ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးကို Zvezda က ထုတ်ဖော်ပြသ

News Image

  • ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးကို Zvezda က ထုတ်ဖော်ပြသ

ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးတစ်ရုံအတွင်းရှိ ဒရုန်းများကို  ရုရှားမီဒီယာတစ်ခုက ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ ဒရုန်းတပ်ဆင်ရေးစက်ရုံသည် နိုင်ငံအလယ်ပိုင်း တာတာစတန်ဒေသ အလာဘူဂါ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံတစ်ရုံဖြစ်ပြီး ၎င်းစက်ရုံအတွင်းရှိ ဒရုန်းရာပေါင်းများစွာကို ရုရှားမီဒီယာကြီးတစ်ခုဖြစ်သည့် Zvezda က ပြီးခဲ့သည့်   ရက်သတ္တပတ်အကုန်ပိုင်းက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါစက်ရုံအတွင်း၌  တပ်ဆင်ထားသည့် ဒရုန်းများကို  ယူကရိန်း ပဋိပက္ခတွင် အသုံးပြုရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါစက်ရုံသည်  အဓိကအားဖြင့် ရိုးရှင်းပြီး  ငွေကုန်ကြေးကျသက်သာသည့်အပြင်  ပစ်မှတ်များကို  တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိသည့် Geran အမျိုးအစားဒရုန်းများကို ထုတ်လုပ်တပ်ဆင်နေခြင်းဖြစ်သည်။

အဆိုပါစက်ရုံတွင် ယခင်က အရေအတွက်အားဖြင့်  Geran   အမျိုးအစားဒရုန်း ရာပေါင်းများစွာကိုသာ ထုတ်လုပ်တပ်ဆင်ရန်  လျာထားခဲ့သော်လည်း  ယခုအခါ လိုအပ်ချက်အရ ယခင်ကထုတ်လုပ်သည့် ပမာဏထက် ကိုးဆကျော် ထုတ်လုပ်တပ်ဆင်လျက် ရှိကြောင်း   အလာဘူဂါ အထူးစီးပွားရေးဇုန်မှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

Geran ဒရုန်းသည် တာဝေးပျံဒရုန်း အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၁၈၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်သည့်အပြင် အလေးချိန် ၄၀ ကီလိုဂရမ်မှ ၅၀ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို သယ်ဆောင်နိုင်စွမ်း ရှိသည်။

MWD Web Portal