နိုင်ငံတော်ခရီးစဥ်အဖြစ်လာရောက်ရန် ဇီလန်စကီးကို တောင်အာဖရိက သမ္မတ ဖိတ်ကြား

News Image

  • နိုင်ငံတော်ခရီးစဥ်အဖြစ်လာရောက်ရန် ဇီလန်စကီးကို တောင်အာဖရိက သမ္မတ ဖိတ်ကြား

တောင်အာဖရိကသမ္မတ Cyril Ramaphosa က ယူကရိန်းသမ္မတ Volodymyr Zelensky ကို တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်ခရီး အဖြစ် လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း တောင်အာဖရိကသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Vincent Magwenya က TASS သတင်းဌာနကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

“အဆိုပါခရီးစဉ်သည် ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်ဖျန်ဖြေပေးမည့် တောင်အာဖရိက၏ ကြိုးပမ်းမှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း” ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး ခရီးစဉ်ရက်အတိအကျကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။                                                                                                                                                                                                           

ဇီလန်စကီးသည် တောင်အာဖရိကသို့ အလည်အပတ်ခရီးသွားရောက်လိုကြောင်း ယခင်က ပြောကြားခဲ့ပြီး ယခု တောင်အာဖရိက၏ တရားဝင် ဖိတ်ကြားချက်ကို လက်ခံထားသည်။ ယခုခရီးစဉ်သည် ရုရှားနှင့် ယူကရိန်း အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါသည်။

ကိုးကား-TASS