နေတိုးထိပ်သီးညီလာခံတက်မည့်အစီအစဉ် ဂျပန်ဝန်ကြီးချုပ်အီရှီဘာ ဖျက်သိမ်း
တိုကျို ဇွန် ၂၃
နယ်သာလန်နိုင်ငံ၌ ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် မြောက်အတ္တလန်တစ် စာချုပ်အဖွဲ့ (နေတိုး)ထိပ်သီးညီလာခံ တက်ရောက်မည့်အစီအစဉ်ကို ဂျပန် ဝန်ကြီးချုပ် အီရှီဘာက ဖျက်သိမ်းထားကြောင်း ယနေ့သတင်းများတွင် ရေးသားဖော်ပြထားသည်။
နေတိုးထိပ်သီးညီလာခံ၌ နေတိုးအဖွဲ့နှင့် အင်ဒို-ပစိဖိတ်လေးနိုင်ငံ အုပ်စု(အိုင်ပီ ၄)တို့ကြား သီးခြား ဆွေးနွေးပွဲ ဖြစ်မြောက်နိုင်မှုမရှိခြင်းကြောင့် နေတိုးထိပ်သီး ညီလာခံတက်ရောက်ရေးအစီအစဉ် ကိုဖျက်သိမ်းရန် ဝန်ကြီးချုပ် အီရှီဘာက စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒို-ပစိဖိတ် လေးနိုင်ငံအုပ်စုတွင် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ပါဝင်သည်။
ယခုနှစ် နေတိုးထိပ်သီးညီလာခံ သို့တက်ရောက်မည့် အစီအစဉ်ကို တောင်ကိုရီးယား၊ ဩစတြေးလျ နှင့် နယူးဇီလန်ခေါင်းဆောင်များ ကလည်း ဖျက်သိမ်းထားသည်။
ဂျပန်ခေါင်းဆောင်များသည် ပုံမှန်အားဖြင့် ၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ နေတိုးထိပ်သီး ညီလာခံများ၌ ပုံမှန်ပါဝင်ခဲ့သည်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ ကို ၂၀၂၂ ခုနှစ်တွင် စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့ သည် ဂျပန်နိုင်ငံကို နေတိုးညီလာခံ သို့ ပုံမှန်ဖိတ်ကြားခဲ့ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
Photo - Reuters
YDNB Newspaper