ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မသဲဖြူ (ခ) သူသူနှင့် အောင်ကိုဟိန်း(ခ)AK တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထုတ်ယူသည့် စက္ကူဂျပ်ဖာပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၀၀) သိမ်းဆည်းရမိခဲ့သဖြင့် မသဲဖြူ(ခ)သူသူ(၃၅)နှစ်နှင့် အောင်ကိုဟိန်း(ခ)AK(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ငွေကျပ် သိန်း ၅,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မေ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် သန်းဆွေ(ခ)အညာသား မောင်းနှင်ပြီး ချစ်ကိုကိုအောင်(ခ)ချစ်ကိုနှင့် ဟန်ကိုနိုင်တို့ လိုက်ပါလာသည့် PROBOX မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀,၀၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၅,၄၀၀) သိမ်းဆည်းရမိခဲ့သဖြင့် ချစ်ကိုကိုအောင်(ခ)ချစ်ကို (၃၄) နှစ်၊ သန်းဆွေ(ခ)အညာသား (၅၃) နှစ်နှင့် ဟန်ကိုနိုင်     (၃၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၄,၈၇၈ ဒသမ ၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မေ ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာအနီး၌ ဟိန်းမျိုးမင်း(ခ)ကိုမျိုး မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့်  SUPER CUSTOM အမျိူးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၃ ဒသမ ၅၆၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃,၃၉၀ ဒသမ ၇၅ သိန်း)နှင့် စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၂၄ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ၎င်းဒေသတန

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

News Image

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။