အမေရိကန်နှင့် ယူကရိန်းဆွေးနွေးပွဲ ဆော်ဒီတွင်ကျင်းပမည်

News Image

  • အမေရိကန်နှင့် ယူကရိန်းဆွေးနွေးပွဲ ဆော်ဒီတွင်ကျင်းပမည်

အမေရိကန်နှင့် ယူကရိန်းအကြား ညှိနှိုင်းဆွေးနွေးမှုများကို ဆော်ဒီအာရေဗျ တွင် ကျင်းပရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတ Donald Trump ၏ အထူးကိုယ်စားလှယ် Steve Witkoff က မတ်လ ၆ ရက် (ကြာသပတေး)နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်နှင့်ကနဦးစစ်ရပ်စဲရေးအတွက် မူဘောင်တစ်ခုရရှိရန် ရီယာ့ဒ် သို့မဟုတ် ဂျီဒါ၌ ယူကရိန်းအဖွဲ့နှင့် တွေ့ဆုံနိုင်ရေး ညှိနှိုင်းဆွေးနွေးနေသည်ဟု Witkoff ကပြောကြားခဲ့ သည်။

Axios ၏ အဆိုအရ အဆိုပါဆွေးနွေးပွဲကို မတ်လ ၁၂ ရက် (ဗုဒ္ဓဟူး)နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mike Waltz နှင့် Zelensky ၏ ရုံးအဖွဲ့ အကြီးအကဲ Andrey Yermak တို့ ပါဝင်မည်ဖြစ်သည်။

Zelensky က အိမ်ဖြူတော်၌ဖြစ်ပွားခဲ့သော အငြင်းပွားမှုအတွက် နောင်တရမိကြောင်း ပြောကြားခဲ့ပြီး ရုရှားနှင့်ကန့်သတ်ထားသော စစ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေးကို ညှိနှိုင်းရန် အဆိုပြုခဲ့သည်။ “ထပ်မံ၍ နောက်အဆင့်အားလုံးကို အလျင်အမြန် ဆက်လက်လုပ်ဆောင်ပြီး အမေရိကန်နှင့် ပူးပေါင်းကာ ခိုင်မာသော နောက်ဆုံး သဘောတူညီချက်ကို ရယူလိုပါသည်” ဟု ၎င်းက မတ်လ ၄ ရက်(အင်္ဂါ)နေ့တွင် X ၌ ရေးသားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