နိုင္ငံေတာ္စီမံအုပ္ခ်ုပ္ေရးေကာင္စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ခဲ့သော နေရာများကို သွားရောက် ကြည့်ရှုစစ်ဆေး

News Image

  • နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ခဲ့သော နေရာများကို သွားရောက် ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ခဲ့သောနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁မိနစ် အချိန်ခန့်က အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ဖြစ်ပေါ်ခဲ့သဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် နေရာများအား ငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး မကြာမီနာရီပိုင်းအတွင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပင်လောင်းလမ်းဆုံနေရာမှ နေပြည်တော်တိုင်းစစ်ဌာန ချုပ် မီးပွိုင့်နေရာအထိ ငလျင်ဒဏ်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမ ကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အများပြည်သူများ သွားလာမှု အဆင် ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်၊ လူအင်အား၊ ယာဉ်ယန္တရား အင်အားများကိုအသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးပြန်လည်ကောင်း မွန်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ၎င်းအဖွဲ့များသည် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့ပြီး အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Source​: NP News