တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူထိန်းသိမ်းရေးစခန်းဖွင့်ပွဲသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်ရောက်နိုင်

News Image

  • တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူထိန်းသိမ်းရေးစခန်းဖွင့်ပွဲသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်ရောက်နိုင်

နယူးယောက် ဇွန် ၃၀ 
တရားမ၀င် ရွှေ့ပြောင်းဝင် ရောက်သူများကို ယာယီထိန်းသိမ်းရန် ဖလော်ရီဒါတောင်ပိုင်း၌ တည်ဆောက်ထားသော ထိန်းသိမ်းရေး စခန်းသစ်ဖွင့်ပွဲသို့ သမ္မတဒေါ်နယ် ထရမ့်တက်ရောက်ဖွယ်ရှိကြောင်းဇွန် ၂၉ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေ ဖြင့် ဇူလိုင် ၁ ရက်တွင် အယ်လ်ဂေတာအယ်လ်ကာထရက်ဇ်အမည် ရှိ အဆိုပါ ယာယီထိန်းသိမ်းရေး စခန်းသစ်ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။

သမ္မတဒေါ်နယ်ထရမ့်နှင့်အတူ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနာနိုအမ်လည်းလိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

အယ်လ်​​​ဂေတာအယ်လ်ကာ ထရက်ဇ် ယာယီထိန်းသိမ်းရေးစခန်းကို မိကျောင်းနှင့် စပါးကြီးမြွေများပေါများသည့် အဲဗားဂလိတ်ဒေသ၌ တည်ဆောက်ထား ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတရာထူးစတင် ရရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီး ခြင်း၊ နယ်နှင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ယခုနှစ် ဇွန် ၁၅ ရက်အရောက်တွင် အမေရိကန်နိုင်ငံတစ်ဝန်းရှိဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသူ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက်မှာ ၅၆၀၀၀ထိ ရှိလာ ကြောင်း သိရသည်။ 

Ref : Xinhu

Trs: KKO

YDNB Newspaper