ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ခန်းမက ဗလာစကားလုံးတွေက အနှစ်မပါ
-

ပြီးခဲ့တဲ့ရက်သတ္တပတ်က နယူးယောက်မှာ ကြီးမြတ်လှတဲ့ သံတမန်ကြီးက မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းက “အမြင့်စား၊ အပြင်းစား”၊ “သူသာလျှင် အမှန်တရား”။

အာရှတိုက်တစ်နေရာက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံငယ်လေးတစ်ခုအကြောင်း ပြောနေကြတဲ့ ဒီလိုလူတွေပုံစံက အလိုလိုနေရင်း အထက်စီးက ဟန်ပန်ကြီးတစ်ခွဲသား။ ဒါဟာဂျီနီဗာနဲ့နယူးယောက်မှာရှိတဲ့ ကိုယ်ကျိုးရှာ ကိုယ်သာအဓိကသမားတွေ (SAPs) (အတ္တသမားတွေ) ပြောနေကျအတိုင်းပဲ အနှစ်သာရမရှိတဲ့စကားလုံးတွေ ဖြစ်နေပါတယ်။ အဲဒါတင်မက မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာကျင်းပတော့မယ့် ရွေးကောက်ပွဲအကြောင်းပါ ထည့်ပြောသွားသေးတယ်။ ပြင်းပြင်းထန်ထန်ပဲဗျို့။

ပြောချင်တာတစ်ခုပဲရှိတယ်။ အဲဒီမိန့်ခွန်းကိုပြောခဲ့တဲ့ခန်းမက လူသူမရှိဗလာနတ္ထိကြီး။ တက်ရောက်သူဆိုလို့ လက်ချိုးရေလို့ရတဲ့ အရေအတွက်လေးပဲရှိတယ်။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံထဲက ဆယ်ဂဏန်းတောင်မပြည့်တဲ့လူတစ်စုလေးပဲ အထဲမှာရှိခဲ့တာ။

လူတွေ အဲဒါကို You Tube မှာ သွားကြည့်သင့်တယ်။ ကြည့်ပါဦးပရိသတ်တို့၊ ခန်းမကြီး ဗလာနတ္ထိလွတ်နေပုံကို။ အပြန်စားပြင်ဆင်ထားတဲ့ ခန်းမအလွတ်ကြီးပေါ့။ ကိုယ်ကျိုးရှာ ကိုယ်သာအဓိကသမားတစ်စု ကလွဲလို့ ဒီကိစ္စကို စိတ်ဝင်စားသူမရှိ၊ အခုအချိန်မှာ ဒါထက်ပိုပြီး အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိနေတယ်။ ခန်းမထဲမှာရှိနေကြတာဆိုလို့ လူတွေအာရုံစိုက်ခံချင်လို့ ထင်ရာစိုင်းလုပ်ပြနေတဲ့၊ ကိုယ်သာလျှင်အမှန်တရားလို့ထင်နေတဲ့ အတ္တသမားတစ်အုပ်ပဲရှိတာ။ သူများ ကိစ္စဝင်ပါတာက သူတို့ရဲ့မျိုးရိုးဗီဇ(DNA)ထဲကိုက ပါနေတာ။ သူတို့လုပ်သမျှက သူများကိစ္စဝင်ရှုပ်တာ။ သူတို့ရဲ့ရာထူးဂုဏ်သိန် အာဏာကို ရှည်အောင်၊ ကြာအောင်ဆွဲဆန့်တာ။ အကျပ်အတည်းတွေကို မဖြေရှင်းဘဲ မပြီးနိုင်မစီးနိုင် ဆက်ရှိနေအောင် လုပ်နေကြတာ။

သူတို့အုပ်စုကလွဲလို့ ခန်းမကြီးလုံးဝဗလာနတ္ထိဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကို ကိုယ်ကျိုးရှာအတ္တသမားတွေ သတိပြုမိကြမှာပါ။ လူရှိရှိ မရှိရှိ အဲဒါက သူတို့အတွက်တော့ နယူးယောက်ကိုခရီးသွားဖို့ အခွင့်အရေးတစ်ခုရတာပဲလေ။ သူငယ်ချင်းတွေဆုံကြမယ်၊ နယူးယောက်ကနေ တခြားသွားချင်တဲ့နေရာတွေ ဆက်သွားမယ်။ ကြားထဲကနေ ကိုယ်ပိုင်စီးပွားရေးလေးတွေလည်း လုပ်လို့ရတာပေါ့။ တချို့ဆိုပုဂ္ဂလိကလုပ်ငန်းတွေပါနေတာ။ ဒီရာထူးကြီးရှိနေလို့သာ သူတို့တစ်နှစ်ကို နယူးယောက်ကို အခေါက်ခေါက်အခါခါ သွားခွင့်ရ နေတာလေ။ “ဒါလေးအပ်ဒိတ်လုပ်ပါဦးမယ်၊ ဟိုဟာလေး တင်ပြပါဦးမယ်၊ လူကြီးကိုသတင်းပို့ပါဦးမယ်” ဆိုတာမျိုးတွေနဲ့ သွားနေကြတာပေါ့။ တကယ်လို့ ဒီရာထူးသာမရှိရင် တောင်ပစိဖိတ်စွန်းက အဆင့်မြင့် ပညာရေးအဖွဲ့အစည်းဆိုတာကြီးက ဒီလောက်အကုန်အကျများတဲ့ လေယာဉ်လက်မှတ်ခနဲ့ ဟိုတယ်စရိတ်ကို တတ်နိုင်မှာမဟုတ်ဘူး ဆိုတာ သေချာတယ်။

ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဒီလိုခန့်အပ်ခံရတဲ့ သံတမန်တွေ တစ်ယောက်မှ ဘာတစ်ခုမျှ အောင်မြင်ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ နိုင်ငံရေးအခြေအနေတွေက ပြောင်းသွားပြီ။ သူတို့ရဲ့လုပ်ပိုင်ခွင့်(mandate)ကတော့ အရင်အတိုင်းပဲ။ လက်တွေ့ကျရဲ့လားဆိုတာ ပြန်လည်သုံးသပ်တာမျိုး၊ စစ်ဆေးတာမျိုး ဘာမှမရှိဘူး။ ဘာလို့လဲဆိုတော့ ဒီရာထူးက အစကတည်းက မြန်မာပြည်သူတွေအတွက် မဟုတ်လို့ပဲ။ ဒီရာထူးမှာ ခန့်အပ်မှုတိုင်းဟာ မှားယွင်းနေခဲ့တာ။ အထူးသဖြင့် အခုလက်ရှိခန့်ထားတဲ့သူက အမှားဆုံးပဲ။ သူလာတဲ့နိုင်ငံ သို့မဟုတ် လူမျိုးကိုကြည့်လေ။ ဘာမှဆက်ပြောစရာမလိုတော့ဘူး မဟုတ်လား။

ကိုယ်ကျိုးအတ္တသမားတွေကို ဘယ်သူမှအဖက်မလုပ်တော့ဘူး။ ကမ္ဘာပေါ်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတယ်။ စစ်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ စသည်စသည်ဖြင့် ဆိုးရွားတဲ့ပြဿနာမျိုးတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ သူတို့ကိုဘယ်သူမှ အရေးမလုပ် နိုင်ကြတော့ဘူး။ သူတို့လည်း လုပ်နိုင်တာတစ်ခုလေးတောင် မရှိတော့ဘူး။

သူတို့ရဲ့အေဂျင်စီတစ်ခုက မကြာသေးခင်က ထုတ်ပြန်တာကို ကြည့်ဦး။ ၂၀၂၄ ခုနှစ်အကုန်မှာ အတင်းအဓမ္မနေရပ် စွန့်ခွာရတဲ့ လူဦးရေက ၆ ဒသမ ၃ သန်းတိုးလာပြီး စုစုပေါင်း ၇၃ ဒသမ ၅ သန်း အထိ ရောက်သွားပြီတဲ့။ ဒါဆိုမေးစရာရှိတာက သူတို့ဘာတွေလုပ်နေ ခဲ့ကြလဲဆိုတာပဲ။ သူတို့မျက်စိရှေ့မှာတင် ကမ္ဘာကြီးက တစ်စတစ်စ ပြိုလဲနေတာ။ ပိုလုံခြုံလာဖို့၊ ပိုကောင်းလာဖို့နေနေသာသာ အခြေအနေ တွေက ပိုဆိုးလာနေတာလေ။

သူတို့လာပြီး ဟောပြောတာမျိုးမလုပ်စေနဲ့။ ဝေးဝေးမှာပဲနေပါစေ။

ဪ…ဟုတ်ပါရဲ့၊ ဒီမိန့်ခွန်းထဲမှာ “မိမိကိုယ်ကို ဖျက်ဆီးခြင်း” ဆိုတဲ့စကားလုံးလည်း ပါသွားသေးတယ်။ တကယ်တမ်းကျတော့ ဒီကိုယ်ကျိုးအတ္တသမားတွေကို သူတို့စိတ်ကြိုက် လွှတ်ထားမယ်ဆိုရင်တော့ ပျက်စီးခြင်းဆိုတာ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ သူတို့ဒီလိုမျိုး တခြားနိုင်ငံတွေမှာလည်း လုပ်ခဲ့ဖူးတယ်။ သူတို့ရဲ့ကျရှုံးမှု မှတ်တမ်းတွေက သမိုင်းစာမျက်နှာတွေမှာ ပြည့်နေတာပါပဲ။ သူတို့ကို မေးခွန်းတစ်ခုမေးကြည့်ရအောင်။ လတ်တလော မှတ်မိသမျှ သူတို့ဘယ်ပဋိပက္ခကို ဖြေရှင်းပေးနိုင်ခဲ့သလဲလို့။ တစ်ခုလောက်များ နာမည်တပ်ပြီးပြောပြနိုင်မလား။ ။

(ဤဆောင်းပါးပါ အမြင်နှင့်ထင်မြင်ယူဆချက်များသည် စာရေးသူ၏ သဘောထားများသာ ဖြစ်ပါသည်။)

(၁၆ - ၆ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris)၏ Empty Chambers, Empty Words ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုထားပါသည်။)

MOI

အီရန်၏ အစွမ်းထက်သော ဒဏ္ဍာရီသည် ပျက်ပြယ်သွားပြီဖြစ်ကာ ၎င်း၏ အကျိုးဆက်များသည် ရှည်လျားစွာ သက်ရောက်နိုင်
-

အီရန်သည် ၎င်း၏စစ်ပွဲများကို နယ်နိမိတ်များကျော်လွန် တိုက်ခိုက်နိုင်ရန် ဆယ်စုနှစ်သုံးခုကျော်ကြာ ပရောက်ဆီကွန်ရက်များကို ရစ်နှောင်ခဲ့ပြီး အထွတ်အမြတ်ခေါင်းဆောင် အယ်လီ ခါမေနီ၏ အာဏာ ချုပ်ကိုင်မှု တင်းမာလာချိန်တွင် ရန်သူများကို အကွာအဝေးတစ်ခုတွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး အီရန်ကို တိုက်ရိုက်တိုက်ခိုက်မှုမှာ မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။ 

သို့သော် ဤအရှုံးမရှိဟု ယူဆခဲ့ကြသော အီရန်၏ပုံရိပ်သည် ဇွန်လ ၁၃ ရက်နေ့တွင် နာရီပိုင်း အတွင်း ပြိုလဲသွားခဲ့သည်။ အစ္စရေးသည် အီရန်နိုင်ငံအတွင်း နက်ရှိုင်းစွာ မထင်မှတ်သည့် ကြိုတင် မမျှော်လင့်သော တိုက်ခိုက်မှုကို စတင်ခဲ့ပြီး တီဟီရန်၏ လုံခြုံမှုခံစားချက်ကို ချိုးဖျက်ကာ နှစ်ပေါင်း များစွာ မွေးမြူခဲ့သော အင်အားကြီးမားသည့် အသွင်ကို ဖျက်ဆီးလိုက်သည်။

အဆိုပါဖြစ်ရပ်သည် အရှေ့အလယ်ပိုင်းတွင် စစ်ရေးတင်းမာမှုကို ပိုမိုမြင့်တက်လာစေနိုင်ပြီး အီရန်၏ ဒေသတွင်းဩဇာလွှမ်းမိုးမှုကို စိန်ခေါ်မည့် အလားအလာရှိသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် အီရန်၏ အဆင့်မြင့်စစ်ခေါင်းဆောင်များနှင့် အချို့သော ထင်ရှားသည့် နျူကလီးယားသိပ္ပံပညာရှင်များ ပါဝင်ခဲ့ပြီး ၎င်းတို့အနက်မှ အချို့မှာ မိသားစုများနှင့်အတူ အိမ်တွင် အိပ်စက်နေစဉ် သေဆုံးခဲ့ကြသည်။ အီရန်ကျန်းမာရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်ဌာန၏ ညွှန်ကြားရေးမှူး ဟိုစိန်ကာမန်ပူရ်၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၆၂၇ ဦးရှိခဲ့ပြီး ၎င်းတွင် အမျိုးသမီး ၄၉ ဦးနှင့် ကလေး ၁၃ ဦး ပါဝင်ခဲ့သည်။ အမေရိကန်သည် တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် အစ္စရေး၏ စစ်ဆင်ရေးကို ပူးပေါင်းပါဝင်ခဲ့ပြီး နျူကလီးယားစက်ရုံ ၃ ခုကို တိုက်ခိုက်ခဲ့ကာ နောက်တစ်နေ့တွင် အစ္စရေးနှင့် အီရန်ကြား စစ်ပြေငြိမ်းရေး ကြေညာခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အီရန်၏ စစ်ရေးနှင့် နျူကလီးယား အစီအစဉ်များအတွက် ကြီးမားသော ထိခိုက်မှုဖြစ်စေခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေးတွင် အရှိန်ပြင်းသော အကျိုးဆက်များ ဖြစ်ပေါ်စေ နိုင်သည်။

အီရန်နိုင်ငံအတွင်းနှင့် နိုင်ငံတကာမှ များစွာသောသူများ စိုးရိမ်လာကြသည်မှာ ဂုဏ်သိက္ခာနှင့် ကာကွယ်ရေးစနစ်များ ဒဏ်ရာရခဲ့ပြီးနောက် နိုင်ငံ၏ခေါင်းဆောင်များသည် ပြည်တွင်းတွင် ပိုမို တင်းကျပ်သော ထိန်းချုပ်မှုများပြုလုပ်ကာ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများတွင် ပိုမိုတင်းမာ သောသဘောထား (သို့) စစ်ရေးဦးတည်သည့် ချဉ်းကပ်မှုကို ကျင့်သုံးလာနိုင်သည် ဟူသောအချက် ဖြစ်သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် ၎င်းတို့၏တိုက်ခိုက်မှုများ၏ ရလဒ်အဖြစ် အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ယခင်က အကြံပြုခဲ့ကြပြီး အီရန်အနေဖြင့် ၎င်းတို့အတွက် ပိုမိုသင့်မြတ်သော နိုင်ငံ တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အဆိုပါရည်မှန်းချက် အောင်မြင်မှု မရှိခြင်း ကြောင့် အီရန်အစိုးရအနေဖြင့် ၎င်းတို့အနေဖြင့် အောင်ပွဲခံပြီဟု ကြေညာနိုင်ခဲ့သည်။

အီရန်ခေါင်းဆောင်များသည် ခံနိုင်ရည်ရှိမှုကို ပြသနိုင်ခဲ့ပြီး ဆုံးရှုံးခဲ့ရသူများ၏နေရာတွင် အစားထိုး ခန့်ထားမှုများ ပြုလုပ်ခဲ့ကာ အစ္စရေး၏တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသူ များအပေါ် တင်းကျပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။

ထိုအခြေအနေသည် အီရန်အတွင်း အာဏာတည်ငြိမ်မှုကို ပိုမိုခိုင်မာစေနိုင်သကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ပိုမိုရန်လိုသော သဘောထားများ ပေါ်ထွက်လာနိုင်သည့် အလားအလာကို မီးမောင်းထိုးပြနေသည်။

လက်ရှိအခြေအနေက ဖော်ပြနေသည်မှာ အီရန်အစိုးရသည် ပိုမိုယုံမှားသံသယဝင်လာပြီး ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို စိုးရိမ်သည့်အတွက် ပြည်တွင်းတွင် ပိုမိုတင်းကျပ်စွာ အုပ်ချုပ်လာနိုင် သည်ဟု ညွှန်းဆိုနေသည်။

အစ္စလာမ္မစ်သမ္မတနိုင်ငံအီရန်သည် Ebrahim Raisi ဦးဆောင်သော ရှေးရိုးစွဲ အစိုးရ သုံးနှစ်ကြာ အုပ်ချုပ်ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြုပြင်ရေးဝါဒီ Masoud Pezeshkian အား ရွေးကောက် တင်မြှောက်ခဲ့သည်။ ၎င်းသည် အီရန်၏ ရန်သူများနှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကမ်ပိန်းတွင် အလေးပေးပြောဆိုခဲ့ပြီး ယင်းမှတစ်ဆင့် နိုင်ငံ၏ ပြည်တွင်းပြဿနာများကို ဖြေရှင်း နိုင်မည်ဟု ယူဆခဲ့သည်။

များစွာသော အီရန်နိုင်ငံသားများအတွက် Pezeshkian သည် အနောက်နိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက်ရရှိရန်နှင့် အီရန်အား အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် ပြန်လည် ပေါင်းစည်း နိုင်မည့် နောက်ဆုံးမျှော်လင့်ချက် ဖြစ်ခဲ့သည်။

ထိုပဋိပက္ခကာလအတွင်း အီရန်သည် အစ္စရေးကို ထပ်တလဲလဲ တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး တယ်လ်အဗစ် ကဲ့သို့သော အဓိကမြို့ကြီးများတွင် ကြီးမားသော ပျက်စီးမှုများဖြစ်စေကာ လူ ၂၈ ဦး သေဆုံးခဲ့သည်။ စစ်ဘေးဒဏ်အောက်တွင် အီရန်၏ တုံ့ပြန်နိုင်စွမ်းသည် ပြည်တွင်းတွင် ချီးကျူးမှုရရှိခဲ့ပြီး အစိုးရကို ဆန့်ကျင်သူများထံမှပင် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

သို့သော် ရှေ့လျှောက် ဖြစ်လာမည့်အရာများက အီရန်နိုင်ငံသားများအား စိုးရိမ်စေနေသည်။အစိုးရသည် အစ္စရေးနှင့် ပူးပေါင်းသူများဟု သံသယရှိသူများကို အမြစ်ဖြတ်ရန် လှုပ်ရှားလာသည်နှင့်အမျှ ပြုပြင်ရေးဝါဒီများနှင့် အပြောင်းအလဲ တောင်းဆိုသူများအပေါ် ဖိနှိပ်မှုများ မကြာမီ စတင်လာနိုင် သည်ဟု စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။

နိုင်ငံပိုင် သတင်းဌာန Fars News Agency ၏ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) အထိ “အစ္စရေး၏ ကြေးစားစစ်သား” ဟု စွပ်စွဲခံရသူ ၇၀၀ ကို ဖမ်းဆီးထားပြီဖြစ်သည်။

အဆိုပါဖြစ်ရပ်များသည် အီရန်၏ နိုင်ငံရေး အခြေအနေကို ပိုမိုတည်ငြိမ်အောင် လုပ်ဆောင်ရန် ကြိုးပမ်းမှုများအဖြစ် ရှုမြင်နိုင်သော်လည်း ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် နိုင်ငံတကာ ဆက်ဆံရေး အပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်သည်။

ကိုးကား- CNN

(CNN သတင်းစာမျက်နှာတွင် Nadeen Ebrahim ရေးသားသည့် “The myth of Iran’s invincibility has been shattered, and the fallout could be far-reaching” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက- ၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

https://edition.cnn.com/2025/06/25/middleeast/myth-of-irans-invincibility-broken-intl

Nadeen Ebrahim

ပြန်ပေးအဆွဲခံထားရတဲ့ကမ္ဘာ
-

ဒီနေ့ကမ္ဘာကြီးက ဘာနဲ့တူနေသလဲဆိုတော့ ပြန်ပေးအဆွဲခံထားရတာနဲ့တူနေတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် တူရာစုကြတာပဲ။ သာတဲ့ဘက်က၊ နိုင်တဲ့ဘက်က လုပ်ချင်တာလုပ်တာပဲ။ အဆိုးမြင်တာမဟုတ်ဘူး။ ကမ္ဘာကြီးကပျက်စီးသွားပြီ။ အင်အားရှိသူသာ နိုင်စတမ်းပဲ။ ရုပ်ပိုင်းဆိုင်ရာတွေသာ တိုးတက်ဖွံ့ဖြိုး လာတယ်။ စိတ်ပိုင်းဆိုင်ရာက ယိုယွင်းသွားပြီ။ ပညာထက် အင်အားက ရှေ့ရောက်ခဲ့ပြီ။

ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာကြီးဟာငြိမ်းချမ်းရေးတို့၊ ဖွံ့ဖြိုးရေးတို့ဆိုတာတွေမှာ အကြီးအကျယ်မြှုပ်နှံခဲ့တယ်။ ကမ္ဘာအနှံ့က တက္ကသိုလ်ကြီးတွေက ပညာရှင်ပေါင်းများစွာ မွေးထုတ်ခဲ့တယ်။ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးခဲ့တယ်။ အဖွဲ့အစည်းပေါင်းများစွာက ဖောင်ဒေးရှင်းတွေ ထောင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် ဆုတံဆိပ်ပေါင်းများစွာပေးကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းများစွာ ပေါ်ထွက်လာတယ်။ ပြည်တွင်းက အင်န်ဂျီအိုလိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက် အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကကြာလေပိုလို့သာ မငြိမ်းမချမ်းဖြစ်လာတယ်။ Good Governance တို့၊ Gender တို့၊ Peace တို့၊ Development တို့ဆိုတဲ့ ပရောဂျက်တွေက အကောင်အထည်ဖော်လို့ကို မပြီးနိုင်ဘူး။ ဘတ်ဂျက်တွေသာ အဆက်မပြတ်တောင်းခံနေတယ်။ ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး။

ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန် - ဆိုဗီယက် စစ်အေးတိုက်ပွဲကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ဘူးလို့ အကြောင်းပြမယ်ဆိုရင် စစ်အေးတိုက်ပွဲအလွန် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ ထင်တိုင်းကြဲနိုင်တဲ့အခြေအနေမှာလည်း ကမ္ဘာကြီးက ငြိမ်းချမ်းမလာခဲ့ပါဘူး။ အခု ၂၀၂၅ ခုနှစ် အမေရိကန်နိုင်ငံမှာ အမျိုးသားရေး သမ္မတ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် ဒုတိယအကြိမ်အာဏာရလာခဲ့ပြီး Make America Great Again အားသွန်နေချိန်မှာ တစ်ဖက်မှာလည်း တရုတ်နဲ့ရုရှားနိုင်ငံတွေက သူတို့သမိုင်းတစ်လျှောက် အင်အား အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။

ပြန်ပေးဆွဲတယ်ဆိုတဲ့ကိစ္စဆီ ပြန်လှည့်ရအောင်။ အဲဒီစကားလုံးက နည်းနည်းကြီးတယ်။ အာဏာရှင်နိုင်ငံတွေကို အဲဒီအသုံးအနှုန်းသုံးရင် အကြောင်းမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံတွေကို သုံးရင်အဲဒါ နည်းနည်းပြဿနာရှိတယ်။

အခု ဆောင်းပါးခေါင်းစဉ်က ‘ပြန်ပေးအဆွဲ ခံထားရတဲ့ကမ္ဘာ’ ဆိုတော့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်နေတယ်။ ဆိုတော့ဆောင်းပါးမှာ လွတ်လပ်တဲ့ လစ်ဘရယ်ကမ္ဘာဘက်ခြမ်းမှာ သဘောထားကွဲလွဲနေတာတွေကို အဓိက မီးမောင်းထိုးရေးသားသွားမယ်။ ဒီဆောင်းပါးက အနောက် ဆန့်ကျင်တဲ့ ဆောင်းပါးမဟုတ်ဘူး။ သို့သော် အမှန်ဖြစ်ပျက်နေတာတွေကို အရှိကိုအရှိအတိုင်း ရေးသားတင်ပြသွားပါမယ်။

လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲ

အခုဆို သိတဲ့အတိုင်းပဲ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးမှာ လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲတယ်။ အနောက်နိုင်ငံဆိုတာ အမေရိကန်တို့၊ ဥရောပတို့စတဲ့ ဒီမိုကရေစီနိုင်ငံတွေပေါ့။ လက်ဝဲဆိုတာ သဘာဝပတ်ဝန်းကျင်တို့၊ ကျား၊ မသာတူ ညီမျှမှုတို့၊ လိင်တူချစ်သူများတို့ စသဖြင့် လူ့အခွင့် အရေးကိစ္စတွေ အလေးပေးတယ်။ လက်ယာကျတော့ လူ့အခွင့်အရေးတွေကို မပစ်ပယ်ပေမယ့် အမျိုးသားရေးကို ဦးစားပေးတယ်။ တစ်ဖက်နဲ့ တစ်ဖက်က ဆန့်ကျင်ဘက်တွေပေါ့။ နှစ်ဖက်စလုံး ဒီအမေရိကန်ပညာရေး၊ ဒီဥ‌ရောပပညာရေးက မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံသားအချင်းချင်း ဖြစ်လေတော့ မြွေမြွေချင်း ခြေမြင်ကြတယ်။ နည်းနည်းလေးမှ အကြောမခံဘူး။

တစ်ဖက်ကရွေးကောက်ပွဲနိုင်ရင် သူ့အရင်တစ်ဖက်က လုပ်ခဲ့တာကို ဖျက်ပစ်တယ်။ အသစ်က ပြန်စတယ်။ အပြန်အလှန်ပဲ။ သိပ်ကြာတော့ ဘက်နှစ်ဖက်စလုံးက အစွန်းတွေရောက်လာတယ်။ လက်ဝဲဆိုလည်း လက်ဝဲစွန်း၊ လက်ယာဆိုလည်း လက်ယာစွန်းအဲဒီလိုမျိုးတွေဖြစ်လာတယ်။ လက်ဝဲဘက်ကလည်း လက်ယာသမားတွေကို ဖက်ဆစ်လို့ရင့်ရင့်သီးသီး သုံးနှုန်းသလို လက်ယာဘက်ကလည်း လက်ဝဲတွေကို ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်တယ်။ အဲဒီလိုအခြေအနေတွေကဟိုး စစ်အေးတိုက်ပွဲကာလမှာကတည်းက ရှိခဲ့ပေမယ့် ဒီနေ့ကာလမှာ သိပ်ကိုသိသာထင်ရှားလာတယ်။ နိုင်တဲ့ဘက်က ရသလောက်လုပ်တာပဲ။ သူ့လူသူကြည့်တယ်။ သူ့လူမဟုတ်ရင် ပထုတ်တယ်။ ပထုတ်တာထက်ကျော်ပြီး အပြစ်ရှာ ထောင်ချတယ်။ လိုချင်တာကို ဖိအားအမျိုးမျိုးပေးပြီး လှည့်ပတ်လုပ်တာပဲ။ ငါတို့ဘက်ပါမလား။ ငါတို့ဘက်ရပ်မလား။ ကိုယ်ထိလက်ရောက် မဟုတ်သည့်တိုင် တစ်နည်းပြန်ပေးဆွဲတာပဲပေါ့။ အနည်းဆုံး တစ်ဖက်ဆန့်ကျင်သူတွေရဲ့အမြင်မှာဒါဟာ ပြန်ပေးဆွဲတာပဲ။

ထရမ့်ပထမအကြိမ် (၂၀၁၆-၂၀၂၀) အာဏာရခဲ့တုန်းကထရမ့်က သမ္မတအာဏာအသုံးပြုပြီး သူလုပ်ချင်တာတွေလုပ်တော့ ထရမ့်ကို ဆန့်ကျင်သူတွေက အမေရိကန်နိုင်ငံရေးဟာ ပြန်ပေးအဆွဲ ခံထားရသလိုပဲလို့ပြောကြတယ်။ ထရမ့်ရွေးကောက်ပွဲရှုံးပြီး အာဏာလက်လွတ်‌သွားတဲ့နောက်ပိုင်းထရမ့်ကို တရားစွဲဆိုဖို့ကိစ္စတွေဖြစ်လာတယ်။ ထရမ့်ကို ‌ထောက်ခံသူတွေက လက်မခံဘဲ အပြစ်မရှိ အပြစ်ရှာတယ်၊ ဥပ‌ဒေကိုလုပ်ချင်သလိုလုပ်တယ်၊ အမေရိကန်ဟာ ပြန်ပေးအဆွဲခံထားရတယ်ဆိုတဲ့ သဘောပြောကြပြန်တယ်။

လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့မြင်

ပြောကြစတမ်းဆို လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့ မြင်တယ်။ အမေရိကန်တို့၊ ဥရောပ(အများစု)တို့ အားလုံးက လစ်ဘရယ်တွေပဲ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဦးစားပေးတဲ့ နိုင်ငံတွေပဲ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အထူးသဖြင့်စစ်အေးတိုက်ပွဲနှောင်းပိုင်းမှာ လစ်ဘရယ်တွေဟာ နှစ်ပေါင်းများစွာ ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ်။ အနောက်ကမ္ဘာက အစိုးရအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေအကုန် လစ်ဘရယ်တွေပဲ။ လစ်ဘရယ်မဟုတ်ရင် မရှင်သန်နိုင်ဘူး။ အနောက်ကမ္ဘာဆိုပေမယ့်သူတို့ဟာ ကမ္ဘာအနှံ့လွှမ်းခြုံတယ်။ အချိန်တွေကသိပ်ကြာလာပေမယ့် တစ်ကမ္ဘာလုံးက လစ်ဘရယ်ဖြစ်မလာဘူး။ တစ်ဖက်မှာ လစ်ဘရယ်မဟုတ်တဲ့ ရုရှားတို့၊ တရုတ်တို့လို နိုင်ငံတွေ စုရုံးကြီးထွားလာတယ်။ နောက်ဆုံး လစ်ဘရယ်ထဲမှာ တင် သဘောကွဲလွဲလာတယ်။

ခုနပြောတဲ့ လက်ဝဲ၊ လက်ယာဆိုတာ အဲဒီရလဒ်တွေပဲ။ နဂိုကတည်းက လစ်ဘရယ်နိုင်ငံတွေမှာလက်ဝဲ၊ လက်ယာဆိုတဲ့ နိုင်ငံ‌ရေးအက်ကြောင်းက ရှိနှင့်ပြီးဖြစ်တယ်။ ဒီနေ့ကာလမှာ သိပ်ထင်ရှားလာပြီး အစွန်းဘက်တွေက ပိုအားကောင်းလာတယ်လို့ ဆိုလိုရင်းဖြစ်တယ်။ လစ်ဘရယ်တွေရဲ့ အားနည်းချက်က မပြင်ဆင်တာပဲ။ သူတို့လုပ်ငန်းစဉ်နဲ့ သူတို့ ဘယ်သူ့မှဂရုမစိုက်ဘူး။ လူ့အခွင့်အရေးမှ လူ့အခွင့်အရေးပဲ။ ပြင်ဆင်ဖို့စိတ်ကူးမရှိဘူး။ အခုဆို သူ့ထောင်ချောက်နဲ့သူ ပိတ်မိနေတယ်။

လစ်ဘရယ်အာဂျင်ဒါ၊ လစ်ဘရယ်တန်ဖိုး၊ လစ်ဘရယ်လုပ်ငန်းစဉ်ဆိုတာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူချစ်သူများ အခွင့်အရေး၊ ရွှေ့ပြောင်းခိုလှုံသူများအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် အများအကြိုက်တွေပေါ့။ ကမ္ဘာအနှံ့ ပရောဂျက်တွေ အမျိုးမျိုးဖော်ဆောင်ကြတာပေါ့။ ကမ္ဘာကြီးက ယဉ်ကျေးငြိမ်းချမ်းလာ သလားဆိုတော့ ဒီနေ့မြင်တဲ့အတိုင်းပဲလေ။ ဘာမှဖြစ်မလာဘူး၊ ပြောရင်တော့ အဆိုးမြင်ရာ‌ရောက်တာ ပေါ့ဗျာ။ ထိရောက်သင့်သလောက် မထိရောက်ဘူးပေါ့။ မထိရောက်တဲ့အပြင် အချို့နေရာတွေမှာ နောက်ပြန်ဆွဲသွားတယ်။ လက်တွေ့ပဲကြည့်ပါ။ သူတို့ အဲဒီလူ့အခွင့်အရေးတွေ ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မပြောလိုဘူး။ သူတို့ မူရင်း ဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမှာတောင် လစ်ဘရယ် တန်ဖိုးတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝေဖန်တဲ့ ထရမ့်လို အမျိုးသားရေးလက်ယာသမားတွေ ရွေးကောက်ပွဲနိုင် အာဏာရလာတယ်မဟုတ်လား။

လစ်ဘရယ်တွေဟာ ငါတို့ဘက်မှာနိုင်ငံတကာ အဖွဲ့အစည်းတွေရှိတယ်၊ မီဒီယာတွေရှိတယ်၊ ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေရှိတယ်ဆိုပြီး မာန်တက်တာပေါ့။ အစိုးရတွေအထက်မှာ ရှိချင်လာတယ်။ လစ်ဘရယ်ပြီးရင်း လစ်ဘရယ်တာပဲ။ ပြန်ပြီးဆန်းစစ်ဝေဖန်တာတွေမလုပ်ဘူး။ ငါတို့သာ အမှန်ဆိုတဲ့အထိုင်က သူများကိုကြည့်တယ်။ ပြန်လည်ပြင်ဆင်ဖို့ ခက်ခဲသွားတယ်။ နောက်ဆုံးလစ်ဘရယ် ထောင်ချောက်ထဲကျတော့တာပဲ။ ပြန်ထွက်မရတော့ဘဲ နောက်ဆုံး ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေ ထွက်တော်မူ နန်းကခွာရပါတော့တယ်။

ထရမ့်တို့အမြင်က လစ်ဘရယ်တွေဟာ အမေရိကန်တို့၊ ဥရောပတို့နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ ဒါကြောင့် ထရမ့်ကလစ်ဘရယ် အသိုက်အဝန်းထဲမှာတင် သူပုန်ထတာ‌ပေါ့။ သူလည်းလစ်ဘရယ်ပညာရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့သူပဲလေ။ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် ရွေးကောက်ပွဲအပြီးမှာ မဲရလဒ်ကိုမကျေနပ်လို့ ထရမ့်လူတွေက အမေရိကန်လွှတ်တော်ကိုဝင်စီးတယ်။ အမေရိကန်မီဒီယာတွေမှာ ပုန်ကန်မှု၊ ဆူပူအုံကြွမှုလို့ သုံးတယ်။ သူပုန်ထတယ်ပေါ့။ အခုဘာပြောကြမလဲ။ သူပုန်ဆိုတဲ့သူက နောက်တစ်ကြိမ် ရွေးကောက်ပွဲအောင်ပြန်ပြီလေ။ အခု ၂၀၂၅ ခုနှစ်မှာ ထရမ့်ကြီးအိမ်ဖြူတော်မှာ နောက်တစ်ကြိမ်ရုံးထိုင်ပြီ။ ထရမ့်လက်ထဲ အာဏာရောက်ပြီဆိုတော့ ထရမ့်ဆန့်ကျင်သူတွေက အမေရိကန်တော့ ပြန်ပေးအဆွဲခံရပြီတဲ့။ လေးနှစ်တစ်ကြိမ် အပြန်အလှန် ပြန်ပေးဆွဲနေကြတယ်ပေါ့။

လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မ သာတူညီမျှမှုက အရေးကြီး

ကြုံတုန်းဂျန်ဒါ (Gender) ကိစ္စရေးချင်တယ်။ လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မသာတူညီမျှမှုက အရေးကြီးတယ်။ လစ်ဘရယ်တွေက ထရမ့်ဟာ မိန်းမတွေကို မလေးစားဘူးလို့မြင်တယ်။ ထရမ့်ကိုဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေ အများဆုံးပဲလို့ မီဒီယာတွေမှာဖော်ပြတယ်။ အခုထရမ့်နိုင်ပြီဆိုတော့ အမျိုးသမီးအတော်များများ မကျေမနပ်ဖြစ်ကြတာပေါ့။ ထရမ့်တို့လို အမျိုးသားရေးသမားတွေက အမျိုးသမီးအခွင့်အရေးတို့၊ LGBT အခွင့်အရေးတို့ သိပ်ဦးစားပေးခြင်းဟာ နိုင်ငံ‌တော်ကို အားနည်းချည့်နဲ့စေတယ်လို့မြင်တယ်။ ထုတ်သာ မပြောတာဖြစ်တယ်။

တစ်နည်းပြောရရင် လစ်ဘရယ်တွေဟာ အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေးတွေ ကတစ်ဆင့် အကာအကွယ်ယူပြီး နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ အမျိုးသမီးထုနဲ့ လှည့်တိုက်ပေးတယ်လို့မြင်တယ်။ ဘယ်သူက အမျိုးသမီးတွေနဲ့ ရန်ဖြစ်ချင်မှာလဲ။ ယောကျ်ားနဲ့ မိန်းမ လူရှေ့သူရှေ့စကားများရင် ယောကျ်ားဘက်က အရှုံးပဲလေ။ ဒါကြောင့် ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက် ဒီမိုကရက်တစ် အမျိုးသမီးသမ္မတလောင်း ကာမလာနဲ့ မဖြစ်မနေလုပ်ရတဲ့ စကားစစ်ထိုးပွဲ တစ်ကြိမ်ပဲဝင်တယ်။ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ကာမလာက ကမ်းလှမ်းတော့ထရမ့်က မတုံ့ပြန်ဘူး။

အဲဒီတုန်းက ထရမ့်မလိုလားသူတွေကထရမ့်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတယ်။ ထရမ့်ကြောက်သွားပြီပေါ့၊ ကာမလာကို မယှဉ်ရဲဘူးပေါ့၊ မိန်းမတစ်ယောက်ကိုတောင် မရင်ဆိုင်ရဲဘူးပေါ့စသဖြင့် လှောင်ပြောင်ကြတယ်။ လစ်ဘရယ်ဆိုတာ ဒါပဲလေ။ လူအုပ်နဲ့ဝိုင်းအနိုင်ကျင့်တဲ့နေရာမှာ လစ်ဘရယ်တွေက ရှေ့ဆုံးကပဲ။ တစ်နည်းပြန်ပေး ဆွဲနည်းတစ်မျိုးပဲ။

ဒါကြောင့်လည်း လက်တွေ့ကျတဲ့ အမေရိကန်လူထုက လစ်ဘရယ်တွေကို ရွေးကောက်ပွဲမှာ နှပ်ပစ်တာပေါ့။ အခုဆို SpaceX တို့၊ Tesla တို့ရဲ့ ပဲ့ကိုင်ရှင် အီလွန်မတ် (Elon Reeve Musk) တို့၊ Facebook (Meta) ပဲ့ကိုင်ရှင် ဇူကာဘက် (Mark Zuckerberg) တို့ကတောင် အလုပ်တွေမှာ အလုပ်ချိန် အပြည့်လုပ်ဖို့၊ အပျော်အပါးလျှော့ဖို့၊ လူလျှော့မယ်တို့၊ လုပ်ငန်းခွင်မှာ ကျားကျားလျားလျား လုပ်ရမယ်တို့စသဖြင့် လစ်ဘရယ်တွေမကြိုက်တဲ့ ဖိုဝါဒဆန်ဆန် သဘောထားတွေ တင်ပြနေကြလို့ လစ်ဘရယ်အသိုက်အဝန်းမှာ မကျေမနပ်ဖြစ်နေ ကြပါတယ်။ သူတို့တစ်သက် ကြိုးစားခဲ့တဲ့ ဂျန်ဒါ တွေ ဘေးချိတ်ခံထားရသလို ခံစားနေရတယ်ပေါ့။ အခုနောက်ဆုံး ပြောနေကြတာ အမေရိကန်နိုင်ငံ‌ရေးကို ထရမ့်နဲ့သူ့အနားက ဘီလျံနာသူဌေးလူတစ်စုက ချုပ်ကိုင်နေကြပြီ၊ အမေရိကန်ကို လူတစ်စုကအုပ်ချုပ်နေပြီ၊ တစ်နည်းအမေရိကန်နိုင်ငံရေးကို လူတစ်စုက ပြန်ပေးဆွဲထားပါပြီတဲ့။

နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ရှုမြင်

အကျိုးအမြတ် မယူဘူးဆိုတဲ့ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေတောင် အချို့လေ့လာ သူတွေရဲ့အမြင်မှာ ပြန်ပေးအဆွဲခံထားရတဲ့ သဘောသဘာဝနဲ့မကင်းပါဘူး။ ပညာတတ် လစ်ဘရယ်တွေက အခြေခံလူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုတဲ့ စကားလုံးတွေသုံးပြီး နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ အချို့နိုင်ငံရေးသမားတွေက ရှုမြင်ပါတယ်။ ပွင့်လင်းမြင်သာမှု အားနည်းတာ၊ ငွေတွေသာသုံးပြီး ကမ္ဘာကြီးက ပြဿနာတွေများလာတာ၊ အာဏာရှင်နိုင်ငံတွေကနေရာ ပိုရလာတာတွေကို ထောက်ပြကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ခေတ်စနစ်တွေ၊ အရေးအခင်းတွေကို မလွှမ်းနိုင်ဘဲ ခေတ်စနစ်တွေ၊ အရေးအခင်းတွေရဲ့ လွှမ်းတာကိုသာခံရင်း အလိုက်အထိုက်နေလာတာ နှစ်ပေါင်းများစွာ ကြာတော့ သူတို့အပေါ် အများပြည်သူရဲ့ ယုံကြည်မှုကလည်း ကျဆင်းလာပါတယ်။ သို့သော်နိုင်ငံတွေဟာ နိုင်ငံတကာဆက်ဆံရေး အသိုက်အဝန်းမှာတည်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အရေးကြီးတဲ့အစိတ် အပိုင်းဖြစ်တာကြောင့် အားလုံးက အလိုက်အထိုက်ပဲနေကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောသဘာဝအရ လူ့အခွင့်အရေးအဖွဲ့တွေ၊ လူသားချင်း စာနာကူညီမှုအဖွဲ့တွေ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာ တွေ ချိတ်ဆက်အလုပ်လုပ်ကြတာမို့ အနည်းနဲ့အများ လစ်ဘရယ်နိုင်ငံရေးသမားတွေနဲ့ နီးစပ်မှုရှိပါတယ်။ လစ်ဘရယ်အထိုင်ကပဲအပြန်အလှန် ကူညီရိုင်းပင်းကြပါတယ်။ အခုလို ကမ္ဘာတစ်လွှား လစ်ဘရယ်တန်ဖိုးတွေ အတိုက်အခိုက်ခံလာရချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအနေကျပ်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်တည်ရှိတဲ့ အမေရိကန်နိုင်ငံမှာတောင် လစ်ဘရယ်ဆန့်ကျင်ရေးနိုင်ငံရေးသမားတွေ လွှမ်းမိုးလာနေတာမို့ အချို့ကဌာနချုပ်ကို အမေရိကန်ကနေ ရွှေ့ပြောင်းဖို့ တောင် အကြံပြုကြပါတယ်။ ထရမ့်လိုလူတွေရဲ့ အမြင်ကတော့ ယူအင်န်တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာ အလုပ်မဖြစ်ဘဲ ပညာတတ်လစ်ဘရယ်တွေ ပြန်ပေးဆွဲထားတဲ့ နိုင်ငံတကာအစိတ်အပိုင်း တစ်ခုအနေနဲ့ရှုမြင်ပါတယ်။

ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရ

နောက်ဆုံးဗျာ။ သတင်းမီဒီယာတွေတောင် သတင်းမီဒီယာကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး သိသိသာသာသူ့ဘက်၊ ကိုယ့်ဘက်လိုက်နေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ လိုရာဆွဲရေးကြတာပဲ။ အရောင်ဆိုးကြတာပါပဲ။ အတင်းပဲ လက်ခံခိုင်းတာ ပါပဲ။ အတင်းပဲ ထောက်ခံခိုင်းတာပါပဲ။ ဖတ်တဲ့သူ အများစုကလည်း သတင်းဖတ်ရင် ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်ထောက်ခံတာပဲ ဖတ်ချင်ကြတယ်။ သတင်းကဘက်မလိုက်ဘဲ ရေးရင်လည်း မကြိုက်ကြဘူးပေါ့။ သတင်းအောက်မှာ ထောက်ခံသူ လူအုပ်ကြီးက ညာသံပေးပြီး အသိပေးသလိုလို၊ ခြိမ်း‌ခြောက်သလိုလိုနဲ့ လူမိုက်ဆန်ဆန် မှတ်ချက် တွေ အများကြီးပါပဲ။ အချို့သတင်းတွေက ဖတ်ရင်း နဲ့ ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရသလို ခံစားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုပဲကြည့်ပါ။ အမေရိကန်မီဒီယာ ၈၀ ရာခိုင်နှုန်းကျော်ကထရမ့်ကို ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲနီးတော့ အဓိကသတင်းမီဒီယာအတော်များများက သူတို့ထရမ့်ကို ဆန့်ကျင်ကြောင်း တရားဝင်သတင်းဖော်ပြကြပါတယ်။ ထရမ့်ပြောသမျှ တစ်လုံးမကျန် လိုက်ကောက်ပြီး ဘယ်နေရာကတော့မှားနေတယ်၊ ဘယ်နေရာမှာတော့ လိမ်ပြောတယ်စသဖြင့် အသေးစိတ် သတင်းဖော်ပြကြပါတယ်။ ထရမ့်ကို ကြောက်စရာကောင်းသူအဖြစ် ပုံဖော်ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ ထရမ့်ကသူပြောမယ့် မိုက်ခွက်မကောင်းလို့ စိတ်တိုနေတာကို အကျယ်တဝင့်ဖော်ပြပြီး ထရမ့်ဟာ ရွေးကောက်ပွဲ နီးလာတော့ သူရှုံးမှာသိလို့ ကယောင်‌ချောက်ချား ဖြစ်နေတယ်၊ စိတ်တိုတယ်ဆိုတာ စိတ်ပူပန်မှုရဲ့ လက္ခဏာဖြစ်တယ်စသဖြင့် မမှားလိုက်နဲ့၊ တွယ်တော့တာပါပဲ။

မဲဆွယ်ပွဲတစ်နေရာမှာလည်း လူမရှိတဲ့ ထိုင်ခုံ တွေရိုက်ပြပြီး အခုဆို မဲဆန္ဒရှင်တွေက ထရမ့် ဘာကောင်မှန်းသိလို့ ကျောခိုင်းနေကြပြီ၊ သူ့ပွဲတွေ လူနည်းလာနေပြီဆိုပြီး ရေးပြန်တယ်။ ရေးတဲ့၊ ပြောတဲ့မီဒီယာတွေက ကမ္ဘာကျော်မီဒီယာကြီးတွေဆိုတော့ အဝေးကစာဖတ်သူတွေကတော့ ဟုတ်များ နေသလားပေါ့။ ထရမ့်အခြေအနေမကောင်းဘူးပေါ့။ မဲရလဒ်လည်းထွက်လာရော ထရမ့်ကမဲအပြတ်အသတ်နဲ့ နေရာအများစုမှာ အနိုင်ရခဲ့တာပါပဲ။ အခုဆို ထရမ့်ဘက်သားလုပ်ငန်းရှင်အချို့က နာမည်ကြီး မီဒီယာတွေကို လိုက်ဝယ်ပြီး ထိန်းချုပ်ဖို့ကြိုးပမ်းနေကြပါတယ်။ နင်ပြီးငါ့အလှည့်ပေါ့။ အပြန်အလှန် ပြန်ပေးဆွဲနေကြတဲ့သဘော ဖြစ်နေတယ်။

အင်အားကြီးသူ နိုင်စတမ်း

ဆိုတော့ကာ ကမ္ဘာကြီးမှာ ဒီကနေ့ဖြစ်နေတာတွေက မရိုးသားဘူး။ နောက်ကွယ်မှာ ကိုယ်မမြင်နိုင်တဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။ လက်ရှိနိုင်ငံတကာအခြေအနေက အင်အားကြီးသူ နိုင်စတမ်းပဲ။ ပညာနဲ့တင် အခြေခံလို့မရဘဲ အတွေ့အကြုံပါလိုလာတယ်။ သတင်းတွေဖတ်တဲ့အခါ ဘယ်သူ့ဘယ်သူမှမုန်းဖို့မဟုတ်ဘဲ သတိနဲ့ ဖတ်ရှုသုံးသပ်တတ်ဖို့လိုတယ်။ စိတ်ကိုဖွင့်ထားပြီး ဖြန့်ကြက်လေ့လာနေကြပါ။ ဘာလုပ်လုပ် အသိပညာ တိုးတက်ဖို့လိုတယ်။

