လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး (၁၀)ရက်အကြာတွင် ဌာနဆိုင်ရာရုံးများစတင်လည်ပတ်နေ
News Image

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီးနောက် (၁၀)ရက်အကြာ၌ ဌာနဆိုင်ရာရုံးများ တွင်တွင် ကျယ်ကျယ်စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများထံ NP News သတင်းဌာနက မေးမြန်းထားသည့် အချက်လက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်က စတင်၍ လားရှိုးမြို့အတွင်းသို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သား ပြည်သူ အများအပြားပြန်လည်ဝင်ရောက်လာပြီးနောက် (၁၀)ရက်အကြာ (မတ်လ ၂ရက်)တွင်လားရှိုးမြို့အတွင်းရှိ လားရှိုးမြို့ဆေးရုံ ကြီးအပါအဝင် အစိုးရဌာန ဆိုင်ရာရုံးများစွာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။