လူတိုင်းကြိုက်နှစ်သက်သည့် စတော်ဘယ်ရီသီးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Posted_Date

Image

လူတိုင်းကြိုက်နှစ်သက်သည့် စတော်ဘယ်ရီသီးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Body

စတော်ဘယ်ရီသီးအမျိုးအစားများနှင့်စားသောက်မှုပုံစံအမျိုးမျိုးစတော်ဘယ်ရီမျိုးအနေဖြင့် ဒေသသီး၊ ထိုင်ဝမ်မျိုး အကြွပ်ချိုမွှေးစတော်ဘယ်ရီသီးနှင့်   ဂျပန်ချိုမွှေးသီးဟူ၍   သုံးမျိုးရှိသည်။ အသီးအရောင်မှာ အနီရောင်၊ ပန်းရောင်နှင့်  အဖြူရောင်များပါရှိပြီး   အသီးပုံသဏ္ဌာန်မှာ ထုလုံးချွန်ပုံမှဘဲဥပုံအထိ အမျိုးမျိုးရှိသည်။    စတော်ဘယ်ရီသီးကို  ဇူလိုင်လမှ အောက်တိုဘာလအထိ စိုက်ပျိုးကြပြီး စတင်ထွက်ရှိချိန် ဧပြီလကုန်အထိခူးဆွတ်နိုင်သည်။  စတော်ဘယ်ရီသီးကို  အချိုပွဲအဖြစ်  အသီးအတိုင်းစား၍ ရသကဲ့သို့ ငပိ၊  ငရုတ်သီးမှုန့်တို့ဖြင့် သုပ်စားခြင်း၊  ဝိုင်အဖြစ်   စိမ်သောက်ခြင်း၊ ဖျော်ရည်ပြုလုပ် သောက်သုံးခြင်း၊ စတော်ဘယ်ရီယိုထိုးစားခြင်းအပြင်  ဟင်းချက်ရာတွင်လည်း  ထည့်သွင်းအသုံးပြုနိုင်သည်။  စတော်ဘယ်ရီသီး၏အရွက်ကို  လက်ဖက်ရည်ကဲ့သို့   ဖျော်သောက်ပေးခြင်းဖြင့်လည်း အာဟာရဓာတ်များကိုရရှိစေသည်ဟု သိရသည်။ စတော်ဘယ်ရီရွက် လက်ဖက်ရည်သောက်ခြင်းသည်   နလန်ထအားအင်နည်းပါးနေသူအတွက် ကောင်းမွန်သော အာဟာရဖြစ်စေပါသည်။ 

စတော်ဘယ်ရီသီးတွင်ပါဝင်သောအာဟာရဓာတ်များ

စတော်ဘယ်ရီသီးတွင် ခန္ဓာကိုယ်ကို အကျိုးပြုစေသည့် ကာဗိုဟိုက်ဒရိတ်၊ ပက်တင်နှင့်  အမျှင်ဓါတ်၊ရေဓာတ် နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည့်အပြင်ခန္ဓာကိုယ်အတွက် အရေးပါသည့် ဗီတာမင်-C နှင့် ဖောလစ်အက်စစ် သို့မဟုတ် ဗီတာမင်-B9   နှင့် တခြားဗီတာမင်ဓာတ်များ၊ ကယ်လ်စီယမ်၊   ပိုတက်ဆီယမ်၊  မဂ္ဂနီဆီယမ်၊ မီးစုန်းနှင့် သံဓာတ်ကဲ့သို့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်သည်။

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်စတော်ဘယ်ရီသီးတွင် ပါဝင်သော ဗီတာမင်-C၊ Ellagic Acid ၊ Phytonutrients နှင့် ဖောလစ်အက်စစ်တို့က ကင်ဆာရောဂါကို တိုက်ထုတ်ပေးနိုင်သည်။ ရင်သားကင်ဆာနှင့်သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။  စတော်ဘယ်ရီသီးတွင်ပါဝင်သည့်   အမျှင်ဓာတ်က  ဝမ်းချုပ်ခြင်းကိုကင်းစေပြီးဝမ်းမှန်စေကာ  အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေနည်းစေသည်။

