တရုတ်(တိုင်ပေ) ရှိ TSMC ကုမ္ပဏီက မတည်ရင်းနှီးငွေ ဒေါ်လာတစ်ထရီလီယံရှိ ပထမဆုံးသော အာရှကုမ္ပဏီဖြစ်လာ

News Image

  • တရုတ်(တိုင်ပေ) ရှိ TSMC ကုမ္ပဏီက မတည်ရင်းနှီးငွေ ဒေါ်လာတစ်ထရီလီယံရှိ ပထမဆုံးသော အာရှကုမ္ပဏီဖြစ်လာ

တရုတ်(တိုင်ပေ)ရှိ ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း   ထုတ်လုပ်ရေးကုမ္ပဏီ   TSMC   ၏ မတည်ရင်းနှီးငွေပမာဏသည် ဒေါ်လာတစ်ထရီလီယံအထိ မြင့်တက်လာပြီးနောက် ၎င်းကုမ္ပဏီသည် ရင်းနှီးမတည်ငွေ ဒေါ်လာတစ်ထရီလီယံအထိရောက်ရှိလာသည့် ပထမဆုံးသော အာရှကုမ္ပဏီ ဖြစ်လာခဲ့ကြောင်း ကုန်သွယ်ရေးအချက်အလက်များတွင် ဖော်ပြထားသည်။

TSMC ကုမ္ပဏီ၏  ရင်းနှီးမတည်ငွေပမာဏသည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းမှစ၍  ဒေါ်လာတစ်ထရီလီယံအထိ မြင့်တက်လာခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ၎င်းတန်ဖိုးပမာဏကို  ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ အဆိုပါကုမ္ပဏီ၏ရင်းနှီးမတည်ငွေပမာဏ   မြင့်တက်လာခြင်းမှာ AI နည်းပညာတိုးတက်လာမှုကြောင့်တစ်ကမ္ဘာလုံးမှ chip ပြားဝယ်လိုအား အဆမတန်မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

လက်ရှိတွင်  TSMC  ကုမ္ပဏီသည် အမေရိကန်  ကုမ္ပဏီကြီးများဖြစ်သည့် Nvidia၊ Apple၊ Microsoft၊ Amazon နှင့် Meta တို့နှင့် ရင်ပေါင်တန်းလျက်ရှိသည်။

ထို့ပြင် TSMC ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုရှိ Nvidia နှင့် Apple စသည့် ကုမ္ပဏီကြီးများ အပါအဝင် အမေရိကန်ဖောက်သည်များအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ဖြန့်ချိပေးနေသည့် အဓိကကုမ္ပဏီကြီးအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် TSMC ကုမ္ပဏီအတွက် ဝင်ငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို အမေရိကန် ပြည်ထောင်စုရှိ ကုမ္ပဏီများထံမှရရှိခဲ့ခြင်းဖြစ်ကြောင်း  Reuters  သတင်းဌာနကဖော်ပြထားသည်။

Ref: Rt

MWD Web Portal