ရုရှားနိုင်ငံက အာဖရိကနိုင်ငံတစ်ခုတွင် နျူကလီးယား စမ်းသပ်စီမံကိန်း လုပ်ဆောင်နေ

News Image

  • ရုရှားနိုင်ငံက အာဖရိကနိုင်ငံတစ်ခုတွင် နျူကလီးယား စမ်းသပ်စီမံကိန်း လုပ်ဆောင်နေ

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်ထိပ်သီးကုမ္ပဏီ Rosatom ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Mantra Tanzania Ltd သည် တန်ဇန်းနီးယားနိုင်ငံတွင် ယူရေနီယမ်ထုတ်လုပ်ရေး စမ်းသပ်စက်ရုံကို စတင်လည်ပတ်ခဲ့ကြောင်း ဗဟိုအစိုးရပိုင် ကုမ္ပဏီမှ ဇူလိုင် ၃၀ ရက်နေ့ တွင် ကြေညာခဲ့သည်။ အဆိုပါစီမံကိန်းသည် လာမည့်နှစ်တွင် အလုံးစုံ တည်ဆောက်မည့် စက်ရုံအတွက် နည်းပညာများကို စမ်းသပ်ရန် ရည်ရွယ် သည်ဟု ဆိုသည်။

Rosatom ၏ ထုတ်ပြန်ချက်အရ Mantra Tanzania Ltd ၏ အဆိုပါ ဆောင်ရွက်ချက်သည် တန်ဇန်းနီးယားတောင်ပိုင်းရှိ Mkuju River Uranium Project (MRP) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါ ဒေသတွင်း ကုမ္ပဏီသည် Rosatom ၏ Uranium One Group လက်အောက်တွင် တန်ဇန်းနီးယားနိုင်ငံ၌ ဆယ်စုနှစ်ကျော်ကြာ လုပ်ငန်းလည်ပတ်ခဲ့သည်။

Rosatom ၏ အဆိုအရ Nyota သိုက်တွင် စမ်းသပ်စီမံကိန်းပြီးနောက် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တည်ဆောက်မည့် အဓိကထုတ်လုပ်မှု စက်ရုံ သည် ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး နှစ်စဉ် ယူရေနီယမ် တန်ချိန် ၃၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

"Rosatom သည် တန်ဇန်းနီးယား၏ ထူးခြားသော ဘူမိဗေဒ အလား အလာကို ဖွံ့ဖြိုးစေရန် ၎င်း၏ အဆင့်မြင့်ယူရေနီယမ် စီမံခန့်ခွဲမှု နည်းပညာများကို ပံ့ပိုးပေးနေပြီး ကမ္ဘာ့နျူကလီးယားစွမ်းအင်လုပ်ငန်းသို့ ပေါင်းစည်းရာတွင် အရေးကြီးသောခြေလှမ်းတစ်ရပ်ကို ကူညီနိုင်မှု အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်ပါသည်" ဟု Rosatom ၏ အမှုဆောင် အရာရှိချုပ် Aleksey Likhachev က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် အာဖရိကနှင့် အခြားဒေသများရှိ စိတ်ဝင်စားသော နိုင်ငံ များနှင့် မော်စကို၏ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်း၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဓိကစီမံကိန်းများတွင် ပါဝင် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