အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိ

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိ

တီဟီရန် ဇွန် ၂၉

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီသည် ရုရှား သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေး ရေးအတွက် ယနေ့တွင် မော်စကို မြို့သို့ရောက်ရှိနေသည်။

အီရန် နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့မှာပင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးဖွယ် ရှိကြောင်း အီရန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။

အီရန်နျူကလီးယားအဆောက် အအုံများကို အမေရိကန်နိုင်ငံက စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီး ၄၈ နာရီအကြာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ ရုရှားနိုင်ငံ သို့ရောက်ရှိနေခြင်းဖြစ်သည်။

အီရန်နိုင်ငံအား အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့က စစ်ရေးအရ တိုက်ခိုက်မှုကို ရုရှားနိုင်ငံက ရှုတ်ချထားသည်။

ရုရှားနိုင်ငံခရီးစဉ်အတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီသည် ရုရှားသမ္မတ ပူတင်အပြင် အခြားရုရှားထိပ်တန်း ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း အီရန်မီဒီယာများ ထုတ်ပြန်ထားသည်။

ရုရှားနှင့် အီရန်နိုင်ငံတို့သည် မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ဆက်ဆံရေးရှိထားသော နိုင်ငံများဖြစ်ကြသည်။

 Ref : RT

YDNB Newspaper