဝအတွေ့အကြုံနှင့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အဓိကလက္ခဏာများမှာ အာရုံစိုက်မှတ်သားခြင်း၊  အချက်အလက်စုဆောင်းခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း၊ ရလဒ်များကို သုံးချခြင်းတို့ဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အရေးပါမှုများမှာ သဘာဝတရားကို လေ့လာခြင်းဖြင့် နည်းပညာ အသစ်ျား  တီထွင်နိုင်ခြင်း၊  ဈေးကွက်လိုအပ်ချက်ကို လေ့လာပြီး စီးပွားရေးအစီအမံများ ရေးဆွဲခြင်း၊  အတွေ့အကြုံမှတစ်ဆင့် အမှားအမှန်ကို ဆင်ခြင်တတ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုလေ့လာခြင်းသည် လက်တွေ့ဘဝနှင့် သုတေသနလုပ်ငန်းများအတွက် အခြေခံကျသော စွမ်းရည်တစ်ရပ်ဖြစ်သည်။

လူငယ်နှင့် Social Mediaမြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook၊ TikTok၊ Instagram၊ YouTube စသည့် Social Media ပလက်ဖောင်းများကို အချိန်အကြာကြီး အသုံးပြုလျက်ရှိသည်။   အထူးသဖြင့်   စမတ်ဖုန်းများ လွယ်ကူစွာရရှိလာခြင်း၊    အင်တာနက်လိုင်းများ ပိုမိုမြန်ဆန်လာခြင်းတို့ကြောင့်  Social   Media အသုံးပြုမှုနှုန်းသိသိသာသာမြင့်တက်လာပါသည်။

Social Media ကိုအသုံးပြုခြင်းဖြင့် သတင်းအချက် အလက်နှင့်အသိပညာ ရရှိခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့်   ဆက်သွယ်နိုင်ခြင်း၊   အနုပညာ၊ စီးပွားရေးနှင့်ကိုယ်ရေးကိုယ်တာအခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ  ရရှိနိုင်သော်လည်း ထိခိုက်မှုများကိုမူ သတိကြီးစွာ ထားရပါမည်။

တစ်နေ့လျှင် ၂-၃ နာရီထက်မပိုစေရန် Screen Time ကို  ကန့်သတ်ခြင်း၊ Social Media ကို အလုပ်မစတင်မီ၊ အိပ်ရာမဝင်မီ အချိန်တိုသာသုံး၍ အချိန်စီမံခန့်ခွဲမှု(Time Management)ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဖုန်းနံပါတ်၊ လိပ်စာ)ကို Public မထားပါဘဲ  Privacy &  Security ကို အလေးထားခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံပြီး အားကစား၊ စာဖတ်ခြင်း၊ အနုပညာလှုပ်ရှားမှုများလုပ်ခြင်း၊  စကားပြောချိန်များများဖန်တီးပြီး  Real-Life Interaction ကို ဦးစားပေးခြင်း၊ Social Media အစား ပညာရေး၊ ကျန်းမာရေး၊ Skill Development ဆိုင်ရာ Page/Channel များကို  Follow လုပ်ကာ အသိပညာတိုးပွားစေရန် Positive Content များကို  ရွေးချယ်ကြည့်ရှုခြင်း၊  Fake News နှင့် အကြမ်းဖက်အကြောင်းအရာများကို Report & Block လုပ်ခြင်းတို့ဖြင့်  Social Media ကြောင့် ထိခိုက်မှုများမဖြစ်စေရန် ဆောင်ရွက်သင့်သည်။

လူငယ်နှင့်သိပ္ပံနည်းပညာ ခေတ်သစ်ကမ္ဘာတွင် နည်းပညာသည် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများကို အခြေခံမှပြောင်းလဲနေသည်။ လူငယ်များအနေဖြင့် နည်းပညာကိုအသုံးချ၍  ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ(Multi-Stakeholder Collaboration) မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်သည်။  နည်းပညာခေတ်တွင် လူငယ်များအနေဖြင့်  ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်  ဒစ်ဂျစ်တယ်နည်းလမ်းများက အရေးပါလာသည်။ လူငယ်များသည် Zoom၊ Slack၊ Trello၊ Microsoft Teams စသည့် Online Colla-boration Tools များကိုအသုံးပြု၍  အုပ်စုလိုက်ဆွေးနွေးခြင်း(Virtual Meetings)၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း(Task Management)၊ ပရောဂျက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခြင်း(Real-Time Collaboration) စသည့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့်  အဝေးမှပူးပေါင်း အလုပ်လုပ်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ 

ဒေတာမျှဝေခြင်း(Cloud Computing & AI)ဖြင့်  အချက်အလက်များ လျင်မြန်စွာဆွေးနွေးနိုင်ခြင်းဖြင့် Cloud Storage (Google Drive၊ Dropbox) ဖြင့် ဖိုင်များကို အဖွဲ့ဝင်အားလုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ AI-Based Tools (ChatGPT၊ Notion AI)များဖြင့် အလိုအလျောက် အချက်အလက်စုစည်းခြင်း၊   အစီရင်ခံစာများပြုစုခြင်း စသည့်နည်းပညာသည် အချက်အလက် မျှဝေမှုကို လွယ်ကူမြန်ဆန်စေသည်။   လူငယ်များသည် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍   အခမဲ့အွန်လိုင်းသင်တန်းများ(Coursera၊ edX၊  Khan Academy)တက်ရောက်ကာ   ကျွမ်းကျင်မှုများ တိုးတက်အောင်လုပ်ခြင်း၊  Facebook  Groups၊ LinkedIn၊ Discord စသည့်အသိုင်းအဝိုင်းများတွင် ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း၊ Mentorship ရယူခြင်း စသည့်အွန်လိုင်းပညာရေးနှင့်လူမှုအသိုင်းအဝိုင်းများမှ တစ်ဆင့် အသိပညာဖလှယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။                            

လူငယ်နှင့် Game

မြန်မာနိုင်ငံရှိ   လူငယ်အများအပြားသည် အွန်လိုင်း/အော့ဖ်လိုင်းဂိမ်းများကို အချိန်ကြာမြင့်စွာကစားခြင်း၊ စွဲလမ်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် Mobile Legends၊ Free Fire၊ PUBG၊ Roblox စသည့် Online Multiplayer Games များကို အလွန်အကျွံကစားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊  လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။   ဂိမ်းကစားချိန်များလွန်းပါက စာကျက်ချိန်နည်းပြီး စာမေးပွဲအမှတ်ကျဆင်းကာ ပညာရေးတွင် နောက်ကျကျန်ရစ်နိုင်သည်။   ဂိမ်းကစားပြီးနောက် စာသင်ခန်းတွင် စိတ်မပါဖြစ်ကာ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ သင်ယူမှုစွမ်းရည်ကျဆင်းခြင်းများဖြစ်တတ်သည်။ 

မိဘအုပ်ထိန်းသူများ၊ ဆရာများအနေဖြင့်  လူငယ်များ အလွန်အကျွံ Game ကစားခြင်းမှ ကာကွယ်ရန်အတွက်  ကလေး၏  Screen Time ကို တစ်နေ့ ၂-၃ နာရီထက် မပိုစေရန်ကန့်သတ်ခြင်း၊ အခြားအားကစား/အနုပညာ လှုပ်ရှားမှုများကို အားပေးခြင်း၊ ပညာရေးတွင် အာရုံစူးစိုက်မှုပိုမို ရရှိလာအောင်  အချိန်ပေးခြင်းတို့ဆောင်ရွက်သင့်သည်။  

လူငယ်နှင့် မူးယစ်ဆေးဝါး လူငယ်လူရွယ်များကို လုံးဝဖျက်ဆီးပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့်  တက္ကသိုလ်၊ ဒီဂရီကောလိပ်၊  ကောလိပ်များ၊  ပညာရေးဒီဂရီကောလိပ်များ၊  အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင်  မူးယစ်ဆေးဝါးကင်းစင် နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ၊  ပြပွဲ၊  ပြိုင်ပွဲများနှင့်လူငယ် စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  အသိပညာပေး ဘုတ်များ  စိုက်ထူခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်သည်။   ယနေ့ခေတ်သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့်ကစားခုန်စား လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစားသင်တန်းများ    တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း စသောအားလပ်ချိန်အား အကျိုးရှိစွာ အသုံးချမှုများသည် လူငယ်များ၏စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှသည်။

လူငယ်နှင့်အားကစားအနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ(အခြေခံနှင့်အဆင့်မြင့်)အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့်လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းတို့သည်    နိုင်ငံတော်ကို အားကစားဖြင့်   အကျိုးပြုနေသည့်အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။

လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးကိုညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လူငယ်များကို  အထူးအလေးထားသောအားဖြင့် လူငယ်များ၏အနာဂတ်ကောင်းများကို ဖန်တီးတည်ဆောက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူခြင်းနှင့်အတူ  အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် လူငယ်များသည် အပြောင်းအလဲ၏ အဓိကမောင်းနှင်အားများအဖြစ်ပေါ်ထွက်လာပြီး နိုင်ငံတကာစိန်ခေါ်မှုများကို   ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာနှင့်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၏ စွမ်းအားကို အသုံးချနေကြသည်။

၂၀၃၀ ပြည့်နှစ်တွင်  လူငယ်လူဦးရေသည် ကမ္ဘာ့လူဦးရေစာရင်း၏ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟုခန့်မှန်းထားပြီး လူငယ်များအား ဆုံးဖြတ်ချက်ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍများ ပါရှိသည့်လူငယ်များအား အခွင့်အာဏာပေးရန်  အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤလူဦးရေ အပြောင်းအရွှေ့သည်  ဘက်စုံမူဝါဒများ၏အကျိုးခံစားခွင့်များသာမက လူငယ်များကို ပုံဖော်ရာတွင် မရှိမဖြစ်မိတ်ဖက်များ အဖြစ်နေရာယူထားသည်။

လူငယ်များနှင့် အောင်မြင်ရေး

လူငယ်များသည် နည်းပညာ၏ အရှိန်အဟုန်ကို အသုံးချ၍ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများကို   ဦးဆောင်နိုင်စွမ်းရှိသည်။  ဒစ်ဂျစ်တယ်စွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့်  လူမှုအသိုင်းအဝိုင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့သော    ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်၏သော့ချက်ဖြစ်သည်ဆိုပါက နည်းပညာက ထိုသော့ကို ပိုမိုလွယ်ကူစွာ  လှည့်နိုင်စေမည်ဖြစ်သည်။

ထို့ကြောင့်   မိဘ၊ ဆရာများအနေဖြင့် လူငယ်များ၏ဘဝကောင်းမွန်စွာ   ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက်  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို  တိုးတက်ကောင်းမွန်လာအောင်   စနစ်တကျပြုစုပျိုးထောင်ကြရန်  အလွန်အရေးကြီးသလို ယနေ့ခတ်လူငယ်များအနေဖြင့်လည်း   မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင်   လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာ အနာဂတ်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မည့် လူငယ်လူရွယ်    လူကောင်းလူတော်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၅ ခုနှစ်   ဩဂုတ်လ  ၁၂  ရက်တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။    ။

MWD

အမည်မသိ

ရေကိုကြည့်လျှင် စိတ်ကြည်လင်
-

အသက်ရှည်သူတို့၏ ပတ်ဝန်းကျင်တွင် စီးဆင်းနေသောရေပြင်ကို တွေ့ရစမြဲဖြစ်သည်။   လေကောင်းလေသန့်ရှိသော နေရာမျိုးဖြစ်သည်။   မွန်းကျပ်ခြင်းကင်းသော ကွင်းပြင်သည် တစ်ဖက်တွင်ရှိပြီး   ကျောထောက်နောက်ခံ သဖွယ်ဖြစ်သော တောင်တန်းသည်  အဝေးတစ်နေရာတွင် တွေ့မြင်နေရသည်။    တောင်ပေါ်မှ စီးဆင်းလာသော    ရေနှင့်     ကွင်းပြင်မှ ဖြတ်တိုက်လာသောလေတို့ ပေါင်းဆုံရာ နေရာဖြစ်သည်။

ရေကို မြင်ရသောနေရာသည် အသက်ရှည်စေသည့်နေရာ၊ ရေစီးသံကို ကြားနေရသော နေရာသည် အသက်ရှည် စေသောအသံ၊ ရေကိုစိမ်ချိုးရခြင်းသည် အသက်ရှည်ခြင်းအကြောင်း၊ ကြည်လင် သောရေကို   သောက်သုံးရခြင်းသည် ကျန်းမာခြင်း၏အကြောင်း၊ အေးမြသော ရေကိုသောက်သုံးရခြင်းသည် အပူအပင် ကင်းခြင်းအကြောင်း၊ သန့်စင်သောရေကို သောက်သုံးရခြင်းသည် ခွန်အားကိုဖြစ်စေ ခြင်းအကြောင်းဟု ရှေးအယူအဆများသည် ယနေ့အထိမှန်ကန်နေမြဲဖြစ်သည်။

မြို့ပြ၏မွန်းကျပ်မှုများတွင် မည်မျှပင် ဝင်ငွေကောင်းပါစေ အသက်ရှည်ကျန်းမာ ရန်မလွယ်ကူနိုင်ပါ။ နေ့စဉ်တွေ့ကြုံနေရ သည့် မော်တော်ယာဉ်နှင့် စက်ရုံများမှထုတ်လွှတ်သော ကာဗွန်အခိုးအငွေ့များ၊ ပိုက်နှင့်သွယ်တန်းထားသည့်  ပိုးသတ် ဆေးခတ်ထားသောရေများ၊ လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ၊ လက်ကိုင်ဖုန်း များ၊ တုန်ခါဆူညံသောအသံများကို   တစ်နာရီခံစားရလျှင် ငါးမိနစ် အသက်တိုစေမည့် အကြောင်းအရာများဖြစ်သည်။

ထိုသို့သောနေရာ၌ နေထိုင်သူများ သည် အလုပ်အားလပ်ချိန်တွင် မြို့ပြင်သို့ ထွက်ပြီး  လယ်ကွင်းပြင်၊   မြစ်ချောင်းရှိ သောနေရာများသို့ အသက်ရှူရန် သွားသင့်သည်။  မြစ်ဆိပ်နှင့်နီးလျှင်  မြစ်ဆိပ်သို့သွားပြီး  ရေလယ်တွင်  သွားလာနေသော လှေ၊ သင်္ဘောများကိုကြည့်ခြင်းဖြင့် စိတ်ပူ ပန်မှုများကို လျော့ကျစေနိုင်သည်ဟု အဆိုရှိသည်။    ရေပြင်တွင်    စီးမျောနေ သောအရာကိုကြည့်လျှင် စိတ်ပူပန်မှုများ ကိုလျော့ကျစေသည်။ စိတ်တင်းကျပ်မှု များကို ပြေလျော့စေသည်။

တစ်ခါတစ်ရံ တကယ့်ရေပြင်မြစ်ဆိပ် ကိုမသွားရောက်နိုင်သည့်အခါ ပန်းချီကားထဲမှ ရှုခင်းကပင် စိတ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သည်။

ပန်းချီပြပွဲတစ်ခုတွင်   တွေ့ခဲ့ဖူးသော ပန်းချီကားတစ်ချပ်ကို    အမှတ်ရမိသေး သည်။ ပန်းချီ၊ ပန်းပုကျောင်းဆင်းသင်တန်း သားတစ်ဦး၏လက်ရာဖြစ်သည်။ မြစ်ကမ်း ဆိပ်တစ်ခုတွင် အဝတ်လျှော်နေသူ မိန်းမ တစ်ဦး၊ ရေချိုးနေသူကလေးငယ်နှစ်ဦးနှင့် ဝါးဖောင်များကို ရေးဆွဲထားသည်။ အလွန် အသက်ဝင်ပြီး သဘာဝကျသောရေဆေး ပန်းချီကားဖြစ်သည်။

ရေပြင်ကိုမြင်ရသဖြင့်    စိတ်ကိုနူးညံ့ ပျော့ပျောင်းစေသည်။ သို့သော် စိတ်အား ငယ်စေခြင်းကား မဟုတ်ပါ။ အမေရိကန် စစ်ဘက်ဆိုင်ရာ စိတ်ပညာသုတေသီတို့၏ လေ့လာတွေ့ရှိချက်များအရ မိမိကိုယ်မိမိ သတ်သေသောစစ်သားများသည် မြေပြင် နှင့် သဲကန္တာရတို့တွင် တာဝန်ထမ်းဆောင်  ရသူများဖြစ်လေ့ရှိပြီး ရေတပ်စစ်သင်္ဘောကြီးများနှင့်   ပင်လယ်ပြင်တွင်   တာဝန်ထမ်းဆောင်နေသူသင်္ဘောသားများမှာ   မိမိကိုယ်ကိုသတ်သေမှု အလွန်နည်းကြောင်း     လေ့လာတွေ့ရှိရသည်ဟုဆိုသည်။   ဤသည်မှာ   ရေပြင်မှပေးသော စိတ်ချမ်းသာမှုဖြစ်သည်။

စိတ်ပညာရှင်များ၏အဆိုအရ အပန်း ဖြေခရီးထွက်ကြသူများအတွက် အသင့် လျော်ဆုံး၊  စိတ်ချမ်းသာမှုအပေးနိုင်ဆုံး နေရာမှာ ကမ်းခြေဟိုတယ်နှင့် အပန်းဖြေ စခန်းများဖြစ်သည်။ မြန်မာနိုင်ငံတွင် ငွေဆောင်၊ ချောင်းသာ၊   မောင်းမကန်စသော   အပန်းဖြေစခန်းများရှိသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း   ပတ္တရား စသော ကမ်းခြေများသည်  ကမ္ဘာလှည့်ခရီးသည်များ   အလည်ပတ်ဆုံး ပင်လယ်ကမ်းခြေ များဖြစ်သည်။

စာရေးသူ၏ မွေးရာဇာတိမြို့ငယ်လေးမှာ ရန်ကုန်တိုင်းဒေသကြီး အစွန်အဖျားမှ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ မြို့လယ်တွင်  နှစ်ဖာလုံပတ်လည်ခန့် ကျယ်သည့် ရေကန်ကြီးရှိသည်။  တစ်မြို့လုံးက သောက်သုံးရေကို  ထိုရေကန်ကြီးမှ လာခပ်ကြသည်။    ရေစည်လှည်းများနှင့် ရေခပ်သူ  ပျိုဖြူများဖြင့်  ညနေနေဝင်ချိန် တွင်   စည်ကားလှသည်။  ကန်လယ်တွင် ကြာဖြူ၊ ကြာနီပန်းများ ပွင့်လျက်ရှိသည်။ ငယ်စဉ်က နေဝင်ချိန်ကို ထိုကန်ပေါင်ပေါ် ထိုင်ပြီး ရေပြင်အရိပ်မှတစ်ဆင့်ကြည့်ရ ခြင်းကို အသက်ကြီးသောအခါ မကြာခဏ သတိရမိပါသည်။

အဆုတ်ရောဂါ၊   နှလုံးရောဂါ၊ ပန်းနာ ရောဂါ  စသည့်ရောဂါရှိသူများသည် အသက်ပြင်းပြင်းရှူသော   လေ့ကျင့်ခန်းကို    နှစ်ရှည်လများ   မှန်မှန်ပြုလုပ်လျှင် ရောဂါလုံးဝ ပျောက်ကင်းသွားသူများ  ရှိကြောင်း  အထောက်အထားများလည်းရှိသည်။

အသက်ရှူလေ့ကျင့်ခန်း    ပြုလုပ်မည့် နေရာသည် ရေပြင်ကို မျက်နှာပြုပြီး လေ တိုက်ခတ်သောအချိန်တွင်ပြုလုပ်လျှင် ပို၍ကောင်းသည်။  ရေပြင်မှဖြတ်သန်း တိုက်ခတ်လာသောလေသည် ပိုမိုအေးမြ သန့်ရှင်းပြီး အဆုတ်မှ သွေးလှည့်အဖွဲ့ကို အားကောင်းစေသည်။   အောက်ဆီဂျင် ဓာတ်ကို အပြည့်အဝရရှိစေနိုင်သည်။

အသက်ရှူလေ့ကျင့်ပေးသောဆရာ များ၏အဆိုမှာ  အသက်ကို ခပ်ပြင်းပြင်း  ရှူသွင်းပြီး   ခေတ္တမျှအောင့်ထားပါ။    ပြန်ထုတ်သောအခါ  ပါးစပ်ဟပြီး    လေကုန်အောင် ပြန်ထုတ်ပါ။ ရှူလျှင် နှာခေါင်းဖြင့် အားပါးတရရှူပြီး ပြန်ထုတ်လျှင် ပါးစပ်မှ ပြန်ထုတ်ရမည်ဟု ဆိုလိုသည်။

ဤအသက်ရှူနည်းကို မှန်မှန်တစ်လခန့် ပြုလုပ်ပြီးသောအခါ နှလုံးနှင့်ရင်ဘတ် အောင့်သူ၊  အမောရောဂါရှိသူ၊ ရင်ကျပ်ရောဂါရှိသူများ  ကောင်းစွာသက်သာသွား ကြောင်း သိရသည်။

အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်သောအချိန်မှာ နံနက်စောစော   နေထွက်ခါစ အချိန်တွင် ပို၍ကောင်းသည်။ ညနေပိုင်း အချိန်တွင်လည်း ပြုလုပ်နိုင်သည်။

အသက်ရှူလေ့ကျင့်ခန်း   ပြုလုပ်ချိန်တွင် တင်းကျပ်သော အင်္ကျီ၊  ဘောင်းဘီများမဝတ်ဆင်ဘဲ  ပွ၍ချောင်ချိသော  အဝတ်အထည်များ၊ ချည်ထည်များ ဝတ်ဆင်ခြင်းက ပို၍ကောင်းသည်။

ရှေးက ယောဂီများသည် ရေဆိပ်၊ မြစ် ဆိပ်ရှိ သစ်ပင်ကြီးများအောက်တွင် တင် ပျဉ်ခွေထိုင်ပြီး အချိန်ကြာမြင့်စွာ ရေက သိုဏ်းရှုသည်ဟု ဖတ်ခဲ့ဖူးသည်။ ရသေ့ ကြီးများမှာလည်း ဤနည်းကို ကျင့်ကြံကြ ကြောင်း  တွေ့ရသည်။ ဤနည်းသည် နိဗ္ဗာန်ရောက်ကြောင်း သမထနည်းမဟုတ် နိုင်ပေ။  ယောဂ  ခေါ်  ကျင့်စဉ်များနှင့်တူသည်။ ဝိဇ္ဇာလိုင်းကျင့်စဉ်တချို့တွင်လည်း ရေကသိုဏ်းရှုနည်းရှိသည်။  အသက်ရှည်အောင်၊ အနာမဲ့အောင်ကျင့်ကြံသော နည်းလမ်းများဖြစ်သည်။

ရေသည်   အရောင်၊  အဆင်း၊  အနံ့၊ အရသာမရှိဟုဆိုသည်။   မူလဓာတ်မှာ သီတဓာတ်ဖြစ်သဖြင့် အအေးကိုပေးသည် မှာ   အမှန်ပင်ဖြစ်သည်။  အပူမှန်သမျှကို အအေးဓာတ်ဖြင့်   ငြှိမ်းနိုင်သည်။  အေး သောအရာကိုမြင်ရုံမျှဖြင့်    စိတ်ထဲတွင်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။

လောကသဘာဝ အလုပ်တာဝန်ဝတ္တရား အမျိုးမျိုးတို့၏ဒဏ်ကြောင့် စိတ် ဖိစီးမှုများရှိသောအခါ စိတ်ဖြေလျော့မှုပြုလုပ်ပေးရန် လိုအပ်သည်။ အပန်းဖြေရန် လိုအပ်သည်။ မွန်းကျပ်မှုမှ ထွက်ပေါက်ပေးရန် လိုအပ်သည်။ ထိုသို့ ထွက်ပေါက်မပေးနိုင်သည့်အခါ ပေါက်ကွဲမှုဖြစ်တတ်သည်။  ဒေါသကြောင့်   ပူလောင်မှုဖြစ်ရတတ်သည်။

ထိုသို့ဖြစ်ရသောအခါမျိုးတွင်      အပူ သောကများ ဖြေလျော့စီးမျောသွားစေရန် အကြံပေးလိုသည်မှာ မြစ်ဆိပ်၊ ချောင်း၊ ရေကန် စသည်တစ်ခုခုသို့သွားပါ။ ရေပြင် ကိုကြည့်ပါ။ မိမိအပူအပင်သောကမီးမှန် သမျှ ထိုရေပြင်ထဲသို့ ပစ်ချလိုက်သည်ဟု စိတ်ကမှတ်ယူကြည့်ပါ။ ကြည်လင်သော ရေပြင်သည်   သင့်စိတ်ကို ကုစားနိုင်သည့် ကြေးမုံပြင် တစ်ချပ်ဖြစ်လာပါလိမ့်မည်။

MWD

Photo Crd- Unsplash

ကြည်လွင်မြင့်(မုဒြာ)

ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ  စာပေ၊  အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို  စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့်   ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊  အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊    အတွေးအခေါ်၊  ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ  ပိုမိုကောင်းမွန်စေရန်၊   ဘဝအတွေ့အကြုံများကို  ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။   ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။

ကြည့်ရှုလေ့လာခြင်း(Observation and Study)ဆိုသည်မှာ မျက်စိ၊ နား သို့မဟုတ် အခြားအာရုံခံနိုင်သောကိရိယာများဖြင့် အရာဝတ္ထု၊ ဖြစ်စဉ်၊ အပြုအမူ သို့မဟုတ် ပတ်ဝန်းကျင်ကိုစနစ်တကျ သတိပြု၍ မှတ်သားကာ နားလည် သဘောပေါက်အောင်  ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ဘဝအတွေ့အကြုံနှင့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အဓိကလက္ခဏာများမှာ အာရုံစိုက်မှတ်သားခြင်း၊  အချက်အလက်စုဆောင်းခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း၊ ရလဒ်များကို သုံးချခြင်းတို့ဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အရေးပါမှုများမှာ သဘာဝတရားကို လေ့လာခြင်းဖြင့် နည်းပညာ အသစ်ျား  တီထွင်နိုင်ခြင်း၊  ဈေးကွက်လိုအပ်ချက်ကို လေ့လာပြီး စီးပွားရေးအစီအမံများ ရေးဆွဲခြင်း၊  အတွေ့အကြုံမှတစ်ဆင့် အမှားအမှန်ကို ဆင်ခြင်တတ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုလေ့လာခြင်းသည် လက်တွေ့ဘဝနှင့် သုတေသနလုပ်ငန်းများအတွက် အခြေခံကျသော စွမ်းရည်တစ်ရပ်ဖြစ်သည်။

လူငယ်နှင့် Social Mediaမြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook၊ TikTok၊ Instagram၊ YouTube စသည့် Social Media ပလက်ဖောင်းများကို အချိန်အကြာကြီး အသုံးပြုလျက်ရှိသည်။   အထူးသဖြင့်   စမတ်ဖုန်းများ လွယ်ကူစွာရရှိလာခြင်း၊    အင်တာနက်လိုင်းများ ပိုမိုမြန်ဆန်လာခြင်းတို့ကြောင့်  Social   Media အသုံးပြုမှုနှုန်းသိသိသာသာမြင့်တက်လာပါသည်။

Social Media ကိုအသုံးပြုခြင်းဖြင့် သတင်းအချက် အလက်နှင့်အသိပညာ ရရှိခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့်   ဆက်သွယ်နိုင်ခြင်း၊   အနုပညာ၊ စီးပွားရေးနှင့်ကိုယ်ရေးကိုယ်တာအခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ  ရရှိနိုင်သော်လည်း ထိခိုက်မှုများကိုမူ သတိကြီးစွာ ထားရပါမည်။

တစ်နေ့လျှင် ၂-၃ နာရီထက်မပိုစေရန် Screen Time ကို  ကန့်သတ်ခြင်း၊ Social Media ကို အလုပ်မစတင်မီ၊ အိပ်ရာမဝင်မီ အချိန်တိုသာသုံး၍ အချိန်စီမံခန့်ခွဲမှု(Time Management)ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဖုန်းနံပါတ်၊ လိပ်စာ)ကို Public မထားပါဘဲ  Privacy &  Security ကို အလေးထားခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံပြီး အားကစား၊ စာဖတ်ခြင်း၊ အနုပညာလှုပ်ရှားမှုများလုပ်ခြင်း၊  စကားပြောချိန်များများဖန်တီးပြီး  Real-Life Interaction ကို ဦးစားပေးခြင်း၊ Social Media အစား ပညာရေး၊ ကျန်းမာရေး၊ Skill Development ဆိုင်ရာ Page/Channel များကို  Follow လုပ်ကာ အသိပညာတိုးပွားစေရန် Positive Content များကို  ရွေးချယ်ကြည့်ရှုခြင်း၊  Fake News နှင့် အကြမ်းဖက်အကြောင်းအရာများကို Report & Block လုပ်ခြင်းတို့ဖြင့်  Social Media ကြောင့် ထိခိုက်မှုများမဖြစ်စေရန် ဆောင်ရွက်သင့်သည်။

လူငယ်နှင့်သိပ္ပံနည်းပညာ ခေတ်သစ်ကမ္ဘာတွင် နည်းပညာသည် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများကို အခြေခံမှပြောင်းလဲနေသည်။ လူငယ်များအနေဖြင့် နည်းပညာကိုအသုံးချ၍  ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ(Multi-Stakeholder Collaboration) မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်သည်။  နည်းပညာခေတ်တွင် လူငယ်များအနေဖြင့်  ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်  ဒစ်ဂျစ်တယ်နည်းလမ်းများက အရေးပါလာသည်။ လူငယ်များသည် Zoom၊ Slack၊ Trello၊ Microsoft Teams စသည့် Online Colla-boration Tools များကိုအသုံးပြု၍  အုပ်စုလိုက်ဆွေးနွေးခြင်း(Virtual Meetings)၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း(Task Management)၊ ပရောဂျက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခြင်း(Real-Time Collaboration) စသည့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့်  အဝေးမှပူးပေါင်း အလုပ်လုပ်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ 

ဒေတာမျှဝေခြင်း(Cloud Computing & AI)ဖြင့်  အချက်အလက်များ လျင်မြန်စွာဆွေးနွေးနိုင်ခြင်းဖြင့် Cloud Storage (Google Drive၊ Dropbox) ဖြင့် ဖိုင်များကို အဖွဲ့ဝင်အားလုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ AI-Based Tools (ChatGPT၊ Notion AI)များဖြင့် အလိုအလျောက် အချက်အလက်စုစည်းခြင်း၊   အစီရင်ခံစာများပြုစုခြင်း စသည့်နည်းပညာသည် အချက်အလက် မျှဝေမှုကို လွယ်ကူမြန်ဆန်စေသည်။   လူငယ်များသည် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍   အခမဲ့အွန်လိုင်းသင်တန်းများ(Coursera၊ edX၊  Khan Academy)တက်ရောက်ကာ   ကျွမ်းကျင်မှုများ တိုးတက်အောင်လုပ်ခြင်း၊  Facebook  Groups၊ LinkedIn၊ Discord စသည့်အသိုင်းအဝိုင်းများတွင် ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း၊ Mentorship ရယူခြင်း စသည့်အွန်လိုင်းပညာရေးနှင့်လူမှုအသိုင်းအဝိုင်းများမှ တစ်ဆင့် အသိပညာဖလှယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။                            

လူငယ်နှင့် Game

မြန်မာနိုင်ငံရှိ   လူငယ်အများအပြားသည် အွန်လိုင်း/အော့ဖ်လိုင်းဂိမ်းများကို အချိန်ကြာမြင့်စွာကစားခြင်း၊ စွဲလမ်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် Mobile Legends၊ Free Fire၊ PUBG၊ Roblox စသည့် Online Multiplayer Games များကို အလွန်အကျွံကစားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊  လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။   ဂိမ်းကစားချိန်များလွန်းပါက စာကျက်ချိန်နည်းပြီး စာမေးပွဲအမှတ်ကျဆင်းကာ ပညာရေးတွင် နောက်ကျကျန်ရစ်နိုင်သည်။   ဂိမ်းကစားပြီးနောက် စာသင်ခန်းတွင် စိတ်မပါဖြစ်ကာ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ သင်ယူမှုစွမ်းရည်ကျဆင်းခြင်းများဖြစ်တတ်သည်။ 

မိဘအုပ်ထိန်းသူများ၊ ဆရာများအနေဖြင့်  လူငယ်များ အလွန်အကျွံ Game ကစားခြင်းမှ ကာကွယ်ရန်အတွက်  ကလေး၏  Screen Time ကို တစ်နေ့ ၂-၃ နာရီထက် မပိုစေရန်ကန့်သတ်ခြင်း၊ အခြားအားကစား/အနုပညာ လှုပ်ရှားမှုများကို အားပေးခြင်း၊ ပညာရေးတွင် အာရုံစူးစိုက်မှုပိုမို ရရှိလာအောင်  အချိန်ပေးခြင်းတို့ဆောင်ရွက်သင့်သည်။  