 မြန်မာလူငယ်တွေဟာ အလုပ်ပေါင်းစုံ၊ နေရာပေါင်းစုံ၊ နိုင်ငံပေါင်းစုံကို ရောက်ရှိကျင်လည်ကြမှာ ဖြစ်ပါတယ်။ တစ်ခုတည်းမှာ၊ တစ်နေရာတည်းမှာ ရပ်နေကြမှာမဟုတ်ဘူး။ လုံခြုံရေးသတိရှိကြပါ။ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို မြှင့်တင်ပါ။ နိုင်ငံတကာဆက်ဆံရေးအသိရှိကြပါ။ လူရည်လည်ဖို့လိုတယ်။ ခံစားချက်ကို ဦးစားမပေးပါနဲ့။ မဟုတ်ရင်ဘဝမှာ အကြိမ်ကြိမ်ပြန်ပေးအဆွဲခံရပါလိမ့်မယ်။ ။

MWD Web Portal

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

ထာဝရရန်သူ ထာဝရမိတ်ဆွေဟူသည်မရှိ ထာဝရအကျိုးစီးပွားသာလျှင်ရှိပါသည်
-

နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဆိုသလို နိုင်ငံရေးမှာလည်း ထိုနည်းတူတူ၊ ရန်သူမိတ်ဆွေဆိုတာ ခဏတာပါ။ နိုင်ငံတကာအရေး၊ နိုင်ငံရေးတွေမှာ ထိုသဘောတရားက အတူတူပါ။ အကျိုးစီးပွားချင်းမတူကြခြင်းကြောင့်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ ပိုထင်ရှားလာသလို ယခုလတ်တလော အမေရိကန်နိုင်ငံရေးမှာ သိသိသာသာကြီး ပြောစရာဖြစ်လာတဲ့ ကမ္ဘာ့အာဏာအရှိဆုံး သမ္မတထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက်စ်တို့ဆက်ဆံရေး ခွာပြဲ၊ ကတ္တီပါလမ်းခွဲက သင်ခန်းစာယူစရာဖြစ်လာတယ်။ ဘုံရည်မှန်းချက်နဲ့ အကြံတူတုန်း ခဏမိတ်ဆွေ၊ ရည်မှန်းချက်မြောက်ပြီးမှ အကျိုးစီးပွားချင်းမတူတဲ့အပြင် အာဏ

နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဆိုသလို နိုင်ငံရေးမှာလည်း ထိုနည်းတူတူ၊ ရန်သူမိတ်ဆွေဆိုတာ ခဏတာပါ။ နိုင်ငံတကာအရေး၊ နိုင်ငံရေးတွေမှာ ထိုသဘောတရားက အတူတူပါ။ အကျိုးစီးပွားချင်းမတူကြခြင်းကြောင့်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ ပိုထင်ရှားလာသလို ယခုလတ်တလော အမေရိကန်နိုင်ငံရေးမှာ သိသိသာသာကြီး ပြောစရာဖြစ်လာတဲ့ ကမ္ဘာ့အာဏာအရှိဆုံး သမ္မတထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက်စ်တို့ဆက်ဆံရေး ခွာပြဲ၊ ကတ္တီပါလမ်းခွဲက သင်ခန်းစာယူစရာဖြစ်လာတယ်။ ဘုံရည်မှန်းချက်နဲ့ အကြံတူတုန်း ခဏမိတ်ဆွေ၊ ရည်မှန်းချက်မြောက်ပြီးမှ အကျိုးစီးပွားချင်းမတူတဲ့အပြင် အာဏာရမ္မက်ကြားမှာ ရန်သူတွေဖြစ်ကြရ။ ဖြစ်တတ်တဲ့သဘောဆိုပေမယ့် ထာဝရအကျိုးစီးပွားအတွက် ထာဝရခိုင်မြဲတဲ့ မိတ်ဆွေဖြစ်ကြမယ်ဆိုရင်တော့ ပိုအောင်မြင်မယ်။ ဒါပေမဲ့ ယနေ့အခြေအနေများအရတော့ အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာ မရှိသလောက်ဖြစ်လာကြပါပြီ။

အကျိုးစီးပွားချင်းမတူကြတဲ့အခါ

ထရမ့်နဲ့ အီလွန်မက်စ်ပြဿနာကတော့ စကတည်းက ယဉ်သကိုဆိုသလို နိုင်ငံရေးသမားနဲ့ စီးပွားရေးသမား၊ အမြဲတမ်းပေါင်းစပ်ဖို့ ခဲယဉ်းကြောင်း သဘောတရားတစ်ခုကို ရှင်းရှင်းလင်းလင်းသိမြင်လိုက်ရတယ်။ နိုင်ငံရေးသမားက နိုင်ငံရေးလိုတွက်မယ်၊ စီးပွားရေးသမားက စီးပွားရေးအမြင်နဲ့တွက်မယ်။ တစ်သဘောချင်း ဘယ်ဖြစ်နိုင်ပါ့မလဲ၊ အကျိုးစီးပွားထိခိုက်တယ်ထင်ရင် တိုက်ကြခိုက်ကြမယ်ဆိုတာချည်း။ ယခုခေတ် နိုင်ငံရေး၊ စီးပွားရေးသမားတွေကပဲ ပြောနေတာ။

ဒါပေမဲ့ သူတို့ဆိုတာက သမ္မတရွေးကောက်ပွဲမတိုင်ခင်ကော၊ ပြီးပြီးချင်းမှာပါ ညီအစ်ကိုတမျှ ချစ်ခဲ့ကြသူတွေ၊ မက်စ်ကထရမ့်အောင်နိုင်ဖို့ ပုံအောပြီး ငွေသုံးပေးခဲ့သူ၊ ဒါပေမဲ့ ယခုအခါမှာတော့ သူတို့အချင်းချင်း စကားစစ်ထိုးကြ၊ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်တိုက်ကြခိုက်ကြ၊ ငယ်ကျိုးငယ်နာဖော်ကြတဲ့အထိ ရန်သူတွေဖြစ်သွားရပြီ။ လတ်တလောအကြောင်းရင်းက မက်စ်ရဲ့ Tesla EV ကိစ္စ၊ Space X ရဲ့ ကန်ထရိုက်တွေကိစ္စမှာ ထရမ့်ဘက်ကကြပ်လိုက်တာပါမယ်။ အစိုးရရဲ့အသုံးစရိတ် ဒေါ်လာဘီလီယံများစွာကို ထိန်းချုပ်မယ့် သမ္မတထရမ့်ရဲ့အစီအစဉ်မှာ အီလွန်မက်စ်ရဲ့ လုပ်ငန်းတွေပါသွားခြင်းကို မက်စ်က အတော်မကျေမချမ်းဖြစ်ရာကနေ ထရမ့်ကိုပြန်တုံ့ပြန်ခဲ့တယ်။ မက်စ်က သမ္မတထရမ့် ပါဝင်ပတ်သက်မှုပါတဲ့ Jeffery Epstein file ကို ပြည်သူ့ရှေ့မှောက် ဖွင့်ချလိုက်မယ်ဆိုတဲ့အခါမှာတော့ ထရမ့်နဲ့မက်စ်ကြားက ဆက်ဆံရေးအကွဲအပြဲက ပိုမိုဆိုးရွားသွားပုံရပြီး ပြဿနာအကြီးကြီးအထိ ဖြစ်သွားရပါတော့တယ်။

မီးလောင်ရာလေပင့် သွေးခွဲသူတွေရှိတယ် သတိထား

နောက်တစ်ခု မီးလောင်ရာလေပင့် သတင်းတစ်ခုအရဆိုရင် လက်ရှိသမ္မတထရမ့်ရဲ့ အဘိုးက ဂျာမန်ကြီးတစ်ဦးပါတဲ့။ US ကိုရောက်လာတဲ့ ဂျာမန်အဓိပတိ မားဇ်ကပြောခဲ့တာကြောင့် ထရမ့်က ဂျာမန်သွေးနှောသူကြီးဖြစ်သွားခဲ့ရပြီ။ ထရမ့်ကို ပါးပါးလေးပုတ်ပြီး ရုရှားသမ္မတနဲ့ သွေးခွဲလိုက်တဲ့သဘော၊ Migrants နဲ့ပတ်သက်ရင်အထိမခံတဲ့ သမ္မတကြီးကို သာသာလေးပညာပေးတဲ့သဘော တွေ့ရလိမ့်မယ်။ ထို့အတူ တောင်အာဖရိကနွယ်ဖွားဖြစ်တဲ့ အီလွန်မက်စ်အပေါ်မှာလည်း လူမျိုးရေးအရသွေးခွဲမှုတွေက ထရမ့်နဲ့ မက်စ်အကြားမှာ အလွယ်တကူ သွေးကွဲနိုင်တဲ့အနေအထားဖြစ်နေတယ်။ ယူတတ်ရင်သင်ခန်းစာဖြစ်တဲ့အတွက် နိုင်ငံအတွင်းက တိုင်းရင်းသားတွေအနေနဲ့ ပညာယူတတ်ရလိမ့်မယ်။

ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့ နိုင်ငံအားလုံးလိုလို ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေအရပါ။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ပထဝီဝင်အနေ အထားအရ၊ ဆင်းရဲချမ်းသာ ကွာဟချက်အရ၊ ကျင့်သုံးတဲ့နိုင်ငံရေးစနစ်တွေအရ ကွဲပြားမှုတွေအပေါ် မြှောက်ပင့်သွေးထိုးခံရတဲ့အခါ မူလမိတ်ဆွေ အဖြစ်ကနေရန်သူဖြစ်သွားရတဲ့ သာဓကပေါင်းများစွာရှိခဲ့ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း လက်ဝဲဆန်ဆန် ဒီမိုလစ်ဘရယ်ကြောင်တွေကြောင့် မိဘနဲ့သားသမီး၊ ညီအစ်ကိုမောင်နှမချင်း၊ အလွန်ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေကြား အယူအဆ မတူ၊ ကွဲကြ၊ ခွဲကြ၊ အခေါ်အပြောမလုပ်၊ ရန်သူမည်သည်အထိ ဖြစ်သွားရတဲ့ ခါးသီးမှုများစွာရှိပါတယ်။ သိပ်နီးကပ်လွန်းရင်လည်း သွေးထိုးခံရတတ်တယ်။ နီးရာကနေ ဝေးသွားရင်လည်း ပိုဝေးသထက်ဝေးအောင် သွေးခွဲသူကအလိုလိုပေါ်လာတတ်တယ်။ သတိထား ရှုမြင်ဆင်ခြင်နိုင်အောင်ဖြစ်ပါတယ်။

အတ္တနဲ့ပါဝါ အခြေခံနေသရွေ့

တွဲလွန်းရင် ကွဲသွားတတ်တဲ့ သဘောတရားတစ်ခု။ လူမှုဆက်ဆံရေးနယ်ပယ်မှာ တွေ့ရတတ်တဲ့ ဘာမှအမြဲမရှိတတ်တဲ့ ဒီလိုသဘောတရားမျိုးဟာ ကမ္ဘာ့သမိုင်းစနစ်တိုင်းမှာလည်း ရှိခဲ့ကြဖူးတယ်။ ဥပမာ ကမ္ဘာ့ကွန်မြူနစ်သမိုင်းမှာ ဆိုဗီယက်ကွန်မြူနစ်နဲ့ ယူဂိုဆလားဗီးယားကွန်မြူနစ်၊ ဟန်ဂေရီ ကွန်မြူနစ် အချင်းချင်းအကွဲအပြဲ၊၊ အကြောင်းရင်းက သူ့မူဝါဒ ၊ ငါ့မူဝါဒ ၊ မူဝါဒချင်း၊ အတွေးအခါ်ချင်း၊ ရပ်တည်ချက်ချင်း အပြိုင်အဆိုင်တွေကြောင့်ပါပဲ။ ကမ္ဘာမှာ အာဏာအရှိဆုံးဖြစ်ချင်ကြတယ်၊ ခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ယခင်ကတော့ ဘုံရန်သူအရင်းရှင်စနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့ဆိုပြီး စည်းလုံးခဲ့ကြတာပေါ့၊၊ ဒါက အတိတ်ဥပမာများဖြစ်ပြီး ယနေ့ခေတ်မှာလည်း ထာဝရမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမျိုးတွေ မရှိတော့တာ တွေ့လာရတယ်။ ဒီနေ့ရန်သူဟာ နောက်တစ်နေ့ မိတ်ဆွေဖြစ်နိုင်သလို ဒီနေ့မိတ်ဆွေကလည်း ချက်ချင်းဆိုသလို ရန်သူဖြစ်သွားနိုင်ပါတယ်။ ဒီဘက်ခေတ်တွေမှာ အများကြီးသတိထားရတော့မယ့် အနေအထားမျိုးတွေဖြစ်ပါတယ်။

ယနေ့ခေတ် ဥပမာပေးရရင် NATO အဖွဲ့ကြီးကို မြင်ကြည့်လို့ရတယ်။ ဒီအဖွဲ့အတွင်း US က ရုရှားဘက် ယိမ်းလာတဲ့သဘောတွေ၊ တူကီယဲ၊ ဟန်ဂေရီတို့လို အယူအဆမတူတဲ့ နိုင်ငံတွေကြောင့် NATO အတွင်း ခွာပြဲမှုတွေဖြစ်လာနိုင်တယ်။ Trade War ဆိုပြီး အကြီးအကျယ် ကုန်သွယ်စစ်ဆင်နွှဲဟန် ဟန်ရေးတပြပြရှိခဲ့တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတောင်မကြာမီ ဘေဂျင်းမှာ State Visit ခေါင်းဆောင်ချင်းတွေ့ဖို့အထိ ဖြစ်လာခဲ့ကြပြီ။ အစိုးရတယ်ရယ်လို့ ဘယ်မှာရှိနိုင်အံ့ပါ့နည်း။

အကြောင်းတရားကို ရှာကြည့်ရင် မိမိအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားအခြေခံတဲ့ အတ္တတွေကြောင့်ပဲ မဟုတ်ပါလား။ အာဏာပါဝါတွေကြောင့်ပဲ မဟုတ်ပါလား။ ချမ်းသာလာတဲ့သူက အာဏာကို ပိုတပ်မက်လာတယ်။ အာဏာရှိသူကလည်း ပိုပြီးချမ်းသာချင်လာတယ်။ နိုင်ငံရေးနယ်ပယ်ကော၊ စီးပွားရေးနယ်ပယ်မှာပါ ဒီသဘောတရားက အများစုတွေ့ရတတ်တဲ့သဘော ဖြစ်တတ်တဲ့သဘောတွေမို့ အထူးအဆန်းကြီးမဟုတ်ပေမယ့် လူ့အဖွဲ့အစည်းကို ဦးဆောင်ရသူတွေ၊ နိုင်ငံကိုဦးဆောင်ရသူတွေအကြား သည်းမခံနိုင်၊ အကဲဆတ်လွန်းကြရင် တွက်ကိန်းမှားနိုင်ခြေကို တွက်ချက်ဆင်ခြင်နိုင်ရပါမယ်။ ဘယ်အရာကိုမှ ယုံကြည်မှုမလွန်ကဲဖို့နဲ့ အစွဲတွေလွန်ကဲမသွားဖို့လိုပါတယ်။

ထာဝရအကျိုးစီးပွားဖြစ်မှသာ

သုံးသပ်ရရင်တော့ ထရမ့်နဲ့မက်စ်တို့ပြဿနာက ဘယ်လိုဆက်သွားမလဲ မပြောနိုင်ပါဘူး။ လင်နဲ့မယား လျှာနဲ့သွားလို ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်လည်းဖြစ်နိုင်တာပဲ။ ပြန်တည့်ရင်လည်း ကိုယ်စီအကျိုး စီးပွားကြောင့်သာဖြစ်ပါလိမ့်မယ်။ အတ္တနဲ့လောဘနဲ့ ငါအစွဲမဖြုတ်နိုင်ရင်ကြတော့ ယာယီအကျိုးစီးပွားအတွက် ယာယီပြန်ပေါင်းတာပဲဖြစ်နိုင်မယ်။ နှစ်ဦးနှစ်ဖက်အကျိုး၊ နိုင်ငံအကျိုးစီးပွားအတွက်ပါ မျှမျှတတကြည့်နိုင်မှသာ ထာဝရအကျိုးစီးပွားကို ရနိုင်မယ်ဆိုတာ သက်ဆိုင်သူအားလုံး မြင်သွားရင်ငြိမ်းချမ်းပြီ။ မဟုတ်ရင်အားလုံးအတွက် အကျိုးယုတ်သွားနိုင်တယ်၊၊ ယနေ့ အမေရိကန်နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ လုပ်နေပြောနေပုံအရတော့ သူတို့တွေက နိုင်ငံ့အရေးထက် နိုင်ငံရေးလုပ်နေတာကများတယ်။ ငါနဲ့မတူ ငါ့ရန်သူ၊ အမြင်မတူရင် ရှင်းမယ်ဆိုတာချည်းပဲ။ အမုန်းအာဃာအားကြီးလာတဲ့အခါ ဒီမိုကရေစီယဉ်ကျေးမှုလည်း ပါးလျလာတဲ့ သဘောပဲ။

အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွား၊ အမေရိကန် ပြည်သူတွေရဲ့အကျိုး ရှေ့တန်းတင်နိုင်ရေးကို ယနေ့ အမေရိကန်နိုင်ငံရေးသမားတွေ မြင်ပုံမရသေးဘူး။ ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအကျိုး ကြည့်တဲ့သူက သူရဲကောင်းဖြစ်နိုင်မယ်၊ အနာဂတ်နိုင်ငံ့ခေါင်းဆောင်အထိ မှန်းလို့ရသွားမယ်၊ ဒါပေမဲ့ ဒီနေရာမှာ တရားသဘောအရ သံဝေဂဖြစ်စရာတွေက အများကြီးပါ။ အများအတွက် မမြင်နိုင်လောက်အောင် ဖုံးလွှမ်းနေတဲ့ အဝိဇ္ဇာမောဟသဘောတွေ၊ အမှန်လည်းမမြင်၊ အမှားလည်းမမြင်နိုင်လောက်အောင် ပိန်းပိတ်နေတဲ့ အတ္တမာန်မာနနဲ့ လောဘဒေါသတွေ၊ ဒီတရားတွေ အဆိုးဘက်သိပ်ရောက်သွားရင် လုပ်သင့်တဲ့အလုပ်ကိုတောင် မမြင်နိုင်တော့တဲ့အထိ ဖြစ်နေကြတယ်၊၊ နိုင်ငံရေးဘက်ကကြည့်ရင် ရေတိုအောင်မြင်မှု Quick Win ကိုလည်း ရှာနိုင်ရမယ့်သဘော၊ စီးပွားရေးဘက်ကကြည့်ရင် ရေရှည်အကျိုးစီးပွားကိုလည်း တွက်နိုင်ရမယ့်သဘော၊ ဒီလိုသဘောတရားတွေကို တစ်ချိန်က မိတ်ဆွေအရင်းဖြစ်ခဲ့ကြတဲ့ ထရမ့်နဲ့ မက်စ်တို့အနေနဲ့ ဝေဖန်ဆင်ခြင်သင့်ပါတယ်။ အချင်းချင်းမတည့်ကြလို့ ညီညွတ်မှုမရှိတော့တဲ့ မိတ်ဆွေတွေကြားမှာ ရန်သူဘက်က ခလောက်ဆန်လို့ ပိုလွယ်နေတယ်၊ မလိုသူတွေ သွေးခွဲမှုကြောင့် ပိုပြီးသွေးကွဲသွားနိုင်ကြောင်း သတိပြုသင့်တယ်။ အချင်းချင်းအကြားမှာ နားလည်မှုထားပြီး သည်းခံနိုင်ကြရင်သာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိပါလားဆိုတာလည်း တွေ့ရလိမ့်မယ်။

သင်ခန်းစာယူစရာ များစွာရှိပါတယ်

ယနေ့ခေတ် နိုင်ငံတကာရေးရာအဖြစ်အပျက်တွေကြည့်ပြီး သင်ခန်းစာယူစရာ များစွာရှိနိုင်ပါတယ်။ အထူးသဖြင့် မိမိပြည်တွင်းရေးမှာ အစဉ်အဆက် ပြည်ပစွက်ဖက်မှုတွေကို အထူးအလေးထားရမယ်။ ခွဲလို့၊ ကွဲချင်သူတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပါးပါးလေးခွဲလိုက်ရုံနဲ့ အကြီးအကျယ်ကွဲသွားနိုင်ကြောင်း သတိပြုသင့်ပါတယ်။ တိုင်းရင်းသားတွေကြားမှာ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ နယ်မြေ ဒေသအခြေအနေအရ အလွန်အမင်းကွဲပြားသွားအောင်လုပ်ဖို့မသင့်ပါဘူး။ နိုင်ငံရေးလုပ်ကြတဲ့ နိုင်ငံရေးသမားတွေလည်း ထိုနည်းအတိုင်းပါ။ တိကျခိုင်မာတဲ့မူဝါဒ၊ အပြောင်းအလဲမများတဲ့မူဝါဒ၊ လက်တွေ့ကျတဲ့မူဝါဒနဲ့ စေတနာပါတဲ့လုပ်နည်းလုပ်ဟန်တွေအတိုင်းဆိုရင် နိုင်ငံ့အရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေအဖြစ် ပြည်သူတွေက ကြည်ညိုလေးစားကြမှာပါ။ အရေးအကြောင်းရှိခဲ့ရင်လည်း ကူညီဖို့အသင့်က ကိုယ့်အနီးဆုံး မိတ်ဆွေတွေပဲဖြစ်ပါတယ်။

ပြည်ပအရေးကြည့်ရင် အနီးအဝေးနိုင်ငံအားလုံးဟာ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်မို့ မိမိအရေးသာ ဦးစားပေးစဉ်းစားကြမှာ ဖြစ်ပါတယ်။ ကိုယ့်အရေးချည်း စဉ်းစားလာတဲ့အခါ ကိုယ့်အပေါ် ရှိနေတဲ့သူ့ကျေးဇူးကို မေ့သွားတတ်ကြတယ်။ ဒါကြောင့် မိတ်ဆွေတွေဖြစ်ခဲ့ကြသူချင်း ကွဲကြ၊ ခွဲကြဖို့ အစပျိုးလာတဲ့အခါ ရှိခဲ့ကြဖူးတဲ့ ကျေးဇူးတရားတွေကို မမေ့လျော့ကြဖို့လိုပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပါ။ အိမ်နီးချင်းကောင်း ပီသစွာနဲ့ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး အပြန်အလှန်သိတတ်ကြရင် အမြဲတမ်းမိတ်ဆွေတွေအဖြစ်နဲ့ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းစွာတည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ရေရှည်မိတ်ဆွေ၊ ထာဝရမိတ်ဆွေရဖို့ဆိုတာတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ မိမိအကျိုး၊ အများအကျိုးရည်မျှော်ပြီးတော့ မိမိဘက်ကလည်း ယုံကြည်စိတ်ချရကြောင်း ပြနိုင်မှ၊ ဟန်ချက်ညီညီနဲ့ လက်တွဲပြနိုင်မှ ရေရှည်ထာဝရမိတ်ဆွေတွေအဖြစ် လက်ခံကြမှာပါ။ တကယ်တော့ ပွတ်တိုက်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အပြန်အလှန်နားလည်ပေးနိုင်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှု၊ ရေရှည်နှစ်ဦးနှစ်ဖက် အကျိုးဖြစ်မယ့်အမြင်ကို မြင်နိုင်စွမ်း ဒီအချက်တွေပေါ်မှာ အဓိကမူတည်ပါတယ်၊၊ ဒီလိုသာ တည်ဆောက်နိုင်ကြရင် ကတ္တီပါလမ်းခွဲကိစ္စမျိုးတွေလည်း ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ကြောင်းနဲ့ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာမရှိ၊ ထာဝရအကျိုးစီးပွားသာရှိနေမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

MOI

မြင့်မြတ်

အစ္စရေးနဲ့အီရန်ကြားကို ရုရှားကကြားဝင်ပြီး ပဋိပက္ခတွေကို ပြေလည်စေနိုင်မလား
-

ရုရှားနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဟိုဘက်၊ ဒီဘက်မျှတမှုရှိစွာရပ်တည်လာတဲ့ အင်အား ကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ အီရန် နိုင်ငံနဲ့ စီးပွားရေး၊ စစ်ရေးဆက်ဆံမှုကို ပိုမိုခိုင်မာလာ အောင် တည်ဆောက်ထားနိုင်သလို အစ္စရေးနိုင်ငံနဲ့ ဆိုရင်လည်း    နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို ထူထောင်ထားနိုင်တဲ့  နိုင်ငံတစ်ခုလည်းဖြစ်တာကို တွေ့ရှိရပါတယ်။

