ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ပေါ်ရပ်ကွက်များအတွင်း တိုက်ပွဲဖော်ဆောင်၍ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
News Image

လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ပေါ်ရပ်ကွက်များအတွင်း တိုက်ပွဲဖော်ဆောင်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ငဲ့ညှာထောက်ထားခြင်းမရှိဘဲ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များ ပစ်ချဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်တိုက်ခိုက်မှုများအား လုပ်ဆောင်လျက်ရှိသည်။