အရိုးများကိုသန်မာစေနိုင်စတော်ဘယ်ရီသီးတွင်မဂ္ဂနိစ်၊ ကော့ပါး၊ သံဓာတ်၊ ဖော့စဖရပ်စ်၊ ပိုတက်ဆီယမ်နှင့် ဇင့်ဓာတ်တို့ပါဝင်မှုကြောင့် အရိုးများကိုကြံ့ခိုင်စေပြီး အရိုးမပါးအောင်နှင့် အရိုးမပွအောင် ကာကွယ်ပေးနိုင်ပါသည်။ စတော်ဘယ်ရီသီးသည် မှတ်ဉာဏ်အားကို ပိုမိုကောင်းမွန်စေရန်နှင့်  မျက်စိကျန်းမာစေရန်အတွက်လည်း အထောက်အကူပြုသည်။

သွေးတိုးကိုကျစေနိုင်

စတော်ဘယ်ရီသီးတွင် ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကျစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။   သွေးကြောများကို   ပြေလျော့စေနိုင်သောကြောင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောပိတ်ခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

ဆီးချိုကိုထိန်းညှိပေးပြီးသွေးလည်ပတ်မှုကောင်းစေနိုင်စတော်ဘယ်ရီသီးတွင်   ပါဝင်သည့် အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သဖြင့် ဆီးချိုသမားများအတွက်သင့်တော်ပါသည်။ သံဓာတ်နှင့် တခြားသတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သဖြင့်   သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး  ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သည်။

အနာကျက်မြန်ဆန်စေနိုင်

စတော်ဘယ်ရီသီးတွင် ဗီတာမင်-C၊ Ellagic Acid နှင့် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်နေသောကြောင့်အနာကျက်ဖြစ်စဉ်မြန်ဆန်အောင် လှုံ့ဆော်ပေးပြီး အဖျားကိုမြန်မြန်သက်သာစေနိုင်ပါသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ ခွဲစိတ်ထားသူများ စားသုံးပေးသင့်ပါသည်။

အဆီပိုများကိုချေဖျက်ပေးပြီးကိုယ်အလေးချိန်လျော့ကျစေနိုင်စတော်ဘယ်ရီသီးတွင် ပါဝင်သည့် Ellagic Acid နှင့်  ဓာတ်တိုးဆန့်ကျင်အာနိသင်များက   ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါသည်။

နာတာရှည်ရောင်ရမ်းမှုများကြောင့် ကိုယ်အလေးချိန်တက်ခြင်းမဖြစ်အောင်   ကာကွယ်ပေးနိုင်သကဲ့သို့   ကိုယ်တွင်းရှိ ဟော်မုန်းများကိုလည်းအကောင်းဆုံးထိန်းညှိပေးပြီး ခန္ဓာကိုယ်အလေးချိန်ကျစေရန်အားပေးသည့် ဟော်မုန်းများ ထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်သည်။

ထို့ပြင် Anthocyanin  ဟုခေါ်သည့်  ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသောကြောင့်   အစားစားချင်စိတ်ကိုထိန်းညှိပေးနိုင်သည့်  Adiponectin  ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးသည်။အဆိုပါဟော်မုန်းကအဆီကို အကောင်းဆုံးချေဖျက်ပေးနိုင်သဖြင့် အမျိုးသမီးများကို သွယ်လျလှပစေပြီး အဆီပိုကင်းသည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်စေမည်ဖြစ်သည်။နှလုံးကျန်းမာရေးအတွက်လည်း  အထောက်အကူပြုပြီး   ကိုယ်အလေးချိန်ကို  ထိန်းညှိရာတွင် များစွာအထောက်အကူပြုသည်ဟု သုတေသနပညာရှင်များက ဆိုထားသည်။

