မက္ကဆီကိုပင်လယ်ကွေ့ အစား အမေရိကန် ပင်လယ်ကွေ့ ဟု ခေါ်ဝေါ်မည်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက်ရှိလာချိန်တွင် မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ဟု ပြောင်းလဲခေါ်ဝေါ်မည့် စီမံအုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်ရန် စီစဉ်နေကြောင်း Fox News က ဖော်ပြထားပါသည်။
သတင်းအရင်းအမြစ်တစ်ခုအရ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် သမ္မတကျမ်းသစ္စာဆိုပွဲပြီးနောက် မက္ကဆီကို ပင်လယ်ကွေ့အမည်ပြောင်းလဲခြင်း အမိန့် အပါအဝင် စီမံအုပ်ချုပ်ရေးအမိန့် ၂၀၀ ကျော် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ ဇန်နဝါရီ ၇ ရက်က ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင်ပြောကြားသည့်မိန့်ခွန်း၌ အဆိုပါပင်လယ်ကွေ့အမည် ပြောင်းလိုသည့် အစီအစဉ်ကို ထည့်သွင်းပြောကြားခဲ့ပြီး ထိုအမည်နာမမှာ လှပ၍ သင့်လျော်မှုရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
ကိုးကား-TASS
Photo: KOMO News
MM-News-Category