ယခုနှစ်ဇွန်လအတွင်း ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်း ဒုတိယမြောက်လအဖြစ် ဆက်လက်မြင့်တက်
ဗန်ကောက် ဇူလိုင် ၂၄
ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှုန်းသည် ယခုနှစ် ဇွန်လတွင် ဒုတိယမြောက်လ အဖြစ် ဆက်လက်မြင့်တက်လာခဲ့ သည်ဟု ယနေ့သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။
ယခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်းမှာ အစင်းရေ ၁၃၀၂၂၃ စီး ရှိခဲ့ပြီး ယမန်နှစ် ဇွန်လကထယ် ၁၁ ဒသမ ၉၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ်က ယနေ့တွင်ထုတ်ပြန် သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ ယခုနှစ်မေလ မော်တော်ယာဉ် ထုတ်လုပ်မှုနှုန်း မှာလည်း ယမန်နှစ် မေလကထက် ၁၀ ဒသမ ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ၏ အကြီးမားဆုံးမော်တော် ယာဉ်ထုတ်လုပ်မှုလုပ်ငန်းဗဟိုချက် နိုင်ငံဖြစ်သည်။
တိုယိုတာနှင့်ဟွန်ဒါ အပါအဝင်ကမ္ဘာ့ထိပ်တန်း မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ သည် ထိုင်းနိုင်ငံ၌ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ အခြေ စိုက်ထားသည်။
ထိုင်းပြည်တွင်း၌လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ ထုတ်လုပ်မှုနှုန်းသည်လည်း ယခု နှစ်ဇွန်လတွင် မြင့်တက်လာခဲ့ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO