အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ

News Image

အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ

မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသနတစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကိုထိခိုက်စေတယ်လို့ တွေ့ရှိ ထားပါတယ်။

အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုးအရာတွေကနေရရှိတဲ့ပရိုတိန်းတွေက စမ်းသပ်ခံကြွက်တွေရဲ့ အူလမ်းကြောင်းအပေါ် ကြီးစွာသောသက်ရောက်မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာဖြစ်ပါတယ်။

ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်အသစ် အမေရိကန်ဝယ်ယူမည်

News Image

ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်အသစ် အမေရိကန်ဝယ်ယူမည်

အမေရိကန်ရေတပ်က ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်မှာ အရေးကြီးတဲ့စစ်လက်နက် ပစ္စည်းဝယ်ယူမှုအတွက် ဆုံးဖြတ်ချက် တစ်ခုကိုချမှတ်လိုက်ပါပြီ။ အဲဒီဆုံးဖြတ် ချက်ကတော့ ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်များကိုဝယ်ယူသွားဖို့ဖြစ်ပါတယ်။ အဲဒီဒုံးကျည်တွေကို ၂၀၃၄ ခုနှစ်အတွင်းမှာ ဖြန့်ကြက်အသုံးပြုသွားမှာပါ။ သူ့ကို Virginia အတန်းအစားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောများမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဂျွန်နီဝေါ့ကအတည်ပြုပြောထားပါတယ်။

ရေအောက်စစ်ပွဲအတွက် အလားအလာရှိတဲ့ လင်းပိုင်နည်းပညာ

News Image

ရေအောက်စစ်ပွဲအတွက် အလားအလာရှိတဲ့ လင်းပိုင်နည်းပညာ

အနာဂတ်မှာ ရေအောက်စစ်ပွဲဆိုတာကလည်း အရေးပါတဲ့စစ်ပွဲတစ်ပွဲဖြစ်လာမှာ အမှန်ပါပဲ။ အထူးသဖြင့် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောတွေရဲ့ ဆူညံမှုနည်းပါးခြင်းနဲ့ ရေအနက်ပိုင်းအထိကာလ ရှည်ကြာငုပ်လျှိုးနိုင်ခြင်းက နိုင်ငံတစ်ခုကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ စစ်လက်နက်ပစ္စည်းများဖြစ်ပါတယ်။ ဒါကြောင့်ဒီလို မျိုးစွမ်းဆောင်နိုင်တဲ့ရေငုပ်သင်္ဘောတွေကို ချေမှုန်းနိုင်ဖို့ဆိုတာစိန်ခေါ်မှု တစ်ခုဖြစ်လာပါတယ်။ အခုဗြိတိန်နိုင်ငံက ရေငုပ် သင်္ဘောများကိုရှာဖွေချေမှုန်းနိုင်စေမယ့် နည်းပညာတစ်ခုကိုဖန်တီးလိုက်ပါတယ်။ အဲဒီနည်းပညာကိုတော့ လင်းပိုင်နည်းပညာလို့အမည်ပေးထားပါတယ်။

အနာဂတ်လေကြောင်းအရေးသာမှုအတွက် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အကြောင်း အမေရိကန် ထုတ်ပြော

News Image

အနာဂတ်လေကြောင်းအရေးသာမှုအတွက် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အကြောင်း အမေရိကန် ထုတ်ပြော

ဝါရှင်တန်၊ နည်းပညာ

အမေရိကန်နိုင်ငံက အနာဂတ်တွင်လေကြောင်းအရေးသာမှုအတွက် အရေးပါလာမည့် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို ထုတ်ပြန်ပြောဆို လာကြောင်းသိရသည်။

တရုတ်နိုင်ငံက ပြည်တွင်း၌ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် Cheng-du J-36 နှင့် Shenyang J-50 လေယာဉ်များ၏ ရှေ့ပြေးပုံစံစမ်းသပ်မှုလုပ်ဆောင်ပြီးနောက် အမေရိကန်က ယခုမှ၎င်းတို့၏ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။