ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ် လူဝင်လူထွက်ပိတ်ပင်
ဗန်ကောက် ဇွန် ၂၄
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ်က ဇွန် ၂၃ ရက်တွင် လူဝင်လူထွက် စတင် ပိတ်ပင်ထားကြောင်း သိရသည်။
အဆိုပါ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ကျောင်းသားများနှင့် ဆေးဝါးကုသမှုခံယူမည့်သူများမှလွဲ၍ မော်တော်ယာဉ်နှင့် ခြေလျင်ခရီးသည်များ ဝင်ရောက်မှုကို ထိုင်းဘုရင့်ကြည်းတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။
မေ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲတစ်ခုကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်းဘုရင့်ကြည်းတပ် က ကမ္ဘောဒီးယားနိုင်ငံနှင့်ဆက်စပ်နေသော ပြည်နယ်မြောက်ပြည်နယ်တို့မှ နယ်စပ်ပေါက်များကို ထိုင်း ဘုရင်ကြည်းတပ်က ပိတ်ထားခြင်း ဖြစ်သည်။
မေ ၂၈ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားပိုင်ဆိုင်ခွင့်အငြင်းပွား နယ်စပ်တစ်နေရာ၌ နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရ ကြောင်း သိရသည်။
ထို့နောက် ထိုင်းနိုင်ငံမှလောင်စာ ဆီများ ဝယ်ယူတင်သွင်းမှု ရပ်တန့်ရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကညွှန်ကြားခဲ့ပြီးနောက် ထိုင်းဘုရင့်ကြည်းတပ် က ပြည်နယ် ခြောက်ပြည်နယ်ရှိနယ်စပ်ဝင်ပေါက်များကို ပိတ်ထားခြင်းဖြစ်သည်။
ကမ္ဘောဒီးယား နိုင်ငံသည် ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှု ကိုလည်း ရပ်ဆိုင်းထားကြောင်းသိရသည်။
Ref: Xinhua
Trs: KKO
Photo - Bangkok Post
YDNB Newspaper