ဓားစာခံများကို လွှတ်မပေးပါက အစ္စရေး-ဟားမက်စ် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းမည်ဟု Trump အရိပ်အမြွက်ဆို
ဂါဇာကမ်းမြှောင်တွင် ဖမ်းဆီးထားသည့် ဓားစာခံများကို ဟားမက်စ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ လွှတ်မပေးပါက အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ဖေဖော်ဝါရီ ၁၀ ရက်နေ့က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
အစ္စရေးက သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့ကာ ဓားစာခံများ ပြန်လွှတ်ပေးရေး ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့ပြီးနောက် အဆိုပါကြေညာချက်ကို အစ္စရေးက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါသည်။
ထရမ့်ကလည်း ဓားစာခံများလွှတ်မပေးပါက ဟားမက်စ်များကို အပြီးတိုင် ချေမှုန်းမည်ဟု ကြုံးဝါးထားခဲ့သည်။
ကိုးကား-NHK World
MM-News-Category