သမ္မတဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး နောက်ထပ်အစီအစဉ်အသစ်ကို အတည်ပြု

News Image

  • သမ္မတဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး နောက်ထပ်အစီအစဉ်အသစ်ကို အတည်ပြု

သမ္မတဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး နောက်ထပ်အစီအစဉ်အသစ်ကို အတည်ပြုလိုက်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအားစစ်ရေးအကူအညီပေးရေးအစီအစဉ်သစ်ကို အတည်ပြုခဲ့ပြီး ယင်းအစီအစဉ်တွင် လေကြောင်းကာကွယ်ရေး ပစ္စည်းများ၊ လက်နက်ကြီးများ၊ ဒရုန်းများနှင့် သံချပ်ကာယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး  ဂျွန်ကတ်ဘီ က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ပြောကြားခဲ့သည်။

၇၂ ကြိမ်မြောက် အဆိုပါစစ်ရေးအကူအညီအစီအစဉ်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ UAVများ၊ လက်နက်ကြီးများနှင့် သံချပ်ကာယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ကိုးကား - RIA သတင်းအေဂျင်စီ