ဂျပန်ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာ ရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်
ဂျပန်နိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်က ကျင်းပခဲ့သည့် အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အာဏာရညွန့်ပေါင်းအစိုးရက အမတ်နေရာအများစုကို ဆုံးရှုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာ အနေဖြင့် ရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ခိုမေတိုပါတီတို့ပါဝင်ပြီး ၎င်းပါတီကြီးနှစ်ခုသည် အထက်လွှတ်တော်တွင် အမတ်နေရာအလုံအလောက်မရရှိခဲ့ပေ။ ထို့ကြောင့် ဝန်ကြီးချုပ် အီရှီဘာအနေဖြင့် ၎င်း၏ရာထူးမှတရားဝင်နုတ်ထွက်ခြင်းကို ယခုနှစ် ဩဂုတ်လအကုန်ပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိသည်။
ရွေးကောက်ပွဲ၌ LDP ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်အီရှီဘာသည် ယခင်ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် ယူရှီဟီဒေဆူဂါ၊ ဖူမီယို ကီရှီဒါနှင့် တာရိုအာဆိုတို့နှင့်တွေ့ဆုံ၍ တောင်းပန်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှအရင်းအမြစ်များကပြောသည်။
ရွေးကောက်ပွဲတွင် အမတ်နေရာအလုံအလောက်မရရှိခြင်းသည် ဝန်ကြီးချုပ်အီရှီဘာ ဦးဆောင်သည့် LDP အတွက် ဒုတိယအကြိမ်မြောက် ဆုံးရှုံးမည်ဖြစ်သည်။ အီရှီဘာ၏ ပါတီသည် ပြီးခဲ့သည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း လိုအပ်သည့် အမတ်နေရာမရရှိခဲ့သော်လည်း အတိုက်အခံပါတီ အတွင်း၌ ကွဲပြားမှုနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေခြင်းကြောင့် အီရှီဘာ အနေဖြင့် ရာထူးမှ မနုတ်ထွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Ref: Ts