ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးစေ့စပ်ဆွေးနွေးမှုမှ ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် ပြန်လည်ခေါ်ယူ

News Image

  • ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးစေ့စပ်ဆွေးနွေးမှုမှ ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် ပြန်လည်ခေါ်ယူ

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက်  စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ဟားမက်အဖွဲ့၏ တုံ့ပြန်မှုကြောင့်  အမေရိကန်က  ၎င်းတို့၏ ကိုယ်စားလှယ် အဖွဲ့ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း   အရှေ့အလယ်ပိုင်းဆိုင်ရာ  အမေရိကန်အထူးကိုယ်စားလှယ် စတိဝှစ်ကော့က ဇူလိုင်လ ၂၄ ရက်တွင်ထုတ်ပြန်သည်။

ပါလက်စတိုင်းအဖွဲ့ဖြစ်သည့် ဟားမက်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချမှတ်ရန် ဆန္ဒမရှိကြောင်းကို ဖော်ပြနေခြင်းကြောင့် အမေရိကန်   ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် အစိုးရက ဒိုဟာမြို့မှ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် အစ္စရေးနိုင်ငံက ထောင်ဒဏ်တစ်သက်ကျခံနေရသည့် ပါလက်စတိုင်းအကျဉ်းသား ၁၂၅ ဦးအား ဟားမက်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများနှင့် လဲလှယ်ရန်   ဇူလိုင်လ ၂၃ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ သို့သော် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဟားမက်တို့အကြား သဘောထားကွဲလွဲခဲ့ဖွယ်ရှိသည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် ဖမ်းဆီးခံထားရသည့် ဓားစာခံများပြန်လည် လွတ်မြောက်ရေးအတွက် အခြားနည်းလမ်းများကို အသုံးပြုလုပ်ဆောင်ရန် စဉ်းစားမည်ဖြစ်ကြောင်း စတိဝှစ်ကော့က ထပ်လောင်း ပြောကြားသည်။

MWD Web Portal