အခုသီတင်းပတ်အတွင်း အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်လာတဲ့အတွက် အီရန်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်လာချိန်မှာ နှစ်နိုင်ငံကြားတင်းမာမှုတွေက စစ်ပွဲကြီးတစ်ပွဲဆီကို ဦးတည်သွားနေတဲ့အခြေအနေ ဖြစ်ပေါ်နေပါတယ်။ အစ္စရေးက အီရန်ရဲ့နျူကလီး ယားဆိုင်ရာအဆောက်အအုံတွေနဲ့ စစ်ရေးပစ်မှတ် တွေကိုပစ်မှတ်ထားတိုက်ခိုက်သလို အီရန်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့နျူကလီးယားသိပ္ပံပညာရှင်တွေသေဆုံးသွားရတဲ့အတွက် အီရန်ဘက်ကလည်း ဒရုန်းများ၊ ဒုံးကျည်များနဲ့ပြင်းထန်စွာလက်တုံ့ပြန်တိုက်ခိုက်လာတာပါ။

ဒီအချိန်မှာ အင်အားကြီးတစ်နိုင်ငံက ကြားဝင်ပြီး ဖျန်ဖြေပေးမှသာ အခုပြဿနာက ဒီထက်ပိုပြီးမဆိုးလာမှာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံများအနက် အမေရိကန်နိုင်ငံက အစ္စရေးဘက်ကနေပါဝင်နေ သလိုရှိပြီး အီရန်ကိုဖိအားပေးနေတဲ့အတွက် သူကတော့ ဘယ်လိုမှကြားဝင်ဖျန်ဖြေပေးနိုင်မှာမဟုတ်ပါဘူး။

ဒီအချိန်မှာ အစ္စရေး၊ အီရန်နှစ်နိုင်ငံစလုံးနဲ့ကောင်းမွန်တဲ့သံတမန်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တဲ့ ရုရှားနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်သူ ဖြစ်လာလေမလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာစေတာဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ ဒီကိစ္စကိုဖျန်ဖြေပေးနိုင်မယ့်တစ်ခုတည်းသော အင်အားကြီးနိုင်ငံက ရုရှားနိုင်ငံသာဖြစ်တယ်လို့ လေ့လာသူတချို့က တထစ်ချယုံကြည်ထားပါတယ်။

အစ္စရေးနဲ့အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့သာမက အီရန်သမ္မတ မာဆွတ်ပီ ဇက်ရှကီယန်နဲ့ပါ တယ်လီဖုန်းဆက်ဆွေးနွေးမှုတွေကိုလုပ်ဆောင်ထားပါတယ်။ အဲဒီလိုတယ်လီဖုန်းနဲ့ ဆွေးနွေးစဉ်မှာ ရုရှားနိုင်ငံအနေနဲ့လိုအပ်လာမယ်ဆိုရင် အစ္စရေးနဲ့အီရန်တို့ကြား တင်းမာမှုများပြေလည်စေရေးအတွက် ကူညီပေးဖို့အသင့်ရှိတယ်လို့ ကမ်းလှမ်းထားတယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားတာတွေ့ရပါတယ်။

ပူတင်က ပီဇက်ရှကီယန်နဲ့ တယ်လီဖုန်းဆက်စကားပြောတဲ့အခါ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချပြီး အီရန်ရဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့အခြေအနေတွေကိုဖြေရှင်းဖို့ ရုရှားဘက်က သီးခြားအဆို ပြုချက်တွေနဲ့လုပ်ဆောင်မယ့်အစီအစဉ်တွေရှိနေ တယ်လို့လည်း ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို  “လုံးဝလက်မခံနိုင်ဘူး”လို့ပြင်း ထန်စွာရှုတ်ချပြီး“ဒီဖြစ်စဉ်ရဲ့အကျိုးဆက်အားလုံးက အစ္စရေးခေါင်းဆောင်တွေ အပေါ်ကျ ရောက်လိမ့်မယ်”လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးကို တင်းမာမှုတွေထပ်မတိုးအောင် ထိန်းသိမ်းဖို့နဲ့ ဒေသတစ်ခုလုံး စစ်မက်ဖြစ်ပွားတဲ့အထိ မဖြစ်လာစေရေး ရှောင်ရှားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာ ရုရှားက အစ္စရေးရဲ့လုပ်ရပ်တွေကို အပြင်းအထန်ဝေဖန်ထားပေမယ့် ရုရှားနိုင်ငံအနေနဲ့ အီရန်အပေါ် နိုင်ငံရေးအရကလွဲလို့ တခြားဘယ်လို ထောက်ပံ့မှုမှပေးမယ်လို့ ပြောခဲ့တာမရှိပါဘူး။ ဒါ တောင်မှ ရုရှားနိုင်ငံက အီရန်နိုင်ငံနဲ့စစ်ဘက်မိတ်ဖက် ဆက်ဆံရေးကိုထူထောင်ထားတာပါ။ သို့သော် လည်း အခုအခြေအနေမှာတော့ ရုရှားက အီရန်ကိုစစ်ရေး အကူအညီတွေပေးနိုင်ဖွယ်မရှိပါဘူး။

ဒီကြားထဲမှာပဲ ပူတင်က အစ္စရေးဝန်ကြီးချုပ်နဲ့ ဖုန်းဆက်ပြီး "အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဖို့အရေးကြီးတယ်"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တင်းမာမှုတွေပိုမိုကြီးထွားလာခြင်းမရှိနိုင်စေဖို့ ကြားဝင်ဆောင်ရွက်ပေးမယ်လို့လည်း ပူတင်ကပြောကြောင်း ရုရှား သမ္မတရုံးကထုတ်ပြန်ထားပါတယ်။

ရုရှားဘက်က အီရန်နဲ့ အစ္စရေးခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး အတွက် အပျက်သဘောဆောင်နိုင်တဲ့ အခြေအနေကိုဖြေရှင်းဖို့ နီးကပ်စွာ ဆက်လက်လုပ် ဆောင်သွားမယ်လို့ သဘောတူခဲ့ကြတယ်လို့လည်း သမ္မတ ရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဇွန်လ ၁၄ ရက်က ဖုန်းဆက်ပြီး အရှေ့အလယ်ပိုင်းမှာ ဆက်တိုက်ဆိုသလို ပြင်းထန်လာနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။  ဒီဆွေးနွေးမှုမှာ လက်ရှိပဋိပက္ခတွေကို  ရုရှားဘက်ကကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်ရှိနေတဲ့အကြောင်းနဲ့ အီရန်နဲ့အမေရိကန်တို့ကြား နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာသဘောတူညီမှုရရှိဖို့ရည်ရွယ်တဲ့ အဆိုပြုချက်တွေကိုပြောပြထားကြောင်း ပူတင်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးအကြံပေးယူရီယူရှာကော့ကပြောပါတယ်။

ရုရှားနဲ့ အီရန်ဆက်ဆံရေးဟာ စစ်အေးခေတ်မှာ မကြာခဏ တင်းမာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အီရန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးအပြီးမှာတော့ အီရန်ခေါင်းဆောင် အယာတိုလာခိုမေနီက အမေရိကန်ကို စေတန်ကြီး၊ ဆိုဗီယက်ပြည်ထောင်စုကို စေတန်လေးလို့ ဝေဖန်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက်ပိုင်းမှာ ရုရှားနဲ့ အီရန်ဆက်ဆံရေးက မြန်ဆန်စွာပဲနွေးထွေးလာခဲ့ပါတယ်။ အီရန်ဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရစဉ်မှာ ရုရှားက အရေးပါတဲ့ ကုန်သွယ်ရေးမိတ်ဖက်အဖြစ်သာမက စစ်လက်နက်နဲ့နည်း ပညာ အဓိကထောက်ပံ့ သူဖြစ်လာခဲ့ပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စတင်လည်ပတ်နိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ နျူကလီးယားအင်အားကြီး ခြောက်နိုင်ငံတို့ကြား သဘောတူညီမှုရရှိခဲ့ရာမှာ ရုရှားလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီသဘောတူညီမှုအရ အီရန်အပေါ် ဒဏ်ခတ်မှုတွေ လျှော့ချပေးမယ့်အပြင် အီရန်ဘက်က နျူကလီးယားလုပ်ငန်းစဉ်ကို ကန့်သတ်ပြီး နိုင်ငံတကာစောင့်ကြည့်မှုကိုဖွင့် ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က သူ့ရဲ့ပထမအကြိမ် သမ္မတသက်တမ်းမှာ  အမေရိကန်ကဒီသဘောတူညီမှုကနေ တစ်ဖက်သတ်နုတ်ထွက်သွားတဲ့အခါမှာလည်း ရုရှားက အီရန်ကိုနိုင်ငံရေးအရ ထောက်ခံမှုပေးခဲ့ပါတယ်။

ရုရှားက အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပေမယ့် ပူတင်ဟာ အစ္စရေးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ နေတန်ယာဟုနဲ့ ကိုယ်ရေးကိုယ်တာ နွေးထွေးတဲ့ ဆက်ဆံရေးကိုလည်း ပူတင်ကထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ရုရှားနဲ့ အစ္စရေးတို့က နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နီးကပ်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ထားပြီး ဆီးရီးယားကိစ္စလို အနုတ်လက္ခဏာဆောင်တဲ့ အရေးကိစ္စတွေကိုတောင်မှ အတူတကွဖြေရှင်းနိုင်ခဲ့ကြတာပါ။

ရုရှားနိုင်ငံက S-300 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေကို အီရန်ဆီရောင်းချခဲ့ပေမယ့် အခြားလက်နက်တွေပေးဖို့ကိုတော့ အစ္စရေးရဲ့ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ဆိုင်းငံ့ထားခဲ့ပါတယ်။ အထူးသဖြင့် အီရန်က မျှော်မှန်းနေတဲ့ Su-35 တိုက်လေယာဉ်တွေကို ရောင်းချပေးခြင်း မရှိခဲ့တာ ကိုတွေ့ရပါတယ်။

အခုအချိန်မှာ အစ္စရေးနဲ့ အီရန်နှစ်ဖက်စလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထားရှိခြင်းဟာ ရုရှားကို နှစ်နိုင်ငံစလုံးက ယုံကြည်တဲ့ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်စေနိုင်ပြီး အီရန်နျူကလီးယား အစီအစဉ်နဲ့ပတ်သက်တဲ့ အနာဂတ်ညှိနှိုင်းမှုတွေမှာ ပါဝင်လာနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်လာခြင်းဖြစ်ပါတယ်။

မကြာသေးခင်က အမေရိကန်နဲ့ အီရန်တို့ကြား ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရေးကို ရုရှားကအဆိုပြုခဲ့တာတွေ့ရပါတယ်။

အဲဒီအဆိုပြုချက်မှာတော့ ရုရှားက အီရန်နိုင်ငံမှအဆင့်မြင့်သန့်စင်ပြီးသားယူရေနီယံအများအပြားကိုရယူပြီး အရပ်ဘက်သုံးနျူကလီးယားလောင်စာအဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ ရုရှားနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့ကပြောထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေအားလုံး ရဲ့အရင်းခံက အီရန်နိုင်ငံဟာယူရေနီယံသန့်စင်မှုကို တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက်ဖြစ်တယ်လို့ဆိုနိုင်တာကြောင့် အခုလိုမျိုးအဆိုပြုချက်က သင့်လျော် ကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့အီရန်တို့ကြား နျူကလီးယား အရေးဆွေးနွေးပွဲပျက်စီးသွားသော်ငြား တကယ်လို့ များ အဲဒီဆွေးနွေးပွဲပြန်လည်စတင်ဖြစ်ခဲ့ရင် ရုရှား နိုင်ငံရဲ့ကမ်းလှမ်းချက်က နျူကလီးယားသဘောတူ ညီချက်အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ် လာမှာအသေအချာပါပဲ။

ဒါကြောင့် ရုရှားနိုင်ငံသည် လက်ရှိအခြေအနေမှာ လည်း အစ္စရေး၊ အီရန်နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ဆက် ဆံရေးကိုတည်ဆောက်ထားနိုင်တဲ့အတွက် သူတို့ နှစ်နိုင်ငံကြားတင်းမာမှုများကို ကြားဝင်ဖြေရှင်းပေး နိုင်မယ့် တစ်ခုတည်းသောအင်အားကြီးနိုင်ငံဖြစ်လာ စေမယ့်အပြင် အနာဂတ်မှာလည်း အီရန်နျူကလီး ယားသဘောတူညီချက်ရရှိစေရေးအတွက် အခြေခံ အုတ်မြစ်တစ်ခုကို ဖန်တီးပေးနိုင်မယ့်တစ်ခုတည်း သောနိုင်ငံအဖြစ်တည်ရှိနေတဲ့အကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။          ။         

 MWD Web Portal

ထက်မြက်

အစ္စရေးက အီရန်ကိုတိုက်ခိုက်မှုက ကြိုတင်လက်ဦးမှုယူတာလား... တမင်ရန်စတာလား...
-

ဇွန်လ ၁၃ ရက်နံနက်အစောပိုင်းမှာ အီရန် နိုင်ငံအတွင်းရှိ နေရာတော်တော်များများကနေ ပေါက်ကွဲသံတွေကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်နေတဲ့နေရာတွေ၊ ယူရေနီယံသန့်စင်စက်ရုံတချို့နဲ့ တာဝေးပစ် ဒုံးကျည်များသိုလှောင်သိမ်း ဆည်းထားရာနေရာများအပြင် စစ်ရေးပစ်မှတ်နေရာများဆီကနေ ထွက်ပေါ်လာတာပါ။ အကြောင်းရင်းက အစ္စရေးက အီရန်အပေါ်စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခြင်းကြောင့်ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးရဲ့အမည်ကို "Operation Rising Lion" လို့ပေးထားပါတယ်။ ဒီစစ်ဆင်ရေးဟာ ရက်ပေါင်းများစွာကြာမြင့်မှာဖြစ်ပြီး အထူးသဖြင့်အီရန် နိုင်ငံရဲ့အမြင့်ပျံဒုံးကျည်အစီအစဉ်  ဗဟိုချက်ကို ပစ်မှတ်ထားတာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကပြောထားပါတယ်။ ဒီစစ်ဆင်ရေးမှာ အစ္စရေးတပ်မတော်ဘက်က တိုက်လေယာဉ် အစင်းရေ ၂၀၀ ကိုအသုံးပြုပြီး အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ပစ်မှတ်ထားကာလေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာ ဖြစ်တယ်လို့အစ္စရေးတပ်မတော်မှပြောရေးဆိုခွင့်ရှိသူ အက်ဖီဒက်ဖရင်ကပြောပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုဟာ အီရန်အတွက်တော့ တော်တော်လေးကိုဆုံးရှုံးမှုကြီးမားတာတွေ့ရှိရပါတယ်။ ပထမဆုံးသောဆုံးရှုံးမှုကသိက္ခာပါ။ အီရန်နိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်နေလင့်ကစား အစ္စရေးဘက်ကတက်လာတဲ့ လေယာဉ်တွေကို တစ်စင်းမျှပစ်ချနိုင်ခြင်းမရှိပါဘူး။   အစ္စရေးတိုက် လေယာဉ်တွေကပဲ   သူတို့ရဲ့ပစ်မှတ်တွေကို တိတိကျကျချေမှုန်းနိုင်ခဲ့တာတွေ့ရပါတယ်။ ဒုတိယဆုံးရှုံးမှုက လူသားအရင်းအမြစ်ဖြစ်ပါတယ်။

လက်သံပြောင်လှပါတယ်ဆိုတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီးဟော့စိန်ဆာလာမီ၊ အီရန်တပ်မတော်အလယ်ပိုင်းတိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ဂိုလမ်အလီရာရှစ်၊   အီရန်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မိုဟာမတ်ဘာဂါရီတို့လို စစ်ဘက် ခေါင်းဆောင်များအပြင် နာမည်ကျော်ကြား လှတဲ့အီရန်နျူကလီးယားသိပ္ပံပညာရှင်အနည်းဆုံးခြောက်ဦး၊ အီရန်အမျိုးသား လုံခြုံရေးအကြီးအကဲဟောင်း အလီရှမ်ခါနီတို့သေဆုံးသွားရပါတယ်။

အစ္စရေးနိုင်ငံက အီရန်ကိုမကြေညာဘဲတိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ အီရန်ကိုတိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတယ်။ ဒီလိုတိုက်ခိုက်နိုင်ဖို့အတွက်ကိုလည်း အမေရိကန်ဆီတင်ပြထားပြီး အမေရိကန်ကလည်း အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့သူတို့ရဲ့ သံရုံးမှဝန်ထမ်းများကို အင်အားလျှော့ချတဲ့အနေနဲ့ ပြန် ခေါ်မှုတွေလုပ်ကြောင်းသတင်းဌာနတွေကအလီလီဖော်ပြခဲ့တာပါ။ အဲဒီလိုဖော်ပြမှုတွေအပေါ်မှာလည်း အီရန်နိုင်ငံက သူတို့အပေါ်အစ္စရေးကတိုက်ခိုက်လာမယ်ဆိုရင် ဒုံးကျည်တွေနဲ့အဆက်မပြတ်ပစ်ခတ်ပြီး လက်တုံ့ပြန်မယ်လို့တောင် ပြီးခဲ့တဲ့နေ့ကပြောနေပါသေးတယ်။ ဒါပေမဲ့တကယ်တမ်း နဖူးတွေ့ဒူးတွေ့  ရင်ဆိုင်ရချိန်မှာတော့ ပြောထားသလိုဖြစ်မလာခဲ့ပါဘူး။

ဒါဆိုရင်မေးစရာရှိတာက အီရန်ကရော အစ္စရေးကိုပြန်မတိုက်ဘူးလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အီရန်က အစ္စရေးကိုပြန်တိုက်ပါတယ်။ ဒရုန်းအစင်းရေရာနဲ့ချီလွှတ်တင်ပြီးတော့ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အီရန်ရဲ့လက်တုံ့ပြန်မှုဟာ ရေပေါ်အရုပ်ရေးလိုက်သလိုပါပဲ။ အီရန်ရဲ့ဒရုန်းတွေဟာ အစ္စရေးလေပိုင်နက်ထဲမရောက်ခင်မှာဘဲ ပစ်ချ ဖျက်ဆီးခံလိုက်ရပါတယ်။   အစ္စရေးနိုင်ငံအပေါ် သေးမွှားလှတဲ့သက်ရောက်မှုတောင်မှမရှိခဲ့ပါဘူး။

အီရန်က အစ္စရေးအနေနဲ့ သူတို့ရဲ့နျူကလီးယားစက်ရုံတွေအပေါ်တိုက်ခိုက်ခြင်းကို စစ်ကြေညာခြင်း အဖြစ်သတ်မှတ်တယ်လို့ ထုတ်ပြန်လာချိန်မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်လာမယ်ဆိုတာကို ကြိုတင်သိရှိထားတယ်လို့ ပွင့်ပွင့်လင်းလင်းထုတ် ဖော်ပြောလာတာတွေ့ရပါတယ်။ ဒါဆိုရင် အခုတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ အမေရိကန်ရဲ့စနက်တွေ ပါဝင်နေမလားဆိုတာ တွေးဆစရာပါ။ အခုလိုမျိုး တိုက်ခိုက်မှုတွေမလုပ်ခင် အစ္စရေးက အမေရိကန်ကိုကြိုတင်အသိပေးခဲ့တယ်လို့ဆိုထားခြင်းကြောင့် အမေရိကန်အစိုးရအနေနဲ့ အစ္စရေးကိုမတားခဲ့လို့ သာ ဒီနေ့လိုအခြေအနေမျိုးဖြစ်လာတာလို့ဆိုနိုင်ပါတယ်။

အခုအခြေအနေတွေမှာတိုက်ဆိုင်မှုဆိုတာမရှိနိုင်ပါဘူး။ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ပြန်စဉ်းစားကြည့်ရင် အစ္စရေးက အီရန်ကိုတိုက်ခိုက် ချင်နေတာကြာပါပြီ။ ဘယ်လိုအကြောင်းကြောင့် တိုက်ခိုက်ချင်တာလဲဆိုရင် အီရန်က အစ္စရေးနိုင်ငံ ကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို    စစ်လက်နက်ကစလို့   ငွေကြေးတွေအဆုံးထောက်ပံ့မှုတွေပေးနေတယ်ဆိုတာ   အီရန်အစိုးရက တရားဝင်မထုတ်ပြန်သည့်တိုင်အောင်  အားလုံးကသိရှိပြီးဖြစ်ပါတယ်။

ပြဿနာရဲ့အရင်းအမြစ်

အီရန်နဲ့အစ္စရေးတို့က တစ်ဦးကိုတစ်ဦးအပြန်အလှန် ဘာကြောင့်ကျရှုံးစေချင်တာလဲဆိုရင် ပထမတစ်ချက်က ကိုးကွယ်ရာဘာသာမတူညီမှုကြောင့်ပါ။ ဒုတိယတစ်ချက်က ပါလက်စတိုင်းနဲ့ အစ္စရေးကြား ဖြစ်နေတဲ့ပြဿနာမှာ  အီရန်နိုင်ငံက  ကိုးကွယ်ရာဘာသာတူတဲ့ ပါလက်စတိုင်းဘက်ကနေပါဝင်ကူညီ ပေးနေတာကြောင့်ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ဒေသတွင်းမှာ အင်အားကြီးနိုင်ငံ ဖြစ်လာစေရေးကို အပြိုင်ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒီနေရာမှာ အစ္စရေးနိုင်ငံက နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ထားနိုင်ဖွယ်ရှိတယ်လို့ယူဆရတဲ့အတွက် အီရန်ကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်အောင် သူ့နည်းသူ့ဟန်နဲ့ကြိုးစားလာနေပါတယ်။ ဒါကိုသိထားကြတဲ့ အစ္စရေးနဲ့အမေရိကန်တို့က အီရန်ကိုနျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့်မပေးရရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်လာကြပါတယ်။

အီရန်နိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံးဓာတ် အားပေးစက်ရုံတွေရှိပါတယ်။ ဒီစက်ရုံတွေအတွက် လိုအပ်တဲ့ယူရေနီယံသန့်စင်မှုကို အီရန်ကကိုယ်တိုင် လုပ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ယူရေနီယံသန့်စင်နိုင်စွမ်းက နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးရောက်ရှိအောင်  မြင့်မားလာနေပြီလို့ သတင်းတွေမှာမြင်တွေ့ရပါတယ်။   တကယ်လို့များ အီရန်က ယူရေနီယံသန့်စင်မှုကို အခုထက်ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ပြီဆိုရင်  သူတို့စိတ်ရှိတဲ့အခါ  နျူကလီးယားလက်နက်ကိုထုတ်လုပ်ဖို့ဆိုတာ အလှမ်းမဝေးတော့ပါဘူး။ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်ကိုသာပိုင်ဆိုင်သွားရင် ဒေသတွင်းအင်အား ချိန်ခွင်လျှာက သူ့ဘက်ကိုအလေးသာသွားမှာအမှန်ပါပဲ။ ဒါကြောင့်လည်း အမေရိကန်နဲ့အစ္စရေးတို့က အီရန်အနေနဲ့ နျူကလီးယားလက်နက်မပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းလာကြတာပါ။

အခုလုပ်ဆောင်တဲ့ အစ္စရေးတိုက်ခိုက်မှုကိုကြည့်ရင် အီရန်ရဲ့နျူကလီးယားနဲ့သက်ဆိုင်တဲ့အဆောက်အအုံတွေကို အများဆုံးတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုထဲမှာမှ လူပုဂ္ဂိုလ်တွေကိုပါရောပြီး ပစ်မှတ်ထားခဲ့တာပါ။ ဒါကြောင့် အစ္စရေးဘက်က အခုလုပ်တဲ့တိုက်ခိုက်မှုဟာ အီရန်အပေါ်ကြိုတင် လက်ဦးမှုယူတဲ့တိုက်ခိုက်မှုလို့ ပြောထားတာတွေ့ရပါတယ်။ ဘာကြောင့်   ကြိုတင်လက်ဦးမှု ယူတာလဲဆိုရင် အခုနကရှင်းပြခဲ့တဲ့အခြေအနေကြောင့်ပါပဲ။