လူငယ်နှင့် မူးယစ်ဆေးဝါး လူငယ်လူရွယ်များကို လုံးဝဖျက်ဆီးပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့်  တက္ကသိုလ်၊ ဒီဂရီကောလိပ်၊  ကောလိပ်များ၊  ပညာရေးဒီဂရီကောလိပ်များ၊  အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင်  မူးယစ်ဆေးဝါးကင်းစင် နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ၊  ပြပွဲ၊  ပြိုင်ပွဲများနှင့်လူငယ် စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  အသိပညာပေး ဘုတ်များ  စိုက်ထူခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်သည်။   ယနေ့ခေတ်သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့်ကစားခုန်စား လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစားသင်တန်းများ    တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း စသောအားလပ်ချိန်အား အကျိုးရှိစွာ အသုံးချမှုများသည် လူငယ်များ၏စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှသည်။

လူငယ်နှင့်အားကစားအနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ(အခြေခံနှင့်အဆင့်မြင့်)အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့်လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းတို့သည်    နိုင်ငံတော်ကို အားကစားဖြင့်   အကျိုးပြုနေသည့်အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။

လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးကိုညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လူငယ်များကို  အထူးအလေးထားသောအားဖြင့် လူငယ်များ၏အနာဂတ်ကောင်းများကို ဖန်တီးတည်ဆောက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူခြင်းနှင့်အတူ  အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် လူငယ်များသည် အပြောင်းအလဲ၏ အဓိကမောင်းနှင်အားများအဖြစ်ပေါ်ထွက်လာပြီး နိုင်ငံတကာစိန်ခေါ်မှုများကို   ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာနှင့်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၏ စွမ်းအားကို အသုံးချနေကြသည်။

၂၀၃၀ ပြည့်နှစ်တွင်  လူငယ်လူဦးရေသည် ကမ္ဘာ့လူဦးရေစာရင်း၏ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟုခန့်မှန်းထားပြီး လူငယ်များအား ဆုံးဖြတ်ချက်ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍများ ပါရှိသည့်လူငယ်များအား အခွင့်အာဏာပေးရန်  အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤလူဦးရေ အပြောင်းအရွှေ့သည်  ဘက်စုံမူဝါဒများ၏အကျိုးခံစားခွင့်များသာမက လူငယ်များကို ပုံဖော်ရာတွင် မရှိမဖြစ်မိတ်ဖက်များ အဖြစ်နေရာယူထားသည်။

လူငယ်များနှင့် အောင်မြင်ရေး

လူငယ်များသည် နည်းပညာ၏ အရှိန်အဟုန်ကို အသုံးချ၍ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများကို   ဦးဆောင်နိုင်စွမ်းရှိသည်။  ဒစ်ဂျစ်တယ်စွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့်  လူမှုအသိုင်းအဝိုင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့သော    ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်၏သော့ချက်ဖြစ်သည်ဆိုပါက နည်းပညာက ထိုသော့ကို ပိုမိုလွယ်ကူစွာ  လှည့်နိုင်စေမည်ဖြစ်သည်။

ထို့ကြောင့်   မိဘ၊ ဆရာများအနေဖြင့် လူငယ်များ၏ဘဝကောင်းမွန်စွာ   ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက်  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို  တိုးတက်ကောင်းမွန်လာအောင်   စနစ်တကျပြုစုပျိုးထောင်ကြရန်  အလွန်အရေးကြီးသလို ယနေ့ခတ်လူငယ်များအနေဖြင့်လည်း   မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင်   လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာ အနာဂတ်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မည့် လူငယ်လူရွယ်    လူကောင်းလူတော်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၅ ခုနှစ်   ဩဂုတ်လ  ၁၂  ရက်တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။    ။

MWD

ဇော်မျိုးမင်း

လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုရေရှည်တည်တံ့စေသော စားသောက်မှုပုံစံ
-

ယခုအခါ မျက်မှောက်ခေတ်လူသားတို့စားသုံးသော အစားအစာ များသည် လူသားအားလုံး၏ ကျန်းမာရေးကိုသာမကကမ္ဘာမြေကြီးတည်တံ့ခိုင်မြဲရေးကိုပါ အဆုံးအဖြတ်ပေးသည့် အရေးကြီးသော အချိန် ကာလတစ်ခုသို့ ရောက်ရှိနေပါသည်။  လူတို့၏  လက်ရှိစားသောက်မှု အလေ့အထသည် အသားအလွန်များသောအစားအစာများနှင့် အစားအစာများကိုသိုလှောင်သိမ်းဆည်းသည့်အလေ့အထကြောင့်လက်ရှိကမ္ဘာ့စားရေရိက္ခာစနစ်သည် ရေရှည်တည်တံ့မှုအားနည်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများမြင့် မားခြင်းကြောင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊သစ်တောပြုန်းတီးမှု၊ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုနှင့် တခြားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿန

ယခုအခါ မျက်မှောက်ခေတ်လူသားတို့စားသုံးသော အစားအစာ များသည် လူသားအားလုံး၏ ကျန်းမာရေးကိုသာမကကမ္ဘာမြေကြီးတည်တံ့ခိုင်မြဲရေးကိုပါ အဆုံးအဖြတ်ပေးသည့် အရေးကြီးသော အချိန် ကာလတစ်ခုသို့ ရောက်ရှိနေပါသည်။  လူတို့၏  လက်ရှိစားသောက်မှု အလေ့အထသည် အသားအလွန်များသောအစားအစာများနှင့် အစားအစာများကိုသိုလှောင်သိမ်းဆည်းသည့်အလေ့အထကြောင့်လက်ရှိကမ္ဘာ့စားရေရိက္ခာစနစ်သည် ရေရှည်တည်တံ့မှုအားနည်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများမြင့် မားခြင်းကြောင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊သစ်တောပြုန်းတီးမှု၊ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုနှင့် တခြားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿနာများ   ဖြစ်လာခဲ့သည်။

အစားအစာစနစ်များသည် လူသားတို့၏ကျန်းမာရေးကို ထိန်းသိမ်းပေး ပြီး ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို ပံ့ပိုးပေးနိုင်သည့် အလားအလာရှိသော်လည်း ယနေ့ကမ္ဘာမြေကြီး၏လက်ရှိအခြေ အနေသည်နှစ်ခုစလုံးကိုခြိမ်းခြောက်လျက်ရှိသည်။

Planetary Health Diet သည် လူသားတို့၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့မှ တီထွင်ထားသော အစားအသောက် ပုံစံ တစ်ခုဖြစ်သည်။ အနှစ်သာရအားဖြင့် Planetary Health Diet သည် လူသားနှင့်သဘာဝ ပတ်ဝန်းကျင်ကို  မထိခိုက်စေသော  လူသားတို့၏ ကျန်းမာရေးကိုပံ့ပိုးပေးနိုင်သည့်  အာဟာရပြည့်ဝ သောစားသောက်မှု ပုံစံတစ်ခုဖြစ်ခြင်း၊ အသက်ရှည်ခြင်းနှင့်နာတာရှည်ရောဂါများဖြစ်နိုင်ခြေကိုလည်း  လျှော့ချပေးနိုင်ခြင်းတို့ကြောင့်  ကမ္ဘာမြေကြီးကို  ရေရှည် တည်တံ့ခိုင်မြဲစေရန် အထောက်အကူပြုသော စားသောက်မှုပုံစံတစ်ခု ဖြစ်သည်။

EAT-Lancet ကော်မရှင်သည် လူသားတို့၏ကမ္ဘာမြေကြီးကို ပျက်စီး မှုအနည်းဆုံးဖြစ်စေမည့် ရေရှည် တည်တံ့သောအစားအစာစနစ်များကိုသတ်မှတ်ရာတွင် တက်များပြားလာသောကမ္ဘာ့လူဦးရေကို ကျန်းမာ ရေးနှင့်ညီညွတ်သောအစားအစာများကျွေးရန်လိုအပ်ကြောင်း အကြံပြု ထားပါသည်။ EAT- Lancet ကော်မရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာသည် လူသားနှင့်ပတ်ဝန်းကျင်ကျန်းမာရေးကို ဦးစားပေး သည့် အစားအသောက် ပုံစံကိုအကြံပြုထားပြီး ရေရှည်အစားအစာဖူလုံမှုနှင့် အစားအစာစွန့်ပစ် မှုလျှော့ချရေးအစီအစဉ်များကို   အကြံပြုထားသည်။   EAT- Lancet ကော်မရှင်သည် ပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကိုအခြေခံ၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို ရည်ညွှန်းဖော်ပြထား ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ (ဥပမာ-ဟင်းသီးဟင်း ရွက်၊ သစ်သီးများ၊ အစေ့ အဆန်များ၊ ပဲနှင့် အခွံမာသီးများ) စားသုံးမှုတိုးလာခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများ(ဥပမာ-အနီရောင်အသား၊ သကြားနှင့်သန့်စင်ထားသောအစေ့အဆန်များ) စားသုံးမှုလျှော့ချခြင်း ကိုလိုက်နာရန် တိုက်တွန်းထားသည်။

Planetary Health Diet ၏အဓိကအစိတ်အပိုင်းများ

Planetary Health Diet ကဲ့သို့သော သက်ရှည်ကျန်းမာရေးကိုမြှင့်တင် ပေးနိုင်သည့်အစားအစာပုံစံတွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊အစေ့အဆန်များ၊ ပဲပင်များ (ပဲစေ့နှင့်ပဲအမျိုးမျိုးကဲ့သို့) နှင့် အခွံမာသီးများ ကဲ့သို့ အပင်အခြေခံအစားအစာများကို အဓိကထားကာ ကြက်သားနှင့် ငါးများကို မျှတစွာ စားသုံးရန်နှင့် အနီရောင်အသားစားသုံးမှု၊ သကြား နှင့် သန့်စင်ထားသောအစေ့အဆန် များစားသုံးမှု အထူးသဖြင့် အလွန်အကျွံပြုပြင်ထားသောအစားအစာများစားသုံးမှုကိုကန့်သတ်ထား သည်။  ပြည့်ဝဆီများထက်  သံလွင်ဆီကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ် သော မပြည့်ဝဆီများကို ပို၍ဦးစား ပေးပါသည်။  အပင်အခြေခံအစားအစာများကို အဓိကအာရုံစိုက်သော်လည်း နို့ထွက်ပစ္စည်း အလယ် အလတ် ပမာဏနှင့် ကစီဓာတ်အနည်းငယ်ပါဝင်သည့် ဟင်းသီးဟင်းရွက်များ လည်း ပါဝင်ပါသည်။ သက်သတ်လွတ်စားသူများအတွက် တစ်ဦးချင်း လိုအပ်ချက်များနှင့် ယဉ်ကျေးမှုဆိုင်ရာနှစ်သက်မှုများ နှင့် လိုက်လျော ညီထွေဖြစ်စေရန် ရွေးချယ်နိုင်သည်။ ဤအစားအစာသည် လူသားများ ၏အာဟာရ အတွက်အကျိုးပြုပြီး အသက်ရှည်စေရန်နှင့် နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် အပြင် ကာဗွန်ထုတ်လွှတ် မှု သိသိသာသာနည်းပါးစေပြီး စွန့်ပစ်ပစ္စည်းများကို လျော့နည်းစေခြင်း ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ပါ သည်။

Planetary Health Diet ၏အကျိုးကျေးဇူးများလေ့လာမှုများအရလူသားနှင့်သဘာဝပတ်ဝန်းကျင်ကို  အကျိုးပြု သောစားသောက်မှုပုံစံကို လိုက်နာခြင်းသည် နှလုံးရောဂါ၊ ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကြောင့်အရွယ်မတိုင်မီသေဆုံးနိုင်ခြေနှင့်  နာတာရှည်ရောဂါ များဖြစ် နိုင်ခြေကို လျှော့ချနိုင် သည်ဟု ဟားဗတ်ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ လေ့လာမှုတစ်ခု အရ သိရသည်။ သုတေသနများအရ Planetary Health Diet ကဲ့သို့သော အစားအသောက်များကို   လိုက်နာ ခြင်းနှင့်   သက်တမ်းပိုရှည်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း Economic Times တွင် ဖော်ပြထားသောလေ့လာ မှုတစ်ခုအရ သိရသည်။

အသားစားသုံးမှုကိုလျှော့ချခြင်းဖြင့် အစားအစာရေရှည်ဖူလုံမှုရှိစေရန်၊သဘာဝပတ်ဝန်းကျင် ကိုမထိ ခိုက်စေရန်အထောက်အကူပြုပါသည်။အပင်အခြေခံအစားအသောက်များကိုကျယ်ကျယ်ပြန့်ပြန့် စားသုံးခြင်းဖြင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊   ဓာတ်မြေသြဇာလိုအပ်ချက်နှင့် စိုက်ပျိုးမြေ အသုံးပြုမှုသိသိသာသာလျော့ကျသွားနိုင် ကြောင်း တွေ့ရှိခဲ့သည်။

သက်တမ်း ၁၀၀ ထက်ကျော်လွန်၍အသက်ရှည်စေသောအစားအသောက်လေ့လာမှုများအရ  အစား အသောက်သည်  အသက်ရှည်ခြင်းကိုသက်ရောက်မှုရှိကြောင်း အကြံပြုထားသည်။ EAT-Lancet ကော်မရှင် မှမိတ်ဆက်ထားသော Planetary Health Diet (PHD) သည်  ၂၀၂၅ ခုနှစ်အတွက်  လူသားတို့၏ကျန်းမာရေးနှင့်  သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုအတွက်အကျိုးပြုသည့် အစား အစာအဖြစ် ဆွဲဆောင် မှုရှိနေသည်။ အပင်အခြေခံအစားအစာများကိုအလေးထားပြီး တိရစ္ဆာန် ထွက်ပစ္စည်းများလျှော့ချခြင်းသည်       အဓိကရောဂါများဖြစ်နိုင်ခြေနည်းပါးခြင်းနှင့် သေဆုံးမှုလျှော့ချ ပေးနိုင်ခြင်းတို့နှင့် ဆက်စပ်နေသည်။

သုတေသီများသည်အရွယ်ရောက်ပြီးသူ ၁၁၀၀၀ ကျော်ကို ၁၄ နှစ် ကြာလေ့လာခဲ့ရာ သစ်သီးများ၊ နို့ထွက်ပစ္စည်းများ၊ မပြည့်ဝဆီများနှင့် အခွံမာသီးများပါဝင်သော အစားအစာများကို အဓိကစား သောက်ခြင်းဖြင့် သေဆုံးနိုင်ခြေနည်းပါးကြောင်းပြသခဲ့သည်။ ထို့ကြောင့် ကျန်းမာ ရေးနှင့်ညီညွတ် အောင်စားသောက်ခြင်းသည် အသက်ပိုရှည်ရန် အဓိက အချက်ဖြစ်နိုင်ပါသည်။ EAT-Lancet ကော်မရှင်မှ ၂၀၁၉ ခုနှစ် အစီရင် ခံစာတွင် Planetary Health Diet  ဟူသောအသုံးအနှုန်းကို  ရေရှည် တည်တံ့သောအစားအစာစနစ်များမှ  ကျန်းမာသောအစားအစာများဆိုင်ရာခေါင်းစဉ်ဖြင့် မိတ်ဆက်ခဲ့ သည်။ လူသားတို့၏ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုအတွက် အကျိုးပြုသည့် အစား အသောက်ပုံစံကို  အလေးပေးထားပြီး  အပင်အခြေခံအစားအစာများတိုးမြှင့်စားသုံးမှုနှင့် တိရစ္ဆာန်အခြေခံထွက်ကုန်များ စားသုံးမှုလျှော့ချရန် လှုံ့ဆော်ထားသည်။

Planetary Health Diet ကို လိုက်နာသူများသည် ကင်ဆာ၊ နှလုံးရောဂါ နှင့် အဆုတ်ရောဂါအပါအဝင် သေဆုံးနိုင်ခြေနည်းပါးကြောင်း မကြာ သေးမီက ဟားဗတ်ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများ ၏လေ့လာမှုတစ်ခုအရ  သိရသည်။  လေ့လာတွေ့ရှိချက်များကို  The  American  Journal  of  Clinical  Nutrition  တွင်  ထုတ်ဝေခဲ့သည်။ သုတေသီများသည် လူ ၂၀၀၀၀၀ ကျော်ထံမှကျန်းမာရေးအချက်အလက် များကို အသုံးပြုခဲ့သည်။ လေ့လာမှုစတင်ချိန်တွင် နာတာရှည်ရောဂါ ကင်းစင်သူများပါဝင်ခဲ့ပြီး အစားအသောက်မေးခွန်းလွှာများကို လေးနှစ် တစ်ကြိမ်နှင့် ၃၄ နှစ်အထိ ဖြေဆိုခဲ့ပါသည်။ Planetary Health Diet ကို အနီးကပ်ဆုံးလိုက်နာသူများသည် မလိုက်နာသူများထက် စောစီးစွာ သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုကဖော်ပြ သည်။ အထူးသဖြင့် ပါဝင်သူများအနက်လိုက်နာမှုအကောင်းဆုံးထိပ်တန်း ၁၀ ရာခိုင်နှုန်းသည် အောက်ခြေ ၁၀ ရာခိုင်နှုန်း ထက်  အရွယ်မတိုင်မီသေဆုံးနိုင်ခြေ   ၃၀ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။

