ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကိုစတင်လိုက်ပြီဟု မက်ဗီဒက်ပြော

News Image

  • ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကိုစတင်လိုက်ပြီဟု မက်ဗီဒက်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက် ဗီဒက်က ဇွန်လ ၂၂ ရက်တွင်ပြောသည်။ 
"ငြိမ်းချမ်းရေးဆောင်ကြဉ်းသူသမ္မတအဖြစ် တာဝန်ယူရန်ရောက်ရှိလာတဲ့ ဒေါ်နယ်ထရမ့်က အမေရိကန်အတွက် စစ်ပွဲအသစ်တစ်ခုကို စတင်လိုက်ပါပြီ။ အခုအတိုင်းသာဆိုရင် ထရမ့်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုကိုမရနိုင်တော့ပါဘူး" ဟု မက်ဗီဒက်က ၎င်း၏လူမှုကွန်ရက်တွင်ရေးထားခြင်းဖြစ်သည်။

ထို့ပြင် တင်းမာလာသည့်နောက်ဆက်တွဲအခြေအနေများက ဒေသတွင်းပြင်ပကိုပါကျော်လွန်နိုင်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်၏ကြိမ်းသေလက်တုံ့ပြန် တိုက်ခိုက်မှုများကို နားလည်ထားကြောင်း၊ ထိုအခြေအနေများအားလုံးက ထိပ်တိုက် တွေ့ဆုံမှုကို နောက်တစ်ဆင့်သို့ရောက်ရှိသွားစေပြီး ကမ္ဘာစစ်ကြီးဖြစ်ပွားစေနိုင်သည့် အန္တရာယ်မှာမြင့်မားလာကြောင်း ဒူးမားလွှတ်တော်မှတာဝန်ရှိသူတစ်ဦးက ပြောထားသည်။

Ref: TST

Photo - Reuters