ဒီနေရာမှာ နောက်ထပ်ပြောစရာရှိတာက အီရန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုကို အမေရိကန်အစိုးရရဲ့ခွင့်ပြုပေးမှုပါ။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်ကသမ္မတအဖြစ်တာဝန်ထမ်းဆောင်ကတည်းက အီရန်နဲ့နျူကလီးယားသဘောတူညီချက်ရရှိရေးကို ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။    အခုဆိုရင်   ဆွေးနွေးပွဲကိုငါးကြိမ်မြောက်အထိလုပ်ပြီးပါပြီ။ ဒီသီတင်းပတ် အကုန်မှာ ခြောက်ကြိမ်မြောက် ဆွေးနွေးဖို့စီစဉ်ထားပါတယ်။ အိုမန်နိုင်ငံမှာ ဆွေးနွေးပွဲလုပ်မှာပါ။ ထရမ့်က သူ့အနေနဲ့ပထမအကြိမ် သမ္မတသက်တမ်းမှာ အီရန်နဲ့နျူကလီးယားသဘောတူညီချက်က အီရန်အတွက် အရေးသာလွန်းတယ်ဆိုပြီး အဲဒီသဘောတူညီချက်ကိုဖျက်သိမ်းခဲ့တာပါ။ အခုမှ သူ့စိတ်ကြိုက် ပုံစံနဲ့နျူကလီးယားသဘောတူညီချက်ရရှိဖို့ ဆွေးနွေးမှုတွေပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့အီရန်တို့ကြား နျူကလီးယားအရေး ဆွေးနွေးပွဲပြန်လည်စတင်ပါပြီဆိုကတည်းက တိကျ သေချာတဲ့ သဘောတူညီချက်တစ်ခုတောင်မရသေး ပါဘူး။ အဓိကကတော့ အီရန်နိုင်ငံအနေနဲ့ ယူရေနီယံသန့်စင်မှုကိုစွန့်လွှတ်ဖို့    အမေရိကန်ကတွင်တွင် တောင်းဆိုနေတာဖြစ်ပါတယ်။  အီရန်အနေနဲ့က လည်း  ဒီတောင်းဆိုမှုကိုဘယ်လိုနည်းနဲ့မှမလိုက်လျောနိုင်ပါဘူး။  တကယ်လို့များ  ဆွေးနွေးပွဲပျက်သွားရင် အီရန်အနေနဲ့ဆိုးကျိုးတွေကိုခံစားရလိမ့်မယ်လို့လည်း ထရမ့်ကခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒီကနေ့မှာတော့ အမေရိကန်က အစ္စရေးအနေနဲ့အီရန်အပေါ်တိုက်ခိုက်မှုလုပ်တာကို   မီးစိမ်းပြ လိုက်ပါပြီ။ ထရမ့်ကလည်း သူ့အနေနဲ့အားလုံးသိတယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောထားပါတယ်။ ဒါ့အပြင် နောက်ထပ်လုပ်ဆောင်ဖို့စီစဉ်ထားတဲ့ အီရန်အပေါ် တိုက်ခိုက်မှုကအခုထက်ပို ပြီးကြီးမားပြင်းထန်လိမ့်မယ်လို့လည်း   ထရမ့်ကသတိပေးထားပါတယ်။ ဒီလို သတိပေးမှုနဲ့အတူ အီရန်အနေနဲ့ အမေရိကန်ရေးဆွဲထားတဲ့သဘောတူစာချုပ်ကို  လက်ခံလိုက်ဖို့လိုအပ်ကြောင်းနဲ့ ဒီလိုမှမဟုတ်ရင်အီရန်နိုင်ငံအနေနဲ့ဆုံးရှုံးစရာဘာမှမကျန်တော့အောင်ကို ပျက်သုဉ်းသွားနိုင်တယ်ဆိုပြီး ထရမ့်ကပြောထားပါတယ်။

ဒီအချက်တွေကို ဆက်စပ်ပြီးတော့တွေးကြည့်ရင် အစ္စရေးက အီရန်ကိုတိုက်ခိုက်တာဟာ ကြိုတင် လက်ဦးမှုယူတာလို့ဆိုထားပေမယ့် ထရမ့်အနေနဲ့ ကျတော့ အီရန်သာ နျူကလီးယားသဘောတူညီချက်ကိုလက်မှတ်မထိုးရင် ဒီထက်ပိုဆိုးတဲ့ဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့သတိပေးထားတာကြောင့် အခုတိုက်ခိုက်မှုဟာ အမေရိကန်အနေနဲ့ အီရန်နဲ့ဆွေးနွေးရာမှာ အထက်ကနေအသာစီးယူပြီးဆွေးနွေးနိုင်စေဖို့ အကြောင်းရင်းတစ်ရပ်တစ်နည်းအားဖြင့် ရန်စမှုတစ်ရပ်ကို  ဖန်တီးလိုက်တယ်ဆိုတဲ့အခြေအနေကိုပဲမြင်မိပါတယ်။

ဘာတွေဆက်ဖြစ်လာမလဲ

ဒါဆိုရင် ဒီကနေ့ဖြစ်စဉ်ကနေ ဘာဆက်ဖြစ်လာ နိုင်သလဲဆိုတာနဲ့ပတ်သက်လို့ အချက်အလက်တွေ အပေါ်မူတည်ပြီး သုံးသပ်ကြည့်ရအောင်။ ရှေ့မှာ ပြောခဲ့သလိုမျိုးပဲ အီရန်က အစ္စရေးကိုလက်တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်တွေပစ်လွှတ်မယ်လို့ဆိုထားစေကာမူ လက်တွေ့မှာ ဒရုန်းတွေကိုသာစေလွှတ်နိုင်ခဲ့ပါတယ်။ ကြည့်ရတာ အစ္စရေးရဲ့တိုက်ခိုက်မှုအောက်မှာ အီရန်ရဲ့ဒုံးကျည်တွေပျက်စီးသွားပုံပါပဲ။ ဒါပေမဲ့ အီရန်ရဲ့နယ်ရုပ်တွေဖြစ်တဲ့ ဟားမတ်တို့၊ ဟစ်ဇဘို လာတို့ကနေတစ်ဆင့် အစ္စရေးကိုတိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။    ကြားခံစစ်သဘောမျိုးပါ။ တကယ်လို့များ အီရန်ဘက်ကတင်းခံနေရင် အစ္စရေး ဘက်ကလည်း ဒီထက်ပိုတဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်လာနိုင်ပါတယ်။ အဲဒီအခါ နှစ်နိုင်ငံကြားစစ်မီးက ဒေသတွင်းရှိ တခြားနိုင်ငံတွေကိုပါ ကူးစက်စေမှာပါ။

အင်အားကြီးနိုင်ငံတွေအနေနဲ့ ဝင်ပါလာနိုင်မှုကို ကြည့်ရင် အမေရိကန်ကပဲ ထဲထဲဝင်ဝင်ပါဝင်လာနိုင်ပါတယ်။ အစ္စရေးဘက်ကနေပေါ့။ အီရန်ဘက်ကတော့ တချို့အင်အားကြီးနိုင်ငံတွေအနေနဲ့သံတမန်ရေးအရ ကန့်ကွက်မှုကလွဲလို့ စစ်ရေးအရကူညီမှုသိပ်မရှိနိုင်ပါဘူး။ သွယ်ဝိုက်ထောက်ပံ့မှုတွေသာပေးနိုင်ပါလိမ့်မယ်။ ဒါလည်းသိပ်တော့မသေချာပါဘူး။ သေချာတာတစ်ချက်ကတော့ ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာနိုင်ပါတယ်။ စီးပွားရေးတွေကျပ်တည်းလာနိုင်ပါတယ်။ ဒီတော့ နိဂုံးချုပ်အနေနဲ့သုံးသပ်ရရင် အခုလုပ်တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ကြိုတင်လက်ဦးမှုယူတာဆိုခြင်းထက် အမေရိကန်အတွက်အသာစီးရစေမယ့်အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးလိုက်တာဖြစ်ပြီး အီရန်ဘက်ကလည်း ခေါင်းငုံ့ခံမယ့်ပုံစံမရှိ တာကြောင့် ဒီပဋိပက္ခဟာတော်တော်လေးတော့ တင်းမာမှုမြင့်တက်လာနိုင်ခြေရှိကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။          ။

Ref: SCMP, RT

ဘာသာပြန်ဆောင်းပါးရှင် - ထက်မြက်

တစ်ဖက်ပိတ်နေတဲ့ ကမ္ဘာ့ဦးနှောက်
-

အခုဆိုရင်အနောက်နိုင်ငံတွေမှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်နေပါတယ်။ တစ်နည်း အမေရိကန်ကော ဥရောပမှာပါ လစ်ဘရယ်ဒီမိုကရေစီအကျပ်အတည်းဆိုက်နေတယ်။ မေးခွန်းများစွာရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာ အမျိုးသားရေးဝါဒီ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာသလို ဥရောပမှာလည်း လက်ယာစွန်းနိုင်ငံရေးပါတီက တစ်နှစ်ထက်တစ်နှစ် အားကောင်းလာနေပါတယ်။

အခု ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာလုပ်ခဲ့တဲ့ ဂျာမနီအဓိပတိရွေး‌ကောက်ပွဲမှာလည်း ဂျာမန်လက်ယာစွန်းပါတီဟာ ဒုတိယနေရာလိုက်ခဲ့ပါတယ်။ ပြင်သစ်မှာလည်းလာမယ့် ၂၀၂၇ မှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီ အနိုင်ရမယ်လို့ ခန့်မှန်းမှု‌တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။ လက်ရှိ အီတလီဝန်ကြီးချုပ် Giorgia Meloni ဆိုလည်း လက်ယာနိုင်ငံရေးသမားဖြစ်ပြီး အမေရိကန် သမ္မတနဲ့ အထူးရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရိုမေးနီးယားနိုင်ငံ (Romania) မှာ ပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီက အနိုင်ရသွားပေမယ့် ဖွဲ့စည်းပုံတရားရုံးက ပြည်ပစွက်ဖက်မှုရှိတယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့ပါတယ်။

ဘူလ်ဂေးရီးယားနိုင်ငံ (Bulgaria)မှာလည်း လက်ယာစွန်းပါတီ ထောက်ခံသူ အမျိုးသားရေးဝါဒီတွေက မြို့တော်မှာရှိတဲ့ ဥရောပသမဂ္ဂ (အီးယူ)ရုံးကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ရိုမေးနီးယားကော၊ ဘူလ်ဂေးရီးယားကောနေတိုးနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အခုတော့ အဲဒီနိုင်ငံတွေမှာ ရုရှားလိုလားတဲ့ နိုင်ငံရေးသမားတွေ တစ်နည်းဥရောပဆန့်ကျင်ရေးသမားတွေ စုရုံးကြီးထွားလာနေပါတယ်။

ဥရောပတစ်လွှား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်မှာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာပြုလုပ်ခဲ့တဲ့ မြူးနစ်လုံခြုံရေးကွန်ဖရင့် (The Munich Security Conference) မှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်(JD Vance) က ဥရောပကို ခြိမ်းခြောက်နေတာ ရုရှားမဟုတ်ဘူး၊ တရုတ်မဟုတ်ဘူး၊ ဥရောပကိုယ်တိုင်ပဲ တစ်နည်းအတွင်းက ခြိမ်း‌ခြောက်နေတာဖြစ်တယ်၊ ဥရောပဟာ နာဇီဝါဒ မပြန့်ပွားစေဖို့အကြောင်းပြချက်နဲ့ အခြေခံလူ့အခွင့်အရေးတွေ ပိတ်ပင်နေတယ်၊ လက်ယာစွန်းနိုင်ငံရေး အတိုက်အခံတွေကိုဖိနှိပ်နေတယ်၊ ဥရောပကို ပျက်စီးစေမှာ အတွင်းကသာဖြစ်တယ်ဆိုပြီးပြောလို့ ဥရောပတစ်လွှား ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါတယ်။

အခုဆို အမေရိကန်မှာ ဥပဒေရေးရာဝန်ဆောင်မှု အဖွဲ့အစည်းတွေ၊ သုတေသနစင်တာတွေ၊ တက္ကသိုလ်ကြီးတွေကအစ တင်းကျပ်ကန့်သတ်မှုတွေ ရင်ဆိုင်လာနေရတယ်။ ထရမ့်ဘက်ကရှင်းတယ်။ ငါတို့ (ဖက်ဒရယ်အစိုးရ) လိုချင်တာလုပ်မလား၊ မလုပ်ရင် မင်းတို့ကိုပေးနေတဲ့ အစိုးရရန်ပုံငွေတွေ၊ အခွင့်အရေးတွေ ပိတ်ပင်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်တယ်။ အခုဆို ဗြိတိန်၊ အီတလီ စတဲ့နိုင်ငံတွေကလည်း အမေရိကန်ပုံစံ သံယောင်လိုက်လာကြတယ်။ အနောက်နိုင်ငံတွေမှာ လစ်ဘရယ်ဒီမိုကရေစီ အရှိုက်ထိုးခံနေရသလို ဖြစ်လာတာကြောင့် ဘာကြောင့်လဲဆိုတာ အတော်ကြီးကို အဖြေရှာနေကြပါတယ်။

အမှန်က ဥရောပမှာ အဲဒီအဖြေကို ရှာနေတာနှစ်ပေါင်းအတော်ကြာပါပြီ။ အမေရိကန်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ လစ်ဘရယ်ဒီမိုကရက်တွေ ထရမ့်ကိုမဲရှုံးတော့လည်း အဖြေကို ရှာကြပါတယ်။ အခုဆို အမေရိကန်လစ်ဘရယ် အသိုက်အဝန်းမှာ ခေါင်းဆောင်မှုပျောက်ဆုံးသလိုဖြစ်နေပြီး ဥရောပလည်း လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ အခုလို ဘာကြောင့်လစ်ဘရယ် နိုင်ငံရေးအကျဘက်ကို ရောက်လာရသလဲဆိုတာ အဖြေရှာရင်း အဖြေမတွေ့နိုင်ဘဲ ဖြစ်နေကြပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဦးနှောက်တွေဟာ တစ်ဖက်တည်းမှာ ပိတ်နေလို့ဖြစ်ပါတယ်။

သက်ဆိုင်ရာအစိုးရတွေက နိုင်ငံတွေကို ချုပ်ကိုင်ထားတာဆိုပေမယ့် သက်ဆိုင်ရာအစိုးရတွေကို လွှမ်းမိုးတာက ဒီကနေ့ကမ္ဘာ့စနစ်ကြီးဆိုတာပါပဲ။ လစ်ဘရယ် အာဂျန်ဒါ၊ လစ်ဘရယ် အစီအစဉ်လို့ လည်း အလွတ်သဘော နားလည်ကြပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးက လစ်ဘရယ်ဒီမိုကရေစီ အခင်းအကျင်းထဲမှာပဲ ရှိနေရမယ်ပေါ့။ ဒီမိုကရေစီကိ လက်ခံရမယ်။ လူ့အခွင့်အရေးတွေကို လက်ခံရမယ်။ နိုင်ငံတကာ ဥပဒေတွေကိုလိုက်နာရမယ်။ တရုတ်ဒီမိုကရေစီတို့၊ ရုရှားဒီမိုကရေစီတို့ ခွဲခြားပြောမနေနဲ့။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာ ဥပ‌‌‌ဒေမူဘောင်တို့ဆိုတာ အနောက်နိုင်ငံတွေရဲ့ထုတ်ကုန်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တယ်။ လူတွေအားလုံးနဲ့ဆိုင်တယ်။ အတိုးအလျှော့မရှိ၊ တစ်ပြေးညီပေါ့။

ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ပေါ့။ နောက်ကနေ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးဆိုတာတွေနဲ့ ထောက်ထားလိုက်သေးတယ်။ တစ်နည်းမီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကမ္ဘာကြီးကို စောင့်ထိန်းသူတွေပဲ။ အနောက်ကမ္ဘာ လစ်ဘရယ် လူ့အဖွဲ့အစည်းမှာအစိုးရတွေရဲ့ ခိုင်မာအားကောင်းမှုကို အားမပေးဘူး။ လူတစ်ဦးချင်း လွတ်လပ်ခွင့်ကိုပဲအားပေးတယ်။ အစိုးရကို ထိန်းကျောင်းမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ရှင်သန်ကြီးထွားဖို့ ဂရုပြုတယ်။ နို့၊ ဒါဆိုရင် အဲဒီလစ်ဘရယ်အစီအစဉ်ဆိုတာကြီးက ဘယ်သူတွေက ချမှတ်တာလဲဆိုရင် သူကချက်ချင်း လက်ငင်းကြီးဖြစ်တည်လာတာမျိုးတော့ မဟုတ်ဘူး။ တဖြည်းဖြည်းစုဖွဲ့မိလာတာပေါ့။

အစိုးရတွေ(နိုင်ငံရေးသမားတွေ)ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေပါတယ်။ အင်န်ဂျီအိုတွေ၊ စီအက်စ်အိုတွေပါတယ်။ တက်ကြွလှုပ်ရှားသူတွေပါတယ်။ တက္ကသိုလ်ကြီးတွေ၊ ဉာဏ်ကြီးရှင်သုတေသနစင်တာတွေပါတယ်။ ကမ္ဘာ့ပညာတတ်အသိုင်းအဝိုင်း တစ်နည်း ကမ္ဘာ့ဦးနှောက်တွေပေါ့။ အားလုံးကချိတ်ဆက်နေပြီး လစ်ဘရယ်အဝန်းအဝိုင်းထဲမှာပဲရှိတယ်။ သွားဖောက်ထွက်လို့မရဘူး။ ပညာရေးမှာ မလစ်ဘရယ်ရင် ခေတ်မမီဘူးလို့ ဖြစ်နေတယ်။ လစ်ဘရယ်အဝန်းအဝိုင်းထဲမှာ အလုပ်လုပ်နေပြီး လစ်ဘရယ်သဘောသဘာဝကို သံသယရှိရင်၊ လစ်ဘရယ် တန်ဖိုးတွေကို စျေးဆစ်ရင်ရွာအပြင် ရောက်ဖို့သာပြင်ပါ။

လစ်ဘရယ် လူသားရင်းမြစ်တွေ မွေးထုတ်ပေး

တက္ကသိုလ်တွေက လစ်ဘရယ်လူသားရင်းမြစ်တွေ မွေးထုတ်ပေးတယ်။ ထွက်လာတဲ့ လစ်ဘရယ်လူသားရင်းမြစ်တွေက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေမှာ အလုပ်လုပ်ကြတယ်။ ချိတ်ဆက်အလုပ်လုပ်ကြတယ်။ သူတို့အချင်းချင်းရန်ဖြစ်လည်းခဏပဲ။ လစ်ဘရယ်အထိုင်ထဲကပဲရန်ဖြစ်တယ်။ လစ်ဘရယ်စည်းကတော့ အပေါက်မခံဘူး။ သူတို့အချင်းချင်း ဝေဖန်တယ်။ လစ်ဘရယ်အထိုင်ထဲကပဲဝေဖန်တယ်။ လစ်ဘရယ်စည်းကတော့ အပေါက်မခံဘူး။ ပညာတတ်တွေမို့ ဘယ်လိုရန်ဖြစ်ရမယ်။ ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရမယ်။ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာ သိကြပြီးသားဖြစ်တယ်။ နှုတ်မိန့်တွေဆိုတာ ယူအင်န်လို အဖွဲ့အစည်းကြီးတွေမှာ အများကြီးနော်။

ဒီလိုနဲ့ ပညာတော့တတ်ပါရဲ့၊ အမှားအယွင်းလုပ်မိမှာကြောက်ပြီး မလုပ်မရှုပ်မပြုတ်နေတဲ့သူတွေ အများကြီးပဲ။ စနစ်ကြီးကိုယ်တိုင်ကအတွင်းက ဝန်ထမ်းတွေကို ပုံစံခွက်ထဲရိုက်သွင်းသလိုဖြစ်တယ်။ နောက်ဆုံးအစီရင်ခံစာတွေမှာအားထည့်ပြီး ပျံနေအောင်ရေးကြတယ်ပေါ့။ အဲဒီလိုမှမဟုတ်ဘဲ လူကြီးအကြိုက်မနေတဲ့သူ၊ အထိုင်ကနေဖောက်ထွက်ချင်တဲ့သူ၊ စည်းထဲမှာမနေချင်တဲ့သူကတော့ထွက်ပေါ့။ နောက်လူလာခဲ့ပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ လစာ၊ ခံစားခွင့်ကောင်းတော့ လုပ်ချင်တဲ့သူက အပြည့်ပဲ။

စည်းမျဉ်း၊ စည်းကမ်းဆိုတာ လက်တစ်လုံးခြားပြောင်းတာပါပဲ

အမှန်ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ သူ့မူဝါဒနဲ့ သူ့စည်းမျဉ်းစည်းကမ်း ခိုင်ခိုင်မာမာရှိပေမယ့် အတွင်းကျိတ် ဖြေရှင်းတာ၊ လိုသလိုလှည့်ပတ်လုပ်တာ၊ မလိုတစ်မျိုးလိုတစ်မျိုးလုပ်တဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ပညာတတ် ဝန်ထမ်းဆိုသူတွေက ဌာနအတွင်းမှာ ပြဿနာနည်းအောင် နားလည်မှုနဲ့ မီးစင်ကြည့်ကလုပ်ဆောင်ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လူကို ခင်ရင်မူကို ပြင်တယ်ဆိုတာ အများကြီးရှိပါတယ်။ သူတို့လုပ်ချင်ရင်အတွင်းက စည်းမျဉ်း၊ စည်းကမ်းဆိုတာ လက်တစ်လုံးခြားပြောင်းတာပါပဲ။ သူတို့ မလုပ်ချင်ရင် စည်းမျဉ်း၊ စည်းကမ်းဆိုတာနဲ့ကိုင်ပေါက်တာပါပဲ။

ကမ္ဘာလှည့်နေတဲ့ ပညာတတ်တွေမို့ အကျိုးစီးပွားနဲ့ပတ်သက်ရင် အားနာတယ်ဆိုတာမရှိဘဲ ဗြောင်ပါပဲ။ တစ်ခါတလေ အစိုးရအဖွဲ့အစည်းတွေမှာ တရားမမျှတဘူး၊ မဟုတ်တာတွေ ဖြစ်နေတယ်ဆိုတာ အချို့နိုင်ငံတကာအဖွဲ့အစည်းတွေက အတွင်းကျိတ်ပြဿနာတွေနဲ့ယှဉ်ရင် ပါးပါးလေးပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေက ငွေလမ်းခင်းနိုင်တော့ အသံသိပ်မထွက်ဘူး။ ပညာတတ်များတော့ ပြဿနာကို အသံမထွက်အောင်ဖြေရှင်းကြတယ်။ ပြောချင်တာ တိုက်ရိုက်ရေးရရင် အဲဒီနိုင်ငံတကာ အဖွဲ့အစည်းဝန်ထမ်းတွေဆိုတာ ကမ္ဘာလှည့်ပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေသူတွေ၊ အခက်အခဲပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နေသူတွေဖြစ်လို့ သူတို့တွေဟာ ကမ္ဘာ့ဦးနှောက်တွေပဲ ဖြစ်ပါတယ်။ အဲဒီဦးနှောက်တွေကပဲ ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချိတ်ဆက်လှည့်ပတ်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ သူတို့(လစ်ဘရယ်) အထိုင်၊ သူတို့ (လစ်ဘရယ်) စည်းသွားထိတဲ့သူက ငမိုက်သားပါပဲ။ အခုဆို အဲဒီအထိုင်၊ အဲဒီစည်းကို ဖောက်မယ့်သူပေါ်လာခဲ့ပါပြီ။ ဟုတ်ကဲ့။ အမေရိကန်က ဒေါ်နယ်ထရမ့်ပါပဲ။

နေပါဦး။ ကမ္ဘာ့ဦး‌နှောက်ဆိုတာကတော့ ဟုတ်ပါပြီ။ သူတို့ဦးနှောက်တွေက တစ်ဖက်ပိတ် သလို ဖြစ်နေတယ်ဆို‌တော့ ဘယ်လိုသူတို့ဦးနှောက်တွေက ပိတ်သလိုဖြစ်နေတာလဲဆိုရင် အထက်မှာဆိုခဲ့သလိုပဲလေ။ ငယ်ငယ်ကတည်းက စာမဖတ်ကြဘဲ၊ သမိုင်းမလေ့လာကြဘဲ လစ်ဘရယ် ပညာရေးနဲ့ ကြီးပြင်းလာရတော့ တစ်ဖက်ပဲသိသလိုဖြစ်တယ်။ သူတို့ဘက်ကိုပဲ အမှန်ထင်တော့ တစ်ဖက်အမြင်မတူသူတွေကို အထင်မကြီးဘူးပေါ့။ သူတို့သာ အမှန်ပေါ့။ ပြန်လည်မပြင်ဆင်လိုဘူးပေါ့။ ဖောက်ထွက် တွေးခေါ်မှုတွေ ပျောက်ဆုံးသွားတာပေါ့။ သူတို့နဲ့ အမြင်မတူတဲ့သူကို ဝိုင်းပယ်ဆန့်ကျင် တာပေါ့။ အငြိုးတကြီးတုံ့ပြန်တာပေါ့။ လူ့သဘာဝပေါ့။ အချို့က ပညာတတ်လေ ခေါင်းမာလေပဲ။