ဆိုရှယ်မီဒီယာလောကတွင် လူအများစုသည် ကျန်းမာရေးကောင်း စေမည့်အစားအသောက်များ ကိုရှာဖွေရန် အာရုံစိုက်လာကြသည်။

တိရစ္ဆာန်များမှရရှိသော ပရိုတင်းဓာတ်သည် ကြွက်သားထိန်းသိမ်းမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လို အပ်သော်လည်း အလွန်အကျွံစားသုံး မှုသည်ခန္ဓာကိုယ်အတွက်အမှန်တကယ်ကောင်း မွန်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။ နှလုံးနှင့်ဇီဝဖြစ်စဉ်ကျန်းမာရေးအတွက် အရေးကြီးသော ရောင်ရမ်းမှုကို  လျှော့ချရန်နှင့် ကြွက်သားထုထည်ကို  ထိန်းသိမ်းရန် အတွက်  အပင်အခြေခံပရိုတင်းစားသုံးမှုကို  အလေးပေး သောအစား အသောက်သည် ကျန်းမာစွာအိုမင်းခြင်းအတွက် အကောင်းဆုံးဖြစ်သော ကြောင့် အသက် ၃၀ နှင့်  ၆၅ နှစ်ကြားတွင် အပင်အခြေခံပရိုတင်းကို  အဓိကစားသုံးရန်  အကြံပြုထားသည်။  Planetary  Health  Diet  ခေါ် အပင်အခြေခံအစားအစာများသည် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများစွာကို ပေးဆောင်နိုင်သော် လည်း တိရစ္ဆာန်ရင်းမြစ် အစားအစာများ ထက် သံဓာတ်၊ ဇင့်၊ ဗီတာမင် B-12၊ ကယ်လ်စီယမ်နှင့် Omega-3 Fatty Acids ကဲ့သို့သော အာဟာရ ဓာတ်တချို့ရရှိမှုနည်းပါးနိုင်သောကြောင့် ဖြစ်နိုင်ခြေရှိသောအာဟာရချို့ တဲ့မှုများ ကိုရှောင်ရှားရန် ဂရုတစိုက်စီစဉ်ရန်လိုအပ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာမြေကြီးကိုကာကွယ်သည့် အစားအသောက်ရွေးချယ်မှုများသည် အသက်ရှည်ခြင်းနှင့်နာတာရှည်ရောဂါ များဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် မြေအသုံးချမှုလျှော့ချခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိခိုက် မှုအနည်း ဆုံးဖြစ်စေသည့် အစားအသောက်ပုံစံများသည် လူသားများ၏ ကျန်းမာရေးအတွက်အသင့်တော်ဆုံး ဖြစ်နိုင်ပါသည်။ လူသားနှင့်သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသောအစားအသောက်များကိုလူတိုင်းရွေးချယ်စားသောက်ခြင်းဖြင့် အသက်အရွယ်ကြီးရင့်လာမည်ကို စိုးရိမ်စရာမလိုဘဲကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။                   

MWD

Photo -Inoqo

ဒေါက်တာသိင်္ဂီကျော်

နိုင်ငံတော်ဖွံ့ဖြိုးရေး ဘက်စုံပညာရေးကိုအားပေးစို့
-

လူထဲကလူ သိပ်တော်သောလူတစ်ယောက်ဖြစ်လိုလျှင် ပညာလေ့လာသင်ကြား အားထုတ်ရမည်ဖြစ် သည်။ ပညာသည် ဦးနှောက်ကိုကောင်းစွာအလုပ်ပေးနိုင်သဖြင့် စဉ်းစားတွေးခေါ်မှု၊ ဉာဏ်ရည် ဉာဏ်သွေး သာလွန်ထက်မြက်စေသည်။ စွမ်းရည်ပြည့်ဝသော လူ့အသိုက်အဝန်းတစ်ရပ် ပီပြင်စွာအကောင်အထည် ဖော်ရာတွင် လူတစ်ဦးချင်းစီ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းသည် လွန်စွာအရေးပါလျက်ရှိ သည်။ လူ့ဘဝတစ်လျှောက်တွင် အခက်အခဲဆုံးသော အလုပ်များဖြင့် ပြည့်နှက်နေလေ့ရှိပြီး လောကဓမ္မ၊ လောကဓံတရားများနှင့် ရင်ဆိုင်ကြရာတွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြေရှင်းဆောင်ရွက်နိုင်ရေးမှာမူ အရေးကြီးလှပေသည်။

သက်ဝင်လှုပ်ရှားမှုရှိသော ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိရှိဖြင့် ဖြေရှင်းဆောင်ရွက်၍ ဘဝကို ထူထောင်ကြရသည်။ ဘဝရပ်တည်ရေးအတွက် ငွေကြေးသည် ဝင်သက်ထွက်သက်နှင့်အတူဖြစ်တည် လေ့ရှိသည်။  နေ့စဉ်ဘဝ ပိုက်ဆံငွေကြေးရရှိရေး ပုံစံမျိုးစုံ၊ အလုပ်မျိုးစုံ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ ကာယ၊ ဉာဏ၊ လုံ့လပြု၍ ဘဝအခြေပြုကာ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးကူညီပေးကြသည်။ ကာယလုပ်သားကြီးများသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့် ဝေးကွာခဲ့ရပြီး ခွန်အားဗလအရင်းအနှီးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်။ဉာဏလုပ်သားများမှာမူအရိပ်အောက်တွင်ကိုယ်ခန္ဓာမပင်ပန်း တစ်ဖက်တစ်လမ်းမှ နိုင်ငံက အားထားကြရပေသည်။

ပညာရေးသည် ဘဝအဆင့်ဆင့်မြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ ပညာသင်ကြားရာတွင် အဆင်ပြေမှု၊ အဆင်မပြေမှုကြားမှခြေလှမ်းစတင်ရခြင်းဖြစ်သည်။  ဘဝအခက်အခဲနှင့်ပညာသင် ကြားမှုဖြစ်စဉ် ကွဲပြားစွာနားလည်သိရှိမှသာပညာပန်းတိုင် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေးသည် ကဏ္ဍတစ်ခုအနေဖြင့် ထိပ်ဆုံးမှ ရပ်တည်နေလေ့ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအောင်မြင်ရေး၊ အဆောက်အအုံနှင့် လမ်းတံတားတည်ဆောက်ရေး၊ အိုင်တီနည်း ပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများအကောင်အထည်ဖော်ရေးအစရှိသောအရေးပါသည့် နယ်ပယ် အသီးသီးတွင် ပညာ၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရမည်ဖြစ်သည်။ ဘဝအုတ်မြစ်ခိုင်ခံ့ အောင်  တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။

ကျောင်းတွင်းပညာသင်ယူခြင်းကို အစပြု၍ ဘဝကို ပိုမိုတောက်ပအောင် ဆောင်ရွက်ကြရပေသည်။

ပညာအရင်းအနှီးကြီးမားလှသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသည်။ ဖြတ်ထိုးဉာဏ်နှင့် ဗဟုသုတအထွေထွေ တိုးပွားရရှိစေရန် များစွာအထောက်အကူပြုသည်။ ပညာလိုအိုသည့်တိုင်သင်ယူနိုင်စွမ်းရှိသဖြင့် ပညာ၏အရေးပါမှုကိုသိရှိနိုင်ပေသည်။

ပညာရေးသည် နိုင်ငံတော်၏ မျှော်မှန်းချက်၊ အခြေခံအုတ်မြစ်ဖြစ်သည်။  စိုက်ပျိုးရေးပညာ၊ မွေးမြူရေး ပညာ၊ စက်မှုပညာရပ်များကို လွယ်လင့်တကူသင်ကြားခွင့်ရရှိမှု   ဦးတည်ချက်ထက်သာလွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပန်းတိုင်အထိရည်မှန်းထားပေသည်။ ပညာသင်ကြားသူတိုင်း အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိသည်။ ပညာသင်ကြားရာတွင် သင်ကြားရသည့် ဘာသာရပ်တိုင်း အထူးချွန်ဆုံး၊ အထက်မြက်ဆုံးဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ အားနည်းချက်၊ အားသာချက်များကို မိမိကိုယ်တိုင်သိရှိပြီး ပြုပြင်ပြောင်းလဲနိုင်မှုအလိုက် ကောင်းမွန်သောအခြေအနေသို့ရောက်ရှိအောင်  မနှေးအမြန်အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ပညာရေးနှင့် အလုပ်အကိုင် တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး  လိုက်ပါရမည်ဖြစ်သည်။ မိမိနှစ်သက်ရာ ဘာသာရပ်အလိုက်၊ ဝါသနာအလိုက်ရွေးချယ်ပြီး နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍ၊ စက်မှုနည်းပညာ ကဏ္ဍသစ်များကို ပီပီပြင်ပြင်ဖွင့်လှစ်သွားနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေး အလှမ်းမဝေးရအောင် အနာဂတ်ရင် သွေးများကို ပညာအမွေပေးရမည်ဖြစ်သည်။

ပညာရည်အဆင့်အတန်းမြင့်မားသော နိုင်ငံအများစုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ကြသည်။ ပညာရေး အဆင့်မြင့်မားမှုမှတစ်ဆင့်  တီထွင်ဆန်းသစ်မှုကိုဖြစ်စေသည်။ တိုးတက်မှုအရင်းခံ အခြေခံပညာရေး သည် အဓိကဖြစ်ပေသည်။ အနာဂတ်ကာလတွင် သာမန်ဘွဲ့တစ်ခုတည်းဖြင့် ရပ်တည်နိုင်ရေး ခက်ခဲလာ နိုင်သည်။ ပညာခေတ်တွင် အကျုံးဝင်ပါဝင်မည့် ဘွဲ့လွန်ပညာ၊ ပါရဂူပညာတွေပါရရှိလာပြီး  အခြား သူများထက် အဘက်ဘက်ကသာလွန်ရေး  ကြိုးစားလုံ့လပြုရမည်ဖြစ်သည်။ ငယ်စဉ်အခါ ပညာရှာ ချိန်တွင် ဆရာ၊ ဆရာမများ သင်ကြားလမ်းညွှန်မှုကို ခံယူလျက် ရည်မှန်းချက်ကိုယ်စီ၊ ဘဝအိပ်မက် ကိုယ်စီဖြင့်ရှေ့သို့ချီတက်ရမည်ဖြစ်သည်။  ပညာသင်ကြားတတ်မြောက်ပြီးချိန်၌လည်း ဆင့်ကဲပညာများ တိုးပွားရရှိအောင် စဉ်ဆက်မပြတ် ကြိုးစားကြရမည်ဖြစ်သည်။ပညာသင်ကြားတပည့်ဘဝမှ ကိုယ်တိုင် ဆရာ၊ ဆရာမအဖြစ် လက်ဆင့်ကမ်းပညာသင်ကြားမျှဝေပေးနိုင်သည့် နိုင်ငံအားထား လူချွန်လူ ကောင်းများအဖြစ် ပါဝင်ခွင့်ရှိပေသည်။

မျက်မှောက်ကာလသည် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများလာစေရေး ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန်ဖြစ်သည်။ နိုင်ငံတော်၏ အထူးပညာရေး မျှော်မှန်းဆောင် ရွက်မှုအဖြစ် ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊  ခဲတံ၊ ဘောပင်များ အခမဲ့ရယူလျက် ကျောင်းသား၊ကျောင်းသူကလေးများကျောင်းနေပျော်အောင်စွမ်းဆောင်မှုဖြစ်သည်။ ကျောင်းနေ အရွယ် ကျောင်းသား၊ ကျောင်းသူကလေးများ ပညာရေးတွင်  ဆုံးခန်းတိုင်ပြီးမြောက်အောင်သင်ယူလျက် ပိုမိုကောင်းမွန်သောပညာရေးစနစ်ကို ဦးတည်အကောင်အထည်ဖော်ရမည်ဖြစ်သည်။

အခြေခံပညာ၊ တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများလည်း တစ်ပါတည်း လမ်းပွင့်သွားစေမည်ဖြစ်သည်။

အသိနှင့်ပညာသည်  ယှဉ်တွဲတည်ရှိနေသည့် သဘောတရားဖြစ်သည်။ ပညာတတ်ဖြစ်အောင် ကျင့်ဆောင်ပြီး ဘဝကို တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာဖြင့် လူ့အရည်အချင်းပြောင်လက်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။နိုင်ငံ၏အနာဂတ်နှင့် ပညာရည်မြင့်မားရေးအခန်းကဏ္ဍသည် ထင်ရှားလင်းလက်တောက်ပနေရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးနယ်ပယ်အသီးသီးတွင် အရေးပါပြောင်မြောက်သည့်ပညာအရင်းအမြစ်ဖြင့် မှန်ကန်သောတွေးခေါ်ပုံ၊ အခက်အခဲမျိုးစုံ ကျော်လွှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိရမည်ဖြစ်သည်။တစ်နည်းအားဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ကြွေးကြော်မှုသည် ပညာရည် အဆင့်အတန်းမြင့်မားမှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်မည့်ယုံကြည်ချက်ကို ကိုယ်စား ပြုပေသည်။လူ့စွမ်းအားအရင်းအမြစ်ကောင်းကို မွေးထုတ်ပေးနိုင်မှုကိုလည်းအထောက်အကူပြုစေသည်။ အလားတူ ပညာရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍများကို အမှန်နှင့်အမှား လမ်းပြပေးနိုင်သည်။ မိသားစုနှင့် ဝန်းကျင် တစ်ခုလုံးကို ပညာပြည့်ဝနှလုံးလှအောင်စွမ်းဆောင်နိုင်စွမ်းရှိသည့်ပညာသင်ကြား၊ သင်ယူမှုဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။    ။

MWD

Photo- Apeejay Newsroom

ထက်ဝေအောင်(စစ်ကိုင်း)

ကိုယ်ဝန်ဆောင်နှင့် ကျန်းမာရေး
-

အမျိုးသမီးတိုင်း  ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာပြီး သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ သားဦး ကိုယ်ဝန်ဆောင်တွေက အတွေ့အကြုံ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွေကို  အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းနိုင်ဖို့ အောက်ပါအချက်တွေ ဂရုစိုက်သင့်ပါတယ်။

ကိုယ်ဝန်ရှိစဝေဒနာသက်သာစေဖို့

ကိုယ်ဝန်ရှိစမှာ   ခါးနေရာက  အရင်လိုမဟုတ်တော့ဘဲ     အနည်းငယ်ပြည့်တင်းလာပါတယ်။

ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားနှစ်ဖက်စလုံး အနည်းငယ်ကြီးလာပြီး တင်းကျပ်ကျပ် ခံစားရပါတယ်။  ကိုယ်ဝန်ရှိစမှာ   ပျို့ချင်အန်ချင်တာကလည်း ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်သလိုခံစားရတတ်ပြီး မကြာခဏအနားယူပေးဖို့လည်းလိုအပ်ပါတယ်။ နေ့ခင်းဘက်နာရီဝက်ခန့်အိပ်စက်ပေးသင့်ပါတယ်။

သွက်သွက်လက်လက်လှုပ်ရှားနိုင်စေဖို့

ကိုယ်ဝန်ဆောင်စဉ်မှာ    ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာက စွမ်းအင်ပြည့်ဝပြီး သွက်လက်နေစေပါတယ်။ ထို့ပြင် ကလေးမွေးဖွားရာမှာလည်း လွယ်ကူစေပါတယ်။ ပြင်းပြင်းထန်ထန်လုပ်ရတဲ့လေ့ကျင့်ခန်းမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် လမ်းလျှောက်တာ၊ရေကူးတာတွေက   အကောင်းဆုံးလေ့ကျင့်ခန်းတွေလို့ဆိုနိုင်ပါတယ်။ တစ်ပတ်ကိုလေ့ကျင့်ခန်းပြုလုပ်ချိန် နှစ်နာရီခွဲလောက်ရှိသင့်ပါတယ်။  ကိုယ်ဝန်မဆောင်ခင်အချိန်က  အေရိုးဗစ်လေ့ကျင့်တာ၊   ပြေးတာ၊   အလေးမပစ္စည်းတွေနဲ့ လေ့ကျင့်ခဲ့တယ်ဆိုရင်      ကိုယ်ဝန်ဆောင်ချိန်မှာ ဆက်ကစားဖို့  သင့်၊  မသင့်ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ      ရေဓာတ်ခန်းခြောက်တာဂရုပြုသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရင်း     ခေါင်းမူးတာ၊   မောပန်းနွမ်းနယ်သလိုခံစားရတာတွေဖြစ်ခဲ့ရင် လေ့ကျင့်ခန်းလုပ်တာကိုချက်ချင်းရပ်သင့်ပါတယ်။

