လူသားတို့အတွက် မရှိမဖြစ် ကယ်လ်စီယမ်
Posted_Date
Image

Body
လူတစ်ယောက်က မိခင်ဝမ်းတွင်းမှာ ကိုယ်ဝန်ဆောင်ချိန်ကတည်းကစပြီး ဘဝ တစ်လျှောက်လုံး အသက်အရွယ်အပိုင်းအခြားအလိုက် ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ ကယ်လ်စီယမ်ဓာတ် လိုအပ်ချက်ပမာဏ မှာ မွေးကင်းစမှ အသက်ခြောက်လအထိ ၂၁၀ မီလီဂရမ်၊ အသက်ခြောက်လမှ တစ်နှစ်အထိ ၂၇၀ မီလီဂရမ်၊ အသက် တစ်နှစ်မှ သုံးနှစ်အထိ ၅၀၀ မီလီဂရမ်၊ အသက်လေးနှစ်မှ ရှစ်နှစ်အထိ ၈၀၀ မီလီဂရမ်၊ အသက်ကိုးနှစ်မှ ၁၈ နှစ်အထိ ၁၃၀၀ မီလီဂရမ်၊ အသက် ၁၉ နှစ်မှ နှစ် ၅၀ အထိ ၁၀၀၀ မီလီဂရမ်၊ အသက် ၅၁ နှစ်နှင့်အထက် ၁၂၀၀ မီလီဂရမ်နှင့် အသက် ၅၁ နှစ်နှင့်အထက် ( *မ* ဟော်မုန်းဆေးဖြင့် ကုသမှုခံယူနေသော အမျိုးသမီးများ) ၁၅၀၀ မီလီဂရမ် လိုအပ်ပါတယ်။
သက်ငယ်ပိုင်းနဲ့ သက်လတ်ပိုင်းအရွယ် မွေးကင်းစမှ အသက် ၁၈ နှစ်အတွင်း ကြီးထွားဖွံ့ဖြိုးစဉ် ကာလတစ်လျှောက်လုံး ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ အဲဒီကာလအတွင်း ကယ်လ်စီယမ်ဓာတ် ပမာဏပြည့်မီတဲ့ အစားအသောက်တွေ စားပေးမှသာ အရိုးခိုင်မာခြင်းနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုး လာစေမှာဖြစ်ပါတယ်။
သက်လတ်ပိုင်းနဲ့ ကိုယ်၀န်ဆောင်အရွယ် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ကလေး အတွက် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ ကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက် မိခင်ကိုယ်တွင်းကနေ ကယ်လ်စီယမ်ဓာတ်ကို ထုတ်ယူ သုံးစွဲရတာကြောင့် ကိုယ်ဝန်ဆောင်အမျိုး သမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ပမာဏထက် ပိုမိုစားသုံးပေးဖို့လိုပါ တယ်။
သွေးဆုံးပြီးချိန်နဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတွေ သွေးမဆုံးခင်မှာ သားဥအိမ်ကနေထုတ်လုပ်တဲ့ မဟော်မုန်းဓာတ် ရှိနေတာကြောင့် အရိုးထဲမှာရှိတဲ့ ကယ်လ် စီယမ်ဓာတ်နဲ့ တခြားသတ္တုဓာတ်တွေကို လျော့နည်းမသွားအောင် အလိုအလျောက် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီးချိန်ကစပြီး မဟော်မုန်းဓာတ် တွေ လျော့နည်းသွားတာကြောင့် အရိုး တည်ဆောက်မှုဖြစ်စဉ်ထက် အရိုးကနေ ကယ်လ်စီယမ်ကို ထုတ်ယူသုံးစွဲမှု ပိုမိုများပြားလာပါတယ်။ ဒါကြောင့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ တဖြည်းဖြည်းနဲ့ အရိုးပါးလာလေ့ရှိပါတယ်။ ပျမ်းမျှ အသက် ၅၀ ကျော် အမျိုးသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်း ခန့်မှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် အရိုးကျိုးခြင်း ပြဿနာနဲ့ရင်ဆိုင်ကြရပါတယ်။ အထူး သဖြင့် ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ၊ ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက် ၂၅ ရာခိုင်နှုန်းကျော် တိုးနေသူတွေ၊ သွေးဆုံးချိန်စောသူတွေနဲ့ မျိုးရိုးမှာ အရိုးကျိုးရောဂါဖြစ်တဲ့ ရာဇဝင်ရှိသူတွေမှာ အရိုးပါးရောဂါဖြစ်လာနိုင်ဖို့ အလားအလာ ပိုနေလို့ အထူးသတိပြုသင့်ပါတယ်။
လူသားတို့အတွက် မရှိမဖြစ်ကယ်လ်စီယမ်