ပြဿနာအားလုံးကို လစ်ဘရယ်အထိုင်က ဆုံးဖြတ်နေကြတာလေ။ အားလုံးက လူ့အခွင့်အရေးနေကြတာလေ။ လူ့အခွင့်အရေးကမကောင်းတာမဟုတ်ဘူး။ ကောင်းတယ်။ ဒါပေမဲ့ အမျိုးသားရေးဆိုတာလည်း ထည့်စဉ်းစားဖို့လိုတယ်။ လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ သူ့စံတန်ဖိုးထားမှုတွေ၊ အမှတ်လက္ခဏာတွေဆိုတာရှိတယ်။ လစ်ဘရယ်ဆိုတာရဲ့အောက်မှာ လူတွေကို အကန့်အသတ်မရှိ ပေးဝင်ရင်ကြာရင် အဲဒီပြင်ပက ဝင်လာတဲ့လူဦးရေက မူရင်းနိုင်ငံသားတွေကို ကျော်လွန်သွားနိုင်တယ်။ မဟုတ်ရင်လည်း လုံခြုံရေးဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တယ်။

လူဝင်မှုပြဿနာက သူတို့ဆီမှာ အကြီးကြီးပဲ

သြစတြေးလျနိုင်ငံဆို အရွယ်အစားကကြီးပေမယ့် လူဦး‌ရေကနည်းတော့ လူဝင်မှုမှာအလွန်ကြီး မလစ်ဘရယ်ရဲဘူး။ အမေရိကန်ဆိုလည်း နိုင်ငံကြီးတယ်ဆိုပေမယ့် အခုဒီသဘောပေါ့။ ထရမ့်တို့လို လူဝင်မှုကို အဓိကထားမဲဆွယ်သူတွေက ‌ရွေးကောက်ပွဲနိုင်တယ်။ ဥ‌ရောပလည်း အနည်းနဲ့အများ ဒီအတိုင်းပဲ။ လူဝင်မှုပြဿနာက သူတို့ဆီမှာအကြီးကြီးပဲ။ ဒါတွေကို ထိုက်သင့်သလိုထိန်းချုပ်ဖို့လိုတယ်။ သို့သော် ဥရောပလိုနေရာမျိုးမှာ အီးယူဆိုတဲ့ အရိပ်အောက်မှာ အဖွဲ့ဝင်နိုင်ငံအများစုက လစ်ဘရယ်အစိုးရတွေဆိုတော့ သူတို့ဦးနှောက်တွေက လစ်ဘရယ်အထိုင်ကပဲ အလုပ်လုပ်တယ်။ ပညာတတ်လွန်းတော့ အချင်းချင်းအမုန်းမခံချင်ကြဘူး။

လစ်ဘရယ်နိုင်ငံတွေမှာ ပြည်ပက တရားမဝင်ဝင်လာတဲ့သူတွေက အကြမ်းဖက်မှုပြုရင်တောင် ကြားဝင်ပြောမယ့်သူကမရှိဘူး။ ထိထိရောက်ရောက်ရေးသားတင်ပြမယ့် မီဒီယာကမရှိဘူး။ အစိုးရကော၊ ပြည်သူကော သူတို့ဦးနှောက်တွေက တစ်ဖက်ပိတ်သလို ဖြစ်နေတယ်။ ထောက်ပြပြီဆိုရင် ဘယ်သူက လုပ်တာပါ၊ ဘာလူမျိုးပါ၊ ဘယ်နိုင်ငံသားပါ ပြောရတော့မယ်။ လူမျိုး၊ ဘာသာပါရင်ကို ခွဲခြားမှုလို့ မြင်တဲ့သူကမြင်တယ်။ အကောင်းဆုံးက နှုတ်ဆိတ်နေတာ ကောင်းတယ်။ အပြောမတော်ရင် ဖက်ဆစ်တံဆိပ်၊ အမျိုးသားရေးတံဆိပ် အကပ်ခံနေရမယ်။ လူ့အခွင့်အရေးပဲ အမြဲရွတ်နေရင် အန္တရာယ်ကင်းတယ်ဆိုတာ မသိစိတ်ကလှုံ့ဆော်နေတယ်။ နည်းနည်းလေးမှ စိတ်ထဲကို အမျိုးသားရေးအဝင်မခံဘူး။ တစ်ဖက်ပိတ်နေတဲ့ ဦးနှောက်က ခွင့်မပြုဘူး။

၂၀၁၆ ခုနှစ် ထဲလောက်မှာ ပြင်သစ်နဲ့ ဂျာမနီမှာ အစ္စလာမ် အစွန်းရောက်အချို့က ကားတွေနဲ့ လူအုပ်ထဲဝင်တိုက်တာပေါ့။ လူတွေဆယ်ဂဏန်း အတော်များများသေတယ်။ တစ်ချိန်တည်းမှာ ဆိုရှယ်မီဒီယာတွေမှာ ဂျာမနီမြို့ကြီးအချို့မှာ ပြည်ပက ဝင်ရောက်လာသူတွေ များလာပြီးတဲ့နောက်မှာ ဂျာမန် အမျိုးသမီးတွေဘဝမလုံခြုံတာ၊ မကြာခဏလမ်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ခံရတာ၊ အချို့လမ်းတွေမှာ ညဘက်ဆို အမျိုးသမီးတွေမသွားလာရဲတာ တင်ပြကြတယ်။ ဂျာမန်လူထုကကော၊ အစိုးရကကော ဘာသိဘာသာပဲနေတယ်။ ဆိုရှယ်မီဒီယာတွေမှာ ဂျာမန်တွေ ရန်ဖြစ်နည်း မေ့သွားပြီဆိုပြီး ရေးကြတယ်။ ငါတို့ဂျာမန်တွေက အပြင်ကလာတဲ့လူစိမ်းတွေက ကိုယ့်အမျိုးသမီးတွေကို စော်ကားနေတာကိုတောင် ကြည့်နေနိုင်လောက်အောင် သွေးအေးသွားကြပြီဆိုတဲ့သဘော မချိတင်ကဲရေးတာပေါ့။

မောင်နပ်တွေ များလာ

လစ်ဘရယ်တွေဘက်ကလည်း ပြဿနာတစ်ခုကို ထိထိရောက်ရောက် ဖြေရှင်းမယ်ဆိုရင် လူဝင်မှုပြဿနာတွေကို ဖြေရှင်းရမယ်၊ ဖမ်းသင့်တဲ့သူဖမ်းရမယ်၊ အရေးယူသင့်တဲ့သူ ယူရမယ်၊ ပြန်ပို့သင့်တဲ့သူပို့ရမယ်၊ အဲဒီလိုအာဏာစက်ကိုသုံးပြီဆိုတာနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝိုင်းအော်ကြမယ်။ အကြမ်းဖက်အစွန်းရောက်ဝါဒကို ပိုပြီးအားပေးသလိုဖြစ်မယ်။ ဘာသိဘာသာနေလိုက်တာ ကောင်းတယ်ပေါ့။ ဘယ်နိုင်ငံရေးသမား၊ ဘယ်ပါတီမှ ရှေ့တန်းထွက်ပြီး နိုင်ငံသားတွေ အကျိုးစီးပွားဆိုတာ မဟရဲဘူး။ အမျိုးသားအကျိုးစီးပွားလို့ ဟတာနဲ့မတော်ရင် ဖက်ဆစ်တံဆိပ် အကပ်ခံရမှာပဲ။ တစ်သက်လုံး နိုင်ငံရေးမှာ အရိပ်လိုပါသွားမှာပဲ။ ဥရောပသမိုင်းနောက်ခံကလည်း ဖက်ဆစ်ဟစ်တလာ အရိပ်ထိုးနေတာမို့ နိုင်ငံရေးမှာ တစ်ခုခုမှားတာနဲ့၊ လစ်ဘရယ်ကို ဆန့်ကျင်တာနဲ့ ဖက်ဆစ်တံဆိပ်အကပ်ခံရမှာ ကြောက်ကြတယ်။ ဒီလိုနဲ့ဥ‌ရောပနိုင်ငံရေးတစ်နည်း အီးယူနိုင်ငံရေးမှာ မောင်နပ်တွေ များလာတော့တာပေါ့။

အခုဆို အမေရိကန်မှာ ဒီမိုကရက်တစ်ထောက်ခံသူ ကြားထဲမှာကို ငါတို့ဘက်ကလည်း ပြင်သင့်တာ ပြင်ရမယ်။ အချို့ ငါတို့အတွေးအခေါ်တွေက လက်ဝဲစွန်း ‌(far-left) ရောက်ချင်နေတယ်ပေါ့။ ကိုယ့်နိုင်ငံသား အကျိုးတော့ ကြည့်သင့်တာ ကြည့်ရမှာပေါ့လို့ ပြောသူတွေရှိလာတယ်။ ဟိုဘက်လည်းကောင်းတာရှိတယ်။ ဒီဘက်လည်း ကောင်းတာရှိတယ်။ လစ်ဘရယ်နဲ့ အမျိုးသားရေးပေါင်းစပ်ပြီး ဖက်စပ်ပုံစံမျိုး စဉ်းစားကြတယ်။ လစ်ဘရယ်အမာခံတွေကတော့ လှမ်းငေါက်တာပေါ့။ ဘာဖက်စပ်လဲ။ ဒီမိုကရေစီမှာ ဖက်စပ်ဆိုတာမရှိဘူး။ လူ့အခွင့်အရေးမှာ စျေးဆစ်လို့မရဘူးပေါ့။ ဥရောပမှာလည်း လစ်ဘရယ် နိုင်ငံရေးသမားတွေထဲမှာ ပြုပြင်ပြောင်းလဲဖို့ဆော်သြတာတွေ ရှိနေတယ်။ သူတို့ဆီမှ အလယ် (Centre) ဆိုတာရှိတယ်။ Centre, Centre Right, Centre Left စသဖြင့်ပေါ့။

ဒါပေမဲ့ နိုင်ငံရေးဆိုတာ အမြဲအလယ်မှာ အတိအကျနေလို့မရဘူး။ အားလုံးကို အမြဲကျေနပ်အောင်လုပ်လို့မရဘူး။ ဆုံးဖြတ်ချက်တွေမှာ ဘက်တစ်ဖက်တော့ လိုက်ရတာပဲ။ ဒီလိုနဲ့ ဥရောပမှာ အလယ်နိုင်ငံရေးတွေအားနည်းလာပြီး လက်ယာစွန်း၊ လက်ဝဲစွန်းဆိုတဲ့အဟက ပိုကြီးလာတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen (European Commission President) က ဥရောပလူနေမှုဘဝကို ဥရောပနည်း၊ ဥရောပဟန်နဲ့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ သဘောသုံးနှုန်းပြောဆိုခဲ့လို့ လက်ဝဲနိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ပြစ်တင်တာခံရပါတယ်။ လူဝင်မှုကိစ္စနဲ့ လုံခြုံရေးကိစ္စကို ချိတ်ဆက်တယ်၊ ဒါဟာ လက်ယာစွန်းတွေရဲ့ အယူအဆဖြစ်တယ်၊ ဥရောပကော်မရှင် အကြီးအကဲဟာ ဒါလေးတောင်နားမလည်ဘူးဆိုပြီး အီးယူတောင်လေသံပြောင်းနေပြီ။ လစ်ဘရယ်ကို သစ္စာဖောက်ပြီ။ လူ့အခွင့်အရေးမှာ အမေရိကန်နည်း၊ အမေရိကန်ဟန်ဆိုတာမရှိဘူး။ ဥရောပနည်း၊ ဥရောပဟန်ဆိုတာ မရှိဘူး။ အာရှနည်း၊ အာရှဟန်ဆိုတာမရှိဘူး၊ လူ့အခွင့်အရေးက လူ့အခွင့်အရေးပါပဲဆိုပြီး ဝေဖန်ကြပါတယ်။

မြွေမြွေချင်း ခြေမြင်နေကြ

အခုဆို လေ့လာသူအချို့က လက်ရှိ အမေရိကန်၊ ဥရောပမှာဖြစ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မယ်လို့ ခံစားနေကြရတယ်။ နိုင်ငံ‌ရေးက သူသေ၊ ကိုယ်ရှင်ဆိုတာမျိုး ဖြစ်လာနေတယ်။ တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်လို့ ပြောရမလို ဖြစ်နေတယ်။ နှစ်ဖက်စလုံးက စိတ်လှုပ်ရှားလွယ်ကြတယ်။ တစ်ခုခုဆိုစိတ်မပြေဖြစ်တယ်။ အလျှော့မပေးလိုဘူး။ အငြိုးကြီးတတ်ကြတယ်။ နည်းနည်းမှ အကျောမခံကြဘူး။ သူတို့အချင်းချင်း (ပညာတတ်အချင်းချင်း)ဖြစ်ရင် ပိုကြောက်ဖို့ကောင်းတယ်။ မြွေမြွေချင်း ခြေမြင်နေကြတယ်ပေါ့လေ။

အခုအချိန်က အရင်လို အမေရိကန်တစ်နိုင်ငံတည်း အားကြီးတာမဟုတ်တော့ဘူး။ အရင်လို ဥရောပခေတ်လည်း မဟုတ်တော့ဘူး။ တရုတ်တို့၊ ရုရှားတို့လို အခြားပြိုင်ဘက်အင်အားကြီးနိုင်ငံတွေ ရှိလာနေပြီ။ သူတို့က လစ်ဘရယ်မဟုတ်ကြဘူး။ ပိုက်ဆံလည်းရှိသွားပြီ။ အတွေ့အကြုံလည်း များသွားပြီ။ စာလည်းတတ်သွားကြပြီ။ အလိုက်အထိုက်နေရင်း ကမ္ဘာ့နိုင်ငံရေးကို ကောင်းကောင်း ကစားတတ်နေပြီ။ ကစားနိုင်တဲ့ နည်းပညာနဲ့ လူသားရင်းမြစ်လည်းရှိနေပြီ။ အမေရိကန်နဲ့ ဥရောပညီညွတ်ကြပါ၊ တစ်နည်းအနောက်လစ်ဘရယ် နိုင်ငံတွေစည်းလုံးကြပါ၊ ကျောချင်းကပ်ကြပါ။ မဟုတ်ရင် တရုတ်နဲ့ ရုရှားက စားသွားမယ်ဆိုပြီး ပြောကြပါတယ်။

အတွင်းပဋိပက္ခတွေက ကြီးမြဲကြီးနေ

အခုအနောက်နိုင်ငံတွေဖြစ်နေတဲ့ နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေတွေက နိုင်ငံရေးရှုထောင့် တစ်ခုတည်းနဲ့ ရှင်းလို့မရနိုင်ပါဘူး။ ဆိုလိုတာ လစ်ဘရယ်နိုင်ငံတွေမှာ နိုင်ငံရေးပါတီအချင်းချင်း၊ နိုင်ငံရေးသမားအချင်းချင်း နားလည်မှုရတောင် ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်ချိတ်ဆက်ကွန်ရက်ကြီး တစ်နည်းတစ်ဖက်ပိတ်နေတဲ့ ကမ္ဘာ့ဦးနှောက်ကြီးကို မပြင်ဆင်၊ မပြောင်းလဲနိုင်ရင် သူတို့က လူ့အခွင့်အရေးအထိုင်၊ နိုင်ငံတကာ တရားဥပဒေမူဘောင်အထိုင်ကနေ ထရမ့်တို့လို လစ်ဘရယ်မကျသူတွေကို အမျိုးမျိုးဆန့်ကျင် ဖိအားပေးနေမှာဖြစ်လို့ အတွင်းပဋိပက္ခတွေက ကြီးမြဲကြီးနေမှာပါပဲ။ လစ်ဘရယ်ဦးနှောက်ဆိုတာ အင်မတန်ပြေးပါတယ်။ နည်းနည်းလေး ခြေကုပ်ရပြီဆိုတာနဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ တဖြည်းဖြည်းချင်းတိုးဝင်လာမှာပဲ။ အခြေအနေမကောင်းရင်၊ အခွင့်အရေးမပေးရင်လည်း သူတို့က တံခါးဝမှာအကြာကြီး စောင့်နေမှာပါပဲ။ အခွင့်ရပြီဆိုတာနဲ့ အရှိန်အဟုန်နဲ့ တိုးဝင်ဆောင့်မှာပါပဲ။ သူတို့ကို သွားရှင်းပြနေလို့မရပါဘူး။ ပြောလေ၊ ကဲလေခံပြင်းစိတ်နဲ့ ပိုပြီးတောင် လစ်ဘရယ်ပြပါလိမ့်မယ်။ မှတ်ပြီလား။ ငါတို့ကို ပြင်ဆင်ရမယ်ပြောတာ နင်လား။ ငါတို့ကပဲ ပြဿနာဖန်တီးသူလို့ရေးတာ နင်လား။ ငါတို့ကပဲ အလုပ်မဖြစ်သလိုဝေဖန်တာ နင်လားဆိုပြီး မထိတထိတော့ သွားမလုပ်နဲ့နော်။ ကမ္ဘာ့ဦးနှောက်တွေက စိတ်ကြီးတယ်။

ဒါကြောင့်လည်း ထရမ့်လို မိုက်မိုက်ကန်းကန်း နိုင်ငံရေးသမားနဲ့တွေ့တော့ အမေရိကန်မှာ လစ်ဘရယ်အဖွဲ့အစည်းတွေ ကော့နေအောင်ခံရတယ်။ အချိတ်အဆက်တစ်ခုလုံးကို ဖြတ်တောက်ပိတ်ဆို့ဖို့ ကြိုးစားတယ်။ ဟားဗတ်လို အထင်ကရတက္ကသိုလ်ကြီးတောင် ဖိအားအပေးခံရတယ်။ ရန်ပုံငွေတွေ ရပ်ဆိုင်းခံရတယ်။ တစ်ဖက်ပိတ်နေတဲ့ ဦးနှောက်တွေကို ထရမ့်ကရိုက်ပုတ်ပြီး နှိုးဆွပစ်နေတယ်ပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကမ္ဘာတစ်လွှား ဒီမိုကရေစီထွန်းကားလာအောင်၊ လူ့အခွင့်အရေး ထွန်းကားလာအောင်၊ အတူယှဉ်တွဲနေထိုင်မှုတွေ ထွန်းကားလာအောင်၊ တစ်နည်းအာဏာရှင်တွေ ချည့်နဲ့လာအောင် လူမှုအဖွဲ့အစည်းတွေကို လစ်ဘရယ်အထိုင်ကနေ သင်တန်းတွေ ပုံစံအမျိုးမျိုးနဲ့ပို့ချခဲ့တယ်။ အကူအညီတွေပုံစံအမျိုးမျိုးနဲ့ ပေးခဲ့ကြတယ်။ ဆယ်စုနှစ်တွေပဲ အတော်ကြာလာခဲ့ပြီ။ အလုပ်ဖြစ်ပါသလား။ ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာပါသလား။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်ကောင်းမွန်လာပါသလား။ ဘာတွေမှားနေပါသလဲ။

တကယ်တော့ လစ်ဘရယ်တွေဟာ နှစ်ခါနာပါတယ်။ သူတို့အကူအညီပေးနေတဲ့ ဆင်းရဲတဲ့နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးက မတိုးတက်လာဘူး။ သူတို့ မိခင်နိုင်ငံတွေမှာလည်း မူလရှိနှင့်ပြီးသား ဒီမိုကရေစီ၊ လူ့အခွင့်အရေးက ဆုတ်ယုတ်လာတယ်။ သူများအတွက် ငြိမ်းချမ်းရေးလည်း မဖော်ဆောင်နိုင်ဘူး။ ကိုယ့်နေရပ်ရင်းမှာလည်း (နိုင်ငံရေး) တင်းမာမှုတွေကတိုးလာတယ်။ ဒီအတိုင်းဆက်သွားရင် ပြင်သစ်သမ္မတ မက်ခရွန် ရံဖန်ရံခါ သတိပေးလေ့ရှိတဲ့ ပြည်တွင်းစစ်ဆိုတာအထိ ဦးတည်သွားပါလိမ့်မယ်။

လစ်ဘရယ်အဖွဲ့အစည်းတွေ၊ လစ်ဘရယ် နိုင်ငံရေးသမားတွေ သေသေချာချာ စဉ်းစားပေးကြပါ။ တစ်ဖက်ပိတ်နေတဲ့ ဦးနှောက်တွေ နည်းနည်းပြန်နှိုးဆွပေးကြပါ။ ဒီကမ္ဘာကြီးလည်း အမြန်ဆုံးငြိမ်းချမ်းပါစေ။ ။

Source: www.moi.gov.mm

Photo : paradelle.wordpress

ဖိလစ်ပိုင်ရွေးကောက်ပွဲ ပြီးဆုံးပြီ - ယခုတစ်ဖန် အာဏာလုပွဲများ စတင်တော့မည်
-

နှစ်လကြာ ရောင်စုံ လွှတ်တော်ရွေးကောက်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြီးဆုံး ချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဩဇာအကြီးဆုံး မိသားစုနှစ်ခုကြားက အာဏာလုပွဲဟာ ပြန်လည် အသက်ဝင်လာပြီဖြစ်ပါတယ်။

"ဘွန်းဘွန်း" လို့ ချစ်စနိုးခေါ်ကြတဲ့ သမ္မတ ဖာဒီနန်း မားကို့စ်ဂျူနီယာနဲ့ သူ့ရဲ့ ဒုတိယသမ္မတ ဆာရာ ဒူတာတေးတို့အကြား တင်းမာမှုတွေဟာလည်း အမြင့်ဆုံးအနေ အထားကို ရောက်ရှိ လို့နေပါပြီ။ 

၂၀၂၂ ခုနှစ်က သမ္မတရွေးကောက်ပွဲမှာ သူတို့နှစ်ဦးဟာ မဟာမိတ်တွေအဖြစ် ပူးပေါင်းပြီး အောင်ပွဲခံနိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဆက်ဆံရေးတွေ အေးစက်သွားခဲ့ပါပြီ။ သူ့ကို ဆာရာက လုပ်ကြံမယ်လို့ ခြိမ်းခြောက်တယ်လို့ ဘွန်းဘွန်းက စွပ်စွဲ၊ ဆာရာကလည်း အိမ်မက် ထဲမှာ ဘွန်းဘွန်းကို ခေါင်းဖြတ်လိုက်တယ်လို့ ပြောလိုပြော… ဖြစ်နေကြတော့ ကြားဖြတ် ရွေးကောက်ပွဲရလဒ်တွေဟာ ဒီမိသားစုကြီးနှစ်ခုကြားက ပြိုင်ဆိုင်မှုတွေအတွက် တိုင်းတာလို့ ရမယ့် ညွှန်းကိန်းတစ်ခု ဖြစ်လာပါတယ်။ 

ဒီရလဒ်တွေက မားကို့စ်အဖွဲ့အတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ ဖိလစ်ပိုင်မှာ လက်ရှိသမ္မတတွေဟာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အများစုအနိုင်ရအောင် လုပ်နိုင်လေ့ ရှိပါတယ်။ တည်ဆဲသမ္မတတစ်ဦးဖြစ်နေခြင်းရဲ့ ဩဇာညောင်းမှုဟာ အားသာချက်ကြီးတစ်ခု ဖြစ်ခဲ့ပေမယ့်...မားကို့စ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။

အနိုင်ရဆီးနိတ်အမတ် ၁၂ ဦးအနက် ၆ ဦးသာ မားကို့စ်မဟာမိတ်အဖွဲ့က ဖြစ်ပြီး ဒီထဲက ၁ ဦးဖြစ်တဲ့ ကမီလာ ဗီလာ ဟာ မားကို့စ်ဘက်ကို အပြည့်အဝရပ်တည်သူ မဟုတ်ဘဲ ဆာရာဒူတာတေးကိုလည်း ထောက်ခံသူဖြစ်ပါတယ်။  

ဒီအခြေအနေက လက်ရှိရုံးထိုင်နေတဲ့ သမ္မတတစ်ဦးအတွက်တော့ ရလဒ်ကောင်းတွေ ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ 

ရွေးကောက်ပွဲဆိုတာ လူတစ်ယောက်ကို တစ်မဲပဲ ပေးခွင့်ရှိတယ်ဆိုပေမဲ့ တစ်နိုင်ငံလုံးရဲ့ သဘောထားကိုတော့ ရှင်းရှင်းလင်းလင်း ထင်ဟပ်စေပါတယ်။ ဒီရွေးကောက်ပွဲရလဒ်သည် သမ္မတ မားကို့စ် အစိုးရရဲ့ လက်ကျန် သက်တမ်း ၃ နှစ်အတွက် အာဏာစက်ကို အားနည်း စေနိုင်ပြီး ဆာရာဒူတာတေးကို ဒုတိယသမ္မတရာထူးက ထုတ်ပယ်ဖို့ စွပ်စွဲပြစ်တင်နေတဲ့ ကိစ္စ အပေါ်မှာလည်း ယုံကြည်မှု လျော့နည်းစေပါတယ်။ 