တင်းအားပြေလျော့စေဖို့

ညင်သာစွာနှိပ်နယ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။

နှိပ်နယ်ပေးတာကြောင့် ကြွက်သားတွေရဲ့တင်းအားတွေ လျော့နည်းသွားပြီး ပျော့ပျောင်းလာတဲ့အတွက်

နာကျင်မှု၊      ကိုက်ခဲမှုကိုသက်သာစေပါတယ်။   ခန္ဓာကိုယ်အပူပေးတာ၊    တစ်ကိုယ်လုံး ပေါင်းတင်တာမျိုး တွေကိုတော့      ကိုယ်ဝန်ဆောင်ချိန်မှာ မလုပ်သင့်ပါဘူး။  ဘာကြောင့်လဲဆိုတော့ အရေပြားက တချို့အချိန်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုထိခိုက်လွယ်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုလျော့နည်းစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်တဲ့အကောင်းဆုံးနည်းလမ်းက တရားထိုင်တာ၊ ယောဂကျင့်တာတို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလေ့ကျင့်နိုင်တဲ့     ယောဂကျင့်နည်းတွေကို သင်တန်းခန်းမမှာ   မလေ့ကျင့်နိုင်ရင်   အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။  ကိုယ်ဝန်ဆောင်တွေ  ယောဂလေ့ကျင့်နည်းအတိုင်း  အနေအထားမှန်ကန်ဖို့တော့ လိုပါတယ်။  ယောဂလေ့ကျင့်မယ်ဆိုရင်  ဆရာဝန်ရဲ့ အကြံဉာဏ်ကို အရင်ဆုံးရယူဖို့လိုအပ်ပါတယ်။

စိတ်လှုပ်ရှားပြောင်းလဲမှုများတည်ငြိမ်စေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ       စိတ်အတက်အကျပြောင်းလဲမှုတွေများတတ်ပါတယ်။ ကလေးမွေးဖွား ဖို့အတွက် စိုးရိမ်ကြောက်ရွံ့တာ၊ ငွေရေးကြေးရေးပူပန်ရတာ၊   မိဘတစ်ယောက်ဖြစ်လာဖို့  ကြိုတင်ပြင်ဆင် ရတာတွေကြောင့် စိတ်လှုပ်ရှားပြောင်းလဲမှုတွေ များနေတတ်ပါတယ်။  ထို့ပြင်  ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် စိတ်ခံစားရမှုတွေ ပြောင်းလဲနေပါတယ်။   လေ့ကျင့်ခန်းလုပ်တာ၊   သူငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောတာ၊    ရုပ်ရှင်ကြည့်တာ၊  အိမ်ထောင်ဖက်နဲ့   ချစ်ခင်စွာနေထိုင်တာတွေက စိတ်သက်သာစေပါတယ်။    စိတ်ဓာတ်ကျဆင်းတဲ့အခါဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

နှစ်ယောက်စာအာဟာရစားပေးသင့်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ၃၀၀ ကယ်လိုရီအပိုရရှိဖို့လိုအပ်ပါတယ်။ ကယ်လိုရီအပိုရရှိအောင် ကောက်နှံတစ်ခုလုံးပါဝင်စာ၊    သစ်သီး၊    ဟင်းသီးဟင်းရွက်၊ အသား၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးပေးသင့်ပါတယ်။ နံနက်စာမစားတာမျိုး မလုပ်သင့်ပါဘူး။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားသင့်ပါတယ်။မချက်ပြုတ်ဘဲ   အစိမ်းအတိုင်းစားတာ  (ဥပမာ-ကြက်ဥအစိမ်းသောက်တာမျိုး)တွေ   ရှောင်သင့်ပါတယ်။  ငါးမှာ   မာကျူရီပါဝင်မှုများနိုင်တာကြောင့် ကျက်အောင်သေချာချက်စားသင့်ပါတယ်။ မကျက်တကျက်ချက်ထားတဲ့အသားတွေကိုမစားသင့်ပါဘူး။

အပန်းဖြေခရီးထွက်သင့်ပါတယ်

ကလေးမမွေးခင်မှာ    ဇနီးမောင်နှံအတူတကွခရီးထွက်သင့်ပါတယ်။ ကိုယ်ဝန် ၃၆  ပတ်အတွင်း ခရီးထွက်သင့်ပါတယ်။ ခရီးသွားမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သွားရပါမယ်။ ခရီးသွားမယ့်နေရာပေါ် မူတည်ပြီး လိုအပ်တာတွေကို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။ ခရီးမထွက်နိုင်ခဲ့ရင် အကောင်းဆုံးဟိုတယ်တစ်ခုမှာ တစ်ညတာတည်းခိုပြီး အပန်းဖြေသင့်ပါတယ်။

အကောင်းမြင်စိတ်မွေးသင့်ပါတယ်

မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုရင်  ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေက  အရင်နဲ့မတူဘဲ ပြောင်းလဲသင့်တာတွေပြောင်းလဲရပါမယ်။     မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေတွေးနေတာက   ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လျော့နည်းစေပါတယ်။ အကောင်းမြင်တဲ့ စိတ်မျိုးထားသင့်ပါတယ်။ ကျန်းမာရေးစာအုပ်၊ စာစောင်တွေဖတ်ရှု လေ့လာသင့်ပါတယ်။  အတွေ့အကြုံကောင်းတွေ မှတ်သားထားသင့်တယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်သင့်တယ်။      သင့်တင့်တဲ့လေ့ကျင့်ခန်း ပြုလုပ်သင့်တယ်။ ဒါဆိုရင်   ကျေနပ်ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့မိခင်ဖြစ်စေမှာပါ။

ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးမသောက်သင့်ပါဘူး

ဆရာဝန်ညွှန်ကြားချက်မပါရှိဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့အအေးမိ၊   နှာစေးပျောက်ဆေး၊   ဓာတ်မတည့်တဲ့ကုသဆေး၊ ရောင်ရမ်းမှုသက်သာဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ပါဘူး။     သောက်သုံးလိုက်တဲ့ဆေးဝါးတွေက သန္ဓေသားပေါ်မှာ   ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။    ဆေးဝါးသောက်သုံးဖို့လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။  

MWD

ဒေါက်တာလွင်သန့်

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်များ ဘဝမြှင့်ကြစို့ …
-

လက်ရှိမျက်မှောက်ခေတ်ကမ္ဘာကြီး၏ ကောင်းခြင်း၊ ဆိုးခြင်းများဆိုင်ရာဖြစ်ကြသည့် နိုင်ငံအချင်းချင်း သဘောထားမတိုက်ဆိုင် အငြင်းပွားမှုများအား လက်နက်ကိုင်ဖြေရှင်း၍ နိုင်ငံအချင်းချင်းစစ်မက် ဖြစ်ပွားကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၊ အသက်အိုးအိမ်များနှင့် ဥစ္စာပစ္စည်းများဆုံးရှုံးပြီး အတိဒုက္ခရောက်ရှိကြရသည်။

နိုင်ငံအချင်းချင်း မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အတ္တကြီးကာ ကုန်သွယ်မှုပြိုင်ဆိုင်မှုကြောင့် နိုင်ငံတစ်ဝန်းလောင်စာဆီပြဿနာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှု၊ လူနေမှုစရိတ်များ တဖြည်း ဖြည်း မြင့်တက်လာမှု စသည့်ဆိုးကျိုးများ၊ လက်ရှိမျက်မှောက်ကာလတွင် တိုးတက်လာသော IT နည်းပညာများ၊ (AI) ကဲ့သို့ ဉာဏ်ရည်တုဖြင့် လူမှု ရေး၊ ပညာရေးနှင့် စီးပွားရေးတွင် ကဏ္ဍများပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာမှုများ၊ နည်းပညာဆိုင်ရာ မြင့်မားတိုးတက်လာမှုကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာမှု၊ လူသားအချင်းချင်း ဆက်သွယ်ကောင်းမွန်လာမှုသည် မျက်မှောက်ခေတ်ကာလတွင် ကောင်းခြင်း၊ ဆိုးခြင်းအရာရာအားလုံးမှာ လက်ရှိ ကာလတာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံသူနိုင်ငံသားများ လက်ရှိတာဝန်ယူဆောင်ရွက်နေသော နိုင်ငံအလိုက် ပြည်သူများ၏ ကောင်းကျိုး၊ ဆိုးကျိုးဖန်တီးမှုများသာ ဖြစ်ပါသည်။

အတူတကွ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ လူငယ်များ၏ တာဝန်သာဖြစ်

သို့သော် အနာဂတ်ကာလ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအားလုံး အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ရေးသည် ကိုယ်ချင်းစာစိတ်၊ မျှတသည့်စိတ်၊ ဖေးမကူညီလက်တွဲခေါ်ပြီး အတူတကွသာယာလှပသော လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ ယနေ့မျက်မှောက်ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှ လူငယ်များ၏ တာဝန်သာလျှင် ဖြစ်ပါသည်။

လူငယ်ဆိုသည်မှာ လူသားမျိုးနွယ်စုတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်၊ နိုင်ငံ၏အနာဂတ်ကို ဖန်တီးနိုင်ကြမည့်သူများပင် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နေခြင်းသည်လည်း နိုင်ငံအတွင်းရှိ လူငယ်များ၊ နိုင်ငံသူနိုင်ငံသားများ၏ စည်းကမ်းကောင်းမွန်မှု၊ နိုင်ငံချစ်စိတ်ရှိမှု၊ အတတ်ပညာအသိပညာပြည့်ဝမှု၊ စိတ်ဓာတ် ကောင်းမွန်မှု၊ အဂတိလိုက်စားမှု ကင်းလွတ်မှုရှိခြင်းနှင့် စည်းကမ်းကောင်းမွန်မှု စသည်တို့ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့ လူမျိုး၊ မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့နိုင်ငံအတွင်းရှိ လူငယ်များကို အဓိက ဦးစားပေးပြုစုပျိုးထောင်လာကြသည်ကို တွေ့ရမည်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ တောတောင်ရေမြေသဘာဝ၊ နိုင်ငံ၏သမိုင်းကြောင်းနောက်ခံများ မတူညီခြင်းကြောင့် လူငယ်များကို ပြုစုပျိုးထောင်ရာ ပုံသဏ္ဌာန်တူညီချင်မှ တူနိုင်မည်ဖြစ်ပါသည်။ သို့သော်လူငယ်များကို ပြုစုပျိုးထောင်ရမည်ဆိုသော ရည်ရွယ်ချက်မှာ နိုင်ငံတိုင်းတူညီကြပါသည်။

ယနေ့ အာရှတိုက်ရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများဖြစ်ကြသည့် ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်စသည့်နိုင်ငံများသည် လူငယ်များကို အဓိကထား၍ နိုင်ငံကိုတည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံများသည် တိုင်းပြည်၏ အနိမ့်ကျဆုံးအခြေအနေမှ မှန်ကန်သောခေါင်းဆောင်မှုနှင့် မူဝါဒခိုင်မာမှု၊ လူငယ်များအား အဓိကထားပြုစုပျိုးထောင်မှု၏ ရလဒ်ကြောင့် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဂျပန်နိုင်ငံဆိုလျှင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် အမေရိကန်၏ အဏုမြူ ဗုံးနှစ်လုံး ကြဲချခံရပြီးစစ်ရှုံးကာ တိုင်းပြည်မှာ ပြာပုံဘဝသို့‌ ရောက်ရှိခဲ့သည်။ စစ်ရှုံး၍ စစ်ဘေး စစ်ဒဏ်သင့်ကာ စစ်လျော်ကြေးများဖြင့် တိုင်းပြည်ကို နာလန်မထူဘဲ ဆင်းရဲတွင်းနက်ခဲ့ရသည်။ သို့သော် ဂျပန်လူမျိုးတို့သည် ထိုအချိန်မှစ၍ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာ၌ ရေရှည်စီမံကိန်းချမှတ်ကာ အနာဂတ်တွင် လူငယ်များအား မူဝါဒငါးချက်ဖြင့် ပြုစုပျိုးထောင်ခဲ့ပါသည်။

ထိုမူဝါဒ ငါးချက်မှာ -

(၁)     ပညာရေးစနစ်ကို အခြေခံများ ပြုပြင်ပြောင်းလဲခြင်း၊ အခမဲ့အလယ်တန်းအထိ မသင်မနေရ ပညာရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်များကို အလေးထားသင်ကြားစေခြင်း၊

(၂)      စည်းကမ်းနှင့် လူမှုတာဝန်အသိစိတ်ကို မွေးမြူစေခြင်း၊ ဂျပန်ပညာသင်ကျောင်းများတွင် စာသင်ခန်းပြင်ပ ပညာရေးကို အလေးထားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အုပ်စုလိုက်လှုပ်ရှားမှု (အားကစား၊ ဂီတ၊ သိပ္ပံ ပရောဂျက်)စသည်တို့ကို ပူးပေါင်းဆောင်ရွက်မှု အလေ့အထအား မြှင့်တင်ပေးခြင်း၊ လူမှုရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှု အလေ့အထများအား လေ့ကျင့်ပေးခြင်း(ဥပမာ - ကျောင်းတွင်း သန့်ရှင်းရေးကို ကျောင်းသားများ စုပေါင်းလုပ်ဆောင်စေခြင်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်း)

(၃)     စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ ပါဝင်စေခြင်း၊ ၁၉၅၀ - ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်စက်မှုလက်မှုလုပ်ငန်းများ (ဥပမာ- ကားထုတ်လုပ်ရေး အီလက်ထရောနစ်ကို အရှိန်အဟုန်မြှင့်လုပ်ကိုင်ရာတွင် လူငယ်များအားနည်းပညာနှင့် စီးပွားရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခြင်း၊ ကုမ္ပဏီနှင့်တက္ကသိုလ်များ ချိတ်ဆက်၍ လူငယ်များ လက်တွေ့ကျကျ လုပ်ငန်းအတွေ့အကြုံရရှိစေရန်၊ Leadership နှင့် Apprenticeship အစီအစဉ်များ ဖန်တီးပေးခြင်း)

(၄)     နိုင်ငံသားစိတ်၊ မျိုးချစ်စိတ်ကို မွေးမြူပေးခြင်း၊ ဂျပန်အစိုးရသည် “တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်းဟူသော” စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပြီး လူငယ်များအား နိုင်ငံအတွက် စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံသားများအဖြစ် ပျိုးထောင်ခဲ့ပါသည်။

(၅)     ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ဂျပန်အစိုးရသည် ကျန်းမာရေးနှင့် အာဟာရကို မြှင့်တင်ရန် အခြေခံပညာကျောင်းများတွင် အစီအမံအဖြစ် နို့နှင့် ဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ဖော်ပြပါနည်းလမ်းများဖြင့် လူငယ်များအား ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့သော ဂျပန်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်ကာလများတွင် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံအဖြစ်သို့ ပြောင်းလဲလာကာ ယခုအခါ အာရှသာမက ကမ္ဘာမှာပင် ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံက ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့

တောင်ကိုရီးယားနိုင်ငံကို ကြည့်မည်ဆိုလျှင် ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး သူ့ကျွန်ဘဝတွင် အနှိမ်ခံဘဝနှင့် ဆင်းဆင်း ရဲရဲနေခဲ့ကြရပါသည်။ ထမင်းအစား ပြောင်းဆန်ကိုသာ စားခဲ့ကြရပါသည်။ လွတ်လပ်ရေးရပြီး ၁၉၅၀-၁၉၅၃ ခုနှစ်တွင် တောင်-မြောက် စစ်ဖြစ်ခဲ့ရာ ပြည်တွင်းစစ်ကြောင့် စစ်ဘေး၊ စစ်ဒဏ်သင့်ကာ စားရေရိက္ခာရှားပါး၍ ထမင်းငတ်သည့်ဘဝသို့ ရောက်ခဲ့ကြပါသည်။ နိုင်ငံတကာမှဆန်စပါးများ ထောက်ပံ့ခဲ့ကြရာတွင် မြန်မာနိုင်ငံသည်လည်း ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ထိုအချိန်တွင် တောင်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားလူကြီးများက စကားတစ်ခွန်းအား ပြောကြားခဲ့သည်မှာ “ငါတို့လူမျိုးတွေ ငါတို့လက်ထက်မှာပဲ ထမင်းငတ်ရမယ်။ ငါတို့ရဲ့မျိုးဆက်၊ ငါတို့ရဲ့ကလေးတွေ၊ ငါတို့လူငယ်တွေလက်ထက်မှာတော့ဘယ်တော့မှ ထမင်းမငတ်စေရဘူး၊ ငါတို့ကလေးတွေ၊ လူငယ်တွေကို ကြိုးစားပြီး ပြုစုပျိုးထောင်မည်” ဟု သန္နိဋ္ဌာန်ချပြီး လူငယ်များကို သူတို့ဘဝ၏ နာကြည်းမှု၊ ခံပြင်းမှု၊ မခံချင်စိတ်များနှင့် နှိုင်းယှဉ်ပြီးပြုစုခဲ့ကြပါသည်။

