ထိုင်းဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း

News Image

  • ထိုင်းဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း

ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာ၀ပ်သည် ပြည်တွင်း၌ နိုင်ငံရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရစဉ် ဇွန်လ ၂၃ ရက်တွင် အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုလုပ်ဆောင်ကြောင်းသိရသည်။ 
ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့ဖုန်းဆက်စကား ပြောထားသည့်အသံဖိုင်ပေါက်ကြားလာပြီးနောက် ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့မှ အဓိကမဟာမိတ်ပါတီဖြစ်သည့် ဘွမ်ဂျိုင် ထိုင်းပါတီက နုတ်ထွက်သွားသည့်အတွက် ထိုင်းအစိုးရအဖွဲ့အနေဖြင့် ပြုတ်ကျရလုနီးပါးဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ပေထုန်ထန်ရှင်နာဝပ်သည် ဝန်ကြီးချုပ်ရာထူးမှဆင်းပေးရန် တောင်းဆိုမှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 
သို့သော် ညွန့်ပေါင်းအစိုးရအဖွဲ့ကွင် ကျန်ရှိသည့်ပါတီ ၁၀ ခုက ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်းထုတ်ပြန်ပြီး နောက် ဘွမ်ဂျိုင်ထိုင်းပါတီနုတ်ထွက်မှု ကြောင့် လစ်လပ်သွားသည့်ဝန်ကြီးနေရာများကို အစားထိုးကာ အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST

MWD Daily Newspaper

photo- Bangkok post