ကယ်လ်စီယမ်ဓာတ်က အရိုးနဲ့သွား တွေကိုကြံ့ခိုင်စေခြင်း၊ အာရုံကြောတွေကို အလုပ်လုပ်စေနိုင်ခြင်း၊ ကြွက်သားတွေကို ကျုံ့နိုင်ဆန့်နိုင်ခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို စစ်ထုတ်ပေးနိုင်ခြင်း စတဲ့ကောင်းကျိုးတွေ ရရှိစေပါတယ်။ ကျန်းမာရေးသုတေသီ တွေရဲ့လေ့လာတွေ့ရှိချက်အရ ကယ်လ် စီယမ်ဓာတ်ချို့တဲ့ရင် ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ စုဝေးလာနိုင်တဲ့အပြင် နောက် ဆက်တွဲဆိုးကျိုးတွေအဖြစ် ခြေချောင်း၊ လက်ချောင်းတွေ အကွေးအဆန့်ခက်ခဲ ခြင်း၊ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ အသားတွေအထိမခံနိုင်လောက်အောင် နာကျင်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကြွက်သားတွေ တင်းမာခြင်းနဲ့ သွေးကြော ဆိုင်ရာရောဂါတွေဖြစ်ကြတဲ့ လေဖြတ် ခြင်းနဲ့ နှလုံးရောဂါဖြစ်ခြင်း စတဲ့ရောဂါ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကို စားပေးခြင်းဖြင့် သွေးတိုးရောဂါ၊ သွေး ထဲရှိ မလိုလားအပ်တဲ့ ကိုလက်စထရော မြင့်မားမှုတွေကို လျှော့ချပေးနိုင်တဲ့အပြင် သွေးထဲရှိ သကြားပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကြွယ်ဝသော အစားအစာများ
ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အစားအစာကို နို့နှင့်နို့ဖြင့်ပြုလုပ်သော အစား အစာများကိုသာ လူသိများကြပြီး အောက်ပါအစားအစာတွေကနေလည်း ကယ်လ်စီယမ်ဓာတ်တွေကို အလုံ အလောက်ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ် ဆတ်ဆတ်ကန်စွန်းရွက်ကနေ ကယ်လ် စီယမ်ဓာတ် ၁၂ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ အဆီနည်းတဲ့ ချိစ်ကနေ ကယ်လ်စီယမ်ဓာတ် ၉၅ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ အဆီနည်း တဲ့ ဒိန်ချဉ်ကနေ ကယ်လ်စီယမ်ဓာတ် ၁၃ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ် ဆတ်ဆတ်မုန်လာထုပ်အဖြူရောင်က နေ ကယ်လ်စီယမ်ဓာတ် ၁၁ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ပဲပုပ် သို့မဟုတ် ပဲနဲ့ပြုလုပ်ထားတဲ့ တိုဟူး ကနေ ကယ်လ်စီယမ်ဓာတ် ၃၅ ရာခိုင် နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ချက်ပြုတ် ပြီးတဲ့ ရုံးပတီသီးကနေ ကယ်လ်စီ ယမ်ဓာတ် ၈ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ် ဆတ်ဆတ် အစိမ်းရောင်ပန်းဂေါ်ဖီကနေ ကယ်လ်စီယမ်ဓာတ် ၅ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ဗိုလ်စားပဲသီးကနေ ကယ်လ် စီယမ်ဓာတ် ၄ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ဗာဒံစေ့ကနေ ကယ်လ်စီယမ်ဓာတ် ၂၆ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ချက်ပြုတ် ပြီးတဲ့ ငါးသေတ္တာကနေ ကယ်လ်စီ ယမ်ဓာတ် ၃၈ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၂၇၇ မီလီဂရမ်ရှိတဲ့ အဖြူရောင်နှမ်းစေ့ကနေ ကယ်လ်စီ ယမ်ဓာတ် ၂၈ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၅၈ မီလီဂရမ်ရှိတဲ့ လတ် လတ်ဆတ်ဆတ် ထိုင်ဝမ်ဂေါ်ဖီထုပ်က နေ ကယ်လ်စီယမ်ဓာတ် ၁၆ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၉၈ မီလီဂရမ်ရှိတဲ့ အဆီ မလိုင်ပြည့်ချိစ်ကနေ ကယ်လ်စီယမ် ဓာတ် ၁၀ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၉၃ မီလီဂရမ်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ကိုက်လန်ကနေ ကယ်လ်စီယမ် ဓာတ် ၉ ရာခိုင်နှုန်းရရှိ နိုင်ပါတယ်။
- အလေးချိန် ၆၀ မီလီဂရမ်ရှိတဲ့ လတ် လတ်ဆတ်ဆတ် ဟင်းနုနယ်ရွက်ကနေ ကယ်လ်စီယမ် ဓာတ် ၆ ရာခိုင်နှုန်းရရှိ နိုင်ပါတယ်။
ကယ်လ်စီယမ်ဓာတ် ချို့တဲ့သူတွေ အနေနဲ့ ဖြည့်စွက်စာအဖြစ် ကယ်လ်စီယမ် အားဆေးကို မှီဝဲကြရတဲ့အခါ ကယ်လ် စီယမ်အားဆေးကို အစားစားပြီးချိန်မှာ သောက်သင့်ပါတယ်။ အစာနဲ့တွဲသောက်ရင် ကယ်လ်စီယမ်စုပ်ယူမှု ပိုမိုကောင်းမွန်နိုင်ပါတယ်။ ကိုယ်သောက်သုံးမယ့် ကယ်လ်စီယမ်ပမာဏကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခွဲပြီး မနက်စာ၊ နေ့လယ်စာ၊ ညစာစားပြီးချိန်တွေမှာ သောက်သုံး သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
MWD