အသားအရေအတွက်အထောက်အကူပြုခြင်း

စတော်ဘယ်ရီသီးအပါအဝင် ဘယ်ရီသီးတော်တော်များများသည် အရေပြားပေါ်ကဆဲလ်သေများကို  အထိရောက်ဆုံးဖယ်ရှားပေးပြီး အရေပြားဆဲလ်များအသစ်ဖြစ်ပေါ်မှုကို  အကောင်းဆုံးအား ဖြည့်ပေးနိုင်သည့် Alpha Hydroxy  Acid ကြွယ်ဝစွာပါဝင်နေသည်။ ထို့ပြင် စတော်ဘယ်ရီသီးတွင်ပါဝင်သည့်   Salicylic Acid နှင့် Ellagic Acid  တို့မှ  အသားအရောင်မညီမှုနှင့် အရေပြားတွင် အစက်အပြောက်များမဖြစ်အောင် ကာကွယ်ပေးသကဲ့သို့ အရေပြားပေါ်ကအမည်းစက်များနှင့် ဝက်ခြံအမာရွတ်များကို သက်သာစေနိုင်သည်။ ဆဲလ်သေများကို အထိရောက်ဆုံးဖယ်ရှားပေးပြီးချွေးပေါက်များကိုထိန်းညှိကာ အသားအရေကို တင်းရင်းလှပစေနိုင်သည်။ဝက်ခြံများမဖြစ်အောင်အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။စတော်ဘယ်ရီသီးတွင်ပါဝင်သည့် Pectin နှင့် ဗီတာမင်-C တို့ကလည်းကိုယ်ခံအားကိုကောင်းစေပြီး  အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ကာ ဗီတာမင်-C ကြွယ်ဝသောကြောင့်  ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲအသားအရေကိုကြည်လင်ကျန်းမာစေရန် အကောင်းဆုံးအားဖြည့်ပေးပြီး အသားအရေကောင်းစေကာ ဓာတ်မတည့်မှုကို သက်သာစေနိုင်သည့်အပြင် ဗီတာမင်-C တွင် Anti-inflammatory ဟုခေါ်သောရောင်ရမ်းမှုကို   သက်သာစေနိုင်သည့် ဂုဏ်သတ္တိရှိ၍  ဝက်ခြံကြောင့်ဖြစ်သည့်  ရောင်ရမ်းမှုများကို သက်သာအောင် ကူညီပေးနိုင်သည်။

အရွယ်တင်နုပျိုစေနိုင်

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုက  ခန္ဓာကိုယ်ကို  ဓာတ်တိုးပစ္စည်းများကြောင့် ထိခိုက်မှု၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုများကိုအထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သည့် Ly-copene ပါဝင်မှုက အရွယ်တင်စေရန် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါသည်။

ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်စတော်ဘယ်ရီသီးတွင်  ဗီတာမင်-C ကြွယ်ဝစွာပါဝင်နေမှုက ဆံသားကျန်းမာရေးကိုအကောင်းဆုံးအားဖြည့်ပေးနိုင်သည့် သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်သည်။     ဆံပင်ကျွတ်ရခြင်း၏   အဓိကအကြောင်းရင်းမှာ  သံဓာတ်နည်းသောကြောင့်ဖြစ်သဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းကင်းဝေးချင်လျှင် စတော်ဘယ်ရီသီးကို စားသုံးပေးသင့်သည်။

