ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆို

News Image

  • ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆို

ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ကာဇက်စတန်နိုင်ငံ Aktau မြို့အနီး ဒီဇင်ဘာ ၂၅ ရက်နေ့က အဇာဘိုင်ဂျန် လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီး ပျက်ကျမှုနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

ရုရှားလေပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ကြေကွဲဖွယ်ဖြစ်ရပ်အတွက် သမ္မတဗလာဒီမာ ပူတင်က တောင်းပန်ခဲ့ပြီး သေဆုံးသူများ၏ မိသားစုများအား လေးလေးနက်နက် ကြေကွဲဝမ်းနည်းကြောင်း ထပ်မံ ပြောကြားခဲ့ပြီး ဒဏ်ရာရသူများအား အမြန်ပြန်ကောင်း လာစေရန် ဆုတောင်းပေးခဲ့ပါသည်။

အချိန်ဇယားအတိုင်း တိတိကျကျသတ်မှတ်ထားသည့် အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်သည် Grozny လေဆိပ်သို့ ထပ်ခါတလဲလဲ ဆင်းသက်ရန် ကြိုးစား ခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ စကားပြောဆို မှုတွင် သတိပြုမိခဲ့ပါသည်။ အဆိုပါအချိန်တွင် Grozny၊ Mozdok နှင့် Vladikavkaz ဒေသတို့သည် ယူကရိန်း တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်နေ သောကြောင့် ရုရှားလေကြောင်းကာကွယ်ရေးစနစ်များ က အဆိုပါတိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နေ ကြောင်းဖော်ပြထားပါသည်။ ရုရှားနိုင်ငံ၏ စုံစမ်း စစ်ဆေးရေးကော်မတီသည် ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၆၃ (ယာဉ်အန္တရာယ်ကင်းရှင်းရေး စည်းကမ်း ဖောက်ဖျက်မှုနှင့် လေကြောင်းပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်မှု) အရ ပဏာမ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အထူးကျွမ်းကျင်သူများကို စစ်ဆေးမေးမြန်းလျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် အဇာဘိုင်ဂျန် အစိုးရ ရှေ့နေချုပ်ရုံးမှ ဝန်ထမ်းနှစ်ဦးသည် Grozny သို့ရောက် ရှိနေပြီး အထွေထွေအစိုးရရှေ့နေရုံးနှင့် ရုရှားဖက်ဒရေးရှင်း ၏ စုံစမ်းစစ်ဆေးရေးကော်မတီတို့မှ ကိုယ်စားလှယ် များနှင့်အတူ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက် နေကြောင်း ဖော်ပြထားပါသည်။ 

ကိုးကား - kremlin.ru