ပညာရေးကို အမျိုးသားရေးအဆင့် သတ်မှတ်ပြီး အခြေခံပညာများကို အခမဲ့သင်ယူစေခဲ့သည်။ အဆင့်မြင့်သင်ယူမှုစနစ်များကို ကျင့်သုံး၍ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များကို အထူးအလေးထား သင်ကြားစေပါသည်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ် Seoul Nation University ၊ Korea Advanced Institute of Science of Tech-nology (KAIST) တို့နှင့် Post တို့သည် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ကမ္ဘာ့အဆင့်မီအောင် လူငယ်များကို ပြုစုပျိုးထောင်သင်ကြားခဲ့သည့် နည်းပညာ နှင့် စီးပွားရေးကို မြှင့်တင်နိုင်ရန် နိုင်ငံတွင်းရှိ Sam-sung ၊ LG ၊ Hyundai ကုမ္ပဏီကြီးများကို ရင်းနှီးမြှုပ်နှံမှု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

လူငယ်များနှင့် ပတ်သက်သော Digital ၊ Inter-net ၊ Business (ဥပမာ - E-Sport ၊ K-pop) စသည့် ဖန်တီးမှုများကို အားပေးခဲ့သည်။ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းကို နိုင်ငံတကာအထိ ပေါက်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အားကစားနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံပညာကျောင်းမှ စတင်၍ လေ့ကျင့်ပြုစုပျိုးထောင် ဆောင်ရွက်ပေးခဲ့သည်။ လူငယ်များကို စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ဆောင်ရွက်ပေးခဲ့သည့် တောင်ကိုရီးယား နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါသည်။ ယင်းနိုင်ငံသည် သဘာဝသယံဇာတ နည်းပါးပြီး သဘာဝအရင်းအမြစ် နည်းပါးသော ကျွန်းနိုင်ငံငယ်တစ်ခုသာ ဖြစ်ပါသည်။

အထူးအလေးထားပြုစု ပျိုးထောင်ခဲ့

ထိုအချိန်က စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက တိုင်းပြည်ကို ပြန်လည်ထူထောင်ရာတွင် လူငယ်များကို အဓိကထားပြီး ပညာရေး၊ စည်းကမ်း၊ နိုင်ငံ့အကျိုးစီးပွား၊ အကျင့်စာရိတ္တနှင့် အဂတိကင်းရှင်းရေး အထူးအလေးထားပြုစု ပျိုးထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။

ပညာရေးနှင့် ပတ်သက်ပြီး နည်းပညာ၊ သိပ္ပံနှင့်စီးပွားရေးဆိုင်ရာပညာရေးကို အထူးအလေးထား သင်ကြားစေခဲ့ပါသည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့်မြင့်သင်ရိုးညွှန်းတမ်းများ၊ စမ်းသပ်မှုစနစ်များကို အားပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ လူငယ်များ၏ အရည်အချင်းကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံသားစိတ်မွေးမြူခြင်းနှင့် ပတ်သက်၍ လီကွမ်ယု အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်း “One Nation ၊ One People” ဟူသော စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပါ သည်။ လူမျိုးပေါင်းစုံ၊ ဘာသာစကားယဉ်ကျေးမှုအရ လေးစားမှုဖြင့် ပညာပေးကာ နိုင်ငံတော်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များအဖြစ်ပြုစု ပျိုးထောင်ခဲ့ပါသည်။

စည်းကမ်းနှင့် တာဝန်ယူမှုကို အလေးထားတတ်စေရန် လီကွမ်ယုလက်ထက်မှစ၍ စင်ကာပူ နိုင်ငံသည် နိုင်ငံအတွင်း လူနေမှုစည်းကမ်းကို တင်းတင်းကျပ်ကျပ်မူဝါဒ ဥပဒေချမှတ်ခြင်း၊ အဂတိလိုက်စားမှုကို အထူးအလေးထား အရေးယူဆောင်ရွက်ခြင်း၊ ကျောင်းသားလူငယ်ဘဝမှ စတင်ပြုစုပျိုးထောင်ခြင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ (Curriculum Activeities)ကို မဖြစ်မနေပါဝင်စေကာ ခေါင်းဆောင် မှု စွမ်းရည်များကို ဖွံ့ဖြိုးစေခဲ့ပါသည်။

စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့်အနေဖြင့် အစိုးရသည် လူငယ်များအား နည်းပညာ၊ အင်ဂျင်နီယာနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ ဒေသဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုဖူလုံရေးအတွက် စင်ကာပူနိုင်ငံ၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ၊ သန့်ရှင်းသောရေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်ကို ချမှတ်ဆောင် ရွက်ခဲ့ပါသည်။ စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက အရည်အချင်းပြည့်ဝသော လူငယ်များအား နိုင်ငံတော်၏ အနာဂတ်အဖြစ် ရင်းနှီးမြှုပ်နှံခြင်းကို အဓိကမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်ခြင်းကြောင့် နှစ် ၂၀ ကျော်ကာလအတွင်း တဖြည်းဖြည်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာပြီး ယနေ့ကမ္ဘာမှာ သန့်ရှင်းသော မြို့တော်၊ ခရီးသွားလည်ပတ်မှုကောင်းသော မြို့တော်၊ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းသော နိုင်ငံအဖြစ်သို့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါနိုင်ငံများ၏ ပြုမူဆောင်ရွက်ချက်မူဝါဒများမှာ အတုယူဖွယ်ကောင်းသော အချက်များပင် ဖြစ်ပြီး လူငယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည့် အကြောင်းအရာတစ်ခုဆိုတာ ပေါ်လွင်စေခဲ့ပါသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖန်တီးကြ သူများဖြစ်ပြီး အသိပညာအတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသောလူငယ်များကို မွေးထုတ်ပေးနေခြင်းသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ပေသည်။ အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်စာရင်းအရ နိုင်ငံတကာတွင် အသက် ၁၅ - ၂၄ နှစ်အတွင်းအားလူငယ်ဟု သတ်မှတ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းရှိပါသည်။ မြန်မာနိုင်ငံတွင် လူငယ်သတ်မှတ်ချက်ကို အသက် ၁၅- ၃၅ နှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်သည်ဟု သိရှိရပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အသုံးချနိုင်ပါကထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။

သို့သော် မြန်မာ့သမိုင်းကို ပြန်လည်ကြည့်ပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော လက်နက်ကိုင်အဖွဲ့များကြောင့် အစိုးရအစဉ်အဆက် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ဖြေရှင်းနေရပြီး လူငယ်များ၏ အနာဂတ်မှာ မှေးမှိန်ခဲ့ရပါသည်။ ယနေ့မျက်မှောက် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်ရမှုများမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုပြဿနာ၊ အွန်လိုင်းမီဒီယာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ နိုင်ငံရေးမူဝါဒမှိုင်းများ၏ပြဿနာများ ဖြစ်ပါသည်။

အွန်လိုင်းမီဒီယာပြဿနာမှာ ယနေ့ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ၊ အရွယ်မတိုင်မီကပင် လက်ကိုင်ဖုန်းပေးကိုင်ပြီး သာမန်ဂိမ်းကစားရာမှတစ်ဆင့် တဖြည်းဖြည်းချင်း အွန်လိုင်းဂိမ်းသို့ ကူးစက်ကာ စွဲစွဲလမ်းလမ်းအသုံးပြု လာခြင်းသည် လူငယ်များ၏ ပညာရေးနှင့် ကိုယ်ကျင့် တရား၊ အသိပညာ အတတ်ပညာ ရှာဖွေလေ့လာ ရမည့်အချိန် စသည်တို့ ထိခိုက်နစ်နာဆုံးရှုံးမှုကို များစွာဖြစ်ပေါ်စေပါသည်။

ထို့အပြင် လူငယ်များသည် လက်ကိုင်ဖုန်းကို အသုံးပြုပြီး Social Network ကို တွင်တွင် ကျယ်ကျယ်အသုံးပြုလာခြင်းကြောင့် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ အားကျပြီး ဘာသာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိခိုက်မှုရှိစေခြင်း၊ ဆင်ဆာဖြတ်တောက်မှုမရှိဘဲ လိင်ကိစ္စဗီဒီယိုများ၊ လိင်ကိစ္စအကြောင်းအရာများကို ငယ်ရွယ်စဉ်က ကြည့်ရှုနေခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပျက်စီးမှုများ၊ လူမှုရေးရာနေထိုင်မှုပုံစံများကို များစွာထိခိုက်စေပါသည်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၏ အဓိကစိန်ခေါ်မှုနောက်တစ်ခုမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့များက နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးများ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား နိုင်ငံတကာနှင့် ချိတ်ဆက်မှောင်ခိုပြုလုပ်နေခြင်းတို့ကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးများပျံ့နှံ့လျက်ရှိပြီး Happy Water ၊ K နှင့် E တို့ စသည့် ဆေးဝါးမျိုးစုံများ လူငယ် များအကြား ရေပန်းစားလျက်ရှိနေပါသည်။ KTV များ၊ Bar များ၊ Night Club များသည် မူးယစ်ဆေးဝါး သုံးစွဲပြီး ပျော်စံသောနေရာဖြစ်နေခြင်းကြောင့် အနာဂတ်တွင် အားကိုးအားထားပြုရမည့် လူငယ် များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် အကြောင်းတရားများပင် ဖြစ်နေပါသည်။

ထို့ပြင်လည်း မတည်ငြိမ်မှုများကြောင့် နိုင်ငံအနှံ့အပြားရှိ လူငယ်တော်တော်များများ စစ်ဘေးရှောင်ရခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ ပညာသင်ရန် အချိန်နောက်ကျခြင်းတို့ ဖြစ်ပါသည်။ ပညာသင်ရန် အခက်အခဲတော်တော်များများ ကြုံတွေ့နေရသည်မှာ လက်ရှိလူငယ်များ ရင်ဆိုင်ဖြေရှင်းနေရသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။

အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သော လူငယ်များ ထွက်ပေါ်လာစေရန်ဖြစ်

၁-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းမှာ နိုင်ငံအတွင်းရှိ လူငယ်များ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေကာ ယဉ်ကျေးလိမ္မာ၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် ပညာပြည့်ဝနှလုံးလှသော လူငယ်များ ထွက်ပေါ်လာစေရန် ဖြစ်ပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတွင်းရှိ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် အားကစားကို လိုက်စားစေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ငယ်စဉ်ကတည်းက တိုးတက်ကောင်းမွန်လာ‌အောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး လူငယ်များကို အဓိကပြုစုပျိုးထောင်ရန်အတွက် လူငယ်ကဏ္ဍ ၁၆ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကဏ္ဍများမှာ-

(၁)     ပညာရေးကဏ္ဍ

(၂)      ကျန်းမာရေးကဏ္ဍ

(၃)     မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ် သည့် အန္တရာယ်များကဏ္ဍ

(၄)     အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ

(၅)     အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ

(၆)     စီးပွားရေးကဏ္ဍ

(၇)     နိုင်ငံရေးကဏ္ဍ

(၈)     စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ

(၉)     သုတေသနကဏ္ဍ

(၁၀)   သိပ္ပံနှင့် နည်းပညာကဏ္ဍ

(၁၁)   ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍ

(၁၂)    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ

(၁၃)   ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ

(၁၄)   ကျား၊ မညီမျှမှုကဏ္ဍ

(၁၅)   လူ့အခွင့်အရေးကဏ္ဍ

(၁၆)   နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် အခြေခံအချက်များပါဝင်သော လူငယ်စင်တာများကို တည်ဆောက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ကုလသမဂ္ဂက နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ပြီး လူငယ်ကဏ္ဍကို အထူးမြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၏ ဆောင်ပုဒ်ဖြစ်သော “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီ သို့” (Local Youth Actions For The SDGs And Beyond) ဟူ၍ ဆောင်ပုဒ်ကိုထုတ်ပြန်ခဲ့ပါသည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့၏ မိသားစုရှိ သား၊ သမီးများ၊ မိမိမြို့ရွာရှိ လူငယ်လူရွယ်များ၊ မိမိနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် ဂရုတစိုက်ပြုစုပျိုးထောင် ပညာသင်ကြားစေခြင်း၊ အသိဉာဏ်ပညာနှင့်ပြည့်စုံရန် သွန်သင်ဆုံးမခြင်း၊ ၎င်းတို့ဝါသနာပါရာ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတတ်ပညာများ ဆည်းပူးလေ့လာသင်ယူစေခြင်း၊ တိုးတက်လာသော IT ပညာနည်းပညာများ၊ AI ကဲ့သို့ ပညာရပ်များ အကျိုးရှိစွာအသုံးချစေခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဘာသာတရားနှင့် ကိုက်ညီသော စာပေများ လေ့လာစေခြင်း၊ စာဖတ်ခြင်းအပြုအမူကို ငယ်စဉ်ကပင် အလေ့အကျင့် ပြုလုပ်ပေးခြင်း စသည့် လုပ်ဆောင်မှုများသည် မိမိနှင့် မိသားစုအတွင်း၊ မိမိတို့မြို့ရွာ၊ မိမိတို့နိုင်ငံနှင့် မိမိတို့ အနာဂတ်အတွက် ကောင်းမွန်စွာရင်းနှီးမြှုပ်နှံနေခြင်းပင်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာ ဝပြောမှုရှိစေရန်အတွက် မိမိတို့၏ သား၊ သမီး လူငယ်များအား ယခုမှစ၍ ဗလငါးတန်နှင့်ပြည့်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ ရေးသားတင်ပြလိုက်ရ ပါသည်။ ။

MOI

Photo- Muwado

ဗိုလ်ကြည်(လူငယ်)

လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ …
-

ယနေ့ကာလတွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းက တိုင်းပြည်အနာဂတ်များဖြစ်သော လူငယ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ရှစ်ဘီလီယံကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်း နီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

ကမ္ဘာ့လူငယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။ အာဆီယံဒေသတွင်း၌လည်း လူဦးရေ စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင် နှုန်းကျော်ရှိသည်ဟု လေ့လာသိရှိရပါသည်။

ထိုကဲ့သို့သော ကမ္ဘာ့လူငယ်ထုတို့ ဖွံ့ဖြိုး တိုးတက်စေလိုမှုကိုအကြောင်းပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟူ၍ ဖြစ်ပေါ်လာရပါသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်က လစ်စဘွန်းမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်ရေးရာ ဝန်ကြီးများညီလာခံက ထောက်ခံအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ အရ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ နှစ်စဉ် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့နှင့်သက်ဆိုင်သည့် ဆောင်ပုဒ်သတ်မှတ်ကာ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပလျက်ရှိကြပါသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပရသည့်ရည်ရွယ်ချက်တွင် ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၌ လူငယ်များ၏အနာဂတ်ကို အလေးထားလာရန်နှင့် မြှင့်တင်ရန်အတွက် ကျင်းပခြင်းလည်း ပါဝင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိကြပါသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” “Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်ပါသည်။

ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) ပြီးဆုံးရမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူငယ်ဦးရေမှာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိလာ မည်ဖြစ်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားများဖြစ်သော ထိုလူငယ်ထုသည် စွမ်းဆောင်ရည်မြင့်မားကာ တော်တတ်၊ ထက်မြက်နေရန် အထူးလိုအပ်လှပါသည်။ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၌လည်း လူငယ်ကဏ္ဍ အထူးအလေးထား မြှင့်တင်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန လူငယ်ရေးရာဦးစီးဌာနက မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒများမှာ

(၁)     လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန် အတွက် ကူညီပံ့ပိုးပေးရန်၊

(၂)      လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အားပေးရန်၊

(၃)     လူငယ်များကို ဆောင်ရွက်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄)     လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊

(၅)     နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံး ညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊

