ရုရှားထံ Donbass ဒေသ ပေးအပ်၍ ငြိမ်းချမ်းရေးပြုလုပ်မည့် အစီအစဉ် ကို ထရမ့်က ဥရောပခေါင်းဆောင်များထံ ဖုန်းဖြင့်ပြောကြား

News Image

  • ရုရှားထံ Donbass ဒေသ ပေးအပ်၍ ငြိမ်းချမ်းရေးပြုလုပ်မည့် အစီအစဉ် ကို ထရမ့်က ဥရောပခေါင်းဆောင်များထံ ဖုန်းဖြင့်ပြောကြား

ရုရှားတပ်များ၏ ထိန်းချုပ်မှုအောက်ရှိ ဒေသများအပါအဝင် Donbass ဒေသကို ယူကရိန်းက ရုရှားထံ စွန့်လွှတ်ပေးအပ်၍ ငြိမ်းချမ်းရေး ပြုလုပ်မည့် သဘောတူညီချက်ကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် အလက်စကာထိပ်သီး အစည်းအဝေးတွင် အဆိုပြု ခဲ့ကြောင်း ဥရောပထိပ်တန်းအရာရှိများ ပြောကြားချက်ကို ကိုးကား၍ New York Times က ဖော်ပြထားပါသည်။ 

အလက်စကာတွေ့ဆုံမှုအပြီး ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ၊ ဥရောပခေါင်းဆောင်များ၊ နေတိုးအတွင်းရေးမှူးချုပ်၊ ဥရောပ ကော်မရှင် ဥက္ကဋ္ဌတို့ကို ဖုန်းခေါ်ဆိုခဲ့ပါသည်။ ယူကရိန်း-ရုရှားအကြား အပစ်အခတ် ရပ်စဲရေးတောင်းဆိုမှုကို ပယ်ချကာ နောက်ဆုံးငြိမ်းချမ်းရေး သဘော တူညီချက်တစ်ရပ် တိုက်ရိုက်ပြုလုပ်သင့်ကြောင့် ဒေါ်နယ်ထရမ့်က ပြောကြားထားပါသည်။

ဒေါ်နယ်ထရမ့်သည် လာမည့် ဩဂုတ် ၁၈ ရက်တွင် ဇီလန်စကီးနှင့် အိမ်ဖြူတော်၌ တွေ့ဆုံရန် စီစဉ်ထားပါသည်။ ထိုတွေ့ဆုံမှု အောင်မြင်ပါက ပူတင်နှင့် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း ၄င်းက ပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo Crd to The Guardian