Abdominal Pain
Posted_Date
Image

Body
ငြုပ်သီးနဲနဲစားမိရင် ချက်ပတ်လည်က အူတွေလေထိုးသလိုထိုးပြီးအောင့်တာဘာကြောင့်ပါလဲဆရာ ❓
Abdominal Pain
ငရုတ်သီး ထဲမှာ ပူတာ စပ်တာ အတွက် capsaicin ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်ပါတယ်။
Capsaicin နဲ့ ထိမိတဲ့ အခါ
👉 အရေပြားဆိုရင် ပူလောင်မှုခံစားရသလို
👉 အစာအိမ်နှင့် အူလမ်းကြောင်း ကိုလည်း ထို နည်းတူတူ ခံစားရစေပါတယ်
ခန္ဓာကိုယ်အရေပြားက မလှုပ်ရှားနိုင်ပေမယ့် အစာအိမ်နှင့် အူလမ်းကြောင်း က လှုပ်ရှားနိုင်တဲ့အတွက် သူကိုလာပြီး ပူလောင်စေတဲ့အရာကို ဖယ်ထုတ်ခါချဖို့ကြိုးစားပါတယ် (မြင်သာအောင် ပြောရရင် တီကောင် ဆား ထိသလို လူးခါနေတာပေါ့)
👉 အဲ့တော့ အထဲကနေ ရစ် ရစ်ပြီးနာပါတယ်
ငရုတ်သီး စားရင် ပါးစပ်ထဲ သွားရည်တွေထွက်လာသလို အူလမ်းကြောင်းကလည်း အရည်တွေထုတ်ပါတယ်
👉ဝမ်းသွားတော့တာပေါ့
အဲ့လောက် ဒုက္ခပေးတဲ့ ငရုတ်သီး
- ပူတာ စပ်တာ ကလည်း အလွန်အကျွံ
- ချွေးတွေလည်းပျံ
- ဗိုက်တွေနာ
-ဝမ်းသွား တာ ဘာလို့ ထပ်ထပ်စားချင်နေရတာလည်း ❓
ဒီ သီချင်းလေး သိကြမှာပေါ့
“ငရုတ်သီး လိုမျိုး…. ငရုတ်သီးလိုမျိုး….. မင်းရဲ့အချစ်ကို မရှောင်နိုင်တာ ခက်လှတယ်-- ကိုယ့်နှလုံးသား….. ဒီ ငရုတ်သီးလေး စားမိပြီ
ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမယ့်လို့ ရှောင်ဖို့ခက်”
ငရုတ်သီး ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပူလောင်စပ်နေပါပြီ ဒုက္ခရောက်နေပါပြီ ဆိုပြီး ဦးနှောက်ကို သတင်းပို့ပါတယ်
ဦးနှောက်က အူထဲက နာကျင်နေတာကို ပျောက်ကင်းသက်သာအောင်လုပ်မပေးနိုင်ပါဘူး အဲ့တော့ သူ့ဆီမှာရှိတဲ့ အနာသက်သာစေတဲ့ အရာကို ထုတ်ပေးပါတယ်
👉 Endorphins ဆိုတဲ့ ဓာတ်ပစ္စည်းပါ
Endorphins ကို Feeling Good Hormone လို့ ခေါ်တာ သိကြမယ်ထင်ပါတယ်။ ကျေနပ်သဘောကျပီတိဖြစ်ရင် ထွက်တာပါ။ သမီးရည်းစား စကြိုက်ခါစမှာ Endorphins ထွက်ပါတယ်။ ကျေနပ်သဘောကျမှုကိုဖြစ်စေပါတယ်။
အဲ့တော့ ဘာဖြစ်လဲ ဆိုတော့ ငရုတ်သီးစားရင် ပူတာ စပ်တာ ဗိုက်အောင့်တာဝမ်းသွားတာဖြစ်ပေမယ့် Endorphins ကြောင့် လူကနေလို့ကောင်းတယ်လေ
အဲ့ဒါကြောင့် ကျွန်တော်တို့ အစပ်ကို ကြိုက်ကြတာပါ။
ချစ်တယ်ဆိုတဲ့ အရာကလည်း ကိုယ့်ကို ဒုက္ခပေးမယ်မှန်းသိသိကြီးနဲ့ Endorphins ကြောင့် နာကျင်နေရပေမယ့် မဖြတ်နိုင်တာပါပဲဗျာ
(Photo credit; Medindia)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
မှတ်ချက် ။ Dr ဘုန်းစည်သူလွင် ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။