စတော်ဘယ်ရီဖျော်ရည်တွင်ပါဝင်သော အာဟာရဓာတ်များ စတော်ဘယ်ရီသီးကိုကြိတ်ခြေပြီး သကြားနှင့်သောက်နိုင်သကဲ့သို့ နို့စိမ်း၊ နို့ဆီ၊ နွားနို့တို့နှင့်ရောပြီးဖျော်ထားသည့် စတော်ဘယ်ရီဖျော်ရည်က အရသာရှိပြီး လူကိုလန်းဆန်းစေနိုင်ပါသည်။  စတော်ဘယ်ရီဖျော်ရည်တစ်ခွက်တွင် ဗီတာမင်-C ၊ ပိုတက်ဆီယမ်၊  ဖောလစ်အက်ဆစ်၊ မဂ္ဂနိစ်၊ကော့ပါး၊ဇင့်၊ဗီတာမင်-E၊ ကယ်လ်စီယမ်၊ ဗီတာမင်-B နှင့် သဘာဝအချိုဓာတ်များ  ပါဝင်သည့်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နှင့်    သတ္တုဓာတ်များလည်းပါဝင်နေပါသည်။ အရသာရှိသည့် စတော်ဘယ်ရီဖျော်ရည်ကို    သောက်သုံးပေးခြင်းဖြင့် အသားအရေကောင်းမွန်စေနိုင်ခြင်း၊ အရိုးများကျန်းမာကြံ့ခိုင်စေနိုင်ခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ဆီးချိုထိန်းညှိပေးခြင်း၊    သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးခြင်းနှင့်  အနာကျက်မြန်စေနိုင်ခြင်း  စသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

စတော်ဘယ်ရီသီး၏အကျိုးကျေးဇူးစတော်ဘယ်ရီသီးတွင်ပါဝင်သည့် အချည်ဓာတ်အနည်းငယ်ကြောင့် သွေးတွင်းအဆီဓာတ်များကို ထိန်းပေးနိုင်ပြီး ကိုလက်စထရောကို လျော့နည်းစေနိုင်ခြင်း၊ သွေးပေါင်ချိန်နှင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊  Pectin နှင့် ဗီတာမင်-C ဓာတ်တို့ကလည်း ကိုယ်ခံအားကောင်းစေပြီး     အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ခြင်း၊ခုခံအားကိုမြှင့်တင်ပေးနိုင်သည့်အတွက် ရောဂါပိုးမွှားများကိုကာကွယ်ပေးနိုင်ခြင်း၊    စတော်ဘယ်ရီသီးတွင် ပါဝင်သည့်အမျှင်ဓာတ်က ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေနည်းစေခြင်း၊ စတော်ဘယ်ရီသီးသည် မှတ်ဉာဏ်အားကိုပိုကောင်းမွန်စေရန်နှင့်   မျက်စိကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း အထောက်အကူပြုခြင်း၊ စတော်ဘယ်ရီသီးကို နွေရာသီတွင် အပူများပြီးနှုတ်ခမ်းခြောက်တတ်သူများ၊  ချောင်းခြောက်မကြာခဏဆိုးလေ့ရှိသူများ၊ မကြာခဏဝမ်းကိုက်တတ်သူများ၊ ဝမ်းချုပ်တတ်သူများပို၍စားသုံးသင့်သည်။ ထို့ပြင်စိတ်ကိုပျော်ရွှင်စေနိုင်သည့် Serotonin ဟော်မုန်းကိုအားပေးနိုင်ပြီး အနာကျက်လွယ်စေသည့်   အကျိုးကျေးဇူးများကိုပါရရှိနိုင်သည်။

အနှစ်ချုပ်ဆိုရသော် စတော်ဘယ်ရီသီးကိုစားသုံးရန်ဝယ်ယူရာတွင် ဘေးဥပဒ်မဖြစ်စေရန်ကျန်းမာရေးအတွက်လည်း အကောင်းဆုံးဖြစ်စေရန်လတ်ဆတ်သည့်အသီးများကို ရွေးချယ်ဝယ်ယူကြရမည်ဖြစ်သည်။ထို့ကြောင့်နီရဲတောက်ပြောင်တင်းရင်းပြီးအသီးအပေါ်တွင်လတ်ဆတ်သည့်အရွက်စိမ်းစိမ်းလေးရှိနေသော  အသီးမျိုးကိုသာ ရွေးချယ်ဝယ်ယူသင့်ပါသည်။အရောင်အဆင်းရောအရသာပါပြည့်စုံပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးနိုင်သည့် စတော်ဘယ်ရီသီးကို နေ့စဉ်စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal