ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အလက်စကာပြည်နယ်သို့ ရောက်ရှိ လာကြောင်း ကရင်မလင် မှ သတင်းထုတ်ပြန်
အလက်စကာပြည်နယ်၊ အန်ကားရေ့ချ်မြို့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လေယာဉ်များသည် တစ်ချိန်တည်းလိုလို ဆင်းသက်လာခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး မျက်နှာ ချင်းဆိုင် ဦးတည်လျှောက်လှမ်းလာခဲ့ကြပြီး၊ ရုရှားခေါင်းဆောင်၏ အမေရိကန်မြေပေါ် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အထူးအလေးပေး ကြိုဆိုခဲ့ပါသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် အလက်စကာသို့ ရောက်ရှိလာချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်က နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ ၎င်းတို့ နှစ်ဦး သည် အစောင့်တပ်ဖွဲ့၏ ဂုဏ်ပြုတပ်ဖွဲ့ရှေ့မှ ဖြတ်သန်းကာ အနီရောင် ကော်ဇောပေါ်တွင် လျှောက်လှမ်းခဲ့ကြသည်။ ထို့နောက် တရားဝင် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ကိုးကား - ကရင်မလင်
MM-News-Category