နယူးဒေလီမြို့အနီးတွင် သံရုံးအတုဖွင့်လှစ်ခဲ့သည့် စီးပွားရေး သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး

News Image

  • နယူးဒေလီမြို့အနီးတွင် သံရုံးအတုဖွင့်လှစ်ခဲ့သည့် စီးပွားရေး သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီးတွင် သံရုံးအတုဖွင့်လှစ်ခဲ့သည့် စီးပွားရေးသမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အိန္ဒိယရဲတပ်ဖွဲ့သည်   အသက် ၄၅ နှစ်အရွယ်   ဟာ့ရှ်ဗာဒန်ဂျိန်းအမည်ရှိ အမျိုးသားတစ်ဦးအား လက်တွေ့တွင် တကယ်မရှိသည့် နိုင်ငံများအား ကိုယ်စားပြုသည့် သံရုံးအတု ဖွင့်လှစ်မှုဖြင့် ဂါဇီယာဘတ်မြို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၄ ရက်တွင် ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဗာဒန်ဂျိန်းသည် အနောက်အာဖရိကရှိ နိုင်ငံအတုများဖြစ်သည့် ဆာဘော်ဂါ၊ ပူဗီယားနှင့် လန်ဒန်နီးယား စသည့်နိုင်ငံများ၏  သံအမတ်သို့မဟုတ် ကောင်စစ်ဝန်အဖြစ် ဟန်ဆောင်ခဲ့ပြီး ငှားရမ်းထားသည့် ၎င်း၏နေအိမ်တွင်လည်း သံမှူးအဆောင်အယောင်များကို နေအိမ်တွင် ချိတ်ဆွဲဖော်ပြထားကြောင်း အွတ်တာပရာဒေ့ရှ်ပြည်နယ် အထူးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ဗာဒန်ဂျိန်းသည် ၎င်းနေထိုင်သည့် နေအိမ်တွင်လည်း တကယ်မရှိသည့် အလံများကို လွှင့်ထူထားပြီး စာရွက်စာတမ်းအတုများနှင့် လိမ်လည်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု  ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။

ရဲတပ်ဖွဲ့သည်  ၎င်းအား ဖမ်းဆီးစဉ် ၎င်း၏နေအိမ်အတွင်း၌   သံအမှုထမ်း နံပါတ်ပြားတပ် မော်တော်ကားလေးစင်း၊ နံပါတ်ပြားအတု ၂၀ ခု၊ သံအမှုထမ်းများကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်အတု ၁၂ ခု၊ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင်   အသိအမှတ်ပြုထားသည့် သက်သေအထောက်အထား အတုများနှင့် အခြားစာရွက်စာတမ်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။   

MWD Web Portal