(၆)     ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင် မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊

(၇)     အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင် ပေးရန်တို့ ဖြစ်ပါသည်။

ရည်မှန်းချက်များအနေဖြင့်

(၁)     နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊

(၂)     လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုး စိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊

(၃)     လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင် လိုစိတ်များ တိုးပွားလာစေရန်၊

(၄)     လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်စေရန်၊

(၅)     မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊

(၆)     လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊

(၇)     နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်တို့ ဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အောက်ပါအတိုင်း လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိ ရပါသည်-

(၁)     လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အသင်းအလိုက် လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်မည်။

(၂)     လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေ ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ ပြည်ပအနုပညာများ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်များကို မြှင့်တင်ချိတ်ဆက် ဆောင်ရွက်မည်။

(၃)     လူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး နေ့စဉ်အားကစားလှုပ်ရှား ကစားလာစေရေးအတွက် ပညာပေးဟောပြောခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များအနေဖြင့် မြတ်နိုးထိန်းသိမ်းနိုင်စေမည့် အစီအမံများ ဆောင်ရွက်သွားမည်။

(၄)     လူငယ်များအကြား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားပညာပေးရေး၊ အသိပညာ ပြန့်ပွားရေးနှင့်ဆက်နွှယ်သော ကိစ္စရပ်များဆိုင်ရာ လူထုစစ်တမ်းများ သုတေသနပြုလုပ်ရာတွင် လူငယ်များကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မည်။

(၅)     နိုင်ငံအတွင်းရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှုကဏ္ဍများအတွက် အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်ရေး မဟာ ဗျူဟာလမ်းညွှန်ချက်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်မည်။

(၆)     လူငယ်များခရီးသွားခြင်းနှင့် ဒေသန္တရဗဟုသုတကြွယ်ဝခြင်းကို အားပေးမြှင့်တင်ရန်အတွက် လိုအပ်သောအစီအစဉ်များကို လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(၇)     နိုင်ငံတကာလူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ ဂုဏ်သိက္ခာအရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလာစေရန်အတွက် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ဆောင်ရွက်သွားမည်။

(၈)     လူငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (EYE)အရ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ကဏ္ဍနှင့် နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍတို့ ဆက်စပ်မှု ပိုမိုအားကောင်း လာစေရန်အတွက် သက်ဆိုင်ရာအကြံပေး ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားပါမည်။

(၉)     လူငယ်များအနေဖြင့် အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခြင်း၊ အလေ့အကျင့်ရရှိစေရန်နှင့် သက်တမ်းအလိုက် အဖွဲ့အစည်းများ ဖွဲ့စည်းပေးရန် (ဥပမာ- ယခင်ဖွဲ့စည်းခဲ့သော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကင်းထောက်လူငယ်) နှင့် ၎င်းအဖွဲ့အစည်းများတွင် ဝါသနာတူရာ (စာပေ၊ ဂီတ၊ အနုပညာ၊ သိပ္ပံပညာ၊ ကွန်ပျူတာ(IT)၊ အားကစား၊ ယဉ်ကျေးမှု) ဘာသာရပ်များ စုပေါင်းလေ့လာ ဆည်းပူးနိုင်ရန်အတွက် အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လေ့လာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

(၁၀)   လူငယ်များနှင့်ပတ်သက်၍ လူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေ ရေးဆွဲပေးခြင်း စသည်တို့ပင်ဖြစ်ပါသည်။

စာရေးသူသည် လူငယ်ရေးရာဦးစီးဌာန၏ ဖိတ်ကြားချက်အရ အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူလေးများ တစ်နည်းအားဖြင့် လူငယ်လေးများကို ဟောပြောခွင့် ရရှိခဲ့ပါသည်။ အထူးသဖြင့် လူငယ်လေးများ စာဖတ်ခြင်းအလေ့ ထွန်းကားလာရေးကို ဦးတည်ဟောပြောဖြစ်ခဲ့ပါသည်။

လူငယ်ဆိုင်ရာဥပဒေများတွင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ လူငယ်အရွယ်တွင် စာပေဖတ် မှတ်လေ့လာခြင်းအားဖြင့် လူငယ်တို့၏စိတ်ထဲတွင် ရဲဝံ့စွန့်စားလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်များ ဖြစ်ပေါ်လာကာ အသိဉာဏ်ပညာဆင်ခြင်တုံတရားများဖြင့် ထိန်းချုပ်၍ ဖွံ့ဖြိုးတိုးတက်သော လူငယ်လေးများ ဖြစ်လာမည်ဖြစ်ပါသည်။ သို့မှသာ လူငယ်မောင်မယ်လေးများသည် အတ္တဟိတ၊ ပရဟိတစိတ်မျှတစွာမွေးမြူ၍ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့လူ့ဘောင်လောက သာယာလှပအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်း

နိုင်ငံတော်က အားကိုးအားထားရသည့်လူငယ်များဖြစ်လာစေရေး လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၉ ကိုလည်း ရေးဆွဲ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်များနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြမည်ဖြစ်ပါသည်။

လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များတွင် နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်စေရန်ဟူ၍ပါရှိရာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို အကြောင်းပြု၍ လူငယ်ထုအကြား ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှ လူငယ်များနှင့် ချစ်ကြည်ရင်းနှီးကာ ယဉ်ကျေးမှုနည်းပညာ အတတ်ပညာ နယ်ပယ်စုံတွင် ပေါင်းစည်းယှက်နွှယ် ပညာဖလှယ်နိုင်အောင် လူငယ်ထု၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အထောက်အကူကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်စေပြီး လူမှုဘဝအရည်အသွေး တိုးတက်လာစေခြင်းဖြစ်သည်။ လူငယ်ထု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုမူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည် ဖော်ရေး ရာနှုန်းပြည့်ဦးတည်လျက်ရှိသည်ကို လေ့လာသိရှိရပါသည်။

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်

ကမ္ဘာလောကနှင့် နိုင်ငံအသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ် သည့်အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ ယနေ့ လူငယ်နောင်ဝယ်လူကြီး ဟူသည့် ဆိုရိုးစကားနှင့်အညီ လူငယ်များသည် နောင်တစ်ချိန်တွင် ကမ္ဘာလောကကြီးနှင့် နိုင်ငံအသီးသီး၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။

လူငယ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုကို အကောင်အထည်ဖော်ရင်း ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီးဘဝအတွက် စွမ်းဆောင်ရည်မြင့်တက်ကာ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော မိမိအကျိုး၊ နိုင်ငံ့အကျိုး၊ လောကအကျိုးကို သယ်ပိုးနိုင်သော လူတော်လူကောင်းလေးများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား - mosya.gov.mm

 - နေ့စဉ်ထုတ်သတင်းစာများ

Photo - News 18

မောင်လေပြေ (တောင်တွင်း)

အမိနိုင်ငံတော်အတွက် စာဖတ်ပါ
-

နိုင်ငံသားတိုင်းအတွက် မှန်ကန်သော အသိတရား

လူတိုင်းသည်ဘဝတစ်ခုကို တည်ဆောက်နေကြသည်။ ဤသို့တည်ဆောက်ရာတွင်  အောင်မြင်သောဘဝမျိုးကို တည်ဆောက်ရန်လိုအပ်သည်။ အောင်မြင်သောဘဝမျိုးကို  တည်ဆောက်နိုင်ရန်အတွက် လိုအပ်သောအရာတစ်ခုမှာ မှန်ကန်သောအသိတရားပင်ဖြစ်သည်။ မှန်ကန်သောအသိတရားဖြင့်တည်ဆောက်မှသာ အောင်မြင်သောဘဝမျိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ မှားယွင်းသော အသိတရားဖြင့်တည်ဆောက်ပါက  ဆုတ်ယုတ်နိမ့်ကျသောဘဝမျိုးကိုသာပိုင်ဆိုင်ရမည်။ ဤသဘောအတိုင်းပင် နိုင်ငံသူ၊ နိုင်ငံသားများသည် နိုင်ငံကိုတည်ဆောက်နေကြသည်။   မှန်ကန်သော  အသိတရားများဖြင့် တည်ဆောက်ပါက  အောင်မြင်သောနိုင်ငံမျိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ မှားယွင်းသော အသိတရားများဖြင့် တည်ဆောက်ပါက ဆုတ်ယုတ်နိမ့်ကျနေသော နိုင်ငံမျိုးကိုပိုင်ဆိုင်ရမည်။ လူတစ်ဦး၏ ဘဝအောင်မြင်နေသလော သို့မဟုတ် ဆုတ်ယုတ်နေသလောဆိုသည်ကိုကြည့်ပြီး ထိုသူ၏အသိတရားများ မှန်ကန်နေသလော  သို့မဟုတ် မှားယွင်းနေသလော ဆိုသည်ကိုခန့်မှန်းကြည့်ရှုနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအောင်မြင်နေသလော   သို့မဟုတ် ဆုတ်ယုတ်နိမ့်ကျနေသလော ဆိုသည်ကိုကြည့်ပြီး ထိုနိုင်ငံရှိလူမျိုးတို့၏ အသိတရားများ  မှန်ကန်မှုရှိနေသလော  သို့မဟုတ်  မှားယွင်းနေသလောဆိုသည်ကို ခန့်မှန်းသိရှိနိုင်သည်။

မှန်ကန်သောအသိတရားဆိုသည်မှာ

မှန်ကန်သောအသိတရားဆိုသည်မှာ ကျွန်ုပ်တို့အမိနိုင်ငံတွင် လူလာဖြစ်ရခြင်းမှာ အမိနိုင်ငံအတွက် ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ရန်နှင့် အနစ်နာခံပေးဆပ်မှုမှန်သမျှကို ဆောင်ရွက်ပေးရမည့် တာဝန်ဖြင့်  ရောက်ရှိလာခြင်းဖြစ်သည်။   အမိနိုင်ငံသည် ကျွန်ုပ်တို့အမိနိုင်ငံသားများအတွက် အနစ်နာခံရန်မဟုတ်။ ကျွန်ုပ်တို့နိုင်ငံသားများကသာ အမိနိုင်ငံအတွက် အနစ်နာခံပေးဆပ်နေရမည်။ အမိနိုင်ငံတည်ငြိမ်အေးချမ်းလာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပနိုင်ငံသားတွင် တာဝန်မရှိ၊ မိမိတို့နိုင်ငံသားများတွင်သာ တာဝန်ရှိသည်။ ကျွန်ုပ်တို့နိုင်ငံသားများသည် အမိနိုင်ငံအပေါ် ရယူလိုသူများအဖြစ် ရပ်တည်နေရန်မဟုတ်။ ပေးဆပ်အနစ်နာခံလိုသူများအဖြစ် ရပ်တည်နေရမည်။ ဤအချက်များသည် မှန်ကန်သောအသိတရား၏ သဘောများဖြစ်ကြသည်။ ကျွန်ုပ်တို့အသိတရားများ မှန်ကန်နေမှသာ ကျွန်ုပ်တို့အားလုံးသည် အမိနိုင်ငံ၏ အားကိုးရသည့် အားများအဖြစ် ရပ်တည်နိုင်ကြမည်ဖြစ်သည်။

မှန်ကန်သောအသိတရားနှင့် နိုင်ငံကြံ့ခိုင်မှု

ကမ္ဘာပေါ်တွင် အင်အားကြံ့ခိုင်တောင့်တင်းသော နိုင်ငံများရှိသကဲ့သို့ အင်အားကြံ့ခိုင်တောင့်တင်းခြင်း မရှိသောနိုင်ငံများလည်းရှိသည်။ နိုင်ငံချင်းတူပါလျက်နှင့် ကြံ့ခိုင်မှုအားချင်း ခြားနားသွားရသည်မှာ နိုင်ငံ၏လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သောအသိတရားရှိပုံခြင်း မတူညီကြသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက အမြော်အမြင်ကြီးမားစွာ၊  စည်းလုံးညီညွတ်စွာ  နေထိုင်သည်။

တစ်ဦးကိုတစ်ဦး  အပြန်အလှန် ကာကွယ်စောင့်ရှောက်ကြသည်။ တစ်ဦး၏တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဦးကကြိုးပမ်း ဆောင်ရွက်ပေးသည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် သစ္စာစောင့်သိကြသည်။ ထို့ကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည်အားကိုးမှုများ ထားရှိလာကြပြီး စည်းလုံးညီညွတ်လာကြသည်။    နိုင်ငံသားများ စည်းလုံးညီညွတ်လာခြင်းကြောင့်    နိုင်ငံ၏အားကြံ့ခိုင် တောင့်တင်းလာသည်။ နိုင်ငံသားများ၏ အသိတရား မှန်ကန်မှုရှိနေခြင်းကြောင့်   ဤသို့နိုင်ငံ၏အား ကြံ့ခိုင်တောင့်တင်းလာခြင်းဖြစ်သည်။   သို့သော် မှားယွင်းသော အသိတရားရှိသည့်သူများက အမြော်အမြင်နိမ့်ကျစွာ၊ စိတ်ဝမ်းကွဲပြားစွာနေထိုင်သည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်တိုက်ခိုက် ဖျက်ဆီးကြသည်။ တစ်ဦး၏ပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက ကြံဆောင်ကြိုးပမ်းကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သစ္စာ ဖောက်ဖျက်ကြသည်။ ထို့ကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုကင်းမဲ့လာကြပြီး  စည်းလုံးညီညွတ်မှု ပြိုကွဲလာသည်။ နိုင်ငံသားများ စည်းလုံးညီညွတ်မှုပြိုကွဲလာခြင်းကြောင့်   နိုင်ငံ၏ အားယုတ်လျော့ကျဆင်းလာသည်။ နိုင်ငံသားများ၏ အသိတရားများ မှားယွင်းနေခြင်းကြောင့်  ဤသို့နိုင်ငံ၏ အားယုတ်လျော့ကျ ဆင်းလာရခြင်းဖြစ်သည်။   နိုင်ငံတစ်နိုင်ငံ၏အား ကြံ့ခိုင်တောင့်တင်းနေမည်လော သို့မဟုတ် ယုတ်လျော့ ကျဆင်းနေမည်လောဆိုသည်မှာ လူမျိုး၏ အသိတရားများ မှန်ကန်နေသလော သို့မဟုတ် မှားယွင်းနေသလောဆိုသည့် အချက်ပေါ်တွင် များစွာမူတည်သည်။ ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး  အမိနိုင်ငံတော်ကြီး၏အား   ကြံ့ခိုင်တောင့်တင်းနေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားမှန်ကန်နေရမည်။

မှန်ကန်သောအသိတရားနှင့် နိုင်ငံဖွံ့ဖြိုးမှုကမ္ဘာပေါ်တွင် အချို့သောနိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လျက် ရှိနေကြပြီး အချို့သောနိုင်ငံများသည်  ခေတ်နောက်ကျကျန်ရစ်ပြီး ဆုတ်ယုတ်နိမ့်ကျလျက်ရှိနေကြသည်။ နိုင်ငံချင်းတူပါလျက်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုချင်း ခြားနားနေရသည်မှာ  နိုင်ငံ၏လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သောအသိတရားရှိပုံချင်း  မတူညီကြသောကြောင့်ဖြစ်သည်။   မှန်ကန်သော အသိတရားရှိသည့်လူမျိုးက နိုင်ငံ၏အခြေအနေအရပ်ရပ်ကို ပိုမိုတိုးတက်မြင့်မားသည့် အခြေအနေကောင်းများအဖြစ်သို့  ရောက်ရှိအောင် တာဝန်သိစိတ်မြင့်မားစွာ  ကြိုးပမ်းဆောင်ရွက်သည်။ နိုင်ငံတွင်ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲ၊ အန္တရာယ်များဖြေရှင်းရေးသည်  မိမိနိုင်ငံသားများတွင်လည်း တာဝန်ရှိသည်ဟုခံယူပြီး နိုင်ငံတော်အစိုးရနှင့် တက်ကြွစွာပူးပေါင်းဖြေရှင်းသည်။ နိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သယံဇာတအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စနစ်တကျအသုံးချပြီး နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရှားပါးမှု၊ ပြတ်လပ်မှု၊ လိုအပ်မှုအမျိုးမျိုး ပြည့်ဝသွားအောင် ဖြည့်ဆည်းပေးသည်။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်၊  နိုင်ငံတော်က  အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများသည် မိမိတို့နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်ဟု  အလေးအနက်ယုံကြည်ပြီး  တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်သည်။   နိုင်ငံတော်ကို   မိမိတို့အတ္တကောင်းကျိုးအတွက်  အသုံးမချဘဲ နိုင်ငံတော်ကောင်းကျိုးအတွက်  မိမိတို့၏ဘဝကို  အသုံးချစတေးသည်။ ဤသို့မှန်ကန်သော အသိတရားများကြောင့်  နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်။