လွှတ်တော်ထဲမှာ မားကို့စ်ဘက်တော်သား အမတ်တွေက ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ထုတ်ပယ်ဖို့အတွက် အကြောင်းပြချက်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် စွပ်စွဲပြစ်တင် ကြဖို့ ကြိုးစားခဲ့တာဟာ ပြန်ကုစားလို့မရတဲ့ အက်ကြောင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ 

အဲ့ဒီနောက် မတ်လမှာ သမ္မတ မားကို့စ်က ဆာရာရဲ့ အဖေ သမ္မတ‌ဟောင်း ရိုဒရီဂို ဒူတာတေးကို ကြမ်းတမ်းတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးတွေနဲ့ လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို လေဆိပ်ကဲ့သို့ လူမြင်ကွင်းမှာ ဖမ်းပြီး ပို့လိုက်ပါတယ်။

  အဲ့ဒီအချိန်မှာတော့ အားလုံး မျက်နှာဖုံးတွေ ကွာကျကုန်ပါပြီ။ အဖေကို ဖမ်းပြီး နိုင်ငံတကာ တရားရုံးပို့တဲ့အချိန်မှာတော့ ဆာရာလည်း ထမီခါးတောင်းကျိုက်ပြီး သမ္မတ မားကိုစ့်နဲ့ ဘတစ်ပြန် ကျားတစ်ပြန်ချဖို့ ကြိုးဝိုင်းထဲကို ပေါ်တင်ဝင်လာပါတော့တယ်။ လက်ရှိ ဒုသမ္မတရာထူးကနေ အထုတ်ခံရရင် ဆာရာ့အတွက်လည်း နောက်ရွေးကောက်ပွဲမှာ မားကို့စ်ကို အစားထိုးဖို့ မဖြစ်နိုင်တော့သလို အစိုးရနဲ့ သက်ဆိုင်တဲ့ ရာထူးတစ်ခုခု ပြန်ရဖို့တောင် ပိတ်ပင်တားမြစ်ခံရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘာပဲပြောပြော အခု ရွေးကောက်ပွဲရလဒ်တွေအရတော့ ဆာရာဟာ အခြေအနေ ကောင်းနေပြီး နောက်သုံးနှစ်အကြာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူမသာ အနိုင်ရခဲ့ ရင်တော့ မားကို့စ်မိသားစုအပေါ် လက်စားပြန်ချေတာ မြင်တွေ့ရဦးမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ 

သို့သော် အခု ဆာရာကို လွှတ်တော်က စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စ အောင်မြင်ဖို့အတွက် လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံသော ထောက်ခံမဲ လိုအပ်တဲ့အတွက် အခုကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေက အလွန်အရေးကြီးတာဖြစ်ပါတယ်။ 

အာဏာ၊ ရှင်သန်ရပ်တည်ရေးနှင့် အလဲအထပ်

ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရေးဟာ မိသားစုလုပ်ငန်းဖြစ်ပါတယ်။ တစ်ချိန်က မိသားစုတစ်စု နိုင်ငံရေးအာဏာရရှိခဲ့ဖူးရင် အဲ့ဒီအာဏာကို ဆုပ်ကိုင်ထားပြီး မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်း ပေးလေ့ ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ မိသားစုပေါင်း ၂၀၀ ခန့်ရှိပြီး ဒူတာတေးနဲ့ မားကို့စ်မိသားစုတွေကတော့ ထိပ်ဆုံးကဖြစ်ပါတယ်။ 

မားကို့စ်မိသားစုဆိုရင် နိုင်ငံရေးမှာ ရပ်တည်နေတာ နှစ်ပေါင်း၈၀ ကျော်ပါပြီ။ လက်ရှိ သမ္မတ မားကို့စ်ဂျူနီယာရဲ့ အဖေဖြစ်တဲ့ ဖာဒီနန်း မားကို့စ်က ၁၉၆၅ မှ ၁၉၈၆ အထိ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့သူ၊ နိုင်ငံတော်ဘဏ္ဍာငွေကနေ ဘီလီယံနဲ့ချီ အိပ်ထဲ ထည့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ပြုတ်ကျခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ 

ဘွန်းဘွန်း မားကို့စ်ရဲ့ အမေ အီမီလ်ဒါက အသက် ၉၅ နှစ်အရွယ်ရှိပါပြီ။ ရွေးကောက်ပွဲမှာ ဘီးတပ်ကုလားပေါ် ထိုင်ပြီး မဲပေးခဲ့သူဖြစ်ပါတယ်။ သူမဟာလည်း ရောင်စုံ တံဆိပ်စုံ နာမည်ကြီး Branded ဖိနပ်တွေ ဝယ်ယူစုဆောင်းမှုအပါအဝင် အသုံးအဖြုန်းကြီး လွန်းလှတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ တစ်ချိန်က ကျော်ကြားသူဖြစ်ပါတယ်။ 

တကယ်တော့ လက်ရှိသမ္မတ မားကိုစ့်ရဲ့ ညီမ အိုင်မီကလည်း ဒူတာတေးအဖွဲ့ကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်အရွေးခံရတာပါ။ မဟုတ်ရင် သူလည်း ထပ်အနိုင်ရဖို့ မလွယ်ကူပါဘူး။ 

နောက်ပြီး လက်ရှိ မားကို့စ်ဂျူနီယာရဲ့ သားအကြီးဆုံး ဆန်ဒြိုက လွှတ်တော်အမတ် ဖြစ်ပြီး သူရဲ့ဝမ်းကွဲညီတော်စပ်တဲ့ မာတင် ရိုမြူရယ်ဒက်ဇ်ကလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ကာ ၂၀၂၈ ခုနှစ်မှာ သမ္မတလောင်းတစ်ဦးဖြစ်နိုင်ခြေရှိသူဖြစ်ပါတယ်။ ဒီအချက်ကလည်း မားကိုစ့်အနေနဲ့ ဆာရာဒူတာတေးကို ဒုသမ္မတရာထူးကနေ ထုတ်ပယ်ဖို့ အထူးစိတ်အား ထက်သန်နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ 

မားကို့စ်တို့ရဲ့၏မွေးရပ်မြေ အီလိုကို့စ်နော်တီပြည်နယ်မှာတော့ ဘွန်းဘွန်း အမျိုးသမီးရဲ့ ဝမ်းကွဲတစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်၊ တူတစ်ယောက်က ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရပြီး တခြား ဝမ်းကွဲ နှစ်ဦးက မြို့တော် ကောင်စီအမတ်တွေ အဖြစ် အရွေးခံခဲ့ကြရပါတယ်။ ဒီဒေသမှာတော့ မားကို့စ်မိသားစုတွေရဲ့ အိမ်ကွင်းလိုဖြစ်နေတော့ အမြဲနိုင်ပါတယ်။

ဒါဗောင်းမြို့မှာလည်း ဒူတာတေးမိသားစုရဲ့ ဩဇာလွှမ်းမိုးမှုက ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ 

သည်ဟိတ်မြို့မှာရှိတဲ့ အကျဉ်းထောင်ထဲကနေ ဒါဗောင်းမြို့တော်ဝန် ရွေးကောက်ပွဲ ဝင်ပြိုင်တာတောင် ဒူတာတေးဟာ အလွယ်တကူပဲ အနိုင်ရခဲ့ပါတယ်။ အခု ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက သူ့ကိုတောင် မမြင်ရလိုက်ကြပါဘူး။ သူ့ပုံပါတဲ့ ကတ်ထူပြားတွေ ထောင်ပြီး တော့ပဲ ပြိုင်သွား တာပါ။ နောက်ပြီး ယခင်မြို့တော်ဝန်ကလည်း သူ့သား ဆီဘတ်စ်ရှန်ဖြစ်ပြီး အခု အဖေ မြို့တော်ဝန်ဖြစ်သွားတော့ သူက ဒုတိယမြို့တော်ဝန်ရာထူးကို ဆက်ခံမှာဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ၃၇ နှစ်အတွင်းမှာ ဒူတာတေး မိသားစုတွေက ဒါဗောင်းမြို့မှာ ၃၄ နှစ်ကြာအောင် မြို့တော်ဝန်များ ဖြစ်ခဲ့ကြပါတယ်။ 

မားကို့စ်ရော ဒူတာတေးရော နှစ်ဖက်လုံးမှာ ပါနေတဲ့ ဆီးနိတ်အမတ်တွေကလည်း များသောအားဖြင့် ဩဇာကြီးမားတဲ့ နိုင်ငံရေးမိသားစုတွေကနေ ဆင်းသက်လာကြတာ၊ ဒါမှမဟုတ်၊ ကိုယ်ပိုင် ကျော်ကြားမှုရှိတဲ့သူတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။ မီဒီယာ လောက၊ ရုပ်ရှင်လောက ကနေလာကြတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း အများကြီး ပါပါတယ်။ 

သူတို့မှာလည်း ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ရည်မှန်းချက်များကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ဘယ်သူ့ဘက်တော်သားလို့ ပြောနေပါစေ ဒုသမ္မတတစ်ယောက်ကို ရာထူးက ထုတ်ပယ်ရေးကိစ္စလိုမျိုးမှာ သစ္စာခံမှုအပေါ် အာမခံချက်မရှိတာကြောင့် ပြောရခက်နေပါ တယ်။

ဖိလစ်ပိုင်ဆီးနိတ်အမတ်တွေက လူထုရဲ့ ထင်မြင်ချက်တွေကို အင်မတန် အလေးထား ဂရုပြုကြတယ်။ ပြည်သူတွေရဲ့ စိတ်ကို အမြဲဖတ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ကိုယ့်ကိုကိုယ် သမ္မတလောင်း၊ ဒုသမ္မတလောင်းလို့ ခံယူထားပြီး ပြည်သူကို ဆက်ဆံကြတာဖြစ်တဲ့အတွက် သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်အတွက် ပြည်သူ့သဘောထားဘက်ကနေပဲ ရပ်တည်ကြလေ့ ရှိပါတယ်။ 

ဘွန်းဘွန်း မားကို့စ်သည် ဖိလစ်ပိုင်ရဲ့ အထင်ကရနိုင်ငံရေးမိသားစုတစ်ခုမှ ဆင်းသက် လာသူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကာလတွေကို ပြန်ကြည့်လိုက်ရင် လူထုက သူ့ဘက်မှာ မရှိတာကို တွေ့ရပါတယ်။ သူက နိုင်ငံရေးသမားတစ်ယောက်ဆိုပေမယ့် စကားပြောကောင်းတဲ့သူလည်း မဟုတ်ပြန်ပါဘူး။ သူ့ရဲ့စီးပွားရေးစီမံခန့်ခွဲမှုအပေါ် လူထုထင်မြင်ချက် စစ်တမ်းတွေကို ကြည့်ရင်လည်း လူကြိုက်နည်းတာကို တွေ့ရပြီး သမ္မတဟောင်း ဒူတာတေးကို ဖမ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့တာဟာ နိုင်ငံတော်ကို သစ္စာဖောက်မှုဖြစ်တယ်လို့ ဒူတာတေး မိသားစုဘက်က သရုပ်ဖော်နေပါတယ်။ 

မနီလာ ဆိပ်ကမ်းဒေသက ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ဆာရာဒူတာတေး ဟောပြောပွဲ လုပ်ခဲ့စဉ်က သူမရဲ့ အဖေကို မနီလာလေဆိပ်မှာ ဖမ်းပြီး သည်ဟိတ်မြို့ကို လေယာဉ်နဲ့ ခေါ်သွားတဲ့ ခရီးစဉ်တစ်လျှောက်ကို ဂရုဏာသက်ဖွယ်ဖြစ်အောင် ဗီဒီယို ဖြစ်အောင် ဖန်တီးပြီး ပြခဲ့ပါတယ်။ “သူတို့က ကျွန်မအဖေကို ပြန်ပေးဆွဲသွားတာပါ။ ပြန်ပေးဆွဲသွားရုံတင်မကဘူး အဖေ့ကို ကျွန်မတို့ဆီကနေ ခိုးယူသွားတာပါ” လို့ စင်ပေါ်မှာ ပြောခဲ့ပါတယ်။ သူမ အဲလို ပြောနေတဲ့ အချိန် ဘေးနားမှာ သမ္မတ မားကို့စ်ရဲ့အစ်မ အိုင်မီလည်း ရှိခဲ့ပါတယ်။ သူမကလည်း ဒူတာတေးကို ပြန်ပေးဆွဲတာ သဘောမတူလို့ ဒူတာတေးအဖွဲ့ကို ကူးပြောင်းလာခဲ့သူပါ။ ဒါပေမဲ့ လေ့လာသူ အများစုက ဒူတာတေးအပေါ် လူကြိုက်များနေမှုကို အခွင့်ကောင်းယူဖို့အတွက် လာပေါင်းတာ ဖြစ်တယ်၊ ဒါဟာ သံသယဖြစ်ဖွယ် လှည့်ကွက်ဖြစ်တယ်လို့ မြင်နေကြတုန်း ဖြစ်ပါတယ်။  ဘာပဲဖြစ်ဖြစ် ရေပန်းစားမှုကျနေတဲ့သူမ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်မဟုတ်လား။ ဒီနည်းသုံးတာ သူမအတွက်တော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲလှုပ်ရှားမှုအများစုမှာ မဲအဆင့်နိမ့်နေပေမဲ့ အိုင်မီ မားကို့စ်ဟာ "မှော်ဝင်အမတ် ၁၂ ဦး" လို့ ကင်ပွန်းတပ်ကြတဲ့ အနိုင်ရဆီးနိတ်အမတ်များစာရင်းကို ကပ်ပါးဝင်နိုင်ခဲ့ပါတယ်။

အခုကနေစပြီး ရှေ့လာမယ့် အခြေအနေတွေကိုတော့ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မားကို့စ်အဖွဲ့ဟာ ဆာရာဒူတာတေးကို ရာထူးကနေ ဖြုတ်ချဖို့ဆိုရင် ခက်ခဲတဲ့ တိုက်ပွဲကို တိုက်ရမှာ သေချာပါတယ်။ 

ဆီးနိတ်အမတ် ၂၄ ဦးရှိတဲ့အနက် အနည်းငယ်ကသာ ဖြူဖြူမဲမဲ သမ္မတမားကို့စ်ကို သစ္စာခံကြမယ့် သူတွေဖြစ်ပါတယ်။ တခြားအမတ်တွေပါ ထောက်ခံစေချင်ရင် ကိုယ့်ဘက် ပါလာအောင် စည်းရုံးသိမ်းသွင်းရမှာဖြစ်ပြီး ဒါကလည်း လုံးဝ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။  

အခုကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ တချို့ ဒေသတွေမှာ ဒူတာတေး မိသားစုကို လူထုအားပေးမှုအလွန်ကောင်းနေဆဲဖြစ်ကြောင်း ပြသခဲ့ပါပြီ။ မားကို့စ်ရွေးကောက်ပွဲ မဟာမိတ်အဖွဲ့က တချို့ဟာလည်း ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ရာထူးကနေ ထုတ်ပယ်ဖို့ သဘောမတူကြောင်း ပြောဆိုမှုတွေရှိလာတာကိုလည်း တွေ့နေရပါပြီ။ လွှတ်တော်ထဲက ရှိနှင့်ထား ပြီးသားဖြစ်တဲ့ အမတ်တွေရဲ့ သဘောထားဟာလည်း ဒီလိုမျိုးပဲ ဖြစ်ဖို့များပါတယ်။

ဒီကြားထဲမှာ ဘမ် အကီနိုနဲ့ ဖရန်စစ် ပန်ဂီလီနန်းတို့ ဆီးနိတ်အမတ် ဝင်ပြိုင်ခဲ့ပြီး အနိုင်ရ ခဲ့တာကတော့ အံ့ဩဖွယ်ရလဒ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက လစ်ဘရယ် အဖွဲ့ခွဲ တွေပါ။ ဘယ်လူထု ထင်မြင်ချက် စစ်တမ်းကမှ သူတို့နိုင်လိမ့်မယ်လို့ ကြိုတင်မခန့်မှန်း ခဲ့ကြပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် မားကိုစ့်-ဒူတာတေး ဒရမ်မာကို ကျော်လွန်ပြီး တခြား ရွေးချယ်စရာတွေကို လိုလားတဲ့ ပြည်သူ့ဆန္ဒကိုလည်း တွေ့ရှိရပါတယ်။ 

သူတို့နှစ်ဦးစလုံးသည် မားကို့စ်မိသားစုရဲ့ မိတ်ဆွေများမဟုတ်ကြပါဘူး။ ၂၀၂၂ ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေက မားကို့စ်-ဒူတာတေးအဖွဲ့ကို အဓိကဆန့်ကျင်ခဲ့သူတွေ ဖြစ်ပါတယ်။ သို့သော် သူတို့သည် ယခင်သမ္မတ ဒူတာတေးရဲ့ အာဏာရှင်ဆန်တဲ့စတိုင် ကိုလည်း အပြင်းအထန်ဆန့်ကျင်ခဲ့ကြတာဖြစ်တဲ့အတွက် ၂၀၂၈ ခုနှစ်မှာလည်း သူ့သမီး ဆာရာ သမ္မတဖြစ်လာမှာကို စိုးရိမ်နေကြမလားလို့တော့ တွေးစရာရှိပါတယ်။ ဒါကြောင့် ဒီအချက်နဲ့တင် လွှတ်တော်ထဲမှာ ဆာရာကို လက်ရှိ ဒုသမ္မတရာထူးကနေ ထုတ်ပယ်ဖို့ ထောက်ခံမဲ ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ 

ဆာရာကို သမ္မတရာထူးကနေ ထုတ်ပယ်ဖို့အတွက် အစီရင်ခံစာ ပြုစုနေပြီဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုတွေက ဇူလိုင်လလောက်မှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကြားထဲမှာတော့  နှစ်ဖက်စလုံးအနေနဲ့ ဆီးနိတ်အမတ်တွေကို မိမိဘက်ကို ပါလာအောင် နောက်ကွယ်မှာ အပြင်းအထန်ကြိုးပမ်းသိမ်းသွင်းကြတော့မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းမှာ ဘယ်သမ္မတ၊ ဒုတိယသမ္မတကိုမှ ရာထူးကနေ အောင်အောင် မြင်မြင်နဲ့ ထုတ်ပယ်နိုင်ခဲ့တာမျိုး မရှိသေးပါဘူး။ တစ်ပြိုင်နက်ထဲမှာပဲ ဘယ်သမ္မတ၊ ဒုသမ္မတ မှလည်း ဒီလောက်ဆိုးရွားတဲ့ အခြေအနေမျိုးတွေနဲ့ မကြုံတွေ့ခဲ့ကြရ သေးပါဘူး။

၂၀၂၅ ခုနှစ်ဟာ ဖိလစ်ပိုင်အတွက် နိုင်ငံရေးလှိုင်းထန်တဲ့ နှစ်တစ်နှစ်သာ ဖြစ်ပါတော့တယ်။

၁၃-၅-၂၀၂၅ ရက်၊ Jonathan Head ရေးသားသည့် The Philippines has voted - now the game of thrones begins again (BBC) ဆောင်းပါးကို ဒေါ်လှမျက်ခြယ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

ဓါတ်ပုံ- https://www.gzeromedia.com/viewpoint/philippine-midterms-are-next-episode-in-marcos-duterte-drama

Jonathan Head

၂၀၂၅ အင်္ဂလန် ဒေသန္တရနှင့် ကြားဖြတ်ရွေးကောက်ပွဲ သုံးသပ်ချက်
-

၂၀၂၅ ခုနှစ်ဟာ အနောက်နိုင်ငံတွေအတွက် ရွေးကောက်ပွဲနှစ်လို့ ပြောလို့ရပါတယ်။ နှစ်တစ်ဝက်မကျိုးသေးဘူး။ ဥရောပတိုက်က ဂျာမနီ၊ မြောက်အမေရိကတိုက်က ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့ရဲ့ ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ အနိုင်ရသူ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးအပြီး ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာရွေးကောက်ပွဲတွေ အထူးသဖြင့် အနောက်နိုင်ငံ ရွေးကောက်ပွဲတွေမှာ ထရမ့်လိုလားတဲ့ နိုင်ငံရေးပါတီ ဒါမှမဟုတ် ထရမ့်ပုံစံနိုင်ငံရေးသမား၊ ထရမ့်ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီ ဒါမှမဟုတ် ထရမ့်နဲ့ ခပ်လှမ်းလှမ်းနေတဲ့ နိုင်ငံရေးသမားဆိုပြီး ရွေးကောက်ပွဲလေ့လာသုံးသပ်သူတွေက စိစစ်သုံးသပ်မှုတွေ ပြုလာကြပါတယ်။

အချို့ရွေးကောက်ပွဲတွေဆို ထရမ့်ဗဟိုပြုရွေးကောက်ပွဲတွေလို့တောaင် ဖြစ်နေတယ်။ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ပုံရိပ်က အတော်လွှမ်းမိုးတယ်ပေါ့။ ယေဘုယျအနောက်နိုင်ငံတွေမှာ ထရမ့်ကို မနှစ်မြို့တာကြောင့် ထရမ့်အယူအဆအချို့နဲ့ ဆင်တူရင်ကိုပဲ အချို့နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ထရမ့်နဲ့ပေးစားခြင်းခံကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ၊ လပိုင်းတွေက ကျင်းပပြုလုပ်ခဲ့တဲ့ ဂျာမနီ၊ ကနေဒါနဲ့ သြစတြေးလျ ရွေးကောက် ပွဲတွေမှာ ထရမ့်ကို မထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အောင်ပွဲခံခဲ့ကြပြီး ထရမ့်နဲ့ ပေးစားခံရတဲ့ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။

Reform UK ပါတီက အပြတ်အသတ်အနိုင်ရ

ဒါပေမဲ့ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အင်္ဂလန်ရွေးကောက်ပွဲကတော့ နည်းနည်းထူးခြားပါတယ်။ ထူးခြားတယ်ဆိုတာ ရွေးကောက်ပွဲမှာ အင်္ဂလန် (ယူနိုက်တက်ကင်းဒမ်း) ရဲ့ ဒေါ်နယ်ထရမ့်လို့ လူသိများပြီး ထရမ့်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ Nigel Farage ဦးဆောင်တဲ့ Reform UK ပါတီက အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ အခုရွေးကောက်ပွဲက ဗဟိုအဆင့်ရွေးကောက်ပွဲတော့မဟုတ်ပါဘူး။ ဒေသန္တရနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေပဲ ဖြစ်ကြပါတယ်။

သူတို့ဆီက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ ဗဟိုအဆင့်ရွေးကောက်ပွဲတွေလိုပဲ အရေးပါပါတယ်။ သူတို့ဆီမှာ ရွေးကောက်ပွဲတွေက ပုံစံအမျိုးမျိုးရှိပါတယ်။ (ဗဟိုအဆင့်) အထွေထွေရွေးကောက်ပွဲ (General election)၊ ကြားဖြတ်ရွေးကောက်ပွဲ (By-election)၊ ဒေသန္တရရွေးကောက်ပွဲ (Local government)၊ မြို့တော်ဝန်ရွေးကောက်ပွဲ (Local mayors, Mayor of London & London Assembly) စသဖြင့် ရှိပါတယ်။

ဒါ့အပြင် စကော့တလန်ပါလီမန်ရွေးကောက်ပွဲ (Scottish Parliament)၊ မြောက်အိုင်ယာလန် ရွေးကောက်ပွဲ (Northern Ireland Assembly)၊ ဝေလပြည်နယ်ရွေးကောက်ပွဲ (Welsh Parliament) စသဖြင့် ရှိပါတယ်။ သိကြတဲ့အတိုင်း ယူနိုက်တက်ကင်းဒမ်းနိုင်ငံဆိုတာ အင်္ဂလန်(England)၊ စကော့ တလန် (Scotland)၊ ဝေလ (Wales)နှင့် အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) စတဲ့ သီးခြားနယ်ပယ်ဒေသကြီးလေးခုနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နာမည်အပြည့်အစုံက United Kingdom of Great Britain and Northern Ireland ဖြစ်ပါတယ်။ ယူကေ (UK) လို့ အတိုကောက်ခေါ်ကြပါတယ်။ အခု ရွေးကောက်ပွဲတွေဟာ ယူကေနိုင်ငံရဲ့ အဓိကအစိတ်အပိုင်းကြီးတစ်ခုဖြစ်တဲ့ အင်္ဂလန်မှာ ပြုလုပ်တဲ့အတွက် နိုင်ငံတကာမီဒီယာတွေက အင်္ဂလန်ဒေသန္တရနဲ့ ကြားဖြတ်ရွေးကောက်ပွဲ (English local elections or England by-election) စသဖြင့် ဝိဂြိုဟ်ပြုကြပါတယ်။

အဓိကယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများ

အခု ၂၀၂၅ အင်္ဂလန် ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ လက်ရှိအာဏာရလေဘာပါတီ (Labour Party)၊ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ (Conservative Party)၊ ပါတီသစ်တစ်ခုဖြစ်တဲ့ လက်ယာအမျိုးသားရေးအယူကိုင်စွဲတဲ့ Reform UK ပါတီ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (Liberal Democrats) နဲ့ သဘာဝပတ်ဝန်းကျင်ပါတီ (Green Party) တို့ဖြစ်ပြီး အင်္ဂလန်တစ်ဝန်းဒေသဆိုင်ရာကောင်စီ (local councils) ၂၃ ခုမှာရှိတဲ့ နေရာ ၁၆၀၀ ကျော်နဲ့ မြို့တော်ဝန် (regional mayors) ခြောက်နေရာအပြင် အောက်လွှတ်တော် (House of Commons) လစ်လပ်မဲဆန္ဒနယ်တစ်နေရာတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရလဒ်တွေအရ Reform UK ပါတီဟာ ဒေသဆိုင်ရာကောင်စီ ၆၇၇ နေရာ၊ လစ်ဘရယ်ဒီမိုကရက်တွေကနေရာ ၃၇၀၊ ကွန်ဆာဗေးတစ်က ၃၁၉ နေရာ၊ လေဘာက ၉၈ နေရာ၊ ဂရင်းက ၇၉ နေရာနဲ့ ကျန်တာတွေက တစ်သီးပုဂ္ဂလိကတွေ၊ အခြားအဖွဲ့အစည်းတွေက နိုင်ပါတယ်။ မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း Reform UK ပါတီက နှစ်နေရာနိုင်ပြီး လူစိတ်အဝင်စားဆုံးဖြစ်တဲ့ အောက်လွှတ်တော်အမတ်နေရာကိုလည်း Reform UK ပါတီကပဲ နိုင်ပါတယ်။ အဲဒီအောက်လွှတ်တော် နေရာမဲရလဒ်ဟာ သိပ်နီးကပ်လွန်းလို့ နောက်တစ်ကြိမ်မဲပြန်လည်ရေတွက်ခဲ့ရပြီး Reform UK ပါတီက လေဘာပါတီကို ခြောက်မဲအကွာနဲ့ ပွတ်ကာ သီကာအနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ထိပ်ဆုံးက အနိုင်ရသွားတဲ့ Reform UK ပါတီဟာ တစ်ချိန်က ယူကေနိုင်ငံဥရောပသမဂ္ဂအဖွဲ့ (EU) မှ နုတ်ထွက်စေရေးဦးဆောင်ဆော်သြခဲ့တဲ့ Brexit Party အဖြစ် လူသိများပြီး ၂၀၂၁ ခုနှစ်မှာ Brexit Party မှ Reform UK ပါတီအဖြစ် အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Reform UK ပါတီဟာအာဏာရ ပါတီကြီးဖြစ်တဲ့ လေဘာပါတီနဲ့ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ်တို့ကို ကျော်လွန်ပြီး နေရာအများစု အနိုင်ရသွားခဲ့လို့ ယူကေ (အင်္ဂလန်) နိုင်ငံရေးတစ်ခုလုံး တအံ့တသြဖြစ်သွားကြပါတယ်။ ယူကေနိုင်ငံမှာ (ဗဟိုအဆင့်) အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ ၂၀၂၄ အထွေထွေရွေးကောက်ပွဲတုန်းက အောက်လွှတ်တော်မှာ လေဘာပါတီက အမတ် ၄၀၀ ကျော်ရခဲ့ပြီး ကွန်ဆာဗေးတစ်တွေက ၁၀၀ ကျော်ပဲရခဲ့ပါတယ်။ အဲဒီတုန်းက Reform UK ပါတီက အမတ်နေရာငါးနေရာပဲနိုင်ပါတယ်။ အခု ၂၀၂၅ ရွေးကောက်ပွဲတွေက ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေမဟုတ်ဘူး၊ ဒေသန္တရအဆင့်သာဖြစ်တယ်ဆိုတဲ့တိုင် Reform UK ဟာ အစဉ်အလာကြီးမားတဲ့ လေဘာကော၊ ကွန်ဆာဗေးတစ်ကောကျော်ပြီး ပထမနေရာရောက်သွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် (ယူကေ) မှာ ဒေသဆိုင်ရာကောင်စီ နေရာတွေဟာ ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ နေရာတွေဖြစ်လို့ ပြည်ထောင်စုလွှတ်တော်အမတ်တွေလိုပဲ အရေးပါပါတယ်။ အနိုင်ရခဲ့တဲ့ Reform UK ပါတီခေါင်းဆောင် Nigel Farage ကတော့ ယူကေနိုင်ငံရွေးကောက်ပွဲသမိုင်းမှာ လေဘာနဲ့ ကွန်ဆာဗေးတစ်ပါတီကြီးတွေကို အလဲထိုးပြီး ရှေ့ကိုရောက်လာတဲ့ Reform UK ပါတီလို ပါတီမျိုးမရှိသေးဘူးဆိုကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ်။ အခု ရွေးကောက်ပွဲမှာ အခြားပါတီတွေဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တို့၊ ဂရင်းတို့ကလည်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရခဲ့တာကြောင့် ယူကေနိုင်ငံရေးလောကမှာ အရင်ကလိုပါတီကြီး နှစ်ပါတီလွှမ်းမိုးကြီးစိုးတဲ့ နှစ်ပါတီနိုင်ငံရေး (duopoly politics) အဆုံးသတ်သွားပြီ၊ ငါးပါတီခေတ်ဖြစ်လာပြီဆိုပြီး လေ့လာသူအချို့က သုံးသပ်နေကြပါတယ်။

ဥရောပအတွက်တော့ သတင်းကောင်းမဟုတ်

Reform UK ပါတီရဲ့ အောင်မြင်မှုဟာ ဥရောပအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ Reform UK ပါတီခေါင်းဆောင် Nigel Farage ဟာ ဥရောပသမဂ္ဂ (အီးယူ) နဲ့ အစေးမကပ်သူဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဥရောပ ပါလီမန်မှာ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အီးယူက တရားဝင် နုတ်ထွက်တဲ့ အခမ်းအနားကျင်းပပြု လုပ်ခဲ့ရာ ယူကေကိုယ်စားလှယ်အဖွဲ့အား ဦးဆောင် တက်ရောက်ခဲ့သူမှာ Nigel Farage ဖြစ်ပါတယ်။ အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ လွှတ်တော် အမတ်များရှေ့ နှုတ်ဆက်မိန့်ခွန်းပြောရာမှာ Nigel Farage က အီးယူအဖွဲ့အစည်းကို အပြင်းအထန်ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယူကေနိုင်ငံက အီးယူက အုပ်စုဖွဲ့အနိုင်ကျင့်ဖို့ သေးငယ်တဲ့နိုင်ငံမဟုတ်ကြောင်း၊ အီးယူဟာ သူလိုချင်တာကို မရရအောင် မလိမ့်တစ်ပတ်လုပ်တဲ့နေရာမှာ အင်မတန်တော်ကြောင်း၊ ယူကေနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အထိပါးခံမှာ မဟုတ်ကြောင်း၊ ကျွန်ုပ်တို့အနေနဲ့ ဥရောပတိုက်အား ချစ်မြတ်နိုးတယ်၊ ဒါပေမဲ့အီးယူအဖွဲ့အစည်းကို မချစ်မနှစ်သက်ပါဟု ပြောင်ပြောင်တင်းတင်း ပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်းမပြီးဆုံးမီ အီးယူပါလီမန်သဘာပတိဖြစ်သူက စကားပြောခွက်ကို ပိတ်ပစ်ခဲ့ပြီး ယူကေအလံတွေကိုယူကာ ပါလီမန်မှ ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။

အခုအချိန်ဟာ ဥရောပတိုက်မှာ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသဘောထားကွဲပြားမှုတွေ အမြင့်မားဆုံးကိုရောက်ရှိနေပြီး အာဏာရလစ်ဘရယ်အသိုင်းအဝိုင်းက ဥရောပတစ်လွှား လက်ယာစွန်းနိုင်ငံရေးပါတီတွေကို ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်နေချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပြင်သစ်မှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်း National Rally ပါတီ ခေါင်းဆောင် Marine Le Pen ကို ၂၀၂၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီး ဂျာမနီမှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်း AfD ပါတီကို အစွန်းရောက်ပါတီအဖြစ် တရားဝင်သတ်မှတ်လိုက်ပါတယ်။

ရိုမေးနီးယားနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပထမအကျော့ သမ္မတရွေးကောက်ပွဲများကျင်းပခဲ့ပြီး လက်ယာစွန်းနိုင်ငံရေးသမား C lin Georgescu အနိုင်ရခဲ့ပေမယ့် ရိုမေးနီးယားဖွဲ့စည်းပုံအခြေခံခုံရုံးက ရွေးကောက်ပွဲအတွင်း ရုရှားနိုင်ငံရဲ့ လွှမ်းမိုးမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၊ C lin Georgescu ကိုလည်း နောက်ထပ် သမ္မတရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

အခုလို ဥရောပလစ်ဘရယ်အစိုးရတွေအနေနဲ့ လက်ယာစွန်းတွေကို တစ်ဖက်သတ်ဖိနှိပ်နေချိန်မှာ ယူကေနိုင်ငံဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဥရောပသမဂ္ဂကို အဆိုးမြင်သူ၊ လက်ယာစွန်းအဖြစ် ရှုမြင်ခြင်းခံရသူ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အထူးရင်းနှီးသူ အင်္ဂလန်နိုင်ငံရေးသမား Nigel Farage ဦးဆောင်တဲ့ Reform UK ပါတီ အနိုင်ရမှုဟာ ဥရောပအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်စေပါလိမ့်မယ်။ ။

Source: MOI

အရှေ့ဥရောပသည် တန်ကြေး မည်မျှဖြင့် ထရမ့်အပေါ် လောင်းကြေးထပ်နေကြသနည်း?
-

ဒေါ်နယ်ထရမ့်၏ ဂုဏ်သတင်းသည် အမေရိကန်နိုင်ငံတွင်း၌ ကျဆင်းနေသော်လည်း အရှေ့ ဥရောပတွင်မူ ၎င်း၏အမှတ်အသားသည် ထူးခြားစွာ ခိုင်မာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ထရမ့်ကို နှစ်သက်သူ လက်ယာစွန်းဝါဒီ ဂျော့ဂျ် ဆီမီယွန်သည် ရိုမေးနီးယား သမ္မတရွေးကောက်ပွဲ ပထမအဆင့်တွင် မဲအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးရောက် ခဲ့ပြီး သမ္မတရာထူးရရှိရန် အလားအလာကောင်းနေသည်။ ထရမ့်၏ “အမေရိကန်ကို နောက်တစ်ဖန် ကြီးကျယ်မြင့်မားလာအောင် လုပ်ဆောင်မည်” (Make America Great Again) ကတိစကားကို အတုယူကာ ဆီမီယွန်က “ရိုမေးနီးယားပြည်သူများထံမှ ယူငင်သွားသည်များကို ပြန်ပေးမည်” (Give back to the Ro

ဒေါ်နယ်ထရမ့်၏ ဂုဏ်သတင်းသည် အမေရိကန်နိုင်ငံတွင်း၌ ကျဆင်းနေသော်လည်း အရှေ့ ဥရောပတွင်မူ ၎င်း၏အမှတ်အသားသည် ထူးခြားစွာ ခိုင်မာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ထရမ့်ကို နှစ်သက်သူ လက်ယာစွန်းဝါဒီ ဂျော့ဂျ် ဆီမီယွန်သည် ရိုမေးနီးယား သမ္မတရွေးကောက်ပွဲ ပထမအဆင့်တွင် မဲအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးရောက် ခဲ့ပြီး သမ္မတရာထူးရရှိရန် အလားအလာကောင်းနေသည်။ ထရမ့်၏ “အမေရိကန်ကို နောက်တစ်ဖန် ကြီးကျယ်မြင့်မားလာအောင် လုပ်ဆောင်မည်” (Make America Great Again) ကတိစကားကို အတုယူကာ ဆီမီယွန်က “ရိုမေးနီးယားပြည်သူများထံမှ ယူငင်သွားသည်များကို ပြန်ပေးမည်” (Give back to the Romanian people what was taken from them) ဟု ကတိပြုထားသည်။ ထရမ့်ကို နှစ်သက်သူမှာ ၎င်းတစ်ဦးတည်းမဟုတ်ပေ။

အိမ်နီးချင်းဟန်ဂေရီနိုင်ငံတွင် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ထရမ့်၏ ဥရောပဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ပွင့်ပွင့်လင်းလင်း ရပ်တည်နေသည်။ ဤဒေသတွင် ထရမ့်ကမ္ဘာ၏ ဩဇာ လွှမ်းမိုးမှုနယ်ပယ်သည် နိုင်ငံရေးထက်ပင် ကျော်လွန်နေသည်။ ထရမ့်၏ သားမက် ဂျရတ် ကူရှ်နာ သည် ဘဲလ်ဂရိတ် မြို့လယ်တွင် အခြေစိုက်၍ အိမ်ခြံမြေလုပ်ငန်းတစ်ခုကို ဦးဆောင်လျက်ရှိပြီးသားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာမှာလည်း လွန်ခဲ့သော လအနည်းငယ်အတွင်း ဆားဘီးယား၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား နိုင်ငံများသို့ ဒုတိယအကြိမ်ခရီးစဉ်သွားရောက်ခဲ့ကာ ထရမ့် မိသားစုနှင့် ဆက်ဆံရေး တည်ဆောက်လိုသော နိုင်ငံရေးသမားများ၊ စီးပွားရေး အထက်တန်းလွှာများနှင့် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။

အရှေ့ဥရောပ၏ “အမေရိကန်သာ ပထမ” ဟူသည့် သမ္မတထရမ့်အပေါ် နှစ်ခြိုက်မှုသည် အတွေးအခေါ်ဆိုင်ရာကိုက်ညီမှုနှင့် ပြတ်သား၍လက်တွေ့ဆန်သောဝါဒတို့ကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ Make America Great Again (MAGA) ၏ သတင်းစကားသည် ကွန်မြူနစ်ခေတ်လွန် နိုင်ငံများတွင် ကျယ်ပြန့်စွာပဲ့တင်သံထပ်နေသည်။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမတိုင်မီက Gallup ၏ စစ်တမ်းအရ ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီနိုင်ငံမှ ၄၉% နှင့် ဆားဘီးယားနိုင်ငံမှ ၅၉% သော စစ်တမ်းဖြေကြားသူများသည် ကင်မလာ ဟဲရစ်ထက် ထရမ့်ကို ပိုမိုနှစ်သက်ကြကြောင်း ဖော်ပြခဲ့သည်။ ထိုအချက်သည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ အရှေ့ဂျာမနီမှ Alternative for Germany (AfD) ပါတီထောက်ခံသူများမှစ၍ တဘီလီစီမြို့တော်ရှိ Georgian Dream အစိုးရပါတီ အထိ အဆိုပါဒေသတွင်းရှိ လစ်ဘရယ်ဒီမိုကရေစီဆန့်ကျင်ရေးအစုအဖွဲ့များသည် လစ်ဘရယ်ဒီမိုကရေစီ သဘောတူညီချက်ကို ဆန့်ကျင်လျက်ရှိသည်။ LGBTQ အခွင့်အရေး၊ လူမျိုးရေး၊ ကျား/မတန်းတူမှု၊ ယဉ်ကျေးမှုပေါင်းစုံမှု၊ ကာကွယ်ဆေးနှင့် ယူကရိန်းအရေးကိစ္စများအပေါ် ၎င်းတို့၏ အမြင်များသည် ထရမ့်၏ အခြေခံသဘောတရားများနှင့် တူညီနေသည်။ ထရမ့်အနေဖြင့် ဗလာဒီမာ ပူတင်နှင့် ရင်းနှီးမှုသည် ဆားဘီးယားကဲ့သို့သော ရုရှားနှင့်မိတ်ဖက်နိုင်ငံများတွင် ပိုမိုဆွဲဆောင်နိုင်စေခဲ့သည်။

ထို့အပြင် နိုင်ငံတကာဆက်နွှယ်မှုရှုထောင့်လည်း ပါဝင်နေသည်။ အမေရိကန်နိုင်ငံရှိ အရှေ့ ဥရောပမှ ရွှေ့ပြောင်းနေထိုင်သူအများစုသည် လူမှုရေးရာရှေးရိုးစွဲဝါဒ သို့မဟုတ် အခြားလူမျိုးစုများနှင့် ယှဉ်ပြိုင် လိုမှုတို့ကြောင့် ထရမ့်ကို ပိုမိုထောက်ခံလေ့ရှိကြသည်။ အနောက်ဥရောပရှိ အလားတူ ပုဂ္ဂိုလ်များ သည်လည်း ၎င်းတို့မကြာခဏပြက်ရယ်ပြုလေ့ရှိသော နယ်စည်းမခြားမူဝါဒများမှ အကျိုးခံစားနေကြချိန်တွင် အလားတူသဘောထားမျိုးရှိကြသည်။ မကြာသေးမီက ရိုမေးနီးယား ရွေးကောက်ပွဲ တွင် ဥရောပသမဂ္ဂနှင့်ယူကေတို့တွင်နေထိုင်သော ရိုမေးနီးယားနိုင်ငံသား ၆၀% သည် ဆီမီယွန်ကို မဲပေးခဲ့ကြသည်။ ၎င်းတို့အနက်မှ များစွာသည် ယခင်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က မြူးနစ်လုံခြုံရေးညီလာခံတွင် လူသိရှင်ကြားကာကွယ်ပေးခဲ့သော လက်ယာစွန်းဝါဒီ ကာလင်း ဂျော့ဂျက် စကူကို ထောက်ခံခဲ့ကြသူများဖြစ်သည်။

ပြည်တွင်း၌ အထက်တန်းလွှာအများစုသည် ထရမ့်အား စွမ်းဆောင်နိုင်စွမ်းရှိသူအဖြစ် ရှုမြင်ကြသည်။ အကျင့်ပျက်ခြစားမှုများနှင့် ဒီမိုကရေစီဆုတ်ယုတ်မှုများကို လျစ်လျူရှုပေးမည့် ဝါရှင်တန်မှ အာဏာရှိသူတစ်ဦးသည် ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေ နိုင်သည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒသည် ထရမ့်အဖွဲ့အစည်း၏ စီးပွားရေး အစီအစဉ်နှင့် ခွဲခြားမရဖြစ်လာနိုင်သည့် အလားအလာသည် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဲ့သို့သော မရေရာသည့်ကဏ္ဍများနှင့် ပြည့်နှက်နေသည့် အဆိုပါဒေသအတွက် ဆွဲဆောင်မှု ရှိနေသည်။ မကြာသေးမီက အရေးပါသည့် အမေရိကန်-ယူကရိန်း သတ္တုတူးဖော်ရေး သဘောတူညီချက်သည် လုပ်ငန်းအလိုက်ဆက်ဆံမှုကို ဦးစားပေးသည့် အိမ်ဖြူတော်နှင့် ရင်းနှီးမှု ရယူရန် နမူနာပုံစံတစ်ခုအဖြစ် ရှုမြင်ကြသည်။

ဤဆက်ဆံရေးသည် ယခု၌ပင် အကျိုးအမြတ်များ ရရှိနေပြီဖြစ်သည်။ ဧပြီလက ထရမ့် အစိုးရအဖွဲ့သည် အော်ဘန်နှင့်နီးစပ်သူ အန်တယ် ရိုဂန်အပေါ် ဘိုင်ဒင်အစိုးရလက်ထက်က Global Magnitsky အက်ဥပဒေအရ ချမှတ်ခဲ့သော ဒဏ်ခတ်မှုများကို ပယ်ဖျက်ခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အခြားနေရာများတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေခဲ့သည်။ ဥပမာအားဖြင့် ဘူလ်ဂေးရီးယားတွင် Magnitsky ဒဏ်ခတ်မှုခံထားရသော စီးပွားရေးသူဌေးကြီးနှင့် နိုင်ငံရေးဩဇာရှိသူ ဒယ်ယန် ပိဗ်စကီးသည်လည်း အလားတူ ကင်းလွတ်ခွင့်ရရှိရန် စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် အရှေ့ဥရောပ၏ ထရမ့်အပေါ်နှစ်ခြိုက်မှုသည် ထိခိုက်လွယ်သည့် အခြေအနေမျိုးဖြစ်သည်။ ထင်ရှားသည်မှာ ထရမ့်၏ အမျိုးသားအကျိုးစီးပွားဝါဒသည် ၎င်းနှင့်အတွေးအခေါ်တူမိတ်ဖက်နိုင်ငံများ၏ စီးပွားရေးစနစ်များကိုပင် အားနည်းသွားစေနိုင်ခြေရှိသည်။ မော်တော်ကားတင်ပို့မှု အပေါ် အလွန်အမင်းမှီခိုနေရသော ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် အမေရိကန်က ချမှတ်မည့် အကောက်ခွန်မူဝါဒကြောင့် ထိခိုက်နိုင်သည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ မော်တော်ကား လုပ်ငန်းတစ်ခုတည်းကပင် နိုင်ငံ၏တင်ပို့မှု၏ ၃၀% နီးပါးရှိပြီး အလုပ်သမား ၁၀% ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားသည်။ ၁၀% သာရှိသော အကောက်ခွန်ကပင် ဗဟိုဥရောပဒေသ၏ စက်မှုဇုန်များရှိ အလုပ်အကိုင်များစွာကို ပြုန်းတီးသွားစေနိုင်သည်။

ထိုသို့သော စီးပွားရေးဆိုးကျိုးများသည် နိုင်ငံရေးအရ ပြင်းထန်သော သက်ရောက်မှုများဖြစ်ပေါ် စေနိုင်သည်။ ချက်သမ္မတနိုင်ငံတွင် ထရမ့်နှင့်အလားတူ စီးပွားရေးလုပ်ငန်းရှင် အန်ဒရေး ဘာဘစ် သည် အစိုးရကို အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဟန်ဂေရီနိုင်ငံတွင်မူ အော်ဘန် သည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပီတာမက်ဂျာထံမှ ကြီးမားသော စိန်ခေါ်မှု များကို ရင်ဆိုင်နေရသည်။ ဆလိုဗက်ကီးယားတွင် ရောဘတ်ဖီကိုအစိုးရသည် မဲအရေအတွက် အနည်းငယ်မျှအသာဖြင့် အုပ်ချုပ်နေရပြီး ကန့်ကွက်သူများ တိုးပွားလျက်ရှိရာ ကာလကြာရှည် အုပ်ချုပ်ရန် မရေရာလှပေ။

ထရမ့်ဝါဒသည် ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ရှိ လက်ယာစွန်းအင်အားစုများအတွက် ဝန်ထုတ် ဝန်ပိုးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အရှေ့ဥရောပသည် ဤဝါဒကို ပိုမိုလက်ခံနေဆဲဖြစ်သော်လည်း ဥရောပသမဂ္ဂ၊ လစ်ဘရယ်တန်ဖိုးများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပေါင်းစည်းမှုတို့ကိုဆန့်ကျင်သည့်လှုပ်ရှားမှုနှင့် အလွန်အမင်းပါဝင်ပတ်သက်နေခြင်း၏ အန္တရာယ်မှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

MAGA တော်လှန်ရေးသည် ဘူခါရက်စ်နှင့် ဘဲလ်ဂရိတ်မြို့များရှိ အများစုကို ဆက်လက် လှုံ့ဆော်နိုင်ဦးမည်ဖြစ်သော်လည်း ယင်း၏ဝိရောဓိအခြေအနေများသည် ယင်းကိုလက်ခံသူများအား အလွယ်တကူပင် ဒုက္ခရောက်စေနိုင်မည်ဖြစ်ပေသည်။

Source - https://www.aljazeera.com/opinions/2025/5/7/eastern-europe-bets-on-trump-but-at-what-cost

Aljazeera တွင် စာရေးသူ Dimitar Bechev ရေးသားထားသည့် “Eastern Europe bets on Trump – but at what cost?” အတွေးအမြင်ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက- ၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။

Dimitar Bechev