သို့သော် မှားယွင်းသော အသိတရားရှိသည့်သူများကမူ နိုင်ငံ၏ကောင်းမွန်နေသော အခြေအနေအရပ်ရပ်ကို  ဆုတ်ယုတ်ဆိုးဝါးသည့် အခြေအနေဆိုးများအဖြစ်သို့ရောက်ရှိအောင်  စီမံဖန်တီးသည်။ နိုင်ငံကြုံတွေ့နေရသော ပြဿနာ၊ အခက်အခဲ၊ အန္တရာယ်များကို ပိုမိုဆိုးဝါးလာစေရန် ကောက်ကျစ်စဉ်းလဲစွာ  ကြံစည်လုပ်ဆောင်သည်။  နိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ သယံဇာတများကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ခိုက်ဖျက်ဆီးပြီး   နိုင်ငံတွင်   ရှားပါးမှု၊ ပြတ်လပ်မှု၊ ကျပ်တည်းမှုအမျိုးမျိုးဖြစ်အောင် အရှက်အကြောက်ကင်းမဲ့စွာ ဆောင်ရွက်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  လုပ်ငန်းများကို ကဲ့ရဲ့ပြစ်တင်မှု အမျိုးမျိုးပြုလုပ်သည်။    နိုင်ငံကောင်းကျိုးအတွက် မိမိတို့ဘဝကိုပေးလှူခြင်း မပြုဘဲ မိမိတို့အတ္တကောင်းကျိုး အတွက် နိုင်ငံတော်ကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် အသုံးချစတေးသည်။

ဤသို့မှားယွင်းသော အသိတရားများကြောင့် နိုင်ငံခေတ်နောက်ကျပြီး ဆုတ်ယုတ်နိမ့်ကျလာရသည်။ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်သည်လော သို့မဟုတ် ခေတ်နောက်ကျပြီး ဆုတ်ယုတ်နိမ့်ကျနေမည်လော  ဆိုသည်မှာ  လူမျိုး၏အသိတရားမှန်ကန်မှုရှိနေသလော  သို့မဟုတ်  မှားယွင်းနေသလောဆိုသည့် အချက်ပေါ်တွင်  များစွာမူတည်သည်။  ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်နေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားများမှန်ကန်နေရမည်။

မှန်ကန်သောအသိတရားနှင့် နိုင်ငံအရှိန်အဝါ ကမ္ဘာပေါ်တွင် အချို့သောနိုင်ငံများသည် အရှိန်အဝါကြီးမားစွာရပ်တည်နေကြပြီး အချို့သောနိုင်ငံများသည် အရှိန်အဝါနိမ့်ကျစွာ ရပ်တည်နေကြသည်။ နိုင်ငံချင်းတူပါလျက် မည်သည့်အတွက်ကြောင့် နိုင်ငံ၏အရှိန်အဝါချင်း  ခြားနားနေရပါသနည်း။ အဖြေမှာ နိုင်ငံ၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သော အသိတရားရှိပုံချင်း ခြားနားနေသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက   နိုင်ငံ၏အနာဂတ်ရေးကို မျှော်ကိုးပြီး  အချင်းချင်းစည်းလုံးညီညွတ်စွာ   နေထိုင်သည်။  ထို့ကြောင့်  ပြည်တွင်းစည်းလုံး ညီညွတ်မှုမြင့်မားသော  နိုင်ငံအဖြစ် ကမ္ဘာ့အလယ်ရပ်တည်ရသည်။ ဆင်ခြင်တုံတရားကြီးမားစွာ နိုင်ငံအတွက် မည်သည့်အမှားမျိုးကိုမှ မကျူးလွန်ဘဲ  တိုးတက်အောင်မြင်စေမည့် အမှန်တရားဟူသမျှကိုသာ ရွေးချယ်ဆောင်ရွက်သည်။ ထို့ကြောင့် အသိသတိကြီးမားပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားသည့် နိုင်ငံအဖြစ်  အသိအမှတ်ပြုခြင်းခံရသည်။   အရှက်အကြောက်တရား နှစ်ပါးနှင့်အညီ ကျင့်ကြံနေထိုင်ပြီး မကောင်းမှုမှန်သမျှကိုရှောင်ရှားပြီး   ကောင်းမှုမှန်သမျှကို ပြုမူဆောင်ရွက်သည်။ ထို့ကြောင့် ကိုယ်ကျင့်သီလမြင့်မားသောနိုင်ငံအဖြစ် လေးစားတန်ဖိုးထားခြင်းခံရသည်။ ပြည်ပနိုင်ငံများ၏သပ်လျှိုသွေးခွဲစည်းရုံးမှုမှန်သမျှကို လုံးဝလက်မခံဘဲ နိုင်ငံတော်အပေါ်ကိုသာ  သစ္စာစောင့်သိသည်။  ထို့ကြောင့် စိတ်ဓာတ်ကြံ့ခိုင်သော နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်ရသည်။ ဤသို့နိုင်ငံ၏ အရှိန်အဝါကြီးမားလာရခြင်းမှာ နိုင်ငံသားများ၏ အသိတရားများ မှန်ကန်မှုရှိနေသောကြောင့်ဖြစ်သည်။ သို့သော် မှားယွင်းသော အသိတရားရှိသည့်   လူမျိုးကမူ  ဆင်ခြင်တုံတရားကင်းမဲ့စွာ၊  စိတ်ဝမ်းကွဲပြားစွာနေထိုင်သည်။ ထို့ကြောင့် ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိသောနိုင်ငံအဖြစ်  ကမ္ဘာ့အလယ်ရပ်တည်ရသည်။ ဆင်ခြင်တုံတရားကင်းမဲ့စွာ၊  နိုင်ငံအတွက်  အမှားဟူသမျှကို   တက်ကြွစွာကျူးလွန်ပြီး  အမှန်ဟူသမျှကိုလုံးဝမဆောင်ရွက်ဘဲနေသည်။ ထို့ကြောင့် အသိသတိကင်းလွတ်ပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသည့်နိုင်ငံအဖြစ်  အသိအမှတ်ပြုခြင်းခံရသည်။ အရှက်နှင့်အကြောက်တရား နှစ်ပါးကင်းမဲ့စွာကောင်းမှုမှန်သမျှကို မဆောင်ရွက်ဘဲ မကောင်းမှုမှန်သမျှကိုသာ ရွေးချယ်ကျူးလွန်သည်။ ထို့ကြောင့် အရှက်အကြောက်တရား နှစ်ပါးကင်းမဲ့ပြီး ကိုယ်ကျင့်သီလနိမ့်ကျသောနိုင်ငံအဖြစ် ဝိုင်းဝန်းအထင်အမြင် သေးခြင်းကိုခံရသည်။  ပြည်ပနိုင်ငံများ၏ သပ်လျှိုသွေးခွဲစည်းရုံးမှု မှန်သမျှကို လွယ်လင့်တကူလက်ခံပြီး   နိုင်ငံအပေါ်သစ္စာအမျိုးမျိုး ဖောက်ဖျက်သည်။ ထို့ကြောင့် စိတ်ဓာတ်ညံ့ဖျင်းသော နိုင်ငံအဖြစ် နိုင်ငံတကာ၏အထင်အမြင်သေးခြင်းကိုခံရသည်။  ဤသို့နိုင်ငံ၏အရှိန်အဝါနိမ့်ကျနေရခြင်းမှာ နိုင်ငံသားများ၏အသိတရားများ မှားယွင်းနေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအရှိန်အဝါကြီးမားစွာ ရပ်တည်နေမည်လော  သို့မဟုတ်  အရှိန်အဝါနိမ့်ကျစွာ ရပ်တည်နေမည်လောဆိုသည်မှာ နိုင်ငံရှိလူမျိုးသည် မှန်ကန်သောအသိတရားများရှိနေသလော သို့မဟုတ်  မှားယွင်းသော အသိတရားများရှိနေသလောဆိုသည့် အချက်ပေါ်တွင်  များစွာမူတည်သည်။ ဤအချက်ကို  အလေးအနက်ဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး၏အရှိန်အဝါကြီးမားနေစေရန်အတွက်  ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားများမှန်ကန်နေရမည်။

အသိတရားမှန်ကန်ရန် စာဖတ်ပါ

ကျွန်ုပ်တို့၏အသိတရားများ အစဉ်မှန်ကန်မှုရှိနေစေရန်  ကြိုးပမ်းဆောင်ရွက်နေရမည့် နည်းလမ်းများရှိသည်။ ယင်းနည်းလမ်းများထဲတွင်  ကျွန်ုပ်တို့အားလုံး  အမြန်ဆုံး၊ အလွယ်ကူဆုံး  အချိန်မရွေး၊ နေရာမရွေး၊ အခါမရွေး အသုံးပြုနိုင်သောနည်းလမ်းမှာ စာဖတ်ခြင်းနည်းလမ်းပင်ဖြစ်သည်။  ပညာရှိသူတော်ကောင်းများ ရေးသားထားသော စာအုပ်စာပေများကို အချိန်မရွေး၊ အခါမရွေး၊ နေရာမရွေး ကျွန်ုပ်တို့ဖတ်ရှုလေ့လာနိုင်သည်။ ဖတ်ရှုလေ့လာရန် ကျွန်ုပ်တို့ဆန္ဒပြင်းပြနေရမည်။ စာဖတ်ရန်ဆန္ဒပြင်းပြလျှင် စာအုပ်စာပေများကို မပြတ်ဖတ်ရှု လေ့လာနေမည်သာဖြစ်သည်။ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနေခြင်းသည်  အသိတရားမှန်ကန်နေရန် အချက်(၇)ချက်ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ပထမအချက်မှာ ပညာရှိသူတော်ကောင်းများထံ ဆည်းကပ်နေခြင်း၊ ဒုတိယအချက်မှာ ပညာရှိသူတော်ကောင်းများ၏အဆုံးအမကို နာယူနေခြင်း၊ တတိယအချက်မှာ  မိမိမသိရှိသေးသည့် မှန်ကန်သောအသိတရားများကို    ထပ်မံစုဆောင်းနေခြင်း၊ စတုတ္ထအချက်မှာ မိမိတွင်ရှိသည့်မှားယွင်းနေသော အသိတရားများကို ပြုပြင်တည့်မတ်ပေးနေခြင်း၊ ပဉ္စမအချက်မှာ မိမိစဉ်းစားဆင်ခြင် ထိုးထွင်းသိမြင်နိုင်စွမ်းကို မြှင့်တင်ပေးနေခြင်း   စသည့်အချက်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ဆဋ္ဌမအချက်မှာ မိမိဘဝ၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်အောင်မြင်မှုကိုတည်ဆောက်နေခြင်း၊ သတ္တမအချက်မှာ ပစ္စုပ္ပန်အချိန်များကို   တန်ဖိုးရှိစွာအသုံးချနေခြင်း စသည်တို့ဖြစ်ကြသည်။ ဤအချက်(၇)ချက်ကြောင့်   မှန်ကန်သောအသိတရားဖြစ်ပေါ်လာခြင်းဖြစ်သည်။

စာဖတ်ရာတွင် လိုက်နာရမည့်နည်းစနစ် စာပေများကိုဖတ်ရှုရာတွင်    နည်းစနစ်မှန်ကန်မှသာ အကျိုးတရားများစွာရရှိမည်။ နည်းစနစ်လွဲမှားစွာ  ဖတ်ရှုလေ့လာနေပါက  အကျိုးတရားမရရှိနိုင်ပါ။ မှန်ကန်သောနည်းစနစ်ဆိုသည်မှာ များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင် သုံးသပ်ဟူ၍ဖြစ်သည်။ များများဖတ်ဆိုသည်မှာ  ပညာရှိသူတော်ကောင်းများ၏စာများကို များများရှာဖွေဖတ်ရှုခြင်းဖြစ်သည်။ များများမှတ်ဆိုသည်မှာ ဖတ်ရှုလေ့လာထားသည့်   စာပေများအနက်မှ သဘောတရား၊ နိယာမ၊ သင်ခန်းစာအမျိုးမျိုးကို  မှတ်သားထားခြင်းဖြစ်သည်။  အလေးအနက်ဆင်ခြင်သုံးသပ်ဆိုသည်မှာ လောကကြီး၏ ဖြစ်စဉ်ဖြစ်ရပ်များကိုလည်းကောင်း၊ နေ့စဉ်ဘဝအတွေ့အကြုံများကို လည်းကောင်း၊ နိုင်ငံ၏ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကိုလည်းကောင်း မှတ်သားထားသည့် အချက်အလက်များနှင့် အလေးအနက်ဆင်ခြင် သုံးသပ်အဖြေရှာခြင်းဖြစ်သည်။ ထို့ကြောင့်  များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင်သုံးသပ်ဟူသော မှန်ကန်သောနည်းစနစ်ဖြင့် စာပေများကိုဖတ်ရှုလေ့လာနေပါက အကျိုးတရားအမျိုးမျိုးကို ရရှိမည်ဖြစ်သည်။

စာဖတ်ခြင်းကြောင့်ရရှိသည့်အကျိုးတရားများ

စာပေများကို နည်းစနစ်မှန်ကန်စွာ ဖတ်ရှုလေ့လာခြင်းဖြင့် အကျိုးတရားများစွာ ရရှိနိုင်သည်။ ယင်းအကျိုးတရားများစွာထဲမှ အဓိကအချက်(၁၀)ချက်ကို ဖော်ပြလိုသည်။ ယင်းအချက်များမှာ အဖိုးတန်ဗဟုသုတများ ပိုမိုပွားများလာခြင်း၊ မှန်ကန်သောအသိတရားများ ထပ်မံတိုးပွားလာခြင်း၊  ယခင်ကလွဲမှားနေသောအသိများ မှန်ကန်သောအသိများအဖြစ်သို့ရောက်ရှိလာခြင်း၊   အမှားအမှန်၊အကောင်းအဆိုး၊ အကြောင်းအကျိုးမှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားလာခြင်း၊ အသိတရားနှင့် သတိတရားပိုမိုမြင့်မားလာခြင်း၊   တန်ဖိုးနှင့်ဂုဏ်သိက္ခာရှိသော သမိုင်းကြောင်းကိုပိုင်ဆိုင်ရခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားလာခြင်း၊ ပစ္စုပ္ပန်ကာလ၏ အခြေအနေအရပ်ရပ်ကို ပြည့်စုံတိကျမှန်ကန်စွာ နားလည်ပြီး အနာဂတ်အခြေအနေများကို ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်မားလာခြင်း၊ ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲတစ်ရပ်အား ဘက်စုံထောင့်စုံသိမြင်နားလည်ပြီး ပြဿနာဖြေရှင်းနိုင်သည့်စွမ်းရည်မြင့်မားလာခြင်း၊ လောကနှင့်ပတ်ဝန်းကျင်ကြီး၏ လိမ်ညာလှည့်စားမှု၊ ပရိယာယ်ဆင်မှုအမျိုးမျိုးကို မှန်ကန်စွာ ထိုးထွင်းသိမြင်ပြီး အောင်မြင်စွာကာကွယ် တားဆီးနိုင်စွမ်းမြင့်မားလာခြင်းတို့ဖြစ်ကြသည်။

ကျေးဇူးတရားပြန်လည်ပေးဆပ်ရမည့်တာဝန်

အမိနိုင်ငံသည် ကျွန်ုပ်တို့၏ကျေးဇူးရှင်ဖြစ်သည်။   ကျွန်ုပ်တို့နိုင်ငံသားများသည် ကျေးဇူးစားများဖြစ်ကြသည်။ ထို့ကြောင့် အမိနိုင်ငံ၏ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရမည့်တာဝန်  ကျွန်ုပ်တို့နိုင်ငံသားများတွင်ရှိသည်။ ဤတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သည့်အနေဖြင့် အမိနိုင်ငံအား အင်အားကြံ့ခိုင်တောင့်တင်းသော၊    တိုးတက်ဖွံ့ဖြိုးသော၊ အရှိန်အဝါကြီးမားသော    နိုင်ငံအဖြစ်သို့ ပို့ဆောင်ပေးရမည်။ ဤသို့ပို့ဆောင်ပေးနိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကျွန်ုပ်တို့၏ အသိတရားများ မှန်ကန်နေရေးပင်ဖြစ်သည်။ အသိတရားများ   မှန်ကန်နေရေးအတွက် ကျွန်ုပ်တို့အစဉ်ကြိုးပမ်းဆောင်ရွက်နေရမည့်အချက်များမှာ စာပေများကို  များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင် သုံးသပ်နေခြင်းပင်ဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြအပ်ပါသည်။   ။

MWD

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)